ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၇

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၇

ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများနှင့် သာမန်ရိုဟင်ဂျာလူထုအားခွဲခြားရန်လိုအပ်သေးသည်။ သာမန် အရပ်သားလူထုတိုင်းသည်  ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုတိုင်းကို ထောက်ခံသည်တော့မဟုတ်ပေ။ ဒုက္ခသည်စခန်းရှိနှင့် ရခိုင်မြောက်ပိုင်းရှိ သာမန်အရပ်သူ အရပ်သားများအပေါ်တွင် ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများက အကြောက်တရားဖြင့် ဖြန့်ကျက္မှုက ရှိနေသည်။


လာခြင်းမကောင်းသည့် အာဆာ


ကိုဖီအာနန် ကော်မရှင်အစီရင်ခံစာ ထွက်လာပြီး နောက်တနေ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာ့စစ်တပ်လက်အောက်ခံ စခန်းငယ် ၃၀ ခန့်အား တပ​ြိုင်နက်တိုက်ခိုက်ခ့ဲသည္။ ယင်းမတိုင်ခင် ၂၀၁၆ခု နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်  Harakah al-Yaqin (ဟာရခါ အဲလ် ယာကင်) ယုံကြည်သူများ လှုပ်ရှားမှုအဖွဲ့ အမည်အောက်က မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်ခ့ဲဖူးသေးသည္။ ၂၀၁၇ ခုနှစ် တိုက်ခိုက္မှုက အာဆာအပေါ် နိုင်ငံတကာ မျက်နှာစာ တွင် လာခြင်း မကောင်းတော့ပေ။ နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံးက အာဆာ အပေါ် ရှုတ္ချခ့ဲသည္။ ထိုအချိန်ကာလက နိုင်ငံတကာ၏ ထုတ်ပြန်ချက္များကို ကြည့်လျှင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကို ရှုတ်ချသည်။ ပြီးလျှင် အာဆာ၏ လုပ်ရပ်ကို ရှုတ်ချသည်။ 


မြန်မာစစ်တပ်နှင့် အာဆာ၏ လုပ်ရပ်အပေါ် နိုင်ငံတကာမှ ရှုတ်ချမှုများ


တူရကီ၊ EU၊ အမေရိကန်၊ ကနေဒါ၊ ဗြိတိန် စသည့်နိုင်ငံများပါဝင်သော နိုင်ငံ ၂၀ မှ သံတမန်များက ရခိုင်မြောက်ပိုင်း သို့ လေ့လာရေးသွားရောက္ ခ့ဲသည္။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရခိုင်မြောက်ပိုင်း သံတမန်ခရီးစဉ်နှင့် ပတ်သက်၍ ကွငွောခကြျအားထုတ္ပြန်ခ့ဲသည္။ ထိုထုတ်ပြန်ချက်တွင် အာဆာ၏ လုပ်ရပ်အပေါ် ရှုတ်ချထားသည်။ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာ ထုတ်ပြန်ချက္များ၌ အာဆီယံ ဥက္ကဌ၏ စက်တင်ဘာလ ၂၄ ရက်တွင် ကြေ ငြာချက်တွင် လည်းကောင်း၊ OIC ၏  ဩဂုတ်လ ၂၉ရက် ထုတ်ပြန်ချက်တွင်လည်းကောင်း၊ ကုလလုံခြုံရေးကောင်စီ (UNSC) ဥက္ကဌ၏ နိုဝင်ဘာလ ၆ ရက်ထုတ်ပြန်ချက်တွင်လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်တွင် အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်တွင်လည်းကောင်း အာဆာ ၏ လုပ်ရပ်အပေါ် ရှုတ်ချထားသည်။ စက်တင်ဘာလ ၁၂ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကလည်း ရခိုင်ပြည်နယ်ထဲတွင် ဖြစ်ပေါ်ခ့ဲသော အကြမ်းဖက္မှုတိုင်းကို ရှုတ်ချသည်ဟု ဆိုခ့ဲသည္။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၇ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း အာဆာ လုပ်ရပ်ကို ရှုတ်ချထားသည်။  UNSC ဥက္ကဌ၏ နိုဝင်ဘာလ ၆ ရက်နေ့ကြေ ငြာချက္မတိုင်မှီ  စက်တင်ဘာလ ၂၈ ရက်နေ့ တွင္ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်၍ လုံခြုံရေးကောင်စီကို အစီရင္ခံခ့ဲသည္။ ထိုသို့အစီရင်ခံရန် တောင်းဆိုသော နိုင်ငံများထဲတွင် အီဂျစ်၊ ပြင်သစ်၊ ကာဇက်စတန်၊ ဆွီဒင်၊ ဆီနီဂေါ၊ ဗြိတိန်နှင့် အမေရိကန်တို့က တောင်းဆိုခြင်းဖြစ်သည္။ ထိုအစီရင်ခံစာတွင်လည်း အာဆာ၏ လုပ်ရပ်ကို ရှုတ်ချထားသည်။


