လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နွံ့ထဲသို့ ထပ်ဝင်မည်လား
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နွံ့ထဲသို့ ထပ်ဝင်မည်လား
ARA အမည်ရသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သော လူမှုကွန်ရက္မှ ဖမ်းဆီးခံထားရသော သူနှစ်ဦးကို နှိပ်စက်နေသော ဗွီဒီယိုဖိုင်တစ်ခုအား နိုဝင်ဘာလ ၂၁ ရက်နေ့က တင္လာခ့ဲသည္။ တိုက်ဆိုင်မှုကား နိုဝင်ဘာလ ၁၉ရက်တွင် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ တတိယကော်မတီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကြားနာမှုတစ်ခု ပြုလုပ်ခ့ဲသည်။ ထိုကြားနာမှုမှ "Situation of human rights of Rohingya Muslims and other minorities in Myanmar" (မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင်များနဲ့ အခြားလူနည်းစုများရဲ့ လူ့အခွင့်အရေးအခြေအနေ) ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက္တစ္ရပ် ချမှတ္ခ့ဲသည်။
ထိုနိုဝင်ဘာလ ၁၉ ရက်တွင်ပင် အမေရိကန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ (House Foreign Affairs Committee) လက်အောက်ခံ ကော်မတီငယ်များက ပူးပေါင်းကာ "No Exit Strategy: Burma's Endless Crisis and America's Limited Options" (ထွက်ပေါက္မရှိသော မြန်မာ့အဆုံးမရှိအကျပ်အတည်းနှင့် အမေရိကန်၏ ကန့်သတ်ရွေးချယ်စရာများ) ခေါင်းစဉ်ဖြင့် ကြားနာမှုတစ္ခုကိုပြုလုပ္ခ့ဲသည္။ အမေရိကန်အောက်လွတ်တော် ကော်မတီကြားနာပွဲတွင် မြန်မာနိုင်ငံမှ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များ၊ အမေရိကန်နိုင်ငံသားများအား ခြိမ်းခြောက်နေသည့် စစ်ကောင်စီနှင့် ဆက်စပ်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းကွန်ရက္များ အကြောင်းကို ဆွေးနွေးကြသည္။ အဆိုပါကြားနာပွဲမှ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်ရန်၊ BURMA Act ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (ERO) အပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးထောက်ပံ့ရန် တိုက်တွန်းချက်များ ထွက်ပေါ်လာခဲ့သည်။
UNGA ၏ တတိယကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ထွက်လာပြီးနောက် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဘင်္ဂလားဒေရှ့် အစိုးရမှ ချက်ချင်းတုန့္ပြန်လာခ့ဲသည္။ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေငြာချက်ထုတ္ခ့ဲပြီး အောက်ပါ အချက္များကို တောင္းဆိုခ့ဲသည္။
