ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- နိဂုံး

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- နိဂုံး


နှင်းရထား၏ အမြီးပိုင်း (Tail Section Of Snowspiercer)


ရခိုင်ဒေသတစ်ခုလုံးကိုကြည့်လျှင် ရခိုင်လူမှုအသိုင်းအဝန်းမှာ ပြဿနာ ဖိုခလောက်ဆိုင်၍ မီးမွှေးခံထားရသည်က များစွာကြာခ့ဲပြီဖြစ်သည္။ မည်သို့ပင် ဖြစ်စေ ရိုဟင်ဂျာ လူမှုအသိုင်းအဝန်းအပေါ် လူ့အဖွဲ့အစည်း၏အနှိမ့်ဆုံး၊ အညစ်အကြေး၊ အမိုက်သရိုက္များက့ဲသို့ ဆက္ဆံခံခ့ဲရသည္။ လက်ရှိ ရခိုင်လူ့မှုအသိုင်းအဝန်းတစ်ခုလုံးကို ခြုံကြည့်ပါက နှင်းရထား၏ အမြီးပိုင်း (Tail Section Of Snowspiercer) နှင့်သာတူပါသည်။


Snowspiercer ဇတ်ကားတွင် ကမ္ဘာကြီးရေခဲခေတ်ကို ပြန်ရောက်ကာ လူသားသက်ရှိမျိုးစိတ်တို့ အသက်ဆက်ရှင်ရန် အတွက် ရထားတစ်စီးပေါ်တွင် နေထိုင်နေရသည်။ ရထား၏ လူ့မလှိုင်များ အာဏာရှိသူများအတွက် အထူးခန်းတွဲများ၊ လူလတ်တန်းစား အခန်းတွဲများ၊ အလုပ်သမားအခန်းတွဲများ စသဖြင့် ရှိနေကြသည်။ ရထား၏ နောက်ဆုံး အခန်းတွဲ (Tail Section) ကား စုတ်ပြတ်သတ်လျှက်၊ ရာဇဝတ်မှုများ၊ အပြစ်ပေးအရေးယူမှုများ၊ လျင်သူစားစတမ်း၊ ကြီးနိုင်ငယ်ညှင်း တောကြီးဥပဒေသများကြီးစိုးလျှက်ရှိသည်။ ထိုနောက်ဆုံးအခန်းတွဲမှ သူများသည် အခြားသော အတွဲများကို လုံးဝသွားရောက်ခွင့်လည်း မရှိပေ။ 


Marginalization (ဖယ်ထုတ်ခံရခြင်း)

နောက်ဆုံးအခန်းတွဲမှသူများသည် အနှိမ်ဆုံးလူ့ဘဝတွင်နေထိုင်ရပြီး အခွင့်အရေးရှိသော ရထားရှေ့ပိုင်းတွဲများမှ  လူဟုပင်မထင်။


Discrimination (ခွဲခြားဆက်ဆံခံရခြင်း)

နောက်ဆုံးခန်းတွဲမှ သူများကို ၎င်းတို့ဖြစ်တည်မှုအရ အနှိမ့်ဆုံးဟု သတ်မှတ်ထားသည်။


အရင်းအမြစ်များပိတ်ပင်ခံရခြင်း (Lack of Resources)

နောက်ဆုံးခန်းတွဲတွင် လူဖြစ်လာပါက နေထိုင်စရာ၊ စားစရာ၊ ရေ၊မီး စသည့်ရုပ်ဝတ္ထုပစ္စည်းများမှာလည်း မလုံလောက်၊ အစိုးရ ယန္တယားများတွင် ပါဝင်ခွင့် ဆိုသည်မှာလည်း နတ္ထိ။


လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံရခြင်း (Locked Movement)

နောက်ဆုံးခန်းမှ သူများအတွက် ရှေ့ဘက်အခန်းများကို ယောင်လို့မှ ခြေဦးလှည့်ခွင့်မရှိ။ ၎င်းတို့ကား ရထားတွဲတွင် ကပ်ခိုလိုက်ပါလာသူ ကပ်ပါးကောင်များသာ ဖြစ်သည်။


