IIMM ၏ မှတ်တမ်းများက IIFFMM အစီရင်ခံစာထက် ဥပဒေကြောင်းအရ ပိုအားကောင်းနိုင်
IIMM ၏ မှတ်တမ်းများက IIFFMM အစီရင်ခံစာထက် ဥပဒေကြောင်းအရ ပိုအားကောင်းနိုင်
ဂမ်ဘီယာနဲ့ မြန်မာအမှုမှာ IIFFMM အစီရင်ခံစာနဲ့ပတ်သက်လို့ ICJ တရားခွင်မှာ "ပင်ရင်းနိုင်ငံရဲ့စိတ်ဆန္ဒ (state's consent) နဲ့ IIFFMM ရဲ့ စံနှုန်း တို့နဲ့ပတ်သက်ပြီး အ ငြင်းအခုန်တွေရှိခ့ဲပါတယ္။
ပင်ရင်းနိုင်ငံရဲ့ စိတ်ဆန္ဒဆိုတာက နိုင်ငံတကာ ပဋိညာဉ်အရ နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံတကာယန္တယားတစ်ရပ်ရပ်နဲ့ ပူးပေါင္းဆောင္ရွက္တ့ဲအခါ အဲဒီနိုင်ငံရဲ့ ပူးပေါင္းလိုတ့ဲ စိတ်ဆန္ဒ အရသာ ဖြစ်ရမယ်။ တကယ်လို့ အဲဒီနိုင်ငံက ပူးပေါင္းလိုတ့ဲ ဆန္ဒမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူး ဆိုတ့ဲအချက္ရှိပါတယ္။ မြန်မာက ဒီအချက်ကိုင်ပြီး ပြောတ့ဲအခါ ICJ ပါယ်ချလိုက်ပါတယ်။ ပါယ္ချတ့ဲအကြောင်းပြချက်ကို ၂၀၂၀ ခုနှစ် Provinsional Measure အပိုဒ် ၁၀၇ မှာ အခုလိုေဖာ်ပြထားပါတယ်။ အပိုဒ် ၁၀၇ ရဲ့ဆိုလိုရင်းက ဂျီနိုဆိုက်လိုကိစ္စဟာ မြန်မာတနိုင်ငံတည်းကပဲ ရိုက်ခတ်ခံရတ့ဲ ကိစ္စမဟုတ်ဘူး။ မြန်မာကိုယ်တိုင် ဂျီနိုဆိုက်လို ကိစ္စမျိုးမဖြစ်လာဖို့ ကိစ္စဟာ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွား ဖြစ်တယ်လို့ လက်ခံထားပြီးသားဖြစ်တယ်။ ဒါကြောင့် ဒါဟာ အားလုံးနဲ့ ဆိုင္တ့ဲ ကိစ္စဖြစ်လို့ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်း အဖွဲ့ဝင်နိုင်ငံတိုင်းမှာ တရားစွဲခွင့်ရှိတယ်လိုဆိုပြီး ပါယ်ချလိုက်တာပါ။
IIFFMM ရဲ့ ဥပဒေ ကြောင်းအရ စံနှုန်း ဆိုတာမှာ IIFFMM ရဲ့ အဖွဲ့ဝင်တစ္ဦးဖြစ်တ့ဲ ခရစ်စတိုဖာ ဆီတိုတီ ( Christopher Sidoti) ကိုယ်တိုင်က အစီရင်ခံစာဟာ "ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း" (Reasonable grounds to believe) ဆိုတဲ့ စံနှုန်းပေါ်မှာပဲ အခြေခံထားတာသာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးမှာ လိုအပ်တဲ့ "သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း" (Beyond reasonable doubt) ဆိုတဲ့ စံနှုန်းထက် အများကြီး နိမ့်ကျကြောင်းနဲ့ တရားရုံးမှာ တိုက်ရိုက် သက်သေအဖြစ် အသုံးပြုဖို့ထက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် "လမ်းပြမြေပုံ" အဖြစ်သာ ရည်ရွယ်ကြောင်းကို ပြောခ့ဲတာ ရှိပါတယ်။
