ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ-၁
ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ-၁
လက်ရှိ ၂၀၂၆ ခုနှစ် ဇွန်နဝါရီ ၁၂ ရက္မှ ၂၉ ရက်အထိ ICJ ကြားနားပွဲနှင့် ပတ်သက်၍ ဂကျိုးဂကြောင် ထင်မြင်မှုများက မြန်မာ လူ့မှုကွန်ရက် ပလက်ဖောင်းတွင် ဂယက်ထ နေကြသည်။ မည်သူမဆို မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ရှိသည်။ သို့သော် သာမန်လူများ၏ ထင်မြင်ချက်ထက် ပညာတတ် အီလိုက္များ၏ ထင်မြင်ချက် အပြောအဆိုများက သာမန်လူထုအပေါ် သက်ရောက်မှုများတတ်သည်မှာ သဘာဝဖြစ်သည်။ အချို့သော ပညာတတ်အီလိုက္များ၏ ပြောစကားများတွင် သာမန်လူထုအတွက် "ဂကျိုးဂကြောင်" ဂယက်ကို ဖြစ်စေသည်။ အကျိုးမရှိ ပြဿနာကို ဒစ်ရှည် အရစ်ပိုလည်စေမည့် " ဂကျိးဂကြောင်" ဂယက္များကိုတော့ ဤစာစုက အတော်အတန် ဖြေရှင်းပေးမည်ဟု ယူဆပါသည်။
ICJ ဟူသည် လူမျိုး နာမည်တပ်ပေးသော ကော်မရှင်မဟုတ် (ICJ is not a "naming commission")
ICJ လတ်တလော ကြားနားပွဲများအတွင်း ထလာသော ဂယက်ထဲတွင် "ရိုဟင်ဂျာဟူသော အခေါ်အဝေါ်လူမျိုး" မြန်မာသမိုင်းမှတ်တမ်းတွင် မရှိ ဟူသော ဂယက်ဖြစ်သည်။ ထိုဂယက်ထဲ လိုက္မျောသူများက တံခွန်ထူပြသည်က "ထိုသို့ မရှိခ့ဲအမည္နှင့္ တိုင်းရင်းသား၊ နိုင်ငံသားအဖြစ်အသိအမှတ် မပြုနိုင်" ဟူ၍ ဖြစ်သည်။ ထိုဂယက်ထဲတွင် မျောပါနေသူများအနေဖြင့် " ICJ သည် မြန်မာ လူထု၏ နေစဉ်ဘဝအတွင်းထိ ထိုအမည်ကို အသုံးပြုခေါ်ဝေါ် ရမည်" ဟု အမိန့်ချလာမည်ဟု ထင်နေကြသည်လားတော့မသိပေ။ ထိုသူများအား ပြန်၍ ပြောလိုသည်မှာ ICJ ဟူသည် ကင်ပွန်းတပ် အမည်မှည့်ခေါ်ရာ နေရာမဟုတ်ပေ။ လက်ရှိကိစ္စသည် အမည်သညာခေါ်ဝေါ်မှုအရေးအတွက် တရားရင်ဆိုင်နေရသော ကိစ္စမဟုတ်ပေ။ လူမျိုးတုန်းသတ်ဖြတ်ခံရသော ဖြစ်စဉ်ဟုတ်၏၊ မဟုတ်၏ ကို တရားရေးနယ်ပါယ်ထဲမှ စီစစ်နေသော ကိစ္စဖြစ်သည်။
ကျူးလွန်ခံရသူများ ဟုတ်၊ မဟုတ် (Victims or Not)