ယခင်အချိန်ကာလတလျှောက် ရိုဟင်ဂျာ လူမှုအသိုင်းအဝန်း တောက်လျှောက်ခံစားလာခ့ဲသည္မှာ ရထား၏ နောက္ဆုံးခန္းတွဲသက့ဲသို့ပင္ ဖြစ်သည်။ လက်ရှိတွင်တော့ ရခိုင်ဒေသရှိ အခြားလူမျိုးစုများ အနေဖြင့် အဆိုပါ ဖယ်ထုတ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အရင်းအမြစ်များပိတ်ပင်ခံရခြင်း၊ လွတ်လပ်စွာ လှုပ်ရှားခွင့် ကန့်သတ်ခံရခြင်း တို့ကို စာနာနားလည် နိုင်လျှင်လည်း စာနာနိုင်တန်ကောင်းတော့၏။


ဘေးကင်းလုံခြုံမှုဆိုင်ရာ စိန်ခေါ်ချက်

ဘင်္ဂလားဒေရှ့်ဘက်အခြမ်းရှိ ရိုဟင်ဂျာ ဒုက္ခသည် အသိုင်းအဝန်းတွင်လည်းကောင်း၊ ရခိုင်ဒေသဘက်ရှိ ရခိုင်နှင့် အခြားလူမှုအသိုင်းအဝန်းများတွင်လည်းကောင်း ယခုအချိန်တွင် လုံခြုံမှုဆိုင်ရာ ကပ်ဘေးသည် ရှိနေသည်။ ဘင်္ဂလားဒေရှ့်အခြမ်းရှိ ဒုက္ခသည်များရင်ဆိုင်နေရသည့် အခင်းအကျင်းနှင့် ရခိုင်လူမှုအသိုင်းအဝိုင်းရင်ဆိုင်နေရသော အခင်းအကျင်းများထဲတွင် သက်ဆိုင်ရာ အာဏာရှိသူများ၏ ကန့်သတ်ဖိနှိပ်မှု၊ လူမှုစီးပွား ကြပ်တည်းမှု၊ စစ်သားအဖြစ်စုဆောင်းခံရမှု စသည့်အချက္များကို ရင်ဆိုင်နေရပုံက တူကြသည်။ လူ့အခွင့်အရေးအပေါ် အလေးအနက်ထားသော လုံခြုံရေးဆိုင်ရာ မူဝါဒဆိုသည်မှာကား အဆိုပါ လူမှုအသိုင်းအဝန်းနှစ်ခုစလုံးအတွက် အလွန်အမင်းလိုအပ်နေသလောက် ဖြစ်လာရန်မှာလည်း ဝေးလွန်းနေသည့် အနေအထားမျိုးသာ ဖြစ်နေသည်။


ယခုအချိန်ထိ လူမှုအသိုင်းအဝန်းနှစ်ခုစလုံးမှာ တဦးရင်ဆိုင်နေရသော ပြဿနာအပေါ် တစ်ဦးက လျစ်လျူရှူထားကြဆဲဖြစ်သည်။ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ သာမန်လူထု ရင်ဆိုင်နေရသော အခက်အခဲများအပေါ် ရခိုင်လူမှုအသိုက်အဝန်းဘက္မှလည်း အသံထွက်ပေးမှုမရှိပေ။ ထိုအတူ ရခိုင်ဒေသဘက်ရှိ အခက်အခဲများအပေါ် ရိုဟင်ဂျာများဘက်မှလည်း အသံမထွက်ပေ။ အပြန်အလှန် နှုတ်ဆိတ်နေကြလျှက်၊ ဝေးကွာနေကြလျှက် မီးရထား၏ အမြီးပိုင်းတွင် သီးခြားစီ လိုက်ပါနေကြဆဲပင်။


စနစ်တကျ နှိပ်ကွပ်မှု (Systematic Oppression)

