ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၅
ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၅
ယခင်ရှေးဦးမဆွကပင် အကြမ်းဖက္မှု
ဘင်္ဂလားဒုက္ခသည်စခန်းအတွင်း ARSA၏ ခြိမ်းခြောက်ဖိနှိပ်မှု၊ အကြမ်းပတမ်း သွေထွက်သံယို သတ်ဖြတ်မှုများက AA မြို့သိမ်းတိုက်ပွဲမတိုင်ခင်ကပင်ရှိနေသည်။ အင်ဒိုနီရှားသို့ရောက်လာသော လှေစီးဒုက္ခသည် ရိုဟင်ဂျာများ၏ ပြောဆိုချက္များရှိကြောင်း BBC Burmese က ဆိုသည်။ အဆိုပါ အကြမ်းဖက္မှုများအပေါ် ခွဲခြမ်းလေ့လာသုံးသပ်ထားသော ICG က့ဲသို့ နိုင်ငံတကာ အဖွဲ့အစည်းများရှိသည်။ ICG မှ မြန်မာနှင့် ဘင်္ဂလားဒေရှ့်ဆိုင်ရာ ကျွမ်းကျင်သူ သောမတ်စ်ကိန်းက ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ဘေးကင်းလုံခြုံမှုသည် တနှစ်၊ နှစ်နှစ်လောက်သာ ခံခ့ဲသည္ဟု (၂၀၂၅ခု နှစ်၊ ဇွန်နဝါရီလ (၁၈)ရက်နေ့) BBC နှင့် အင်တာဗျူး တွင်ပြောဆိုထားသည်။
ဝေဖန်မှုကို လက္ မခံနိုင်မှုနှင့် အကြမ်းပတမ်းနည်းဖြင့် ဩဇာချဲ့ထွင်မှု
နောက်ပိုင်းကာလများတွင် ARSA မှ ဒုက္ခသည်စခန်းအတွင် ဩဇာထူထောင်လာပြီး အခွန်အခသဘောမျိုးထိ ကောက်ခံမှုများ ရှိလာသည်။ ၎င်းတို့၏ ဩဇာအာဏာကို လက္မခံသူ ဆန့်ကျင်သူများကို အကြမ်းပတမ်းနည်းလမ်းများသုံး၍ ကိုင္ တွယ်လာခ့ဲသည္။ ARSA ၏ လုပ်ရပ်အပေါ် အထူးသဖြင့် ပညာတတ်များ၊ ဒုက္ခသည်စခန်းအတွင်း ရပ်ရွာလူမှုအသိုင်းအဝန်းကို အကူအညီပေးနေသော တက်ကြွလှုပ်ရှားသူများ၊ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်များက ဝေဖန်လာကြသည်။ ထိုအခါ ARSA က ထိုသူများကို ပစ်မှတ်ထား သတ်ဖြတ်မှုများ ပြုလုပ်လာတော့သည်။ ထိုသို့ ဒုက္ခသည်စခန်းအတွင်း အာဏာဩဇာအား အကြမ်းပတမ်းနည်းဖြင့် တည်ဆောက်ရာမှ ARSA သည် နောက်ပိုင်းတွင် အဆုံးစွန်ထိရောက်လာခ့ဲသည်ဟု သောမတ်စ်ကိန်းက ဝေဖန်သည်။ ၂၀၂၁ ခုနှစ်တွင် ရိုဟင်ဂျာ ရပ်ရွာခေါင်းဆောင် မူဟီဝါလာ လိုပုဂ္ဂိုလ်မျိုး အသတ်ခံရသော ကိစ္စနှင့် ဘင်္ဂလားဒေရှ့်လုံခြုံရေးအရာရှိတစ်ဦး သတ်ဖြတ်ခံရသော ကိစ္စမှာပါ ARSA ၏ လက်ချက္မကင်းဟု ဘင်္ဂလားဒေရှ့် အာဏာပိုင်များက ပြောလာသည်။
RSO ခေါင်းထောင်လာခြင်း
ARSA ၏ ဒဏ်ကို ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်များသည် မခံနိုင်ဖြစ်လာသည်။ ဤအနေအထားတွင် RSO က ပြန်လည်၍ ခေါင်းထောင်လာသည်။ ARSA ၏ ဩဇာလွမ်းမိုးမှုကို RSO က တန်ပြန်စိန်ခေါ်လာသည်။ ၂၀၂၁ ခုနှစ်အကုန်ပိုင်းတွင် ထိုနှစ်ဖွဲ့ကြား အားပြိုင်မှုက ပိုပြင်းထန်လာသည်။ ဒုက္ခသည်စခန်းထဲက အကြမ်းပတမ်း သွေးထွက်သံယို ဖြစ်စဉ်များအားလုံးသည် ထိုနှစ်ဖွဲ့ကြား ပြိုင်ဆိုင်မှုသက်သက်ကြောင့် မဟုတ်ဘဲ၊ အခြား ဒုစရိုက်ဂိုဏ်း၊ ရာဇဝတ်ဂိုဏ်းများ၏ လက်ချက်ကြောင့်လည်း ဖြစ်သည်ဟု သောမတ်စ်ကိန်းက BBC အားပြောဆိုထားသည်။
