ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၆
ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၆
ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့မှ ငွေထုတ်စက်ဟုသာ မြင်နေသည်။ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ပြီး ငွေညစ်နေကြသည်။ ဒါကာရှိ အာဏာပိုင်များအနေဖြင့် ရဲတပ်ဖွဲ့အား ချက်ချင်းကိုင်တွယ်သင့်ပြီး ကျူးလွန်သူရဲတပ်ဖွဲ့ဝင်များ ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်သင့်သည်။ ဘင်္ဂလားဒေရှ့် အစိုးရအနေဖြင့် APBn ရဲတပ်ဖွဲ့အပေါ် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟု Fortify Rights (အခွင့်အရေးခံတပ်) အဖွဲ့က ၂၀၂၃ခု နှစ်၊ ဩဂုတ်လ (၁၀)နေ့က ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေရှ့်အာဏာပိုင်များ၏ အခက်အခဲ
ဒုစရိုက္မှုများ၊ ရာဇဝတ်မှုများအား ဒုက္ခသည်စခန်းအတွင်းတွင် ထိထိရောက်ရောက်ကိုင်တွယ်မှုမရှိသည်မှာလူအင်အား၊ ငွေကြေး၊ အထောက်အကူပစ္စည်းများမလုံလောက္မှုကြောင့္ဟု ဘင်္ဂလားဒေရှ့်အာဏာပိုင္များက အကြောင်းပြချက်ပေးသည်။ လက်ရှိနိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်သော အစီရင်ခံစာ မှတ်တမ်းများအရ ဒုက္ခသည် ခြောက်ရာကျော်တွင် APBn ရဲတပ်ဖွဲ့ဝင် တစ်ဦးရှိသည်ဟုဆိုထားသည်။ အချိုးနှုန်းထား (၁:၆၀၀) ဖြစ်သည်။ ရဲလုပ်ငန်းသဘောသဘာဝအရ နေရာဒေသတစ်ခု၏ မြေပြင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေကိုလိုက်၍ အချိုးအစားသတ်မှတ်မှုမှာ မတူညီချေ။ ကုလသမဂ္ဂ၏ သာမန်ပျဉ်းမျှသတ်မှတ်နှုန်းမှာ လူဦးရေ ၂၂၀ တွင် ရဲအလုပ်လုပ်သူ ၄ ဦးနှုန်းဖြစ်သည်။ အချိုးအရ (၄:၂၂၀) ဖြစ်သည်။ သို့သော်ထို အချိုးနှုန်းသည် ဆိုခ့ဲသည့်အတိုင်း အခြေအနေအရ မူသေမဟုတ်ပေ။ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအားကောင်းလှသော အမေရိကန်၊ ကနေဒါ၊ ဥရောပ အနောက်အုပ်စုနိုင်ငံများတွင် လူဦးရေ (1000) အတွက် ရဲအလုပ်လုပ်သူ (၁.၅)ဦး သို့မဟုတ် (၃)ဦး သာရှိသည်။ သို့သော် အမေရိကန်၏ လူဝင်လူထွက် လူသွားလူလာများကာ ရာဇဝတ်မှုများ ဖြစ်တတ်သော နယူးယောခ့်၊ ချီကာကို စသည့်မြို့ကြီးများနှင့် ဒုစရိုက်ရာဇဝတ်နယ္မြေဒေသများတွင် တော့ ရဲလုပ်ငန်းလုပ်သူအရေအတွက်တိုးချထားရသည်။
ရဲလုပ်ငန်းသဘောသဘာဝအရ မြေပြင်တွင် လိုက်လျောညီထွေရှိမှုကို သုံးသပ်ရာတွင် တရားဥပဒေစိုးမိုးရေး အားကောင်း၍ တည်ငြိမ်သော နေရာများအတွက် (၁:၄၀၀) သည်လုံလောက်သည်ဟု နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများက သတ်မှတ်သည်။ အကယ်၍ နေရာဒေသတစ်ခုသည် လုံခြုံရေးအရ ဆိုးဝါးနေပါက (၁:၅၀) သို့မဟုတ် (၁: ၇၅) လောက်ထိတော့ လိုအပ်သည်ဟု နိုင်ငံတကာ အတွေ့အကြုံရှိသူများက အကြုံပြထားသည်။
