ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ- ၃
ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ- ၃
ARSA နှင့် ပတ်သက်၍ ဂမ်ဘီယာ ဘက်ဘ ရှူမြင်မှုက ရှင်းလင်းပြတ်သားပါသည်။ မြန်မာ စစ်တပ်ဘက်မှ ရိုဟင်ဂျာ ဆိုသူများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကိစ္စတွင် ARSA နှင့် AA တို့ကို အသုံးချခ့ဲသည္ဟု ဂမ်ဘီယာ ရှေ့နေ ဖီလစ်ပီ ဆန်(ဒ်)(စ်) ( Philippe Sands) က တင္ပြခ့ဲသည္။ ရှေ့နေ ဖီလစ်ပီ ဆန်(ဒ်)(စ်)၏ တင်ပြချက်ကို ကြည့်လျှင်
၁။ ARSA အပေါ် အသုံးချမှု (၂၀၁၇ အခြေအနေ)
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့စဉ် မြန်မာစစ်တပ်သည် ARSA ၏ တိုက်ခိုက္မှုများကို အကြောင်းပြချက် (Pretext) အဖြစ် အသုံးချကာ ရိုဟင်ဂျာ ဆိုသူများအပေါ် မျိုးတုံးသတ်ဖြတ်မှု မြောက်သော လုပ်ရပ်များ ကျူးလွန်ခဲ့သည်။
၂။ AA အပေါ်အသုံးချမှု (လက်ရှိအခြေအနေ)
၂၀၂၁ခု နှစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများတွင် မြန်မာစစ်တပ်သည် ၎င်းတို့ အကျိုးစီးပွားအတွက် AAအား တိုက်ခိုက်ရန် ရိုဟင်ဂျာများအား အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ လက်နက်ကိုင်အဖွဲ့အချို့ကို အသုံးချကာ ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးခြင်းတို့ကို ပြုလုပ္ခ့ဲသည္။
စသည့်အချက်နှစ်ချက်ကို အနှစ်ချုပ်တွေ့ရမည်ဖြစ်သည်။ ဤအချက်နှစ်ချက်ကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖော်နိုင္ပါသည်။
" မြန်မာစစ်တပ်မှ ကိုယ်တိုင် သတ်ဖြတ်မှုကို ကျူးလွန်ခြင်း"
- မြန်မာစစ်တပ်သည် ARSA ၏ တိုက်ခိုက်မှုများအား အကြောင်းပြချက် (Pretext) အဖြစ် အသုံးချခြင်း တွင် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုကို "ကိုယ်တိုင်ကျူးလွန်သူ"ဖြစ်သည်။ ထိုသို့ ကျူးလွန်ရန် ARSA အား အကြောင်းပြသည်။
" AA နှင့် ရခိုင်များအား သတ်ဖြတ်မှုကို ကျူးလွန်သူများ ဖြစ်လာရန် မြန်မာစစ်တပ်မှ အကွက်ဆင်ခြင်း"
- AA အားအသုံးချမှုတွင် ရိုဟင်ဂျာများအား AA ကိုတိုက်ခိုက်ရန် စစ်သားစုဆောင်းခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့အချို့ကို အသုံးချခြင်းဖြင့် ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးပဋိပက္ခဖြစ်ရန် ဖန်တီးနေသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် AA နှင့် ရခိုင်များဘက်က ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ၊ ရက်စက်သတ်ဖြတ်ကြမ်းကြုတ်မှုများ ပြုလုပ်လာမည်။