ဟန်ပြ နိုင်ငံရေးစကားလုံးများ
အဆိုပါ ဒုစရိုက်ရာဇဝတ်ဂိုဏ်းများက နိုင်ငံရေးအယူအဆတစ်ခုခုကို အပေါ်ယံဆုတ်ကိုင်ကောင်း ဆုတ်ကိုင်ပြထားနိုင်သည်။ ထိုသို့ ဆုတ်ကိုင်ပြထားမှုက ၎င်းတို့ကျူးလွန်ထားသော ရာဇဝတ်မှုများ ဒုစရိုက္မှုများကို လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်ဟု အကြောင်းပြရန်အတွက် သက်သက်သာဖြစ်သည်။ ပြန်ပေးဆွဲ၊ လူသတ် ငွေညှစ္၊ မူးယစ်ဆေး၊ လူကုန်ကူး စသည့်လုပ်ရပ်များသည် ရာဇဝတ်မှုများသာ ဖြစ်ကြောင်း သောမတ်စ်ကိန်းက ဝေဖန်ထားသည်။
ဂုန်းဆင်းနိုင်ငံရေး (Bandwagoning)
RSO ပေါ်လာသည့် ၂၀၂၂ ခုနှစ်အကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် အစပိုင်းတွင် ARSA ၏ လုပ်ရပ်ကို ရပ်တန့်နိုင်မည့် အုပ်စုအဖြစ် RSO အား ရိုဟင်ဂျာဒုက္ခသည်များ မျှော်လင့်ခ့ဲကြသေးသည်။ RSO အပေါ် ထိုသို့ မျှော်လင့်ချက်ထားမှုက RSO၏ ဩဇာအား ကျယ်ပြန့်ရန် အထောက္အကူ ပြုခ့ဲသည်။ ထိုအချိန်တွင် ယခင်က ARSA တွင်ပါဝင်နေသော သူများ RSO ဘက်သို့ ဂိုဏ်းကူးလာတော့သည်။ ထို ဂိုဏ်းကူး ဂုန်းဆင်းများက နပ်သည်။ လူရည်လည်သည်။ ရှာလို့ ဖွေလို့ရသည့် ဂွင်ကိုသိသည်။ ထိုသူများက ၎င်းတို့၏ လုပ်ရပ်ကို မ ပြောင်း၊ နာမည်သာ ပြောင်းသည်။ ဤသို့ဖြင့် ဒုက္ခသည်များအမြင်တွင် RSO လည်းထိုနည်းလည်းကောင်း ဖြစ်လာသည်။
ဒုက္ခသည် များ၏ ချောင်ပိတ်မှု
ARSA ၏ လုပ်ရပ်များအပေါ် ဒုက္ခသည်များသည် တော်တော်များများ စက်ဆုတ်နေကြသည်။ ဒုက္ခသည်များအနေဖြင့် လက်နက်ကိုင် ဖြစ်စဉ်များတွင် ပါဝင်လိုမှုက မရှိပေ။ အေးချမ်းလုံခြုံစွာနေလိုသည်။ ARSA အပေါ် အားပြိုင်နေသူ RSO များသည် ၎င်းတို့အပေါ်တွင်တော့ ARSA က့ဲသို့ ပြုလုပ်မည်မဟုတ်ဟု ကနဦးပိုင်းတွင် မျှော်လင့်ထားခ့ဲသည်။ သို့သော် ဂုန်းဆင်း ဂိုဏ်းကူး လူရည်လည်သူ အခွင့်အရေးသမားတို့ကြောင့် RSO သည်လည်း ထိုနည်းလည်းကောင်း ဖြစ်လာသည်။
ဤသို့ဆိုပါလျှင် ရခိုင်လူဘောင်သည်ကား Bandwagoning ဖြစ်စဉ်နှင့် လွတ်ကင်းနေပြီလား။ ဂုန်းဆင်း ဂိုဏ်းကူး လူရည်လည်များ၏ (Patronage) အကျင့်စရိုက် ကင်းစင်နေပြီလားဟု ဆိုပါလျှင် အဖြေက "နိုး" ဟုသာဖြေရမည်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခု ရောင်းပန်းဝင်လာလျှင် အစုလိုက်အပြုံလိုက် ထိုလမ်းကြောင်းအတွင်း လိုက်ပါတတ်သော အလေ့အကျင့်သည်ရှိဆဲဖြစ်သည်။ လူမှုပဋိညာဉ်ကို မျက်ကွယ်ပြုသော ထိုအလေ့အကျင့်သည် အန္တရာယ်များလှသည်။ တဖက်တွင် အကြမ်းပတမ်းနည်းလမ်းဖြင့် အာဏာကို လွယ်လွယ်တည်ဆောက်ချင်သော သူများကလည်း လူထုတွင် အကြောက်တရားရှိရန်သာလိုလားသည်။ ပဋိညာဉ်ထွန်းကားလာမည်ကို မလိုလားချေ။