ဒီနှစ်ချက်ကို သုံးပြီး မြန်မာဘက်က ခုခံခြပေခ့ဲတာရှိပါတယ္။ Sate's Consent အရ မြန်မာဟာ IIFFMM နဲ့ မပူးပေါင်းတာဖြစ်တယ်။ IIFFMM ကို အခြေခံပြီးပေါ်လာတ့ဲ IIMM နဲ့မပူးပေါင်းတာလည်း ထိုနည်းလည်းကောင်း ဖြစ်တယ်။ ဒီတော့ State's Consent အရ သဘောမတူတ့ဲယန္တယားတွေထံကရတ့ဲ အချက်အလက်တွေကို မြန်မာနဲ့ဆိုင္တ့ဲနေရာတွေ၊ တရားခွင်တွေမှာ အသုံးချစရာမလိုဘူး။ ဂမ်ဘီယာဟာ မြန်မာကို တရားစွဲတ့ဲ အခါ IIFFMM ရဲ့ အစီရင်ခံစာကို အခြေခံထားတာ ဖြစ်တယ်၊ ဒါကြောင့် ကန့်ကွက်တယ် ဆိုတ့ဲသဘောပါ။ ပြီးရင် အစီရင်ခံစာရေးသားရာမှာ ပါခ့ဲတ့ဲသူကိုယ္တိုင္က အစီရင်ခံစာဟာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးမှာ လိုအပ်တဲ့ "သံသယဖြစ်ဖွယ်မရှိအောင် သက်သေပြနိုင်ခြင်း" (Beyond reasonable doubt) ဆိုတဲ့ စံနှုန်းထက် အများကြီး နိမ့်ကျတယ်လို့ ဆိုထားတ့ဲအတွက္ အစီရင်ခံစာကို သက်သေအထောက်အထားအနေနဲ့ မသုံးသင့်ဘူး ဆိုတ့ဲ သဘောမျိုး ကန့်ကွက်ခ့ဲတာပါ။
မြန်မာဘက်က အခုလို ကန့်ကွက်ချက်တွေကို ICJ ဘက်က ပါယ်ချလိုက်ပါတယ်။ ပါယ္ချလိုက္တ့ဲ အကြောင်းပြချက်တွေကိုလည်း အခုလိုပေးပါတယ်။
ICJ တရားရုံးက IIFFMM အစီရင်ခံစာရဲ့ အဆင့်အတန်းကို အမှုတစ်ခုလုံးအပေါ် ဆုံးဖြတ်ဖို့ သက်သေအဖြစ် အသုံးပြုလို့ အပြည့္အစုံံမရနိုင်ပေမယ့် အမှုဖြစ်စဉ်အပေါ် နားလည်ရန် ကူညီပေးသော ဇစ်မြစ် "အထောက်အထား တစ်စိတ်တစ်ပိုင်း" အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဖြစ်တန်ရာ ယုတ္တိရှိခြင်း (Plausiblity) သို့မဟုတ် ဇစ်မြစ်အထောက်အထား တစ်စိတ်တစ်ပိုင်း
ICJ တရားရုံးက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ "Preliminary Objections" (ကနဦးကန့်ကွက်လွှာများအပေါ် ဆုံးဖြတ်ချက်) စီရင်ချက်ထဲက IIFFMM (Fact-Finding Mission) အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး အပိုဒ် ၅၄ မှာ အခုလို ဖော်ပြထားပါတယ်။
ICJ Order on Provisional Measures (23 January 2020)
Paragraph 54:
"In the Courts view, the evidence adduced by The Gambia and the representations made by the Parties, including those based on the reports of the Fact-Finding Mission, are sufficient to conclude that the rights claimed by The Gambia and for which it is seeking protection namely the right of the Rohingya group in Myanmar and of its members to be protected from acts of genocide and other related prohibited acts mentioned in Article III, and the right of The Gambia to seek compliance by Myanmar with its obligations not to commit, and to prevent and punish genocide in accordance with the Convention are plausible."