ဂမ်ဘီယာဘက္မှ ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောဘက်တွင် ဖြစ်ပွားခဲ့သော မီးရှို့မှုများတွင် မြန်မာ စစ်တပ်သည် ရိုဟင်ဂျာများကို အသုံးချပြီး ခိုင်းစေမှုများ လုပ်ခဲ့သည်ဟူသော အချက်ကို တရားရုံးတွင် သက်သေအဖြစ် တင်သွင္းသွားခ့ဲသည်။
စိတ်ဝင်စားစရာကောင်းသော အချက္မှာ ထိုအချက်များသည် ဂမ်ဘီယာ နိုင်ငံဘက္မှ အမြင်သီးသန့်သာ ဖြစ်ပါသလား ဟူသော မေးခွန်းဖြစ်သည်။
အဖြေမှာ ဂမ်ဘီယာ ဘက္မှ သီးသန့်ရှူဒေါင့်မဟုတ်ပေ။ မြန်မာနှင့် ဂမ်ဘီယာ အမှုတွင် ကြားဝင်လျှောက်ထားသည့် နိုင်ငံများလည်း ရှိနေသေးသည်။ ထိုနိုင်ငံများမှာ
၁။ ကနေဒါ (Canada)
၂။ ဒိန်းမတ် (Denmark)
၃။ ပြင်သစ် (France)
၄။ ဂျာမနီ (Germany)
၅။ နယ်သာလန် (Netherlands)
၆။ ယူကေ (United Kingdom)
၇။ မော်လ်ဒိုက် (Maldives) တို့ဖြစ်ကြသည်။ ထိုနိုင်ငံများ၏ အခန်းကဏ္ဍက မြန်မာ နှင့် ဂမ်ဘီယာ အမှုတွင် မည်သို့ရှိပါသနည်းဟု မေးလာပါက ထိုနိုင်ငံများသည် ကြားဝင်ခြင်း၌
- အမှုထဲတွင် တိုက်ရိုက် တရားလို သို့မဟုတ် တရားခံအဖြစ် ပါဝင်ခြင်းမဟုတ်ပေ။
- သို့သော် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တရားရုံးအား အထောက်အကူပြုမည် ဖြစ်ပြီး
- ဂမ်ဘီယာဘက်မှ တင်ပြချက္များကို ဥပဒေကြောင်းအရ ပံ့ပိုးပေးရန်အတွက် ပါဝင်လာခြင်းဖြစ်သည်။
သို့ဖြစ်၍ မြန်မာ စစ်တပ်ဘက္မှ ရိုဟင်ဂျာ ဆိုသူများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကိစ္စတွင် ARSA နှင့် AA အားအသုံးချခ့ဲသည်။ ARSA အား ဤသို့ ဤပုံ အသုံးချကာ ရိုဟင်ဂျာ ဆိုသူများအား ထိခိုက်နစ်နာစေ ခ့ဲသည္။ AA အား ဤသို့ ဤပုံ အသုံးချကာ ရိုဟင်ဂျာ ဆိုသူများအား ထိခိုက်နစ်နာစေ ခ့ဲသည္ ဟူသော အမြင်သည် ပင်လျှင္ ဂမ်ဘီယာ တနိုင်ငံတည်း၏ အမြင်မဟုတ်ပေ၊ ကမ္ဘာကြီးက ယင်းသို့ ရှူမြင်နေခြင်းဖြစ်သည်။
ဤအချက္များကိုကြည့်၍ ULA/AA ဘက္မှ ဝမ်းသာစရာဖြစ်ကောင်း ဖြစ်မည်။ သို့သော် ဤအချက္များကပင် ULA/AA အတွက်လည်း သတိပေးချက်လည်း ဖြစ်နေသည်။