၂၀၁၇ ခု နှစ်၊ ဩဂုတ် ၂၅ရက်နေ့ အာဆာ တိုက်ခိုက္မှုအပေါ် နိုင်ငံတကာမှ ရှုတ်ချရခြင်းမှာ ကိုဖီအာနန် အစီရင်ခံထွက်လာသည့် အချိန်မျိုးတွင် တိုက်ခိုက်ခြင်းကြောင့်လည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအချိန်က ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာအား ရခိုင်ဒေသ၏ ပြဿနာကို အဖြေကို ဦးတည်ထားသည့် ချဉ်းကပ်မှုအဖြစ် နိုင်ငံတကာက ရှူမြင်ထားသည်။ တိုတိုပြောရလျှင် ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာအား နိုင်ငံတကာမှ လက်ခံထားသည်။ ဤအချိန်ထိ မြန်မာစစ်တပ်သည် အသာစီးအခြေအနေတွင် ရှိနေသေးသည်။ သို့သော် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကိုလုပ်လာသောအခါ သာမန်အရပ်သားကိုပါ ရောကြိတ်တော့သည်။ မည်မျှပင် အာဆာ တံဆိပ်တုန်း ထုပါစေ။ အစ္စလမ်ဘာသာဝင် အရပ်သားတစ်ယောက်သည် အာဆာ ဖြစ်မသွားချေ။ အာဆာ၏ အဖျက်အမှောင့်လုပ်ရပ်ကို တိုက်ဖျက်ကာ အရပ်သူအရပ်သားများ၏ ဘေးကင်းလုံခြုံရေးကို ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ရမည့် လက်နက်တပ်ဖွဲ့တစ်ခု၏ ဂုဏ်သိက္ခာနှင့် ပရိုဖက်ရှင်နယ်ဆန်မှုက မြန်မာစစ်တပ်၌ ပျောက်ဆုံးနေ ခ့ဲသည္။ ဤသို့ဖြင့် ဂျီနိုဆိုက်တရားခံ ဘဝ ကျရောက်သွားတော့သည်။ ဤအချက်အပေါ်တွင်တော့ အေအေသည် သင်္ခန်းစာ အလေးအနက်ယူသင့်သည်။ 


ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများအနေဖြင့် အရပ်သူ အရပ်သားများအပေါ် အကြောက်တရားဖြင့် ဖိထားရန် မည်၍မည်မျှ ကြိုးစားနေသည်က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ အဆင့်မြင့် ဆွေးနွေးပွဲကို ရည်စူးသည့် ဆန္ဒပြပွဲ၌  "အာရကန်ဆလေးဘရေးရှင်းအာမီ ဂျီနာဘတ်" ဟူသော အသံမျိုးက ထွက်လာသေးသည်ကို ကြည့်လျှင် မြင်နိုင်သည်။ အကြောက်တရား၏ ရိုက်ခတ်မှုအောက်တွင် ရှိနေသော ကြိုးဆွဲရာ ကနေရသည့် သာမန်အရပ်သားများ၏ အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။  မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွင် အာဆာနဲ့ အရပ်သူအရပ်သားအား ခွဲခြားခြင်းမရှိဘဲ ရက္စက္ ကြမ်းကြုတ်ခ့ဲ၍ ကမ္ဘာ့ရာဇဝတ်ကောင် ဘဝ သက်ဆင်းနေရသည်။ အေအေသည် နိုင်ငံသားစစ်ပွဲဆိုင်ရာစံနှုန်းများနှင့် လူသားချင်းစာနာမှု စံနှုန်းများကို ကိုင်စွဲထားသည့် အခြေခံစိတ်နေစိတ်ထားရှိသော အဖွဲ့အစည်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အမြဲ ထုတ်ဖော်ပြောနေသော အဖွဲ့အစည်းဖြစ်သည်။ ဤသို့ထုတ်ဖော်မှုက မည်သို့ပင်ဆိုစေ အရပ်သူ အရပ်သားထဲတွင်လည်းကောင်း၊ နိုင်ငံတကာ အဝိုင်းအဝန်းတွင်လည်းကောင်း ကောင်းသောမျှော်လင့်ချက်ကို ထားခံနေရမှုက ရှိနေသည်။ 


