ဘင်္ဂလားဒေရှ့် အစိုးရအဖွဲ့သစ် ဆက်သွယ်ရေးနှင့် အသံလွင့်ဝန်ကြီးက သတင်းလွတ်လပ်ခွင့်ကို အာမခံ
ဘင်္ဂလားဒေရှ့် အစိုးရအဖွဲ့သစ် ဆက်သွယ်ရေးနှင့် အသံလွင့်ဝန်ကြီးက သတင်းလွတ်လပ်ခွင့်ကို အာမခံ
မကြာသေးမီက ရွှေးကောက်တင်မြောက်ခံရတ့ဲ ဘင်္ဂလားဒေရှ့်ရဲ့ အစိုးရအဖွဲ့သစ်ရဲ့ ဆက်သွယ်ရေးနှင့် အသံလွင့်ဝန်ကြီး ဇဟာရ် အူဒင် ဆွာပန် ( Zahir Uddin Swapan) က သတင်းသမားတွေအတွက် အကြောက္တရားကင်းတ့ဲ ပတ်ဝန်းကျင်ကို ဖန်တီပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဘာရိရှောလ် (Barishal) ခရိုင်ရှိ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ခန်းမမှာ မိခင်ဘာသာစကားနေ့ နဲ့ အာဇာနည်နေ့ကို ပူးတွဲ ကျင္းပခ့ဲပါတယ္။ အဲဒီ အစိုးရသစ်ရဲ့ လုပ်ငန်းစဉ်တွေကိုပါအခမ်းအနားမှာ ဝန်ကြီးက အခုလိုပြောသွားတာပါ။
BNP ပါတီရဲ့ ရွေးကောက်ပွဲ ကြေ ငြာစာတမ်းမှာ ပါတ့ဲအချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။
အထူးသဖြင့် အမျိုးသမီးအခွင့်အရေးကို ဖော်ဆောင်တာ၊ အိမ်ထောင်စုတိုင်းအတွက် မိသားစုကဒ်တွေ ပေးတာ၊ အလုပ်လက္မ့ဲအတွက္ အလုပ်အကိုင်သစ်တွေ ဖော်ထုတ်တာ၊ လယ်သမားများအတွက် ချေးငွေနှင့် လယ်သမားကဒ် ထုတ်ပေးတာတွေကို ဦးစားပေးဆောင်ရွက္မယ်လို့ သူကဆိုပါတယ်။
ပြီးရင် ကီလိုမီတာ ၂၀၀၀၀ လောက္ရှည္တ့ဲ နိုင်ငံကို ဖြတ်သွားတ့ဲ တူးမြောင်းတစ်ခုကိုလည်း တူးဖော်မယ်အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီတူးမြောင်းက စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အကျိုးဖြစ်စေမှာပါ။
ဘင်္ဂလားဒေရှ့်အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ စွမ်းအင်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကို ပြည့်မှီဖို့အတွက္ ဘိုလာ (Bhola) ကနေ သဘာဝဓတ်ငွေ့တွေတူးမယ်လို့ ဝန်ကြီးက ဆိုပါတယ်။ နောက်ပြီး နိုင်ငံတောင်ပိုင်းရဲ့ မြို့တော္ြဖစ္ေနတေ့ဲ "ပေးရ (Payra) ဆိပ်ကမ်း"မှာ လေးလမ်းသွား လမ်းမ တစ်ခုကိုလည်း တည်ဆောက္မယ်လို့ ဆိုပါတယ်။
သူက အစိုးရအဖွဲ့သစ်အနေနဲ့ ကနဦးရက်ပေါင်း ၁၈၀ စာမှာ ဆောင်ရွက္မယ့် အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်တွေအတွက် ဘယ်အချိန်မှာ ပြီးစီးရမယ္ဆိုတ့ဲ အချိန်သတ်မှတ်ချက် မူဘောင်တွေကိုလည်း ရေးဆွဲထားပါတယ်။ အစိုးရသစ်ရဲ့ အစီအစဉ်တွေကို ချပြ ပြီး တ့ဲနောက္မှာ ဝန်ကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံခ့ဲပါတယ္။ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ ဝန်ကြီးက ဘင်္ဂလားဒေရှ့်မီဒီယာများဟာ ရှေးရိုးစွဲ လမ်းဟောင်းအတိုင်းပဲသွားနေတုန်းပဲလို့လည်း ဆိုပါတယ်။ နည်းပညာဆိုင်ရာတိုးတက္မှုရှိပေမယ့် မီဒီယာများရဲ့ ယဉ်ကျေးမှုဟာ အပြောင်းအလဲ သိပ်မရှိဘူးလို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်း
နယ်စည်းမခြား သတင်းထောက္များအဖွဲ့ (Reporters Without Borders - RSF) ရဲ့ ၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၆၅ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာလည်း ထိုနည်းလည်းကောင်းရှိနေတာပါ။ ဒါဟာ အာရှတိုက္မှာ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ စတဲ့ နိုင်ငံတွေပြီးရင် အခြေအနေ အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတာပါ။
အဓိက စိန်ခေါ်မှုများနှင့် ဖိနှိပ်မှုများ