လက်ရှိ ICJ အမှုတွင် ဂမ်ဘီယာဘက္မှ အဓိက သက်သေပြနေရသော ကိစ္စမှာ "မြန်မာ စစ်တပ်တွင် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်" ပါနေသည် ဆိုသည့်အချက်ကို သက်သေပြ ရန်ကြိုးစားနေခြင်းဖြစ်သည်။ ထိုသို့ သက်သေပြရန်အတွက် "မြန်မာစစ်တပ်၏ ပြုလုပ်ဆောင်ရွက္မှု၊ မဟာဗျူဟာ တို့ကို ကောက်ကြောင်းဖော်နေခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် ရိုဟင်ဂျာဆိုသူများအပေါ် ဤသို့ စနစ်၊ မူဝါဒ၊ အစိုးရ ယန္တယား အကောင်အထည်ဖော်မှု၊ ပြုလုပ်မှု တို့ကြောင့် ဤမျှသော ထိခိုက်နာကြင်မှုကို ရိုဟင်ဂျာ ဆိုသူများ ခံစားနေရသည်။ ဤသို့ စနစ်၊ မူဝါဒယန္တယားများ လည်ပတ်နေခြင်းသည် ရည်ရွယ်ချက်ပါနေ၍ ဖြစ်သည် ဟု ကောက်ချက်ဆွဲပြနေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် ဘူးသီးတောင်နှင့် မောင်တောဘက်တွင် ဖြစ်ပွားခဲ့သော မီးရှို့မှုများတွင် မြန်မာ စစ်တပ်သည် ရိုဟင်ဂျာများကို အသုံးချပြီး ခိုင်းစေမှုများ လုပ်ခဲ့သည်ဟူသော အချက်ကို တရားရုံးတွင် သက်သေအဖြစ် ဂမ်ဘီယာဘက္မှ တင္သွင္းခ့ဲမှု၏ အဓိပ္ပါယ္မှာ " ထိုက့ဲသို့ ၂၀၂၄ ခုနှစ် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အနေအထားကာလအကန့်အသတ် အတွင်း
ဘူးသီးတောင်၊ မောင်တော၌ ရိုဟင်ဂျာဆိုသူများက ရိုဟင်ဂျာ မဟုတ်သူများ၏ နေအိမ်များကို မီးရှို့မှုသည် မြန်မာစစ်တပ်၏ ခိုင်းစေမှုဖြစ်သည်။ ထို့သို့ ခိုင်းစေမှုကြောင့် ရိုဟင်ဂျာများအပေါ် ဆိုးဝါးသော ထိပ်လန့်ဖွယ်ရာ သက်ရောက္မှုများရှိစေ ခ့ဲသည်။ ခိုင်းစေသည် ဟူသော အဓိပ္ပါယ်တွင္ အကျိုးစီးပွားအတွက် ရည်ရွယ်ချက်က ပါနေသည် ဟူသော ကောက်ချက္မျိုးကို ချနိုင်သည်" ဟူသော သဘောဖြင့် ဂမ်ဘီယာဘက္မှ သက်သေအဖြစ် တင်သွင်းခြင်းဖြစ်သည်။
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ အာဆလမ် ဆူလီမန် ( Arsalan Suleman) က မြန်မာစစ်တပ်သည် ARSA နှင့် AA အား မည်သို့ နည်းဗျူဟာမြောက် အသုံးချနေသည်ကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ ၎င်း၏ တင်ပြချက်ထဲတွင်
၁။ "ရန်သူ့ရန်သူသည် မိတ်ဆွေ" နည်းဗျူဟာ
အာဆလမ် ဆူလီမန် (Arsalan Suleman) က မြန်မာစစ်တပ်သည် ယခင်က အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခဲ့သော ARSA အဖွဲ့နှင့် အခုအချိန်တွင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာ စစ်တပ်သည် AA ထိုးစစ်အား ပြန်ခုခံရန် ARSA ကို လက်နက်တပ်ဆင်ပေးကြောင်း၊ သို့မဟုတ် မြန်မာစစ်တပ်သည် ARSA နှင့် စစ်ရေးအရ လက်ဝါးချင်းရိုက် ဘယ်ညာရိုက်ကာ ညှိနှိုင်းဆောင်ရွက်မှုကို လုပ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပြီး ရိုဟင်ဂျာများကို ရှေ့တန်းတွင် အသုံးချကြောင်း တင္ပြခ့ဲသည္။
၂။ အတင်းအဓမ္မ စစ်သားစုဆောင်းမှု (Forced Conscription)