ဂမ်ဘီယာနှင့် မြန်မာ အမှုတွင် လူအုပ်စုတစ်ခုသည် လူမျိုးတုန်းအောင် ရှင်းလင်းမှု အဖြစ်ဆိုးကို ရင်ဆိုင်ခံစား နေရခြင်းရှိ၊ မရှိ ကို ICJ က လက်ရှိတွင် စိစစ်နေခြင်းဖြစ်သည်။ ICJ တရားသူကြီးများက မည်သို့ရှူမြင်ထားသနည်းဆိုသော် "လူအုပ်စုတစ်ခုမှာ လူမျိုးတုန်းအောင် ရှင်းလင်းမှု အဖြစ်ဆိုးကို ရင်ဆိုင်ခံစား နေရမှု ရှိခ့ဲပုံပေါ်သည္" ဟု ကောက်ချက်ချထားသည်။ ဤကောက်ချက္မှာ အမှုစတင်ချိန် ကနဦး ကြားဖြတ်အမိန့်က သက်သေပင်ဖြစ်သည်။ ထိုကြားဖြတ်အမိန့်၏ သဘောက "လူအုပ်စုတစ်ခုသည် လူမျိုးတုန်းအောင် ရှင်းလင်းမှု အဖြစ်ဆိုးကို ရင်ဆိုင်ခံစား နရခြင်းရှိခ့ဲပုံ ပေါ်နေသည်။ သို့သော် ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးရမည်။ စစ်ဆေးနေချိန်တွင် မြန်မာဘက်က ဤအချက် ဤအချက္များကို လိုက်နာထားရမည်" ဟူသော သဘောပင်ဖြစ်သည်။ ဆက်လက်ကြားနာမှုတွင် မြန်မာဘက်က "မဟုတ်ကြောင်း" ကို သက်သေသက်ခံ အထောက်အထားများဖြင့် ခုခံချေပခွင့်ရှိသည်။ ဂမ်ဘီယာဘက်က " ဟုတ်ကြောင်း" ကို သက်သေသက်ခံ အထောက်အထားများဖြင့် တင်ပြခွင့်ရှိသည်။ ဤသို့တဖက်နှင့် တဖက် တင်ပြလာကြရာ ယခုအချိန်ကြားနာပွဲသို့ ရောက်ရှိလာပြီဖြစ်သည်။
ကိုယ်ပိုင် သရုပ်လက္ခဏာနှင့် ဂျီနိုဆိုက် ဖြစ်ခြင်းရှိ၊မရှိ (Self-Identification and the Finding of Genocide)
" ရိုဟင်ဂျာ" ဟူသော အခေါ်အဝေါ်သည် ရခိုင်တို့က ဘင်္ဂလီဟုခေါ်သော၊ ဘာသာစကား ဗေဒအားဖြင့် ဘင်္ဂလားဒေရှ့်နိူင်ငံ စစ်တကောင်းဒေသ ဒေသခံများ၏ လေယူလေသိမ်းနှင့် ယဉ်ကျေးမှု နီးစပ်တူညီသော၊ ရခိုင်မြောက်ပိုင်းတွင် ထင်သာမြင်သာသော လူဦးရေပမာဏ ရှိသော လူအုပ်စုက ကိုယ့်ကိုယ်ကို ပေးထားသောအမည်ဖြစ်သည်။ ထိုအချက်သည် " ICJ" နှင့် မဆိုင်ပေ။ ICJ နှင့် ဆိုင်သည်က ထိုသို့ မိမိကိုယ်ကို အမည်နာမ တပ်ထားသော လူအုပ်စုတစ်ခုသည် ဂျီနိုဆိုက်ဘေးဒဏ်ကို ခံရခြင်း ရှိခ့ဲ၊ မရှိခ့ဲဟူသော အချက်သာ ဖြစ်သည်။ သို့ဖြစ်၍ လူအုပ်စုတစ်ခုသည် ရိုဟင်ဂျာဟု မိမိကိုယ်ကို နာမည်တပ်ထားပါစေ၊ ရိုဟင်ဂျာအမည်မှမဟုတ်၊ အခြားအမည်တစ်ခုခုကို တပ်ထားပါစေ ထိုအုပ်စုသည် ဂျီနိုဆိုက်ဘေးဒဏ် သင့်၊ မသင့် ကိုသာ ICJ က စီစစ်ကြားနာနေမည်ဖြစ်သည်။
သို့ဖြစ်၍ ဂျီနိုဆိုက် ဟုတ်၊ မဟုတ်ကို ICJ သည် မည်သည့်စံနှုန်းများနှင့် စိစစ်ရှာဖွေပါသနည်းဟု မေးစရာရှိလာသည်။ နိုင်ငံတကာဥပဒေ (အထူးသဖြင့် ၁၉၄၈ ခုနှစ် Genocide Convention) အရ မျိုးတုံးသတ်ဖြတ်မှု (Genocide) မြောက်သည်ဟု သတ်မှတ်ရန်အတွက် အောက်ပါအချက် များကို စီစစ်ရမည်ဖြစ်သည်။