" ကမ္ဘာပေါ်ရှိ အခြားသော ပရိုဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့ များတွင်လည်း ပြောရလျှင် တပ်ဖွဲ့ဝင်ကြားတွင် စည်းကမ်းချိုးဖောက္မှု အနည်းငယ်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့ဖြစ်လာပါက ပြင်းပြင်းထန်ထန် ကိုင်တွယ်အရေးယူကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များ ချိုးဖောက်ကျူးလွန်မှုများရှိသည်ဟု ခိုင်မာသော သက်သေအထောက်အထားများရှိပါက မိမိတို့အား  အကြောင်းကြားရန် အချိန်မရွေးကြိုဆိုပါကြောင်း" ကို အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။ 


နိုင်ငံတကာရှိ သဘောတရားအရ အထိုင်ကျနေသော လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင် စည်းမျဥ်းစည်းကမ်းချိုးဖောက်မှု၊ လုပ်ရင်းကိုင်ရင် စည်းမျဉ်းစည်းကမ်းမှ သွယ်ဖယ်သွားတတ်မှုသည် ရှိနေတတ်သည်မှာ အထူးအဆန်းတော့မဟုတ်ပေ။ ပရိုဖက်ရှင်နယ် ပီသရန် ကျင့်ဝတ်ကိုထိန်းသိမ်းနေသော လက်နက်ကိုင်တပ်ဖွဲ့များက ထိုသို့ဖြစ်ရပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဖြေရှင်းလေ့ရှိသည်။ 


ဥပမာ- Human Rights Watch အဖွဲ့၏ ၂၀၂၃ခု နှစ်၊ ဇွန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ခ့ဲသော အစီရင်ခံစာ၏ ဖော်ပြချက်တစ်ခုအား ကြည့်ပါ။ 


"ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများကို ဘင်္ဂလားဒေရှ့် အထူးလက်နက်ကိုင်ရဲတပ်ဖွဲ့ (APBn)၏ ညှင်းပန်းနှိပ်စက္မှုများအား အွန်လှိုင်းတွင် ဖော်ပြသူဒုက္ခသည်များမှာ ပစ်မှတ်ထားခံနေရသည်။ ဆာယဒ် ဟူစိန် (လုံခြုံရေးအရ အမည်လွဲထား)သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းဖြစ်ပြီး သာမန်အရပ်သား သတင်းထောက်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် APBn ရဲတပ်ဖွဲ့ဝင် ၃၀ ဦးက ဖမ္းဆီးသွားခ့ဲသည္။ ဖမ်းရသည့် အကြောင်းရင်းမှာ APBn တပ်ဖွဲ့ဝင်များက အပစ်မရှိသော အရပ်သား ဒုက္ခသည်များကို ဒုက္ခပေးနေသည်ကို အွန်လှိုင်းပေါ်တင်လိုက်သောကြောင့်ဖြစ်သည်။ APBn တပ်ဖွဲ့ဝင်များက သူအား လွတ်ပေးစေလိုလျှင် မိန်းကလေး ကညာပျိုတစ်ဦးအား ရှာပေးရမည်၊ သို့မဟုတ် တာကာငွေ ငါးသောင်းပေးရမည်ဟု ဆိုသည်။ မပေးနိုင်သောအခါ သူအား ရာဘ ဆေးပြားများဖြင့် အတင်းအကျပ်ဓာတ်ပုံရိုက်ကာ အူကီးယား ရဲဌာနသို့ ပို့လိုက်သည်" 