မြန်မာ စစ်တပ်သည် ရိုဟင်ဂျာလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သင်တန်းပေးကာ AA ကို တိုက်ခိုက်ခိုင်းနေကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် "လူသားဒိုင်း" (Human Shields) အဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရမည့်အစား သေတွင်းထဲသို့ တမင်တွန်းပို့နေကြောင်း တင္ပြခ့ဲသည္။
၃။ လူမျိုးရေးပဋိပက္ခကို လက်နက်သဖွယ် အသုံးချခြင်း
မြန်မာစစ်တပ်သည် ARSA က့ဲသို့ အဖွဲ့များကို အသုံးချပြီး ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ခိုင်းခြင်း၊ AA နှင့် တိုက်ခိုက်ခိုင်းခြင်းတို့သည် ရခိုင်နှင့် ရိုဟင်ဂျာကြား ရေရှည်ရန်ငြိုးပွားအောင် တမင်ဖန်တီးခြင်းဖြစ်ကြောင်း၊ ဤလူမျိုးရေးတင်းမာမှု မြင့်တက်လာအောင် လုပ်ဆောင်ခြင်းက မျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်ကို ပိုမိုအားပေးရာရောက်ကြောင်း တင်ပြခ့ဲသည်။
ထိုက့ဲသို့ ဆူလီမန် ၏တင်ပြချက္များကို ဂမ်ဘီယာရှေ့နေ ရှေ့နေ ဖီလစ်ပီ ဆန်(ဒ်)(စ်) ( Philippe Sands) ဥပဒေပိုင်းဘက္မှ ပြည်စုံအောင် ထပ်မံ၍ ခြတ်ဆက်တင္ပြခ့ဲသည္။ ဂမ်ဘီယာ ရှေ့နေ ဖီလစ်ပီ ဆန်ဒ်စ် (Phillipe Sands) က " မြန်မာစစ်တပ်က လက်နက်ကိုင်အုပ်စုများကို အသုံးချကာ ရိုဟင်ဂျာအား ထိခိုက်နစ်နာစေမှု" သည် "ICJ တရားရုံး၏ ကြားဖြတ်အမိန့်ကို မထီမဲ့မြင်ပြုခြင်း" ဖြစ်သည်ဟု ဆိုခ့ဲသည္။။ မြန်မာစစ်တပ်သည် AA တိုက်ခိုက်ရန် ရိုဟင်ဂျာ များအား အတင်းအဓမ္မ ရှေ့တန်းပို့နေခြင်းက ICJ ချမှတ်ထားသော "အရေးပေါ် အကာအကွယ်ပေးရန် ညွှန်ကြားချက်" အပေါ် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ဆိုထားသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း ဘူးသီးတောင်၊ မောင်တောတွင် ဖြစ်ပွားခဲ့သောအခြေအေနေများကို ထောက်ပြကာ "ဤ ဖြစ်စဉ်သည် စစ်ဘေးရှောင်ခြင်းမဟုတ်ဘဲ ရိုဟင်ဂျာများ၏ လူမှုအသိုင်းအဝိုင်းကို အပြီးတိုင် ဖျက်ဆီးရန် စနစ်တကျ၊ အကွက်ကျကျ ကြိုးပမ်းချက်ဖြစ်ကြောင်း" စသဖြင့် သူက တရားရုံးကို သတိပေးခဲ့သည်။ စစ်တပ်က ရိုဟင်ဂျာများကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး AA အား တိုက်ခိုက်ခိုင်းခြင်းက လူမျိုးစုနှစ်ခုကြား မုန်းတီးမှုများ ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နေသည့် "သွေးခွဲအုပ်ချုပ်မှု" နည်းဗျူဟာဖြစ်ကြောင်း စသဖြင့် သူကထောက်ပြခဲ့သည်။ ထိုပြင် လက်နက်ကိုင်အဖွဲ့အချို့ကို အသုံးချပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခိုင်းခြင်းများက Genocide Convention (မျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်) အပေါ် ချိုးဖောက် နေခြင်းဖြစ်သည်ဟုလည်း သူက ထောက္ပြခ့ဲသည္။