ဘင်္ဂလားဒေ့ရှ် သတင်းလောကမှာ ဒစ်ဂျစ်တယ်လုံခြုံရေးဥပဒေ (Digital Security Act)ကို အသုံးပြုပြီး အစိုးရကို ဝေဖန်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ အများအပြား ရှိခဲ့ပါတယ်။ဆန္ဒပြပွဲတွေ ဒါမှမဟုတ် အဂတိလိုက်စားမှုတွေကို သတင်းယူတဲ့အခါ သတင်းထောက်တွေဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ တိုက်ခိုက္မှုကို ခံရလေ့ရှိပါတယ်။ ဒါကြောင့် ထောင်ဒဏ်ကျခံရမှာ ဒါမှမဟုတ် အလုပ်ပြုတ်မှာကို ကြောက်ရွံ့တာကြောင့် သတင်းထောက်အများစုဟာ ထိခိုက်လွယ်တဲ့ အကြောင်းအရာတွေကို မိမိကိုယ်ကို ဆင်ဆာဖြတ်ခြင်း (Self-censorship) ကိုသုံးရင်း ရှောင်ရှားလာကြပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ အစိုးရအပြောင်းအလဲ နောက်ပိုင်းမှာ သတင်းလွတ်လပ်ခွင့် ပြန်လည်ပွင့်လင်းလာမလားဆိုတာကိုတော့ နိုင်ငံတကာက စောင့်ကြည့်နေဆဲပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ "အကူးအပြောင်းကာလ" တစ်ခုဖြစ်နေတာကြောင့် သတင်းမီဒီယာလောကအတွက် မျှော်လင့်ချက်ရော၊ စိန်ခေါ်မှုသစ်တွေပါ ဒွန်တွဲနေပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက နုတ်ထွက်သွားပြီးနောက်ပိုင်း အပြောင်းအလဲတချို့ကို တော့တွေ့လာရပါတယ္။ ယူနွတ်စ်အစိုးရဘက်က အရင်အစိုးရလက်ထက္မှာ သတင်းထောက်တွေကို ဖမ်းဆီးဖို့ အဓိကအသုံးပြုခဲ့တဲ့ Digital Security Act (DSA) နဲ့ နောက်ပိုင်းမှာ အစားထိုးခဲ့တဲ့ Cyber Security Act (CSA) တို့ကို ပြန်လည်သုံးသပ်တာ ဒါမှမဟုတ် ပယ်ဖျက်ဖို့အတွက် ကြားဖြတ်အစိုးရက လုပ်ဆောင်နေပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်အတွက် ကောင်းမွန်တဲ့ အလားအလာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ ဖြစ်ရပ်တွေလည်း ပေါ်လာခ့ဲပါတယျ။ အစိုးရဟောင်း ပြုတ်ကျသွားပြီးနောက်မှာတော့ အရင်အစိုးရကို ထောက်ခံခဲ့တဲ့ သတင်းမီဒီယာဌာနတွေနဲ့ သတင်းထောက်တွေဟာ တိုက်ခိုက်ခံရတာ၊ ရုံးခန်းတွေ ဖျက်ဆီးခံရတာမျိုးတွေ ရှိလာတာပါ။ အစိုးရဟောင်းနဲ့ နီးစပ်သူလို့ ယူဆရတဲ့ သတင်းထောက်အချို့ကို လူသတ်မှုတွေနဲ့ တရားစွဲဆိုတာမျိုးတွေ ရှိနေတဲ့အတွက် "တရားဥပဒေအရ အကာအကွယ်ပေးမှု" အပေါ် စိုးရိမ်မှုတွေ ရှိနေဆဲပါ။
အရင်က အစိုးရကို ကြောက်လို့ သတင်းမရေးရဲတာမျိုး ဖြစ်ပေမဲ့၊ အခုအခါမှာတော့ လမ်းပေါ်က ဆန္ဒပြအုပ်စုတွေ ဒါမှမဟုတ် ဘာသာရေးအစွန်းရောက် အုပ်စုတွေရဲ့ ရန်ကို ကြောက်ရွံ့ပြီး သတင်းရေးသားရာမှာ သတိထားနေရတဲ့ အခြေအနေသစ်ကို ရင်ဆိုင်နေရပါတယ်။ လောလောဆယ်မှာတော့ ဘင်္ဂလားဒေရှ့် မီဒီယာများဟာ အစိုးရရဲ့ တရားဝင် ဖိနှိပ်မှုနဲ့ စောင့်ကြည့်မှုတွေ လျော့ကျသွားပါတယ်။ ဒါပေမယ့် နယ်မြေမတည်ငြိမ်မှုကြောင့် သတင်းထောက်တွေရဲ့ လုံခြုံရေးဟာ အရင်ကထက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာပါတယ်။
ပွီးခ့ဲတ့ဲ ကြားဖြတ်အစိုးရလက်ထက္မှာလည်း ဆန္ဒပြပွဲတွေအတွင်းမှာ သတင်းသမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေရဲ့ ကြားညပ်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုတွေ၊ သေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ ပြီးရင် မီဒီယာပိုင်ရှင်အများစုဟာ နိုင်ငံရေးပါတီတွေနဲ့ နီးစပ်မှုရှိနေခြင်းက သတင်းရဲ့ ဘက္မလိုက္မှုကို ထိခိုက်စေပြီး သတင်းလွတ်လပ်ခွင့်ကို အားနည်းစေပါတယ်။ ဒီအချက်တွေကြောင့် ၂၀၂၅ ခုနှစ်မှာလည်း ဘင်္ဂလားဒေရှ့်ရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ အမှတ်လျော့ခံရတယ်လို့ RSF က ထောက်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေက သတင်းလွတ်လပ်ခွင့်ကို တကယ်ပဲ ရေရှည်တည်တံ့အောင် လုပ်ပေးနိုင်မလားဆိုတာကတော့ BNP အစိုးရလက်ထက္မှာ ပိုပြီး ထင်ရှားလာမှာ ဖြစ်ကြောင်းပါ။
ကိုးကား
https://www.newagebd.net/post/country/291924/info-minister-vows-to-create-free-environment-for-journalism
Comments
Post a Comment