၁။ မြေပေါ်မှ ဖယ်ရှားပစ်မည်ဟု သတ်မှတ်ခံထားသော လူအုပ်စု (Targeted Groups) ဟုတ်၊ မဟုတ် စီစစ်ခြင်း
မျိုးတုံးသတ်ဖြတ်မှုသည် လူတစ်ဦးချင်းစီကို ရည်ရွယ်ခြင်းထက်
က- လူမျိုးနွယ်စု (National group)
ခ-မျိုးနွယ်စု (Ethnical group)
ဂ- လူမျိုးစု (Racial group)
ဃ- ဘာသာရေးအုပ်စု (Religious group) အုပ်စု (၄) ခုထဲမှ တစ်ခုခုကို ဖျက်ဆီးရန် ရည်ရွယ်ချက်ပါနေသည်။ လက်ရှိ ICJ ကြားနာမှုတွင် " အဆိုပါ ရည်ရွယ်ချက် မြန်မာတွင် ရှိသည်" ဟု ဂမ်ဘီယာက စွပ်စွဲ၍ သက်သေထူနေသည်။ မြန်မာဘက်က မရှိဟု ငြင်းဆန်၍ သက်သေပြရန် ကြိုးစားနေသည်။
၂။ ကျူးလွန်သည့် လုပ်ရပ်များ (Prohibited Acts)
အဆိုပါ အုပ်စု (၄) ခုထဲမှ အုပ်စုတစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အောက်ပါလုပ်ရပ်များထဲမှ တစ်ခုခုကို ကျူးလွန်ခြင်းရှိ၊ မရှိကို စိစစ်ရသည်။
(က)- အုပ်စုဝင်များကို သတ်ဖြတ်ခြင်း။
(ခ- )အုပ်စုဝင်များကို ကိုယ်လက်အင်္ဂါ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နာကျင်စေခြင်း။
(ဂ)- အုပ်စုတစ်ခုလုံးကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ဆိုးရွားသော နေထိုင်မှုအခြေအနေများ ဖန်တီးခြင်း (ဥပမာ - အစာရေစာ ဖြတ်တောက်ခြင်း၊ ဆေးဝါးကုသခွင့် ပိတ်ပင်ခြင်း)။
အုပ်စုအတွင်း ကလေးမမွေးဖွားနိုင်အောင် တားဆီးသည့် အစီအမံများ ပြုလုပ်ခြင်း။
အုပ်စုတစ်ခုမှ ကလေးငယ်များကို အခြားအုပ်စုတစ်ခုသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း။
စသည့် အချက္များတွင် တစ်ခုခုနှင့် ကိုက္ညီမှု ရှိ၊ မရှိ စိစစ်ရသည်။
ဂျီနိုဆိုက်ဖြစ်သည်ဟု သတ်မှတ်ရန် အဓိက အရေးကြီးဆုံးနှင့် သက်သေပြရန် အခက်ခဲဆုံးအချက္မှာ "အထူးရည်ရွယ်ချက်" (Specific Intent - dolus specialis) ရှိနေခြင်းပင် ဖြစ်သည်။ သာမန်စစ်ရာဇဝတ်မှု (War Crimes) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes Against Humanity) တို့နှင့် မတူဘဲ ဂျီနိုဆိုက်သည် "အဆိုပါ အုပ်စုကို