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) ကြားနာပွဲ၌ ဂမ်ဘီယာရှေ့နေများက ARSA နှင့် AA အပြင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားနေသော တခြားသော လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်၏ "အသုံးချမှု" နည်းဗျူဟာကို အသေးစိတ် ထပ်မံတင်ပြခဲသည်။
၁။ ARSA နှင့် RSO ကို လက်နက်တပ်ဆင်ပေးခြင်း
ဂမ်ဘီယာရှေ့နေများက မြန်မာစစ်တပ်သည် ARSA သာမက RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့) ကိုပါ AA အား တိုက်ခိုက်ရန်အတွက် လက်နက်နှင့် ရိက္ခာ ထောက်ပံ့ပေးနေသည်ဟု ဆိုခ့ဲသည္။ Proxy War (ကိုယ်စားပြုစစ်ပွဲ) ပုံသဏ္ဍာန်မျိုးကို မြန်မာစစ်တပ်သည် ကျင့်သုံးနေပြီး ကိုယ်တိုင် တိုက်ရိုက္မတိုက်တော့ဘဲ အဆိုပါ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များကို ရှေ့တန်းတင်ကာ "ရိုဟင်ဂျာများက AA ကို တိုက်နေခြင်း" ဟူသော ပုံရိပ်ကို ဖန်တီးနေသည်ဟု တင္ပြခ့ဲသည္။
၂။ EAO များနှင့် ဆက်ဆံရေး (သွေးခွဲမှု)
မြန်မာစစ်တပ်သည် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များနှင့် ရိုဟင်ဂျာများကြားတွင် ယုံကြည်မှု ပျက်ပြားအောင် တမင်လုပ်ဆောင်နေသည်ဟု ဂမ်ဘီယာ ရှေ့နေများက ဆိုသည်။ မြန်မာစစ်တပ်က ရိုဟင်ဂျာများကို AA အား တိုက်ခိုက်ရန် အတင်းအဓမ္မ စုဆောင်းခြင်းက ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးအရင်းခံစစ်ပွဲ၊ လူမျိုးရေးတင်းမာမှု (သို့မဟုတ်) တခြားသော EAO များနှင့် ရိုဟင်ဂျာကြားတွင် ရေရှည် အမြင်မကြည်လင်မှုကို ဖြစ်စေသည်ဟု ဆိုထားသည်။
၃။ အရပ်သားကာကွယ်ရေး (EAO နယ်မြေများ)
စိတ်ဝင်စားစရာကောင်းသော အချက်တစ်ခုမှာ ဂမ်ဘီယာရှေ့နေများက AA ထိန်းချုပ်နယ်မြေအတွင်းရှိ ရိုဟင်ဂျာများ၏ အခြေအနေကိုလည်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ဤအချက်သည် မြန်မာစစ်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့်လည်း သက်ဆိုင်နေသည်။ မြန်မာစစ်တပ်မှ AA ထိန်းချုပ်နေရာများအား လေကြောင်း ဗုံးကြဲတိုက်ခိုက်သောအခါ ရိုဟင်ဂျာအရပ်သားများပါထိခိုက်သေဆုံးနေရမှုကို ထောက်ပြ၍ မြန်မာ စစ်တပ်၏ " အရပ်သားနှင့် စစ်ဘက်ပစ်မှတ်ကို မခွဲခြားဘဲ မည်သူ့ကိုမှ မရှောင် တိုက်ခိုက်နေခြင်းကို တင္ပြခ့ဲသည္။
