အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- နိဂုံး

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- နိဂုံး


"ရာဇဝတ်ကျူးလွန်သူက အုပ်ချုပ်နေသောအခါ"


ထိုသို့ဖြစ်နေလျှင် မည်သည့်ရလဒ်ဖြစ်လာပါမည်နည်း။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွင်း အွန်လိုင်းမသာမာမှုလုပ်ငန်းဆိုသည်မှာ အခ​ြားအဓိပ္ပါယ်တစ်မျိုးအဖြစ်လည္းဖော်ပြနေသည်။ ထိုအဓိပ္ပါယ်က အာဏာဩဇာနှင့် ငွေကို ဘယ်လိုအသုံးချနေသည်ကို ဖော်ပြနေသည်။ ကမ္ဘောဒီးယား ဇတ်ခုံတွင်တော့ သစ္စာခံရန် အကျိုးစီးပွားတူတည်ဆောက်ရန် အသုံးချသည်။ မြန်မာဇတ်ခုံတွင်တော့ မြန်မာစစ်တပ်၊ ပြည်သူ့စစ် နှင့် စစ်ဘုရင်၊နယ်ပိုင်စားများအတွက် အချိန်မရွေးထုတ်ယူ၍ရသော ဘဏ်စာရင်း အဖြစ်အသုံးချသည်။ လာအိုဇာတ်ခုံတွင်တော့ တရားဝင်အကာအကွယ်ရသူ ဘဏ္ဍာတိုက် အဖြစ်အသုံးချသည်။ ဖိလစ်ပိုင်တွင်တော့ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရကြား အာဏာ ဟ ကြေးတွင် ဂွင်ဖန်ရသည့် ငွေကြေးသပိတ်ဝင် အိတ်ဝင်အဖြစ်အသုံးချသည်။ မည်သည့်ဇတ်ခုံကိုကြည့်ကြည့် သေချာသည့်အချက်ကရှိနေသည်။ ယင်းကား အာဏာပါဝါကို ကိုင်ထားသောသူများ မပါဘဲ ထိုဇတ်ခုံများတွင် ကကြိုးမဆင်နိုင်။ တနိုင်ငံလုံးကို လွမ်းခြုံနိုင်သော လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရှိသည့် အင်စတီကျူးရှင်းများကို နေရာယူထားသူများ မပါဝင်ဘဲ ပွဲမစည်နိုင်။ အင်စတီကျူးရှင်းများတွင် လုပ်ပိုင်ခွင့်ရှိသူများပါဝင်ပတ်သက္မှုကို "နိုင်ငံအဆင့်ပါဝင်ပတ်သက္မှု"ဟူ၍လည်း အဓိပ္ပါယ်ဖွင့္၍ ရသည်မဟုတ်လား။ ထိုအွန်လိုင်းမသာမာမှုလုပ်ငန်းများအား တရားဝင်လိုင်စင်အား ထိုသူများက မချပေးပါလျှင် ဘယ်သူချပေးပါမည်နည်း။ ရှင်သန်လည်ပတ်နေရန်အကာအကွယ်အား ဘယ်သူပေးထားနိုင်ပါသနည်း။ အကျိုးအမြတ် (Profit)မရဘဲ တရားစီရင္ရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများမှ အကာအကွယ်က ရှိလာပါမည်လား။ အကျိုးအမြတ် အဆီတဝင်းဝင်းနှင့် နိုင်ငံရေးအရ အသုံးဝင်မှု (Political Utility) တို့က ထိုဇတ်ခုံများတွင် တစ်ခုနှင့်တစ်ခုတူသည်တော့မဟုတ်ပေ။ သို့သော် ထိုအရသာနှစ်ခုဖြစ်သော အကျိုးအမြတ်နှင့် နိုင်ငံရေးဆိုင်ရာ အသုံးဝင်မှုများကိုတော့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်၍သာ အွန်လိုင်းမသာမာမှုလုပ်ငန်းများက လည်ပတ်နေနိုင်ခြင်းဖြစ်သည်။