အုပ်စုလိုက် ပျောက်ကွယ်သွားစေရန် သို့မဟုတ် ဖျက်ဆီးပစ်ရန်" ဟူသော ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခြင်းမျိုး ဖြစ်ရမည် ဖြစ်သည်။ လူသေဆုံးမှု အရေအတွက် များပြားရုံဖြင့် ဂျီနိုဆိုက်ဟု တိုက်ရိုက္မသတ်မှတ်ပါ။ အဓိကမှာ အုပ်စုတစ်ခုကို အမြစ်ပြတ်ချေမှုန်းလိုသည့် "ရည်ရွယ်ချက်" နှင့် "လုပ်ရပ်" ပေါင်းစပ်မှု ရှိ၊ မရှိပေါ်တွင် မူတည်ပါသည်။ ဂမ်ဘီယာဘက်မှ ICJ တွင် တင်ပြနေသည့် အချက္များ၏ အခြေခံရည်ရွယ်ချက္မှာ မြန်မာသည် " အုပ်စုတစ်ခုကို အမြစ်ပြတ်ချေမှုန်းလိုသည့် "ရည်ရွယ်ချက်" နှင့် "လုပ်ရပ်" ပေါင်းစပ်မှု ရှိ" သည်ကို ပီပြင်လာရန် အားထုတ်နေခြင်းဖြစ်သည်။ ICJ သည် ဂျီနိုဆိုက် ဟုတ်၊ မဟုတ်ကို ဘက်လိုက္မည် မဟုတ်ဘဲ ဥပဒေကြောင်းဆိုင်ရာ အချက်အလက္များဖြင့်သာ စစ်ဆေးဆုံးဖြတ်မည်ဖြစ်သည်။
လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် နိုင်ငံတကာ ဥပဒေ၊ နိုင်ငံတကာစံနှုန်းများဘက်က အဓိပ္ပါယ္ ဖွင့်ဆိုမှုတွင် အသေးစိတ် စနစ်တကျရှိသည်။ ဂျီနိုဆိုက် ကွန်ဗင့်ရှင်းသည်ပင်လျှင် နိုင်ငံတတကာ ဥပဒေ၊ နိုင်ငံတကာစံနှုန်း ဖြစ်သည်။ ထိုစံနှုန်းအရ မျိုးတုံးသတ်ဖြတ်မှု (Genocide) အပေါ် ဥပဒေကြောင်းအရရော၊ လက်တွေ့ဖြစ်ရပ် ဖြစ်စဉ်များအရပါ အသေးစိတ် အရေးကြီးအချက္များ ရှိသည်။ ဂမ်ဘီယာ နှင့် မြန်မာ အမှုတွင် ICJ တရားရုံးအတွင်း အဆိုပါ အသေးစိတ် အရေးကြီးအချက္များနှင့် ငြိစွန်းမှုရှိ၊ မရှိကို စိစစ် မည်ဖြစ်သည်။ ထိုအချက္များအပေါ်တွင် စွပ်စွဲချက်၊ ဖြေရှင်းချက် ထုတ်ကြမည်ဖြစ်သည်။ လက်ရှိ ICJ တရားခွင်တွင် နှစ်ဘက် ရှေ့နေများ ပြုနေကြသော စွဲဆိုချက်၊ သက်သေပြချက်၊ ငြင်းဆန် ဖြေရှင်းချက္များမှာ ထိုအသေးစိတ် ဖြစ်စဉ် လမ်းကြောင်းအတိုင်းသာ ဆက်သွားနေခြင်းဖြစ်သည်။
နိုင်ငံတကာ ဥပဒေကြောင်းအရ၊ လက်တွေ့ဖြစ်ရပ် ဖြစ်စဉ်များအရ အသေးစိတ် အရေးကြီးအချက္များ
၁။ Genocide ဖြစ်စေရန် လှုံ့ဆော်မှု (Incitement)