အဓိပ္ပါယ်က ဂမ်ဘီယာဟာ IIFFMM ရဲ့ အစီရင်ခံစာကို အခြေခံပြီးတရားစွဲတယ်။ IIFFMM အစီရင်ခံစာက ရိုဟင်ဂျာဆိုသူများဟာ ဂျီနိုဆိုက် အန္တရာယ်ကအကာအကွယ်ပေးဖို့လိုအပ်နေတာကို ဖော်ပြထားတယ်။ ဒါဟာ မြန်မာအနေနဲ့ ဂျီနိုဆိုက် ကွန့်ဗင့်ရှင်းစည်းမျဉ်းကို လိုက်နာဖို့ ပျက်ကွက်တယ္ဆိုတ့ဲ ဂမ်ဘီယာရဲ့ စွပ်စွဲချက်ဟာ ဖြစ်တန်ရှိတယ်လို တရားရုံးက ယူဆတယ် ဆိုတ့ဲ သဘောပါ။
ဘာကြောင့်ဆို IIFFMM ဟာ အကြောင်းတရားမ့ဲ ပေါ်လာတ့ဲ ယန္တရားမဟုတ်ဘူး။ ယုံကြည်နိုင္လောက္တ့ဲ ယန္တရားအဖြစ်လည်း တရားရုံးဘက်က ရှူမြင်တယ် ဆိုတာကို ၂၀၂၀ ခုနှစ် Provisional Measure အမိန့်စာ (အပိုဒ် ၅၅ မှ ၆၀ ဝန်းကျင်) မှာ ဖော်ပြထားပါတယ်။ IIFFMM ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က ဖွဲ့စည်းတာဝန်ပေးထားတာကို တရားရုံးက အသိအမှတ်ပြုပါတယ်။ IIFFMM က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွေဟာ ခိုင်လုံတဲ့ အခြေခံအချက်အလက်တွေ (Fact-based) ပေါ်မှာ မူတည်တယ်လို့ တရားရုံးက ယူဆပါတယ်။ ဒါကြောင့် "မျိုးဖြုတ်သတ်ဖြတ်လိုသော ရည်ရွယ်ချက်" (Genocidal Intent) ရှိနိုင်ခြေကို ဆုံးဖြတ်တဲ့နေရာမှာ ဒီအစီရင်ခံစာပါ အချက်အလက်တွေကို အထောက်အထားအဖြစ် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အမိန့် အပိုဒ် ၄၄ မှာပဲ ICJ က IIFFMM ရဲ့ အစီရင်ခံစာပါအချက်တွေကို အပြစ်ရှိ၊ မရှိ ဆုံးဖြတ်တ့ဲအနနေဲ့ သုံးတာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ အစီရင်ခံစာမှာ အပစ်ရှိတယ်လို့ ပြောထားတိုင်း တရားရုံးက လက်ခံတာမဟုတ်ဘဲ ထပ်စိစစ်ပြီးမှ လက်ခံမယ်ဆိုတ့ဲ သဘောပါ။
ဒီလိုနဲ့ မြန်မာဟာ ဂျီနိုဆိုက်ကွန့်ဗင့်ရှင်းကို ဖောက်ဖျက်တယ်လို့ သံသယ ဖြစ်စရာ (ဖြစ်နိုင်ချေ) တော့ရှိနေတယ်။ ဒီတော့ ဟုတ်၊ မဟုတ် စစ်ဆေးဖို့အဆင့်ကို ဖြစ်လာခ့ဲတယ္။ ဟုတ်၊ မဟုတ် စစ်ဆေးတ့ဲ အဆင့်မှာတော့ IIFFMM ရဲ့ အစီရင်ခံစာပါ အချက်တွေထဲအချို့အတွက် ခိုင်လုံအားကောင်းမှုမှာ ပြဿနာရှိလာပါတော့တယ်။
ဒါဆိုရင် IIFFMM ကိုဆက်ခံတ့ဲ IIMM ရဲ့ အထောက်အထားတွေကကော သက်သေအဖြစ်သုံးနိုင်လောက္တ့ဲ အထိ ခိုင်မာပါရဲ့လား လို့မေးစရာရှိလာပါတယ်။ အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ IIMM ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြု ဖွဲ့စည်းထားခြင်းရဲ့ ရည်ရွယ်ချက်ကပင် "တရားစွဲနိုင်လောက်သည့်အထိ ခိုင်မာသော သက်သေများကို စုဆောင်း" ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် IIMM ရဲ့ မှတ်တမ်း အချက်အလက်တွေဟာ ဖြစ်တန္ရာဆိုတ့ဲ အချက်ကိုကျော်ပြီး သေချာတယ် ဆိုတ့ဲ ဘက်ကို သွားနေတာဖြစ်ပါတယ်။
တကယ်လို့ IIMM ရဲ့ သက်သေတွေကို အခြေခံပြီးတော့ တရားစွဲလာတ့ဲအခါမှာ မြန်မာဘက်က နိုင်ငံရဲ့ စိတ်ဆန္ဒအရ ဖွဲ့စည်းတာမဟုတ်လို့ IIMM ကအချက်တွေကို လက္မခံနိုင်ပါလို့ ငြင်းလာရင် ဘယ်လိုလုပ်ပါ့မလဲ။
အဲဒီလိုဖြစ်လာရင် တရားရုံးတွေရဲ့ လုပ်ပိုင်ခွင့်ထဲက ဖြေရှင္းလို့ရပါတယ်။
ICJ ကို ဥပမာထားပြီး ပြောရရင်
ICJ ရဲ့ ပဋိညာဉ် အပိုဒ် ၃၄ ရဲ့ အပိုဒ်ခွဲ (၂)မှာ
"တရားရုံးသည် မိမိရှေ့မှောက်ရောက်နေသော အမှုများနှင့် ပတ်သက်၍ "အများပြည်သူဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ" (Public International Organizations) ထံမှ အချက်အလက္များကို တောင်းခံနိုင်သည်၊ သို့မဟုတ် ထိုအဖွဲ့အစည်းများက မိမိတို့အစီအစဉ်ဖြင့် တင်ပြလာသည်များကို လက်ခံနိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။"