၄။ EAO များကိုယ်တိုင်၏ တာဝန်ရှိမှု (Implied Responsibility)
ဂမ်ဘီယာရှေ့နေ ဖီလစ်ပီ ဆန်ဒ်စ် (Philippe Sands) က မြန်မာစစ်တပ်အား အဓိက တရားစွဲဆိုထားသော်လည်း ရခိုင်ပြည်နယ်အတွင်း နယ်မြေစိုးမိုးမှု ရနေသော AA အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ရိုဟင်ဂျာများကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်းနှင့် မြန်မာ စစ်တပ်၏ သွေးခွဲမှုထဲ မကျရောက်ရန် သတိပြုရမယ့် အချက်များကိုလည်း သွယ်ဝိုက် ထည့်သွင္း ပြောဆိုသွားခ့ဲသည်။
ဂမ်ဘီယာရှေ့နေ အာဆလန် ဆူလီမန် ( Arsalan Suleman ) က မြန်မာစစ်တပ်သည် "အဖွဲ့အစည်းပေါင်းစုံအား ကစားခြင်း (Playing multiple groups against each other)" ဖြင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု အနေအထားရှိသော အန္တရာယ်ဇုန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ တွန်းပို့နေသည်ဟု ICJ တရားသူကြီးများကို တင္ပြသွားခ့ဲသည္။
ICJ တရားခွင်ထဲမှ ULA/AA အတွက် သွယ်ဝိုက် သတင်းစကား
ဂမ်ဘီယာ ရှေ့နေ ဖီလစ်ပီ ဆန်ဒ်စ် (Phillippe Sands) က EAO များကိုယ်တိုင်၏ တာဝန်ရှိမှု (Implied Responsibility) သဘောကို ဥပဒေကြောင်းအရ တင်ပြမှုဖြင့် ခြုံငုံပြခ့ဲသည်။ ၎င်း၏ တင်ပြချက်ကို ဆန်းစစ်ကြည့်ပါက ULA/AA အတွက် သတင်းစကားများလည်းပါနေသည်ကို တွေ့ရမည်ဖြစ်သည်။ ရှေ့နေ ဖီလစ်ပီ ဆန်ဒ်စ် (Phillippe Sands) က "နိုင်ငံတကာဥပဒေအရ နယ်မြေတစ်ခုကို လက်တွေ့စိုးမိုးထားသော အဖွဲ့အစည်း (De facto authority) တိုင်းတွင် ထို နယ်မြေထဲရှိ အရပ်သားများကို ကာကွယ်ရန် တာဝန်ရှိကြောင်း ICJ တရားသူကြီးများကို တင်ပြခ့ဲသည္။ ရှေ့နေ ဖီလစ်ပီ ဆန်ဒ်စ် (Phillipe Sands)၏ တင်ပြချက်အား ဆန်းစစ်ကြည့်ပါက " လက်ရှိ ပစ္စုပ္ပါန် အခြေအနေအချို့အတွက် ULA/AA သည် မြန်မာစစ်တပ်ကိုချည်း အပစ်ပုံချနေ၍ မရ၊ ကိုယ်တိုင်လည်းတာဝန်ရှိသည်" ဟူသော အဓိပ္ပါယ်ကို ရလာသည်။"
ရှေ့နေ ဖီလစ်ပီ ဆန်ဒ်စ် (Phillipe Sands) အနေဖြင့်
AA အား ICJ တရားခွင်တွင် တိုက်ရိုက် အပြစ်တင်နေခြင်းတော့မဟုတ္ပေ။ သို့သော် မြန်မာစစ်တပ်၏ နည်းဗျူဟာကို ပိုမိုထင်ရှားစေရန်အတွက် "ဥပဒေကြောင်းအရ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြခြင်း" ပုံစံမျိုးဖြင့် ပါးပါးနပ်နပ် တင္ပြသွားခ့ဲခြင်းလည္း ဖြစ်သည်။ ဖီလစ်ပီ ဆန်ဒ်စ် ၏ တင်ပြချက်ထဲတွင် ULA/AA အတွက် ဂရုပြုရမည့် အချက္များ ရှိနေသည်။