ဂျီနိုဆိုက်ဖြစ်ရပ်တစ်ခုသည် ရုတ်တရက်ဖြစ်လာခြင်း မဟုတ်ပေ။ ထိုသို့ဖြစ်လာရန် အချိန်ယူပြီး စနစ်တကျ ပြင်ဆင်မှု ရှိသည်။ ထိုသို့ပြင်ဆင်မှုများတွင် လူထုကို အဆိုပါအုပ်စုအပေါ် အမုန်းပွားစေရန် သို့မဟုတ် သတ်ဖြတ်ရန် တိုက်ရိုက်ပြောဆိုခြင်း။ (ဤအချက်တွင် ရေဒီယို၊ သတင်းစာ၊ လူမှုကွန်ရက်တို့မှတစ်ဆင့် လှုံဆော်မှုများလည်း အကြုံးဝင်သည်။ ကိုယ်တိုင် မကျူးလွန်သည့် တိုင်အောင် "ဂျီနိုဆိုက် ဖြစ်စေရန် အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်းသည်လည်း နိုင်ငံတကာဥပဒေအရ ပြစ်မှုမြောက်သည်။)
၂။ ကျူးလွန်သူသည် နိုင်ငံတော်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ အရေးယူနိုင်ခြင်း
ICJ (International Court of Justice) တရားရုံးသည်
နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုကို ဂျီနိုဆိုက် ကျူးလွန်သူဟု စွပ်စွဲကာ ဖြစ်ပေါ်လာသော နိုင်ငံအချင်းချင်း အငြင်းပွားမှုပုံစံ ကို စစ်ဆေးသည်။
ICC (International Criminal Court) တရားရုံးမှာ ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီ (ခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်များ၊ နောက်လိုက္များ) ကို ရာဇဝတ်မှုဖြင့် အရေးယူရန် စစ်ဆေးသည်။
၃။ Genocide ဖြစ်စဉ်တစ်ခု၏ အဆင့်ဆင့် (Stages of Genocide) ပုံသဏ္ဍာန်များ
ပညာရှင် ဂရီဂိုရီ စတင်တန် ( Gregory Stanton) က ဂျီနိုဆိုက်တစ်ခု ဖြစ်ပေါ်လာပုံကို အဆင့် (၁၀) ဆင့္ဖြင့် ခွဲခြားပြထားသည်။ ထိုအဆင့်များမှာ
(က) Classification (ခွဲခြားခြင်း): "ငါတို့" "သူတို့" စသဖြင့် လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှု အရ ခွဲခြားသတ်မှတ်ခြင်း။
ထိုသို့ ခွဲခြားသတ်မှတ်လိုက်သည်နှင့် တပြိုင်နက် ဂျီနိုဆိုက် ဖြစ်သွားသည်တော့မဟုတ်ပေ။ သို့သော် ဂျီနိုဆိုက် ဖြစ်စဉ်ထဲတွင်တော့ ထိုအဆင့်သည် ပါသည်။
(ခ) Symbolization (အမှတ်အသားပြုခြင်း): အုပ်စုတစ်ခုအား အဝတ်အစား သို့မဟုတ် အမှတ်အသားတစ်ခုခု သတ်မှတ်ပေးခြင်း။
နာဇီခေတ်တွင် ဂျူးတွေကို အဝါရောင်ကြယ်ပွင့် တပ်ခိုင်းခြင်း သက့ဲသို့ ခွဲခြားတံဆိပ်ကပ်ထားခြင်းမျိုးဖြစ်သည်။ ရခိုင်မြောက်ပိုင်းတွင်တော့ အစ္စလမ်ဘာသာကိုးကွယ်သူများအား နာဇီခေတ်ပုံစံ အမှတ်အသားပေးနေစရာမလိုပေ။ နေရင်းထိုင်ရင်း အလိုလို ပင် သညာပြုထားပြီးဖြစ်သည်။