ဘင်္ဂလားဒေရှ့်အနေဖြင့္ ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို ဆက်လက် မထမ်းဆောင်နိုင်တော့ကြောင်း၊ သို့ဖြစ်၍ ရိုဟင်ဂျာ ဒုက္ခသည်အရေးပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ရန် တောင္းဆိုခ့ဲသည္။
ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ လုံခြုံစွာ၊ ဆန္ဒအလျောက်နဲ့ ရေရှည်တည်တံ့သော ပုံစံဖြင့် ပြန်လည်ပို့ဆောင်နိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အဆင့်များဖြင့် လုပ်ဆောင်ရန် တောင္းဆိုခ့ဲသည္။
အဆိုပါ အဖြစ်အပျက္များ မတိုင်မှီ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန်က "Scam Center Strike Force" (ကျားဖျန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့) ကိုဖွဲ့စည်းကြောင္းကြေ ငြာထားခ့ဲသည်။
ရခိုင်ဒေသ ဘက်အခြမ်းတွင်လည်း လူမှုအသိုင်းအဝန်းနှစ်ခုကြား ဝန်ပိစေမည့် တင်းမာမှုလက္ခဏာများ၊ ဘင်္ဂလားဒေရှ့် BGB နှင့် အေအေကြား အပြန်အလှန်အပစ်တင်မှုများရှိနေသည်။ တချိန်ထဲတွင်ပင် အေအေ အနေဖြင့် လူ့အခွင့်အရေးကို လေးစားရန်၊ လူမှုအသိုင်းအဝန်းနှစ်ခုကြား ပြန်လည်ရင်ကြားစေ့နိုင်ရန် အတွက် ဆော်ဩမှုများ တိုးလျစွာ ထွက်ပေါ်လာခ့ဲပြန်သည်။
ဤသို့အခြေအနေတွင်ပင် ရိုဟင်ဂျာ အကြမ်းဖက် ARA အဖွဲ့မှ ၂၀၂၄ ခုနှစ်တွင် ဖြန့်ဝေ ခ့ဲသော ဗွီဒီယိုဖိုင်တစ်ခုကို တင်လာခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ၏ ရာဇဝတ်မှုများအား နိုင်ငံတကာ အဖွဲ့အစည်းများမှ ရှုတ်ချထားသည်။ ထိုပြင် ဘင်္ဂလားဒေရှ့် အာဏာပိုင်များနှင့် အေအေအပေါ်တွင်လည်း လူ့အခွင့်အရေးကိုအလေးထားရန် နိုင်ငံတကာအဖွဲ့အစည်းများမှ ဖိအား ပေးနေကြသည်။
မည်သည့်ရည်ရွယ်ချက်ဖြင့် ဗွီဒီယိုဖိုင်ဟောင်းအား ဖြန့်ဝေလာပါသနည်း။
ဖြန့်ဝေသည့်ရည်ရွယ်ချက်က ကောင်းသောရည်ရွယ်ချက်တော့ မဟုတ်နိုင်ပေ။ အဆိုပါဗွီဒီယိုဖိုင်သည် လူမှုအသိုင်းအဝန်းနှစ်ခုကြားတွင်တော့ ရလဒ်ကောင်းကို ယူလာမည့် သဘောမရှိပေ။ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် သာမန်ပြည်သူရိုဟင်ဂျာ များအပေါ်တွင်လည်း ရက်စက်သောရာဇဝတ်မှုများကို ကျူးလွန်နေသူများဖြစ်သည်။ ရိုဟင်ဂျာလက်နက်ကိုင်များ၏ အကြမ်းဖက္မှုကို ဆန့်ကျင်ခြင်းနှင့် သာမန်ရိုဟင်ဂျာပြည်သူများသည်လည်း အာဆယဖြစ်လိမ့်မည်ဟု ဝါးလုံးရှည်ဖြင့် ပတ်ရမ်းခြင်းသည် မည်သို့မှ မသက်ဆိုင်သော ကိစ္စသာဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ကမ္ဘာ့ခုံရုံးကိုရောက်ခ့ဲရသော ဖြစ်ရပ်အပေါ် ရခိုင်လူထုအနေဖြင့် သင်္ခန်းစာယူရမည္ဖြစ်သည်။