(၁:၆၀၀) သည် ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ ရဲလုပ်ငန်းဝန်ဆောင်မှု အချိုးဖြစ်သည်။ အကယ်၍ ဒုက္ခသည်စခန်းတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်း တည်ငြိမ်နေလျှင် ထိုအချိုးသည် ပိုလျံနေသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ဘင်္ဂလားဒုက္ခသည်စခန်းသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်း တည်ငြိမ်သော ရပ်ဝန်းမဟုတ်ပေ။ ဆိုးဝါးနေသော ရပ်ဝန်းသာ ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများဘက္မှ ဘင်္ဂလားဒေရှ့်၏ အကြောင်းပြချက်တစ်ခုတည်းအပေါ်တွင် ပြဿနာအား ဗဟိုပြုမထားချေ။ ဒုက္ခသည်စခန်းအတွင်း ရာဇဝတ်မှုများကို အကဲဖြတ်ရာတွင် ဘင်္ဂလားအစိုးရ၏ စီမံခန့်ခွဲမှုနှင့် မူဝါဒ ဖြစ်စဉ်ကိုပါ ခြုံငုံ သုံးသပ်လာကြသည်။ ဒုက္ခသည်စခန်းအတွင်း ပြစ်မှုကြီးများကို CiC က APBn ရဲတပ်ဖွဲ့ထံ လွဲပြောင်းရသည်။ APBn ကတဆင့်သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို လွဲပြောင်းပေးသည်။ ဤအခြေအနေတွင်ပင် အဆင့်က ကြန့်ကြာနေတော့သည်။ ဘင်္ဂလားဒေရှ့် အစိုးရ၏ မူဝါဒက ရိုဟင်ဂျာ ဒုက္ခသည်များကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ကန့်သတ်ထားသည်။ ထိုကန့်သတ်ချက် မှာ ဒုက္ခသည်စခန်းအတွင်း အကြမ်းပတမ်း ရာဇဝတ်မှုများ၊ ဒုစရိုက္မှုများ များပြားလာခြင်း၏ အဓိကအချက်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများက ရှူမြင်သည်။ ဒုက္ခသည်စခန်း၏ အခြေအနေသည် ဘင်္ဂလားဒေရှ့် အာဏာပိုင်များအတွက် ကိုင်တွယ်ရန်ခက်ခဲနေသော အုပ်စုများနှင့် ရင်ဆိုင်နေရသည် ဟူသော ရှူမြင်မှုထက် ဘင်္ဂလားဒေရှ့်အာဏာပိုင်များ ဖိဖိစီးစီးမဆောင်ရွက်၍ ဖြစ်နေသည် ဟူသော အမြင်က အားကောင်းနေသည်။
APBn ရဲတပ်ဖွဲ့
ဒုက္ခသည်စခန်းရှိ APBn ရဲတပ်ဖွဲ့ဝင်တချို့ ပြုကျင့်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၏ မှတ်တမ်းများတွင် အကောင်းဘက္ တွင် သိပ်မရှိပေ။ Fortify Rights အဖွဲ့ကတော့ ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်ထဲ ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ အချိုသော ရိုဟင်ဂျာဒုက္ခသည်များက APBn ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်အုပ်စုများ၊ ဒုစရိုက် ရာဇဝတ်ဂိုဏ်းများကြားတွင် အပြန်အလှန် နားလည်မှုယူထားကြသည်ဟုပင် ကောက်ချက်ချလာကြောင်း Human Rights Watch အဖွဲ့က ၂၀၂၃ခု နှစ်၊ ဇွန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။ နေခင်းကြောင်တောင်ပင် APBn တပ်ဖွဲ့ဝင်များရှိရာ နေရာနှင့် မလှမ်းမကမ်းတွင် ပစ်ခတ်တိုက်ခိုက္မှုများရှိနေသော်လည်း APBn တပ်ဖွဲ့ဝင်များဘက်က မည္သည့္တုန့္ပြန် အရေးယူ မှုမှမရှိခ့ဲပေ။ အပစ်မရှိသူ အရပ်သားများကိုသာဖမ်းဆီးသည်။ ကျူးလွန်သူများကိုမဖမ်း။ ကျူးလွန်သူများကို နောက်တဖန်ထိုသို့ ပြုလုပ်ရန် လိုင်စင်ပေးထားသလို ဖြစ်နေသည်ဟု နိုင်ငံတကာ အကူအညီပေးရေး စေတနာ့ဝန်ထမ်းတစ်ဦး၏ ထွက္ဆိုချက်ကို Human Rights Watch အဖွဲ့မှ ၂၀၂၃ခု နှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ထပ်မံ ဖော်ပြထားသည်။
၂၀၂၅ ခု နှစ်၊ မတ်လ ၁၇ ရက်
၂၀၂၅ခု နှစ်၊ မတ်လ ၁၇ ရက် နေ့တွင် ARSA ခေါင်းဆောင် အတာအူလာ အဘူ အမ်မား ဂျွန်နန်နီ (Ataullah Abu Ammar Jununi) အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူအဖွဲ့ဝင်များတွင် အချို့က ဒါကာမြို့အနီးနေထိုင်ပြီး အချို့က ကော့ဘဇားဒုက္ခသည်စခန်းများတွင် နေထိုင်သူများဖြစ်သည်။ နယ်စပ်ဖြတ်ကျော်မှု၊ အကြမ်းဖက္မှု၊ လူသတ်မှု၊ ခြိမ်းခြောက္မှု၊ ငွေညှစ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ထင်ရှားသော ရိုဟင်ဂျာခေါင်းဆောင် မူဟစ်ဘူလာအား လုပ်ကြံမှု၊ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိ ရီဇွမ်ရုရှဒီ သတ်ဖြတ်ခံရမှု စသည့်စွပ်စွဲချက္များဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခု နှစ်၊ မတ်လ ၁၈ ရက်တွင် Fortify Rights အဖွဲ့က ARSA၊ RSO လက်ရှိအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများ ကျူးလွန္ခ့ဲသော စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အပါအဝင် တရားမျှတမှုယန္တယားများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေရှ့် အာဏာပိုင်များကို တိုက်တွန်းခ့ဲသည္။ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ဥပဒေအရာရှိချုပ်က ARSA ကျူးလွန်မှုများနှင့် ပတ္သက္၍ တရားရုံးက စောင့်ကြည့်နေသည်ဟု ၂၀၁၉ခု နှစ်တွင် ပြောထားကြောင်း Fortify Rights က ထောက္ပြ ထားသည်။
အကြောက်တရား ရာသီဥတု
၂၀၂၃ခု နှစ်၊ အောက်တိုဘာလတွင် ARSA ဖမ်းဆီးမှုကိုခံရသော အသက် ၂၃နှစ် အရွယ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက သူ့၏ အဖြစ်အပျက်ကို ပြောပြထားသည်။ ပထမ သူ့၏ ခြေထောက်ကို ဓားဖြင့် ခုတ်ပိုင္းခ့ဲကြောင္း၊ သူအနေဖြင့် အရိုးနဲ့ ဓားထိသံကို ကြားနေရကြောင်း၊ သူ့အား လွတ်ပေးရန်တောင်းပန်သော်လည်း NGOs များနှင့် အာဏာပိုင်များကို သတင်းပေးသည့်အတွက် အသတ်ခံရမည်ဟု ပြန်ပြောခံရကြောင်း၊ သူ၏ ခန္ဓာကိုယ်အား တနာရီခွဲအကြာအထိ ခုတ်ပိုင်းနေကြကြောင်း၊ သူ၏ လက်ကိုလည်း တံတောင်ဆစ်အထက္မှ ဖြတ်ပစ်ခ့ဲကြောင္း၊ သူကို သေပြီဟုထင်ကာ ထားပစ္ခ့ဲ၍သာ အသက်ရှင်နေ ခ့ဲကြောင္း စသဖြင့် Fortify Rights အဖွဲ့က အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေရှ့်နှင့္ မြန်မာတွင် အဖျက်အမှောင့်များပြုလုပ်နေသည့် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်နီးပါးရနေကြောင်း၊ စစ်ရာဇဝတ်မှုများသည် လက်နက်ကိုင်ပဋိပက္ခနယ်မြေတွင်သာ ရုတ်ချည်းဖြစ်လာတတ်သော်လည်း စစ်ပွဲနယ်မြေမဟုတ်သည့် ဘင်္ဂလားဒေရှ့်မြေတွင် ပေါ်ပေါက်နေသော ရာဇဝတ်မှုများမှာ မြန်မာဘက္မှ စစ်ပွဲများနှင့် တိုက်ရိုက်ဆက်စပ်နေကာ စစ်ရာဇဝတ်မှုများဖြစ်နေကြောင်း၊ခိုင်မာသောတရားမျှတမှု ရရန်အတွက် ဘင်္ဂလားဒေရှ့် ကြားဖြတ်အစိုးရသည် နိုင်ငံတကာ တရားမျှတမှု ယန္တယားများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းကို Fortify Rights က ဆိုထားသည်။
ရှိတ်ဟာဇီနာ လက်ထက်တွင် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများ ဘင်္ဂလားဒေရှ့်နယ်မြေထဲတွင် မရှိဟုသာ တတွင်တွင် ငြင်းဆိုထားခ့ဲသည်။ ဘင်္ဂလားဒေရှ့် ကြားဖြတ်အစိုးရ လက်ထက်တွင် မိုဟာမက္ ယူနွတ်စ်ကိုယ်တိုင်က ဒုက္ခသည်စခန်းများတွင် ပြည်သူစစ်လှုပ်ရှားမှုအချို့၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက္မှုအချို့ ရှိနေသည်ဟု ၂၀၂၅ခု နှစ်၊ မတ်လ ၄ ရက်နေ့တွင် ပြောထားကြောင်း၊ ARSA နှင့် RSO သည် ဒုက္ခသည်များကို ဖမ်းဆီးကာ မြန်မာဘက်တွင် စစ်ပွဲတိုက်ရန် ဖိအားပေးနေကြောင်း Fortify Rights အစီရင်ခံစာက ဆိုထားသည်။
၂၀၂၂ခု နှစ်၊ အောက်တိုလာလ ၂၂ ရက်နေ့တွင် မက္ဒရေဆာ ကျောင်းတစ်ကျောင်းကို ARSA က တိုက်ခိုက်ကာ လူခြောက်ယောက်ကို သတ္ပစ္ခ့ဲသည္ဟု ဘင်္ဂလားဒေရှ့် ထောက်လှမ်းရေးသတင်းရင်းမြစ်က ဆိုထားသည်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့မှ အဆိုပါ မက္ဒရေဆာ ကျောင်းအနီးတဝိုက် ကင်းလှည့် နေသော်လည်း ARSA ကိုဟန့်တားနိုင်မှုမရှိပေ။ ARSA က ရဲတပ်ဖွဲ့ဝင်တွေရှိနေတုန်း ထမင်းဝအောင်စားထားရန်နှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်သွားသည်နှင့် သေဖို့သာပြင်ထားရန် ကြိမ်းဝါးထားကြောင်းကို အဆိုပါဖြစ်စဉ်တွင် အသက္မသေဘဲ ကျန္ခ့ဲသူ တစ်ဦးကဆိုသည်ဟု Fortify Rights အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်မှုများက ဒုက္ခသည်စခန်းအတွင်း အပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေပြီး ထိုအခြေအနေက ဒုက္ခသည်စခန်းရှိနေထိုင်သူတိုင်းအတွက် အကြောက်တရားလွမ်းမိုးမှုကို ဖြစ်စေသည်ဟု Fortify Rights က ထောက္ပြထားသည်။
