နီပေါနိုင်ငံရေးပါတီများ
နီပေါနိုင်ငံရေးပါတီများ
လက်ရှိနီပေါနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးပါတီများထောင်နေကြပါ၏။ နိုင်ငံရေးအတွေးအခေါ်တစ်ခုကိုပင် မချပြဘဲ ပါတီများကိုအလျင်စလိုထူထောင်နေမှုက နိုင်ငံရေးဩဇာနှင့် ရေရှည်ခံမှုတို့က မရှိနိုင်ဟု Napali Times သတင်းစာက ဆိုထားသည်။
တနင်္ဂနွေနေ့မတိုင်မှီ ရွေးကောက်ပွဲကော်မရှင်ထံစီးပွားရေးသမားများ၊ သံအမတ်ဟောင်းများ၊ အင်ဂျင်နီယာများ၊ ပညာရှင်များ အစရှိသဖြင့် စိုင်းပြင်း မှတ်ပုံတင်နေကြပြီဖြစ်သည်။ လက်ရှိကြာသာပတေးနေ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီသစ်ငါးခုက မှတ်ပုံတင်ပြီးပြီဖြစ်သည်။ နောက်ထက် အသစ် ၂၁ ပါတီက မှတ်ပုံတင်လုပ်ငန်းစဉ်များကို ဖြတ်သန်းနေဆဲဖြစ်သည်။ ကန့်လန့်ကာနောက်ကွယ်တွင်တော့ ပါတီသစ်များက ပြယုဂ်ကောင်းမည့်သူများကို ရှာနေကြသည်။ ပါတီထဲဝင်ရန် ဆွယ်နေကြသည်။ ပါတီဟောင်းများကတော့ ကွဲအက်နေကြသည်။ ပါတီသစ်ပြန်လည်ထူထောင်ရန် စည်းရုံးနေကြသည်။
ထိုအခြေအနေမျိုးကပင် လူများ နိုင်ငံရေးပါတီတွေထောင်လာအောင် စိတ်အားထက်သန်မှုကို ဖြစ်စေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အင်ဒရာ အဒီကာရိ (Indra Adhikari)က သုံးသပ်သည်။ သို့ရာတွင် လူသိများခြင်းပုံရိပ်ရှိခြင်းဖြင့် ရွေးကောက်ပွဲနိုင်ပြီး နိုင်ငံရေးတွင် အောင်မြင်လိမ့်မည်ဟု ပြော၍မရကြောင်း သူမက ပြောသည်။
လက်ရှိနီပေါနိုင်ငံရေးအခြေအနေ၏ အပြင်ဘက်ကိုရောက်နေသူများက နီပေါ ကွန်ဂရက်ပါတီ (NC) နှင့် မက္စ်-လီနင်ဝါဒီ (UML) တို့ဖြစ်သည်။ ထိုပါတီနှစ်ခုက စက်တင်ဘာ ဂျင်ဇီ ဆန္ဒပြပွဲပြီးနောက် ဖြုတ်ချခံရသော ဝေဒ နာကို ခံစားနေကြဆဲပင်ဖြစ်သည်။ ထိုပါတီခေါင်းစဉ်အောက်က ဆိုးဆိုးဝါးဝါး ရှုံးနှိမ့်မည်ဟု ထင်မှတ်ထား၍ မည်သူမှ ရွေးကောက်ပွဲကို မဝင်လိုကြချေ။
ဝန်ကြီးချုပ်ဟောင်း ကေ ပီ အိုလီ (K P Oli) ကတော့ နာကျင်ပုံမပေါက်၊ နိုင်ငံရေး အရေခွံက ထူသည်။ ရွေးကောက်ပွဲဝင်ကာ ပါလီမန်ထဲ ပြန်ထိုင်လိုပုံရသည်။ နိုင်ငံရေးမှ အနားယူပြီဟု ကြေ ငြာထားပြီနောက် စင်ကာပူ၌ နှလုံးအစားထိုးကုသမှု ခံထားသော နီပေါကွန်ဂရက်အဖွဲ့ဝင် ရှာဗဟာဒူရ် ဒီယူဘာ ( Sher Bahadur Deuba)က ပါလီမန်တွင် နေရာပြန်ဝင်ယူမည်ဟု လေသံပစ်နေသည်။ ပါတီနှင့် ခေါင်းဆောင်များအနေဖြင့် စက်တင်ဘာ ၈ ရက် လူများသေကြေဒဏ်ရာရမှုအပေါ် နောင်တသံဝေဂလည်းရပုံ မပေါ်သေးပေ။ ၎င်းတို့၏ အရည်အချင်းညံဖျင်းမှုနှင့် အဂတိတရားများဖြင့် ဆယ်စုနှစ်များအထိ အုပ်ချုပ်မှုအပေါ် လူထုက ဆန့်ကျင်လာသည့် အကြောင်းတရားကိုလည်း နားလည်ပုံမပေါ်သေးချေ။