သဘောတရားအရ အထိုင်ကျနေသော လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင် စည်းမျဥ်းစည်းကမ်းချိုးဖောက္မှု၊ လုပ်ရင်းကိုင်ရင် စည်းမျဉ်းစည်းကမ်းမှ သွယ်ဖယ်သွားတတ်မှုသည် ရှိနေတတ်သည် ဆိုသောအချက်အတွက် ဤဥပမာမှာ အလွန်မြင်သာသည်။ ဘင်္ဂလားဒေရှ့်က့ဲသို့ နိုင်ငံအဆင့် အင်စတီကျူးရှင်းမျိုးတွင်ပင် ထိုသို့ရှိတတ်သည်။ ရှိ၍လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များမှ ဖိအားပေးသော ဒဏ်ကို ခံရသည်။ ထိုသို့ ဖိအားပေးနေတိုင်း APBn တပ်ဖွဲ့ တစ်ခုလုံးသည်ကျင့်ဝတ်နှင့် ပရိုဖက်ရှင်နယ်ဆန်မှု ပျက်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ APBn အား ပို၍ လေးစားစရာဖြစ်စေရန် ဖိအားပေးလာရခြင်းဖြစ်သည်။ အေအေအပေါ် လူ့အခွင့်အရေးကို အလေးထားရန်နှင့် တာဝန်ယူမှုရှိရန် နိုင်ငံတကာအဖွဲ့အစည်းများမှ တောင်းဆိုဖိအားပေးနေခြင်းသည်လည်း ထိုသဘောတရားအတိုင်းဖြစ်သည်။ ထိုသို့ ကိစ္စမျိုးတွင် တာဝန်ယူကိုင်တွယ်ရန်  အေအေသည် APBn လောက် logistic နှင့် အထောက်အပံပိုင်းတွင် အားမကောင်းသေးချေ။ အထောက်အပံ အားကောင်းသော APBn ပင်လျှင် သဘောသဘာဝအရ နိုင်ငံတကာအဖွဲ့အစည်းများ၏ စောင့်ကြည့် သတိပေးမှုကို လိုအပ်နေဆဲဖြစ်သည်ဆိုလျှင် အေအေ အနေဖြင့် ပို၍ပင်လိုအပ်နေမည်ဖြစ်သည်။ "ကျင့်ဝတ်ဖောက်ဖျက္မှုမှ အခွင့်အရေးရနေသောသူများကတော့ APBn တွင်ဖြစ်စေ၊ အေအေ တွင်ဖြစ်စေ ပရိုဖက်ရှင်နယ်ပီသသော ပြုပြင်ပြောင်းလဲမှုများကို ကြိုက်မည်မဟုတ်ချေ။" ထိုသူများမကြိုက်၍ မပြုပြင် မပြောင်းလဲဟု ဆိုလျှင် APBn ပင်ဖြစ်စေ၊ အေအေပင်ဖြစ်စေ အဖွဲ့အစည်းအပေါ် ယုံကြည်မှုက ထိခိုက်လာမည်ဖြစ်သည်။


လက်ရှိ အခြေအနေတွင်တော့ အရပ်သူ အရပ်သားများနှင့် ဒုက္ခသည်များ၏ လူ့အခွင့်အရေးကို အလေးထားသော လုံခြုံရေးဆိုင်ရာ မူဝါဒနှင့် အစီအမံမျိုးရှိလာရန် ဘင်္ဂလားဒေရှ့်၏ စစ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းများနှင့် အေအေ အပေါ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများက ဖိအားများ၊ တောင်းဆိုချက္များ၊ တိုက်တွန်းချက္များက အမြဲတန်းရှိနေအုံးမည့် သဘောဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ကျင့်ဝတ်နှင့် ပရိုဖက်ရှင်နယ်ကို လက်ကိုင်ထားနိုင်မည့် အုပ်စုများဟု မျှော်လင့်ချက်ကြောင့် ဖြစ်သည်။