(ဂ) Discrimination (ခွဲခြားဆက်ဆံခြင်း): အခွင့်အရေးများ ပိတ်ပင်ခြင်း၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်း။
ရခိုင်မြောက်ပိုင်းတွင်ရှိသော၊ ရခိုင်တွင်ရှိသော အစ္စလမ်ဘာသာကိုးကွယ်သူ တော်တော်များများသည် ရခိုင်ရိုးမကို ကျော်ဖြတ်၍ ဗမာပြည်မဘက်ကို လွတ်လပ်စွာ သွားလာ အခြေချခွင့် မရကြပေ။
(ဃ) Dehumanization (လူသားအဖြစ်မှ လျှော့ချခြင်း)
ထိုသူများအား လူဟူ၍ မမြင်တော့ဘဲ တိရစ္ဆာန် သို့မဟုတ် အစုတ်ပလုပ် သို့မဟုတ် ပိုးမွှားများ စသည့်ပုံမျိုးဖြင့် ဆက်ဆံခြင်း၊ တင်စားပြောဆိုခြင်းမှာ ရခိုင္မြောက္ပိုင္းတွင် ရှိနေ ခ့ဲသည္။ ဤသို့ပြောဆိုမှုသည် (အမုန်းစကားများ စတင်ခြင်း) ပုံစံထဲတွင် အကြုံးဝင်သည်။
(င) Organization (စနစ်တကျ ဖွဲ့စည်းခြင်း): လက်နက်ကိုင်အဖွဲ့များ၊ အထူးတပ်ဖွဲ့များ ပြင်ဆင်ခြင်း။
နစက တပ်ဖွဲ့များ၊ နတလ ကျေးရွာ များစသဖြင့် မြန်မာအစိုးရအဆက်ဆက်သည် တည်ဆောက်ထားသည်။ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လူဝင်လူထွက္များကို စစ်ဆေးရန်ဟူသော ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ဆောင်ရွက်ရန်ဟု မည်မျှပင် အကြောင်းပြနေစေကာမူ ထိုအင်စတီကျူရှင်းများ၏ လုပ်ရပ်သည် မြေပြင်တွင်တော့ အစ္စလမ်ဘာသာဝင်များကို ဖိနှိပ်မှုများရှိနေ ခ့ဲသည္။
(စ) Polarization (သွေးခွဲခြင်း): အုပ်စုနှစ်ခုကြား ပိုမိုဝေးကွာအောင် ဝါဒဖြန့်ခြင်း။
လူမျိုးစုဒေသများ၌ အချင်းချင်းမတည့်အောင် ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ နယ်မြေ၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေး စသဖြင့် အသွင်အမျိုးမျိုးဖြင့် ခလောက်ဆန်မှုကို မြန်မာစစ်တပ်သည် ကျင့်သုံးတတ်သည်။
(ဆ) Preparation (ပြင်ဆင်ခြင်း): သတ်ဖြတ်ရန် အစီအစဉ်များဆွဲခြင်း၊ လက်နက်တပ်ဆင်ခြင်း။
ARSA အား ချေမုန်းရန်အတွက်ဟု အကြောင်းပြကာ ရှိရှိသမျှ အစ္စလမ်ဘာသာဝင် သာမန်အရပ်သားပြည်သူများကိုပါ သိမ်းကြုံး၍ သတ်ဖြတ်မှုများသည် ရှိခ့ဲသည္။
(ဇ) Persecution (ညှဉ်းပန်းနှိပ်စက်ခြင်း): အိမ်ပြင်မထွက်ရ ကန့်သတ်ခြင်း၊ အကျဉ်းစခန်းများသို့ ပို့ခြင်း။