ဒါ့အပြင့် ICJ ပဋိညာဉ် အပိုဒ် ၅၀ မှာလည်း
"တရားရုံးသည် မည်သည့်အချိန်တွင်မဆို မည်သည့် "လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဗျူရို သို့မဟုတ် ကော်မရှင်" ကိုမဆို မိမိစိတ်ကြိုက် ရွေးချယ်ပြီး "စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် သို့မဟုတ် ကျွမ်းကျင်သူအဖြစ် သဘောထားမှတ်ချက်ပေးရန်" တာဝန်ပေးအပ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဒီသဘောဟာ အခြားတရားရုံး တွေမှာလည်း ရှိတ့ဲ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံး ပဋိညာဉ် မှာလည်း အလားတူ ပြဌာန်းချက်တွေ ရှိပါတယ်။
ဥပမာ-
ရောမပဋိညာဉ် အပိုဒ် ၁၅ (Article 15 ) အရ
တရားစွဲဆိုရေးအရာရှိ (Prosecutor) ဟာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ္တ့ဲအခါ ကုလသမဂ္ဂ (UN)၊ အစိုးရချင်း ချိတ်ဆက်ထားသော အဖွဲ့အစည်းများ (Intergovernmental Organizations)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နဲ့ အခြားသော ယုံကြည်စိတ္ချရတ့ဲ ရင်းမြစ်များထံက အချက်အလက္များကို တောင်းခံနိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။
ရောမပဋိညာဉ် အပိုဒ် ၄၄ (၃) (Article 44 (3)) အရလည
တရားရုံးရဲ့ တာဝန်ဝတ္တရားကိစ္စတွေကို ထမ်းဆောင်ဖို့အတွက် လိုအပ်ရင် အခကြေးငွေမယူဘဲ ကူညီပေးမယ့် "ကျွမ်းကျင်သူတွေ (Gratuitous personnel)" ကို နိုင်ငံတကာအဖွဲ့အစည်းများ သို့မဟုတ် အစိုးရများထံမှ တောင်းခံပြီး ခန့်ထားနိုင်ပါတယ်။
ICC ရဲ့ "တရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် သက်သေခံဥပဒေ" (Rules of Procedure and Evidence) ရဲ့ စည်းမျဉ်း ၁၀၃ (Rule 103) မှာ
တရားရုံး (Chamber) ဟာ အမှုတစ်ခုကို စနစ်တကျ ဆုံးဖြတ်နိုင်ရန် ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်း သို့မဟုတ် ဘယ် လူပုဂ္ဂိုလ်ကိုမဆို "တရားရုံးအား အကြံပေးသူ" (Amicus Curiae) အဖြစ် ဖိတ်ခေါ်ပြီး စာဖြင့်ဖြစ်ဖြစ်၊ နှုတ်ဖြင့်ဖြစ်ဖြစ် သဘောထားမှတ်ချက္များ တောင်းခံနိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် ICC ပဋိညာဉ် အပိုဒ် ၆၉ (၄) အရ ICC တွင် မှုခင်းဆေးပညာ၊ စိတ်ပညာ သို့မဟုတ် ဒေသန္တရဗဟုသုတ ကျွမ်းကျင်သူများကို ခေါ်ယူစစ်ဆေးနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဖွဲ့ဝင်ဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံထဲကို "နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု" (ဥပမာ- အဓမ္မနှင်ထုတ်သလို ဖြစ်နေတဲ့ အချက်တွေကို ခေါင်းစဉ်တပ်ပြီး စစ်ဆေးနေတာပါ။
လက်ရှိမှာတော့ IIMM ဟာ မြန်မာစစ်တပ်သာမက အခြားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းအဖြစ် သိမ်းဆည်းထားပြီး တရားစွဲလို့ရတ့ဲအနအေထားအထိ သက်သေခိုင်မာအောင် စုဆောင်းနေပါတယ်။ ပြီးရင် အဲဒီအချက်အလက်တွေကို ICJ၊ ICC နဲ့ အာဂျင်တီးနား တရားရုံးလိုဟာမျိုးတွေကို ပေးပို့နေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုနဲ့ ဆက်စပ်နေ တ့ဲ အမှုတွေကို ကိုင်တွယ်လာမယ့် ဘယ်တရားရုံးကို မဆို IIMM ဟာ အချက်အလက်တွေ ပေးပို့နေမှာပဲဖြစ်ပါတယ်။
Comments
Post a Comment