ရိုဟင်ဂျာများ၏ တရားမျှတမှုအတွက် အေအေသည် အဓိကသော့တစ်ချောင်း ဖြစ်လာနိုင်သည်ဟု Arab News တွင် ၂၀၂၄ခု နှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆောင်းပါးတစ်ပုဒ်တွင်ဖော်ပြထားသည်။ ဆောင်းပါးရှင်က  ဝါရှင်တန်ဒီးစီ အခြေစိုက်  Newlines Institute ၏ မူဝါဒနှင့် မဟာဗျူဟာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ အာဇမ် အီဘရာဟင် (Dr Azeem Ibrahim) ဖြစ်သည်။ သူက "လက်ရှိရခိုင်ပြည်နယ်တွင် အေအေ အနေဖြင့် ဩဇာအာဏာဖြန့်ကျက်ထားသည်။ မြန်မာစစ်တပ်နှင့်မတူသည်က ရိုဟင်ဂျာများနှင့် ယှဉ်တွဲနေထိုင်ရန် စိတ်ဆန္ဒရှိမှုကို ဖော်ပြထားသည်။ အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေဖြင့် ဘေးကင်းလုံခြုံနေရပ်ပြန်နိုင်ရေးနှင့် ရခိုင်လူ့အသိုင်းအဝန်းထဲတွင် ပြန်လည်ပေါင်းစည်းနိုင်ရန် ထောက်ခံမှုကို အရိပ်အမြွက်ပြထားသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဤအနေအထားကို အမိအရအသုံးချသင့်သည်။ အစိုးရများ၊ NGOများနှင့် ဘက်စုံချဉ်းကပ်နိုင်သော အင်စတီကျူရှင်းများအနေဖြင့် ဘင်္ဂလားဒေရှ့်နှင့် အေအေကြားတွင် အဓိပ္ပါယ်ရှိသော တွေ့ဆုံမှုများ ဖြစ်လာရန် ထောက်ခံမှုများ ပေးသင့်သည်" ဟု ဆောင်းပါးတွင် အကြံပြုထားသည်။





ကိုးကား

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက် သံတမန်ခရီးစဉ် 

https://www.international.gc.ca/media/aff/news-communiques/2017/10/Diplomatic_Trip-Rakhine-Visite_Diplomatique.aspx?lang=eng


၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက် အာဆီယံ ဥက္ကဌ ကြေ ငြာချက်

https://asean.org/asean-chairmans-statement-on-the-humanitarian-situation-in-rakhine-state/


၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက် OIC မှ ကုလ UNSC ထံ တောင်းဆိုချက်

https://www.oic-oci.org/topic/?t_id=14719&t_ref=6966&lan=en


၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၆ ရက် UNSC ဥက္ကဌ ၏ ကြေငြာချက်

https://press.un.org/en/2017/sc13055.doc.htm


https://www.securitycouncilreport.org/monthly-forecast/2017-12/myanmar.php?hl=en-GB


၂၀၁၇ခု နှစ်၊ စက်တင်ဘာလ ၇ ရက် အိန္ဒိယ ရပ်တည်ချက်

https://edition.cnn.com/2017/09/06/asia/modi-india-myanmar-rohingya


၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် တရုတ် ရပ်တည်ချက်

https://thediplomat.com/2017/09/on-rohingya-issue-both-china-and-india-back-myanmar-government/?hl=en-GB


၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၈ ရက်၊ ရုရှား ရပ်တည်ချက်

https://www.mid.ru/en/foreign_policy/news/1551332/


၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ တူရကီ ရပ်တည်ချက်

https://www.aa.com.tr/en/turkey/turkey-condemns-attacks-in-myanmar-s-rakhine-state/894517


Sources

https://thediplomat.com/2024/09/arakan-army-commander-in-chief-twan-mrat-naing-on-the-future-of-rakhine-state/


https://www.thenewhumanitarian.org/interview/2024/05/29/arakan-army-responds-rohingya-abuse-accusations-myanmarmyanmar


https://www-arabnews-com.cdn.ampproject.org/v/s/www.arabnews.com/node/2582398/amp


https://www-arabnews-com.cdn.ampproject.org/v/s/www.arabnews.com/node/2585950/amp


https://www.hrw.org/news/2023/01/17/bangladesh-rampant-police-abuse-rohingya-refugees


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း