ARSA အား ချေမုန်းရန်အတွက်ဟု အကြောင်းပြကာ ရှိရှိသမျှ အစ္စလမ်ဘာသာဝင် သာမန်အရပ်သားပြည်သူများအား လူမဆန်သော နှိပ္ကွပ်မှုများပြုခ့ဲသည္။
(စျ) Extermination (မျိုးဖြုတ်သတ်ဖြတ်ခြင်း): အစုလိုက်အပြုံလိုက် စနစ်တကျ သတ်ဖြတ်ခြင်း။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ မြုပ်ထားသော ကျင်းများ၊ ဂြိုလ်တုဓာတ်ပုံမြားတွင္ အင်မတန်မှ ထင်ရှားနေသော မီးလောင်ပြကျနေသော ရပ်ရွာ ဓာတ်ပုံများက သက်သေပြနေသည်။
(ည) Denial (ငြင်းဆိုခြင်း): ကျူးလွန်ခဲ့သည့် သက်သေများကို ဖျက်ဆီးခြင်းနှင့် ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခြင်း။
ထိုသို့ နှိပ်စက္မှုများ ကို မပြုခ့ဲပါဟု မျက်နှာပြောင်တိုက် ဘူးခံမှုကို မြန်မာစစ်တပ်နှင့် အစိုးရအဆက်ဆက်သည် ပြုခ့ဲသည်။ မြေပြင်၏ သက်ရောက္မှုများက ပြင်းထန်လာသောအခါ မြန်မာနိုင်ငံနယ်နိမိတ်ကို ကျော်လွန်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲ အစုလိုက်အပြုံလိုက် လူများ ရှောင္ပြေးခ့ဲရသည္။ ဤသို့ဖြင့် ဘင်္ဂလားဒေရှ့်ကို ဝန်ထုတ္ဝန္ပိုးဖြစ်လာခ့ဲသည်။ ထိုသူများ ဘင်္ဂလားဒေရှ့်နိုင်ငံမှ လာသောသူများဟု ဆိုနေပါလျှင် ထိုသူများကို ပြန်လက်ခံပါမည်ဟု မြန်မာဘက္မှ ပြောနေပါသနည္း။ ထိုသူများသည္ စစ်တကောင်းဒေသခံများနှင့် နီးစပ်သော လေယူလေသိမ်းကို ပြောနေစေကာမူ၊ အစ္စလမ်ဘာသာကို ကိုးကွယ်နေစေကာမူ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအတွင်း တည်ရှိနေသူများ ဖြစ်နေ၍ ပြန်လက်ခံပါမည္ဟု ပြောနေရသည်မဟုတ်လော။ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပါဟု မည်မျှပင် ပြောနေစေကာမူ ရိုက်ခတ်မှုက မြန်မာနိုင်ငံ နယ်နိမိတ်ဧရိယာထဲတွင် ဖြစ်နေသည်မဟုတ်ဘဲ ဘင်္ဂလားဒေရှ့်ဆိုသည့် အချုပ်အခြာအာဏာထဲကိုပါ သက်ရောက်နေ ခ့ဲပြီး နိုင္ငံတကာအရေးဖြစ်ခ့ဲ ပြီဖြစ်သည်။ ထိုသို့ နိုင်ငံတကာ အရေးအထိ ဖြစ်လာခ့ဲ၍ နိုင်ငံတကာက "ဖြစ်စဉ်ဖြစ်ရပ်အမှန် ဘာဖြစ်သည်ကို သေချာစေရန်" IIFFMM ကို ဖွဲ့၍ စုံစမ်းမှုကို စတင္ခ့ဲသည္။ ထိုစုံစမ်းမှုကို မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအဆက်ဆက်သည် လက္မခံခ့ဲပေ။ မပူးပေါင်းခ့ဲပေ။ ထိုသို့ လက္မခံမှုအား အကြောင်းပြရာတွင်လည်း တရားနည်းလမ်းကျသော အကြောင်းပြချက္မျိုးကို ပြခ့ဲသည္မဟုတ္ချေ။ မြန်မာစစ်တပ်နှင့် မြန်မာအစိုးရ IIFFMM နှင့် ပူးပေါင်းရန် ငြင်းဆန်သည့် အကြောင်းပြချက်က "ပြည်တွင်းရေးကိစ္စ၊ ကိုယ်ဖာသာကို ဖြေရှင္းမည်" ဟု သာ။ ခက်သည်က မြန်မာနိုင်ငံ နယ်နိမိတ်ဧရိယာထဲတွင် ဖြစ်နေသည်သာမဟုတ်ဘဲ ဘင်္ဂလားဒေရှ့်ဆိုသည့် အချုပ်အခြာအာဏာထဲကိုပါ ရောက်၍ မြေပြင်တွင် နိုင်ငံတကာအရေးဖြစ်နေပြီ ဖြစ်သည်။ နိုင်ငံတကာဘက်က မြန်မာဘက်က "ပြည်တွင်းရေးကိစ္စ၊ ကိုယ်ဖာသာကို ဖြေရှင္းမည်" ဟုဆိုလျှင် မြန်မာဘက်က ကိုယ့်အလုပ်ကိုယ်လုပ်၊ မိမိတို့လည်း လုပ်စရာကို ဆက္လုပ်မည်ဟုသော သဘောဖြစ်သည်။ IIFFMM အစီရင်ခံစာ ထွက်လာသောအခါ မြန်မာစစ်တပ်နှင့် မြန်မာအစိုးရ ငြင်းဆန်ပုံက "အစီရင်ခံစာတွင် မြန်မာဘက္မှ အသံများမပါ၊ သို့ဖြစ်၍ ဘက်လိုက်သည်၊ မျှတမှုမရှိ"ဟု ဆိုလာပြန်သည်။ မိမိအား ပါဝင်ရန် ကမ်းလှမ်းခ့ဲသော်လည်း မိမိကိုယ်တိုင်က မပူးပေါင္းးခ့ဲဘဲ အစီရင်ခံစာထွက်လာခါမှ မိမိအသံမပါဟု ဆိုနေမှုက မည်သည့် ဥပဒေရှူဒေါင့်၊ တရားမျှတမှုရှူဒေါင့်အရ ကြည့်သည်ဖြစ်စေ အဓိပ္ပါယ္မရှိပေ။ ဤသို့ အဓိပ္ပါယ်မရှိသော စည်းချက္များကို အပ်ကြောင်းထပ်အောင် မြည်နေ ခ့ဲသည္။ ခက်သည် အပ်ကြောင်း ထပ်ဖန်များ၍ အပ်ကြောင်းများနှင့် ဓာတ်ပြားဟောင်းလည်း ကွဲအက်ကာ အိုမင်းလာခ့ဲပြီဖြစ်သည်။ ထို အက်ကြားအို ဟာမိုနီများဖြင့် လူထုအား ဂျင်းထည့်ကာ သံယောင်လိုက်နေကြဆဲဖြစ်သည်။ လိုက်သည့်သံယောင်က အင်မတန် အရေးကြီးသော ဂျီနိုဆိုက် ပုံသဏ္ဍာန်အဆင့် (၁၀) ခုအပေါ် ကျူးလွန်ခ့ဲခြင်းမျိုးမရှိဟူသော ခိုင်မာသော၊ တရားနည်းလမ်းကျသော လမ်းကြောင်းဖြင့် လူထုအား အစီရင်ခံခြင်းမျိုးမဟုတ်၊ ICJ သည်ပင် လူမျိုး နာမည်တပ်ပေးသော ကော်မရှင် ယောင်ယောင် ပင် ဂျင်းများက ထည့်လိုက်ကြသေးသည်။
ဂျီနိုဆိုက်ဟူသည် လူသတ်မှုသက်သက်ထက် ပိုပါသည်။လူ့အဖွဲ့အစည်းတစ်ခုအား ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်သော အဆိုးရွားဆုံး ရာဇဝတ်မှု ဖြစ်သည်။
ဆက်ရန်
Comments
Post a Comment