မှတ်ပုံတင်ရန်လုပ်ငန်းစဉ်များကို ဖြတ်သန်းနေသော ပါတီများထဲတွင် ဂျင်ဇီလူငယ်အုပ်စုများနှင့် စက်တင်ဘာ ဆန့်ကျင်မှုအတွင်း သေ ဆုံးခ့ဲရသော မိသားစုဝင်များပါဝင်နေသည်။ ထိုပါတီများထဲတွင် သိသာထင်ရှားဆုံးမှာ ဂါတိရှိလ် လောတန်တရစ်ခ် ပါတီ ( Gatishil Loktantrik Party) ဖြစ်ပြီး ဗုဒ္ဓလေကြောင်းလိုင်း တည်ထောင်သူ ဘီရင်ဒရာ ဘစ္စနက် (Birendra Basnet) က ထောက်ပံပေးထားကာ လူမှုရေးပညာရှင် ဒိနရှ် ပရာဆိုင်း (Dinesh Prasai) က ဦးဆောင်နေသည်။ ဒါရန် မေယာရ် ဟာရ်ခါ ဆမ်ပန် ရှရမ် ဆမ်စကရိတ်တိ ပါတီ (Dharan Mayor Harka Sampangs Shram Sanskriti Party) သည်လည်း မှတ်ပုံတင်ထားပြီး ဖြစ်သည်။
လက်ရှိကြားဖြတ်အစိုးရအဖွဲ့အတွင်းရှိ စွမ်းအင်နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး ကာလ်မန် ဂီဆင် (Kulman Ghising) က အုဂျာလို နီပဲလ် (Ujyalo Nepal) ပါတီကို ကျားကန်ပေးထားသည်။ အုဂျာလို နီပဲလ် ပါတီတွင် အနုတ် ကုမာရ် ဥပဒယျယ ( Anup Kumar Upadhyaya) က ခေါင်းဆောင်ဖြစ်သည်။ ဂီဆင်ကား သူ၏ နိုင်ငံရေးရည်မှန်းချက်အတွက် အရှက်တရားက နည်းလှသည်။ ရွေးကောက်ပွဲပင် မရောက်သေး အစိုးရဖွဲ့ရန်အထိ စိတ်ကူးနေသည်။ (RSP) ပါတီမှ ရာဘိ လမ္မိချ်ဟနီစ် (Rabi Lamichhanes) ကို ကမ္းလှမ္းမှုပြုသည္။ သို့သော် ဆွေးနွေးပွဲက မအောင်မြင်။ ( RSP)ပါတီဝင် အမတ်ဟောင်း ဆုမာန ရှရီစသ (Sumana Shrestha)က ဂီဆင်နှင့် ပူးပေါင်းရန်ထောက်ခံသည်။ သို့သော် အစိုးရအဖွဲ့တွင် ပါရန်အတွက်ကာ တွန့်ဆုတ်နေသည်။
လျပ်စစ်အာဏာပိုင်အား ရာထူးမှဖြုတ်ပစ်လိုက်ပြီးနောက်တွင် ဂီဆင်အား လူထောက်ခံမှုရှိနေသည်။ အခုတော့ ဂီဆင်လည်း အပြော အဆိုမလွတ်တော့။ ဝန်ကြီးရာထူးကိုဆက်ကိုင်ထားပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအား လူဝေဖန်စရာ ဖြစ်နေပြီ။
အုဂျာလို ပါတီက မမျှော်လင့်ဘဲ အခြားသော ပြဿနာကို သွားထိသည်။ ဂျင်ဇီတက်ကြွလှုပ်ရှားသူ တာရှိ လာဇုမ် (Tashi Lhazom) အား ဝန်ကြီးတနေရာပေးရန် လက်ရှိဝန်ကြီးချုပ် ရှူရှိလာ ကာရ်ကိ (Sushila Karki) က ရည်စူးသော်လည်း နီပေါလူမျိုးဟုတ်/မဟုတ် ကိစ္စဖြင့် အဆင်မပြေဖြစ်ပြီးနောက် တာရှိလာဇုမ် မှ သူမသည် အုဂျာလို ပါတီဝင် မဟုတ်ဟု ပြော ဆိုထားသည္။ အုဂျာလိုပါတီ၏ ဗဟိုကော်မတီစာရင်းတွင် ယခင်က သူမအမည်ပါထားသည်။ အခြားသော ပါတီဝင်တစ်ဦးကလည်း သူသည် အုဂျာလိုပါတီထဲတွင်ပါမည်မဟုတ်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော အုဂျာလိုပါတီအား နိုင်ငံရေးယဉ်ကျေးမှုနည်းသည့်အတွက် ဖြစ်သည်ဟုဆိုသည်။