လူဗီဇတွင် အကြောက်တရားကလည်း ခံပြင်းမှုဒေါသကို ဖြစ်စေတတ်သည်။ ထိုမှတဆင့် ပြန်လည်တွန်းကန်မှုက ပြုလာတတ်ပြန်သည်။ ဤသို့ဖြင့် ဆိုးကျော့သံသရာက လည်နေပြန်သေးသည်။
ရခိုင်ဒေသ၏ လူမှုအသိုင်းအဝန်းများသည် ထိုသို့ ပြည်သူသည်သာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် ဆိုသော လူမှုပဋိညာဉ်သဘောကို မခံစားရသည်မှာ ကာလများစွာကြာခ့ဲပြီဖြစ်သည်။ ဆိုခ့ဲသည့္အတိုင္း လူမှုပဋိညာဉ်ပျက်စီးခံထားရသည့် လူ့အသိုင်းအဝန်းများအား ဘာသာရေး၊ လူမျိုးရေးအရ ရန်တိုက်ရန် မီးပွားချရန်လည်း အလွန်လွယ်တတ်သည်။
အထက်တွင်ဆိုခ့ဲသည့်အတိုင်း ရခိုင်လူဘောင်သည်ကား Bandwagoning ဖြစ်စဉ်မှ မလွတ်ကင်းနိုင်သေး၊ ဂုန်းဆင်း ဂိုဏ်းကူး လူရည်လည်များ၏ (Patronage) အကျင့်စရိုက်မှလည်း မလွတ်ကင်းနိုင်သေးဆိုလျှင် AA တွင်လည်း ထိုအချက်၏ ရိုက်ခတ်မှုများကို ခံရမည်ဖြစ်သည်။ AA ၏ မြို့သိမ်းတိုက်ပွဲကာလတွင် မြန်မာစစ်တပ်ဘက္မှ လူမျိုးရေး၊ ဘာသာရေးမီးမွှေးမှုသည် သက္ရောက္မှုရှိခ့ဲသည္။ ထိုသက်ရောက္မှုက AA တပ်ဖွဲ့ဝင်အချို့၏ လူ့အခွင့်အရေးအပေါ် မျက်ကွယ်ပြုမှု၊ မလေးစားမှုနှင့် ဆုံလာသောအခါ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများအတွက် စားကျက်ကွက်ဖြစ်လာသည်က အဆန်းတော့မဟုတ်ပေ။ တဖက်တွင်လည်း ချောင်ပိတ်နေသော ဒုက္ခသည်များအတွက် ထပ်၍ ချောင်ပိတ်ကုန်တော့သည်။ ဒုက္ခသည်များအနေဖြင့် လက်နက်ကိုင် ဖြစ်စဉ်များတွင် ပါဝင်လိုမှုက မရှိပေ။ သို့သော် ဒုစရိုက် ရာဇဝတ်ဂိုဏ်း လက်နက်ကိုင်အုပ်စုများအတွက် တော့ အရင်းအမြစ်ရနိုင်စရာ စားကျက်ကွက်က ဖြစ်နေသည်။
ရခိုင်ဒေသရှိ လူမှုအသိုင်းအဝန်းအားလုံးအတွက် လက်ရှိအချိန်ကာလသည် ကိုယ်စီကိုယ်စီ ခါးသည်းစရာများရှိနေပါသည်။ ကြပ်တည်းမှုက လူမှုအသိုင်းအဝန်းအားလုံးတွင် ရှိနေသည်။ ထိုအကြပ်အတည်းမှ ကျော္လွှားရမည့္သူမှာလည္း မိမိကိုယ်တိုင်သာ ဖြစ်နေသည်။ လူသားသမိုင်းတစ်လျှောက်တွင် အကြပ်အတည်းကြားတွင်ပင် ထွက်ပေါက်ဟူသည် ပေါ်လာတတ်စမြဲပင်။ အပြန်အလှန်ဖေးမမှုနှင့် လူသားဆန်မှုကတော့ နယ်နိမိတ်စည်းများကို ဖြတ်သန်းနိုင်ပါသည်။ ဖေးမမှုဟူသည် ဝေးကွာနေလွန်းသေးသည့် ခရီးဖြစ်လျှင်ပင် တစ်ဦး၏ အခက်အခဲ ကို တစ်ဦးက အသိအမှတ်စပြုရမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
ကိုးကား
https://youtu.be/um91cfAW3co?si=ZpeYEox-CWDXlCAF
Comments
Post a Comment