လက်ရှိတွင် အရှေ့တောင်အာရှ ဒေသတွင်းနိုင္ငံများရှိ အွန်လိုင်းမသာမာမှုလုပ်ငန်းများက အပြင်ဘက်ကို ဆန့်ထွက်နေသည်။ အပြင်ဘက်ကို ဆန့်ထွက်နေသည်ဆိုလျှင် ပြဿနာက မည်သည့်နေရာကို ဦးတည်နေသနည်း၊ မည်သည့်အရာကို ပစ်မှတ်ထားနေသနည်းက အဓိကအချက် ဖြစ်လာသည်။ အွန်လိုင်းမသာမာမှုလုပ်ငန်းတိုင်းတွင် လည်ပတ်ရန် မဖြစ်မနေဆောင်ရွက်ရသည် လုပ်ငန်းစဉ် (Playbook) များကတော့ တူညီကြသည်။ သီဟနောခ့်ဘေလီ (Sihanoukville) နှင့် ရွှေကုက္ကိုလ် တို့တွင် ရှိနေသော ထိုလုပ်ငန်းများက အရှေ့တော်အာရှ၏ အပြင်ဘက်ကို ဆန့်ထွက်ကုန်ကြပြီဖြစ်သည်။ ကော့ကေးဆပ် ဒေသ၊ အနောက်အာဖရိကနှင့် လက်တင်အမေရိက များအထိ ဆန့်ထွက်ကုန်ပြီ။ ဤသို့ဖြင့် မကြာမှီကာလတွင် အရှေ့တောင်အာရှ မူပိုင်ဟန်မှ ကော့ကေးဆပ်မူပိုင်ဟန်၊ အနောက်အာဖရိက မူပိုင်ဟန်နှင့် လက်တင်အမေရိက မူပိုင်ဟန်တို့က အွန်လိုင်းမသာမာမှုတွင် ရှိလာတော့မည်ဖြစ်သည်။ အွန်လိုင်းမသာမာမှုလုပ်ငန်းများတွင် ရေခံမြေခံနှင့် လိုက်လျောညီထွေ လည်ပတ်နိုင်စွမ်းနှင့် အကျိုးအမြတ်ရှာယူနိုင်စွမ်း (Rent-seeking) တို့က ရှိသည်။ အကျိုးအမြတ်များကို ခရစ်တိုငွေကြေးအဖြစ်ပြောင်းလဲ၍ နိုင်ငံခြားတွင်ကုမ္ပဏီထောင်ကာ စင်္ကာပူနှင့် လန်ဒန်တို့ရှိ အိုးအိမ်ခြံမြေလုပ်ငန်းထဲ ရင်းနှီးမြုပ်နှံမှုက အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အင်စတီကျူရှင်းများက တနှစ်လျှင် လူသိန်းပေါင်းများစွာ အွန်လိုင်းလိမ်လည်မှုတွင် ဘီလီယံနှင့်ချီ ဆုံးရှုံး ငါးပါးမှောက်နေနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အွန်လိုင်းမသာမာမှုလုပ်ငန်းတိုင်းတွင် သက်ဆိုင်ရာနယ်မြေဒေသကို ကျွမ်းကျင်သော ပွဲစားများရှိကြသည်။ ထိုပွဲစားများမှ ကြားခံကာ နိုင်ငံတကာ ငွေကြေးစနစ်နှင့် နည်းပညာစနစ်ကို ခြိတ်ဆက်နိုင်ကြသည်။ ထိုအခြေခံများနှင့် ဆက်သွယ်လည်ပတ်နိုင်သောအနေအထားမျိုးထိ ဒီဂျစ်တယ်ပိုင်းတွင် နည်းလမ်းများကို သစ်လွင်တီထွင် ကြံဆနိုင်ကြသည်။ ထိုနည်းလမ်းသစ်များက ခေတ်သစ် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု ပုံစံအသစ်ကို ဖန်တီးနေပြန်သည်။


အမေရိကန်နှင့် ဗြိတိန်ပူးပေါင်း၍ ကမ္ဘောဒီးယားမင်းသားအုပ်စုကို အရေးယူခြင်းက ထိရောက္မှုရှိနိုင်မည်ဖြစ်သည်။ ထိုအရေးယူမှုက အွန်လိုင်းမသာမာမှုလုပ်ငန်းများတည်ဆောက်ထားသော ဘဏ္ဍာရေးလည်ပတ်မှု ပိသုကာအဆောက်အအုံစနစ် (Financial Architecture of Scamming) ကို တိုက်ရိုက် တည့်တည့်ထိနေသည်။ 

ထိုအွန်လိုင်းမသာမာမှုလုပ်ငန်းများ၏ ဘဏ္ဍာရေးလည်ပတ်မှုတွင် ပါဝင်နေသော 

၁- ကုမ္ပဏီများ၊ 

၂- ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး လမ်းကြောင်းနည်းလမ်းများ၊ 

၃- မသာမာသောငွေကြေးကို အရင်းအနှီးပြု၍ လန်ဒန် အိုးအိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှုများ

၄- ထိုရင်းနှီးမြုပ်နှံမှုများနှင့် ဆက်စပ်နေသော စီးပွားရေးဆိုင်ရာ အာဏာပါဝါရှိသူများ၏ ဆောင်ရွက္မှုများနှင့် အကျိုးအမြတ်ရယူမှုများ ကို အမေရိကန်နှင့် ဗြိတိန် အရေးယူမှုက တိုက်ရိုက်ထိနေသည်။


သို့သော် ထိုကွင်းဆက္များကို တိုက်ဖျက်ရန်မှာ သက်သာလွယ်ကူမည်တော့မဟုတ်။ ခယောင်းဆန် ဆူးခင်းလမ်းကို ဖြတ်ရမည့်အရာများလည်းရှိနေသည်။ ဆိုင်ဘာရာဇဝတ်မှု (Cyber Crimes)က ဆက်ရှိနေမည်ဖြစ်သည်။ ထိုရာဇဝတ်မှုကို တိုက်ဖျက်ခြင်းက နိုင်ငံတစ်ခု၏ ပြည်တွင်းရေးရာ နိုင်ငံရေးအကျိုးအမြတ်ဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာ ငွေကြေးလည်ပတ်မှုစနစ်က ပြည်ပ တနေရာမှ ထိုင်နေရင်းနှင့် ခြိတ်ဆက်နိုင်သည်။ အနောက်ဥရောပရှိ ဘဏ်လုပ်ငန်းများ၊ အိုးအိမ်ခြံမြေလုပ်ငန်း စျေးကွက္များ၊ ခရစ်တိုငွေကြေးလှဲလှယ်မှုများက မသာမာမှုကရသည့် အရင်းအမြစ်များကိုလည်းလက်ခံနေမည်ဖြစ်သည်။ အနောက္ဥရောပရှိ ဘဏ်များကို ကျော္ဖြတ်ရန္လွယ္ကူသော  မေးခွန်းအနည်းငယ်ကိုတော့ ဖြတ်သန်းရမည်ဖြစ်သည်။ အရှေ့တော်အာရှ ဒေသတွင်းနိုင်ငံများကထိုစီးဝင်လည်ပတ်မှုလမ်းကြောင်းများကို ပိတ်သိမ်းထားပြီဖြစ်သော်လည်း ဥပဒေစိုးမိုးရေးအတွက် နေရာတိုင်းတွင် လက္မလည်ဖြစ်နေအုံးမည်ဖြစ်သည်။ ပြဿနာကို မကိုင်တွယ်ဘဲ ဟိုရွေ့သည်ရွေ့ လုပ်နေအုံးမည်ဖြစ်သည်။ 


ကျင့်ဝတ်ပိုင်းအရ အပြစ်တင်ရှုတ်ချမှု (Moral Condemnation) ထက် လက်တွေ့တွင် ရလဒ်ထွက်စေသော ဆောင်ရွက္မှုများက ပိုလိုအပ်နေပြီဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်တို့၏ ပိတ်ဆို့အရေးယူမှုက တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန်တွန်းအားဖြစ်စေမည်၊ ပိတ်ဆို့ရာတွင် နိုင်ငံတကာ ဘဏ္ဍာရေးစနစ် လည်ပတ်မှုယန္တရားအတွင်း မသာမာသော ငွေကြေးများဝင်ရောက်ခြင်း၊ ခရစ်တိုငွေကြေးဖြင့်လှဲလှယ်ခြင်းနှင့် အဂတိလိုက်စားခြင်းများအထိ ကိုင်တွယ်ရန်ဖြစ်သည်။ ကမ္ဘောဒီယားမင်းသားအုပ်စုအား တိုက်ဖျက်ခြင်းက ပထမအဆင့်ဖြစ်သည်။  ဤနမူနာက အရှေ့တောင်အာရှဒေသရှိ အစိုးရများကို အွန်လိုင်းမသာမာမှုအား တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက္မှုကို လက်ခံလာစေရန် ကနဦးအချက်ပြမှုလည်းဖြစ်သည်။ ထိုအချက်ပြမှုက ဘဏ္ဍာရေးဆိုင်ရာ စင်တာများအနေဖြင့် ၎င်းတို့၏ စီးပွားရေးနှင့် အွန်လိုင်းလုပ်ငန်းများအထိ လိုက်နာကျိုးနွံ့ပူးပေါင်းဆောင်ရွက္မှုကို ဖြစ်လာမည်ဖြစ်သည်။


အပိုင်း -၁

https://burmese.bnanews.net/news/14157/


အပိုင်း-၂

https://burmese.bnanews.net/news/14314/




မူရင်း


https://thediplomat.com/2025/11/cracking-southeast-asias-scam-economy/



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း