နီပေါလူမျိုးတိုင်း နောက်ခံအသိုင်းအဝန်းနှင့် အလုပ်အကိုင် အခြေအနေက တဆင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းသစ်တွင် ပါဝင်ရန် စိတ်ပြင်းပြမှုရှိနေကြသည့်တိုင် ထိုပုဂ္ဂိုလ်များ၏ ပါတီ ဖွဲ့စည်းပုံ၊ မူဝါဒ အတွေးအခေါ်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဖြတ်သန်းမည့်ပုံစံအပေါ်တွင်တော သံသယဖြစ်စရာရှိနေပါ၏။
လျင်မြန်စွာ ပါတီထောင်ပြီး နိုင်ငံရေးအတွေးအခေါ်အယူအဆပိုင်း မပါမှုက နိုင်ငံရေးဩဇာနှင့် ရေရှည်ခံမှုကို ရှိမည်မဟုတ်ပေ။ ဥပမာအားဖြင့် RSP ပါတီသည် ၂၀၂၂ခု နှစ် ရွေးကောက်ပွဲမတိုင်ခင်က ထူထောင္ခ့ဲသည္။ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတွင် ပါလီမန်၌ နံပါတ်လေး အဆင့်အင်အားကြီးပါတီဖြစ်လာသည်။ ထိုအရှိန်အဟုန်က ယခုဆုံးရှုံးနေပြီ။ ပါတီခေါင်းဆောင်က ထောင်ထဲ ရောက်နေသည်။
RSP က့ဲသို့ပါတီများသည္ ရွေးကောက်ပွဲပြီးနောက်တွင် အပြုသဘောဆောင်သော လုပ္ရပ္များကိုလုပ္ခ့ဲသော္လည္း ရှင်းလင်းပြတ်သားသော နိုင်ငံရေး လမ်းပြမြေပုံနှင့် ပါတီ၏ ဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း မရှိကြောင်း အဒီကာရိ ကဆိုသည်။ ပါတီထူထောင်ရန် လွယ်ပါသည်။ အမှန်အကန် လုပ်ရမည့်အလုပ်က အင်စတီကျူးရှင်းတစ်ရပ်အဖြစ် တည်ဆောက်ယူရခြင်းဖြစ်သည်။ ထိုသို့တည်ဆောက္မှုက ခက်ခဲသော အပိုင်းလည်းဖြစ်သည်။
မျှော်လင့်ချက္များမြင့်မားလာခြင်းနှင့် လူငယ်များပါဝင်နိုင်ရန် အားထုတ်ခြင်းဆိုသည့် လုပ်ငန်းစဉ်သည် မဲရုံရွက်ဖျင်တဲတွင်မှ ဆောင်ရွက်ရသည်မဟုတ် မဲပြားပေါ်တွင် ဆောင်ရွက်ရသည့်ကိစ္စဖြစ်သည်။ ဂျင်ဇီများ ခေါင်းဆောင်သော ပါတီတချို့ ရွေးကောက်ပွဲ ကော်မရှင်၌ ပါတီထောင္ရန္လျှောက္ထားလာခ့ဲသည္။ ရာစတရိယ ပါရိဝါတမ် ပါတီ ( Rastriya Pariwartan Party) နှင့် ရာစတရိယ ဂျင်ဇီပါတီ နီပေါ ( Rastriya GenZ Party Nepal) တို့သည် ထိုအထဲတွင်ပါဝင်သည်။ ကျန်ပါတီများကား အသက် ၄၀ ကျော်၊ အသက် ၇၀ ကျော် ပုဂ္ဂိုလ်များက ဦးဆောင်နေသည်။