Snowspiercer (နှင်းရထား)တွင် ရထား၏ အမြီးတွဲခန်း နှိမ့်ကျ စုတ်ပြတ်သတ်နေခြင်းက ထိုရထားအား ဆက်လက်မောင်းနှင်ရန်အတွက် လိုအပ်ချက်တစ်ခု အဖြစ်ပုံဖော်ထားသည်။ ရထားကြီးဆက်လက္မောင်းနှင်လည်ပတ်နိုင်ရန်အတွက် ရထား၏ အမြီးတွဲပိုင်းသည် ယင်းသို့ အမိုက်သရိုက်သဖွယ်ဖြစ်နေရမည်။ ထိုရထားစနစ်အရ  အမြီးတွဲခန်းရှိ ကလေးသူငယ်များသည် မကြာခဏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။ ရထား၏ လူဦးရေးထိန်းချုပ်ရေးမူဝါဒ အောက်တွင် ထိုသို့ စတေးခံရခြင်းဖြစ်သည်။ လက်တွေ့ ရခိုင်လူ့မှုအသိုက်အဝန်းနှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်း နှစ်ခုစလုံးတွင် အတင်းအကြပ်စစ်မှုထမ်းခိုင်းသော စနစ်သက်ရောက်နေခြင်းမျိုးနှင့် တူပါသည်။ အာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများက အတင်းအကြပ်စစ်မှုထမ်းခိုင်းခြင်း (ငြင်းဆန်ခွင့်မရှိသော အစီအစဉ်မျိုး ) မှာ လိုအပ်ချက်ဟု ရှူမြင်ထားသက့ဲသို့ ရထား၏ အမြီးခန်းတွဲမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ အာဏာရှိသူများ၏ အကြောက်တရားနှင့် ဖိနှိပ်မှုဖြင့်သာ ပုံသွင်းထားသည်။


ပိတ်ထားသောစနစ် (A Closed Ecosystem)

ရထား၏ မူဝါဒချမှတ်သူ ဝီလ်ဖို့ဒ် (Wilford) က နှင်းရထား၏ အမှီသဟဲပြုရှင်သန်လည်ပတ်ပုံစနစ်အား ဇတ်ဆောင်ကာတစ်အား (Curtis) ရှင်းပြရာတွင် "ရထားသည် လူများပြည့်သိပ်နေသောအရာမဟုတ်ဘဲ ပိတ်ထားသော စနစ်"တစ်ခုဖြစ်သည်ဟု ဝန္ခံထားခ့ဲသည္။ အမြီးခန်းတွဲ၏ အခြေအနေ အပေါ် အမြတ်ထုတ်ထားသော အခင်းအကျင်းကို ပေါ်လွင်စေ ခ့ဲသည္။ ထိုသို့ပင် ပိတ်ထားသောစနစ် လည်ပတ်နေစေရန် ရခိုင်လူမှုအသိုက်အဝန်းနှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်း နှစ်ခုမသင့်မြတ်မှုနှင့် ထိုလူမှုအသိုက်အဝန်းနှစ်ခုစလုံးတွင် ခါးသီးသော ဖိနှိပ်မှုများရှိနေရန်မှာ အကျိုးစီးပွားအရ လိုအပ်ချက်ဖြစ်သည် ဟူသော စနစ်၏ ပယောဂကိုလည်း ထည့်သွင်းစဉ်းစားသင့်သေးသည်။ ထိုစနစ်ကို တွန်းလှန်ရန်မှာကား ရခိုင်နှင့် ရိုဟင်ဂျာ လူမှု့အသိုင်းအဝန်းနှစ်ခုစလုံးတွင် တာဝန်ရှိသည်။ 


လက်ရှိ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ လူထုတွင်ရော၊ ရခိုင်ဒေသ ဘက်ရှိလူထုတွင်ပါ မိမိနစ်နာမှုများကို အသံမထွက်နိုင်ကြပေ။ မည်သို့ပင် ဇတ်ဆောင်များကွဲပြားနေစေကာမူ ရင်ဆိုင်နေရသော အခင်းအကျင်းမှာ အခြေခံအားဖြင့် "လူ့အခွင့်အရေးကို အလေးထားသည့် လုံခြုံရေးအခြေအနေ ပျက်ယွင်းနေခြင်း"သာ ဖြစ်သည်။ တဖက်က အသံထွက်ရန်ခက်ခဲသော လူထု၏ အကြပ်အတည်းအပေါ် အခြားတဖက် လူထုက အသံထွက်ပေးရန်လိုသည်။ တဖက်လူထု၏ အကြပ်အတည်းအပေါ် တဖက္မှ နိုင်ငံရေးအာသာအရ ထိုးနှက်ခြင်း၊ အမြတ်ထုတ်ခြင်းက ရလဒ်မှာ အကောင်းတော့ မထွက်နိုင်တော့ပေ။ လူမှုအသိုင်းအဝန်းနှစ်ခုကြား ကိုယ်စီ ကိုယ်စီရင်ဆိုင်နေရသော အခက်အခဲများအပေါ် အပြန်အလှန် အသိအမှတ်စပြုခြင်းကသာ ဆိုးကျော့ သံသရာမှ လွတ်ရန် အစပြုလာနိုင်မည်ဖြစ်သည်။






















Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း