စစ်တပ်၏ "ထောင်ချောက်" ကို သတိပေးခြင်း
မြန်မာစစ်တပ်မှ ရိုဟင်ဂျာများကို အတင်းအဓမ္မ စစ်သားစုဆောင်း၍ AA ကို တိုက်ခိုင်းခြင်းက AA နှင့် ရိုဟင်ဂျာကြားတွင် မုန်းတီးမှုများ ဖြစ်လာအောင် တမင်ဖန်တီးခြင်း ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ULA/AA အနေ၏စစ်တပ်၏ သွေးခွဲမှုကို သတိထားပြီး ရိုဟင်ဂျာများအပေါ် အကြမ်းဖက္မှုများ မဖြစ်ရန်၊ လူမျိုးရေးပဋိပက္ခထဲ မကျရောက်အောင် ထိန်းသိမ်းရန် တာဝန်ရှိသည်" သွယ်ဝိုက်ကာ ပြောဆိုသွားခြင်းဖြစ်သည်။ ဂမ်ဘီယာ အပါအဝင် ကြားဝင်ရောက်ခွင့်ရှိသော နိုင်ငံများ၏ ဆိုလိုရင်းမှာ " နယ်မြေကို စိုးမိုးထားသူ မည်သူမဆို Genocide Convention အရ မျိုးတုံးသတ်ဖြတ်မှု ဖြစ်လာနိုင်သော အခြေအနေတွေကို တားဆီးရန် လူတိုင်းတွင် တာဝန်ရှိသည် " ဟူသော သတင်းစကားကို ရှေ့နေဖီလစ်ပီ ဆန်ဒ်စ် (Phillipe Sands) မှတဆင့် ပါးလိုက်ခြင်းလည်းဖြစ်သည်။
၎င်းက ဆက်လက်၍ " ရိုဟင်ဂျာ များသည် စစ်တပ်၏ အတင်းအဓမ္မ ခိုင်းစေမှုကြောင့် AA ၏ ရန်သူအဖြစ် အမြင်ခံရမည့် အန္တရာယ်အောက်တွင် ထိခိုက်နာကြင်လွယ်သော (Vulnerability) အဖြစ်ရှိနေသည်၊ ထိုအခြေအနေကိုလည်း ICJ အနေဖြင့် မျက်ကွယ်မပြုသင့်ကြောင်း" ကို အလေးအနက် ပြောကြားသွားခ့ဲသည္။
ICJ တရားခွင်အခင်းအကျင်းအား ဆန်းစစ်ကြည့်ပါက ULA/AA အတွက် သတင်းစကား မှာ " လက်ရှိတရားခွင်သည် ULA/AA ကို တရားစွဲထားခြင်းတော့မဟုတ်၊ သို့သော် ULA/AA သည် နယ်မြေအား အများစုထိန်းချုပ်ထားသူ ဖြစ်နေသည်။ ULA/AA ကိုယ်တိုင်ပင်လျှင္ မိမိထိန်းချုပ်နယ်မြေများတွင် မြန်မာစစ်တပ်က ဖန်းတီးသော လူမျိုးရေး ပဋိပက္ခထောင်ချောက်အတွင်းသို့ ရခိုင်၊ အခြားလူမျိုးစုငယ်များနှင့် ရိုဟင်ဂျာ များ မကျရောက်သွားစေရန်အတွက္တာဝန်ရှိနေသည်။ လူမျိုးတုံးသတ်ဖြတ်မှုများ ထပ်မဖြစ်လာရန် ဝိုင်းဝန်းတားဆီးရမည့် "လူသားချင်းစာနာမှု ဆိုင်ရာ စံနှုန်း အား ထိန်းသိမ်းရန် တာဝန်ရှိသည်" ဆိုသော အချက်အား နိုင်ငံတကာ တရားခွင်မှ တဆင် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ ဤသည်ပင်လျှင် ရခိုင်ပြည်ရှိ ရပ်ရွာလူထု၊ လူမျိုးစုများ၊ ရိုဟင်ဂျာများ အပေါ် ထားရှိသော ULA/AA ၏ သဘောထားကို ကမ္ဘာက စောင့်ကြည့်နေသည် ဆိုသည့်အချက်ကိုပါ ICJ တရားခွင့်မှ တဆင့် မီးမောင်းထိုးပြထားခြင်းလည်း ဖြစ်သည်။
ဆက်ရန်
Comments
Post a Comment