လေ့လာဆန်းစစ်သူများက နိုင်ငံရေးတွင် လူငယ်သွေးသစ်များအပေါ်မျှော်လင့်ချက်ထားရမည့်အစား နီပေါတော်တော်များများက အတွေအကြုံရှိသူအပေါ်တွင်သာ ယုံကြည်မှုကပိုရှိနေသည်ဟု ဆိုကြသည်။ အထောက်အထားအဖြစ်ပြရလျှင် စက်တင်ဘာ တော်လှန်ရေးပြီးနောက် ကေ ပီ အိုလီ (K P Oli)နေရာအား ဆက်ခံရန် ဂျင်ဇီများကိုယ်တိုင် ရှူရှီလာ ကာရ်ကီ ကို ရွေးချယ္ခ့ဲကြသည္။
ဤအချက်ကပင် နီပေါလူငယ်များအနေဖြင့် နိုင်ငံရေးအတွေ့အကြုံမရှိဘဲ ပါတီများကို ဦးဆောင်ရန် ခက်ခဲနေအုံးမည်ဖြစ်သည်။ လုံလောက်သော လူထုယုံကြည်မှုကို ရပြီး မဲရရန်အတွက် ပို၍ပင် ခက်ခဲနိုင်သည်ဟု အဓိကာရိ ကဆိုသည်။
အတွေအကြုံရှိသော နိုင်ငံရေးသမားများက ကွဲပြဲနေကြဆဲ၊ မဟာမိတ်အသစ်များ ဖွဲ့နေကြဆဲဖြစ်သည်။ ရီရှမ် ချောင်ဒရီ (Resham Chaudhary) က နာဂါရိက် အန္မုက်တိ ပါတီ ( Nagarik Unmukti Party ) မှ နုတ်ထွက်ကာ ပါတီသစ်ထောင်နေသည်။
ကုန္ခ့ဲသည့္ ရက်သတ္တပတ်က ပုစဖ ကမ်မဲလ် ဒါဟဲလ်စ် မော်ဝါဒီ စင်တာ ( Puspha Kamal Dahals Maoist Centre) နှင့် မာဒေဗ့် ကုမာရ် နီပေါ ယူနီဖိုင်း ဆိုရှယ်လစ် ( Madhav Kumar Nepals Unified Socialists) က့ဲသို လက်ဝဲယိမ်း ပါတီငယ်များပေါ်ထွက်လာပြီး နီပေါလီ ကွန်မြူနစ်ပါတီ (Nepali Communist Party - NCP) ကို ဖွဲ့စည်းရန် ပြင်ဆင်ကြပြန်သည်။ နိုင်ငံရေး အခဲမကြေသည့် UML အဖွဲ့ဝင်ဟောင်း ဘင် ရာဝဲလ် (Bhim Rawal) က NCP ကို လာရောက်ပူးပေါင်းသည်။ အခြားတဖက်တွင် ဂျနာဒမ် ရှာမ (Janardan Sharma) က ဒဟဲလ် (Dahal) နှင့်အတူ နုတ်ထွက်လိုက်ပြီး သီးခြားရပ်တည်နေပြန်သည်။
နိုင်ငံရေးပါတီများဖြစ်သော NC၊ UML နှင့် NCP တို့သည် ၎င်းတို့လုပ်ရပ်များကို သင်္ခန်းစာယူနေသည်ဟု လက္ခဏာအရိပ်အမြွက်အနည်းငယ်ပြခဲ့နိုင်လျှင် ပြန်လည်၍ ရွက်သစ်ဝေလာနိုင်သေးသည်။ ၎င်းတို့တွင် မတ်လ ၅ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပါတီနှင့် ထောက်ခံသူများက ရှိနေဆဲဖြစ်သည်။
အဆုံးသတ်တစ်ရက်တွင်တော့ နီပေါလူ့အဖွဲ့အစည်းသည် ပါတီစွဲသန်သော လူ့အဖွဲ့အစည်းအဖြစ် ကျန်နေ ခ့ဲနိုင္သည္ဟု အဒိကာရိ ကဆိုသည်။ သူမက ဆက်၍ နိုင်ငံရေးပါတီအသစ်များနှင့် လူကြိုက္များသော ကိုယ်စားလှယ်များကလည်း ခေါင်းဆောင်ဟောင်းများကို အခက်တွေ့စေနိုင်သည်၊ နိုင်ငံရေးပါတီများ နေမှုက ထိုခေါင်းဆောင်ဟောင်းများ၏ ခိုင်မာသော မဲကို ပျံ့ကြဲနေလိမ့်မည်ဟု မှတ်ချက်ပြုထားသည်။
မူရင်း
https://nepalitimes.com/news/party-time
Comments
Post a Comment