အေအေအနေဖြင့် အောက်ခြေမြေပြင်တွင် လူ့အခွင့်အရေးကို အလေးထားရန်လိုအပ်သည်။ ဤအချက်သည် သံခင်းတမန်ခင်းနယ်ပါယ်တွင် နိုင်ငံရေးဂုဏ်သိက္ခာပြယုဂ်လည်းဖြစ်သည်။ လူမှုအသိုင်းအဝန်းနှစ်ခုကြား ပြဿနာမဖြစ်စေရန် ကာကွယ်သည့်နည်းလမ်းလည်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အောက်ခြေတွင် လူမျိုးမတူ၍လည်းကောင်း၊ ဘာသာမတူ၍လည်းကောင်း၊ နယ်မြေဒေသိယ လေယူလေသိမ်မတူ၍လည်းကောင်း ထိုအချက္များအပေါ်တွင် ခွဲခြားဆက်ဆံမှုကိုခံနေရသူ လူထုများရှိနေသည်ကိုလည်း သတိမူသင့်နေပြီဖြစ်သည်။ ဤသို့ ခွဲခြားဆက်ဆံဖိနှိပ်မှုများသည် ULA/AA၏မူမဟုတ်ဟုကြေ ငြာချက္များလည်းထုတ်ထားပြီဖြစ်သည်။ သို့သော် အင်စတီကျူရှင်းအထိုင်ကျနေသောကမ္ဘာပေါ်ရှိလက်နက်ကိုင်အဖွဲ့များတွင်ပင် ကျင့်ဝတ်ချိုးဖောက်တတ်သူ အဖွဲ့ဝင်များရှိသည်ဖြစ်၍ မိမိတို့အဖွဲ့အစည်းတွင်လည်းထိုသို့သူများရှိနေမည်ဖြစ်သည်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ULA/AAအနေဖြင့် ရခိုင်ဒေသရှိ လူမှုအသိုင်းအဝန်းအားလုံးမှာ ယခုအချိန်တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ဘောင်ကျဉ်းနေသည်ကို အသိအမှတ်ပြုသင့်သည်။ လူထုတွင် အာဏာအပေါ်အကြောက်တရားရှိနေရပြီကိုလည်း အသိအမှတ်ပြုသင့်သည်။
ရခိုင်လူမှုအသိုင်းအဝန်းအားလုံးအနေဖြင့် တစ်ဦး၏ အခက်အခဲအပေါ်တစ်ဦးက ပို၍အသိအမှတ်ပြုသင့်နေပြီဖြစ်သည်။ လက်ရှိရင်ဆိုင်နေရသော အခက်အခဲအပေါ် အသိအမှတ်ပြုခြင်းကို နိုင်ငံရေးဆိုင်ရာအာဂျင်တာများနှင့် မရောထွေးသင့်ချေ။ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ကမ္ဘာ့ခုံရုံးကိုရောက်ခ့ဲရသော ဖြစ်ရပ်မျိုး မဖြစ်လာစေရန် အပြန်အလှန် ခံပြင်းမှုကို ထိန်းချုပ်သင့်သည်။ မီးရှို့ချင်သူများက ဒေါသမထွက်ထွက်အောင် တနည်းမဟုတ် တနည်း မီးရှို့နေအုံးမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် အခင်းအကျင်းတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာသည် မိမိကိုယ်ကို အညစ်အကြေးသုတ်လိမ်း၍၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်တံဆိပ်ကပ်ခံ၍ မြန်မာစစ်တပ်အား ဂျီနိုဆိုက်တရားခံဘဝ ရောက်အောင် ဆွဲချသွားနိုင္ခ့ဲသည္။ ယခုတဖန်လည်း ထိုစက်ဝန်းကို ULA/AAအား ထပ်လည်ပတ်အောင်လုပ်နေပြန်ပါသည်။
မည်သို့ပင်ဖြစ်စေ အမေရိကန်ဖွဲ့စည်းလိုက်သော SCSF ကြောင့် မြန်မာနိုင်ငံ၏ဖြစ်စဉ်အပေါ်နိုင်ငံတကာက အာရုံစိုက်မှုသည်ပိုရှိလာမည်ဖြစ်သည်။ ရိုဟင်ဂျာဒုက္ခသည်များ၏ ဘေးကင်းလုံခြုံနေရပ်ပြန်နိုင်ရေးအချက်သည်လည်း အရေးပါသောဖြစ်စဉ်တစ်ရပ်အဖြစ်ရှိနေအုံးမည်ဖြစ်သည်။ ဤအခင်းအကျင်းမျိုးအောက်တွင် လူမျိုးရေး၊ဘာသာရေး ပြဿနာမျိုး ခေါင်းမထောင်လာခြင်းကသာ ရခိုင်ဒေသနှင့္ အားလုံးအတွက်ပိုကောင်းပါလိမ့်မည်။
Comments
Post a Comment