ထိုသို့ အကြောက်တရားကြီးစိုးနေမှုအား ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)၏ ရိုဟင်ဂျာနှင့် မြန်မာနိုင်ငံ လူနည်းစု တိုင်းရင်းသားအရေး အဆင့်မြင့် အစည်းအဝေး ကျင်းပမည့် ၂၀၂၅ခု နှစ်၊ စက်တင်ဘာလ ၃၀ ရက် မတိုင်မှီ အခင်းအကျင်းတွင် တွေ့ရသည်။ UNGA နှစ်ပတ်လည် အစည်းအဝေးအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင္ကျင္းပခ့ဲသည္။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မိုဟာမက္ ယူနွတ်စ်က ရခိုင်ပြည်နယ် နိုင်ငံရေးအဖြေရှာရန် တောင်းဆိုသော မိန့်ခွန်းကို ပြော ခ့ဲသည္။ ထိုမိန့်ခွန်းတွင် စက်တင်ဘာလ ၃၀ ရက်တွင်ကျင်းပမည့် အဆင့်မြင့်ဆွေးနွေးအပေါ် သူ့အနေဖြင့်မျှော်လင့်ထားကြောင်းကို မိုဟာမက္ယူနွတ်စ်က ဆိုခ့ဲသည္။
စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒုက္ခသည်စခန်း၌ လူထုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။ ဤသို့ တရားမျှတမှုအတွက် နိုင်ငံတကာ၏ အရေးစိုက္မှုကို ရရန် ပြင်ဆင်နေချိန်တွင် ဆန္ဒပြ ကြွေးကြော်သံများ၌ "အာရကန်ဆလေးဘရေးရှင်းအာမီ ဂျီနာဘတ်" ဟုသော အသံမျိုးက ထွက်လာတော့သည်။ ထိုအသံအတွက္ မသိနားမလည်သော ကလေးသူငယ်များကိုပင် ဆန္ဒပြပွဲတွင် အသုံးချထားသည်။ ထိုလက်ချက္မှာ ဒုက္ခသည်စခန်းထဲရှိ ဂိုဏ်းကူး ဂုန်းဆင်းအုပ်စုများ၏ လက်စပင်ဖြစ်သည်။ ထိုအုပ်စုများ ဒုက္ခသည်စခန်းထဲတွင် လက်တံရှည်နေဆဲ ခလောက်ဆန်နေဆဲ ဖြစ်သည်ကို ပေါ်လွင်နေသော အထောက်အထားများလည်း ဖြစ်သည်။
ARSA၊ RSO အစရှိသော လက်နက်ကိုင်အုပ်စုများ၏ အကြမ်းဖက္မှု၊ သတ်ဖြတ်မှုများကို ရပ်တန့်ရန်လိုသည်။ ကျူးလွန်သူများကို ပြန်လည်တာဝန်ယူမှုရှိအောင် ကိုင်တွယ်ရန်လိုသည်။ ထိုအတွက် အလှူရှင်နိုင်ငံများအနေဖြင့် ဘင်္ဂလားဒေရှ့်အစိုးရအား ဖိအားပေးသင့်သည်ဟု Fortify Rights က ဆန်းစစ်ထားသည်။
ဆက်ရန်
Sources
https://www.fortifyrights.org/bgd-inv-2025-03-18/
https://www.fortifyrights.org/bgd-inv-2023-08-10/
https://www.hrw.org/news/2023/07/13/bangladesh-spiraling-violence-against-rohingya-refugees
https://www.hrw.org/news/2023/01/17/bangladesh-rampant-police-abuse-rohingya-refugees
https://africacheck.org/infofinder/explore-facts/what-recommended-police-population-ratio-0?hl=en-GB
https://africacheck.org/fact-checks/spotchecks/still-no-un-recommended-police-population-ratio-ghost-statistic-cited-again?hl=en-GB
Comments
Post a Comment