ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၄
ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၄
ဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ်
ARSA အပေါ် ဂမ်ဘီယာ၏ ရှူမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အပေါ် ဂမ်ဘီယာ၏ ရှူမြင်မှုသည်ကော မည်သို့ရှိပါသနည်းဟု မေးစရာရှိလာသည်။ ၂၀၂၆ ခုနှစ် ဇွန်နဝါရီ ကြားနာပွဲတွင် ဂမ်ဘီယာဘက္မှ ULA/AA အပေါ် ရှူမြင်မှု သဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသော ကောက်ချက္များကို တွေ့လာရသည်။
၁။ "သွေးခွဲခံရမှု၏သားကောင်" လော၊ "စောင့်ရှောက်သူ" လော
ရိုဟင်ဂျာ ဂျီနိုဆိုက် ကိစ္စရပ်အမှုအခင်းတွင် ဂမ်ဘီယာဘက္မှ အမြင်မှာ ULA/AA သည် "ဂျီနိုဆိုက်အား ကျူးလွန်သူ"၊ "ရန်သူ" ဟု သတ်မှတ်ထားခြင်း "မရှိပေ"။ သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့် ရိုဟင်ဂျာကြား ဗျူဟာမြောက် "အမုန်းတရားဖန်တီးမှု စက်ကွင်းအတွင်း" အသုံးချခံနေရသော အဖွဲ့အစည်းတစ်ခု အဖြစ် ရှူမြင်ထားသည်။ မြန်မာစစ်တပ်က "ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းကာ ULA/AA ကို ရင်ဆိုင်ထားလိုက်ကာ နိုင်ငံရေးထောင်ချောက် ဆင်ထားခြင်းဖြင့် "ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ" ကို ပိုမိုပြင်းထန်လာပြီး ULA/AA ဘက်က ရိုဟင်ဂျာများအား "ရန်သူ" ဟု မြင်လာအောင် အကွက်ချထားသည်။ ထိုအကွက်ထဲတွင် ULA/AA သည်လည်း မကျော်လွှားနိုင်ဘဲ ရှိနေသည်ဟု ဂမ်ဘီယာ ဘက္မှ ရှူမြင်သည်။
၂။ "ထိရောက်သော ထိန်းချုပ်သူ" (De Facto Authority)
ဂမ်ဘီယာဘက္မှ AA သည် ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို လက်တွေ့တွင် စိုးမိုးထားတဲ့ အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။ ထိုသို့ လက်ခံထားခြင်းကြောင့် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ရိုဟင်ဂျာများ အပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန် တာဝန် (Responsibility to Protect) ရှိသော သူအဖြစ် ရှူမြင်လာသည်။ နိုင်ငံတကာဥပဒေအရ နယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ်ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူသော အချက်ကို AA ဘက္မှ လိုက်နာလာနိုင်ကောင်း လိုက်နာလာနိုင်မည်ကို ဂမ်ဘီယာ ဘက္မှ မျှော်လင့်ချက်လည်း ထားလိုပုံရသည်။
၃။ မျက်စိအောက်တွင် ထားခြင်း
ဂမ်ဘီယာဘက္မှ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AA ၏ လုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှ တဆင့် သတင်းစကားပါးလိုပုံရသည်။ ဂမ်ဘီယာ အနေဖြင့် ULA/AA အပေါ် တဖက္မှ မျှော်လင့်ချက်ထားသလို လက်ရှိအနေအထားတွင် " စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်" လည်း သဘောထားပုံရသည်။ AA အား မျိုးတုံးသတ်ဖြတ်မှု မြောက်သော လုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးက ဂမ်ဘီယာ ဘက်တွင်ရှိပုံရသည်။ AA ကြောင့် ရိုဟင်ဂျာများ ဆိုးဝါးစွာ ထိခိုက်နစ်နာရသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာပါက ထိုအချက်အလက္များကို တရားရုံးမှာ သက်သေအဖြစ် တင်ပြသွားမည်ဆိုသော သဘောထားရှိပုံရသည်။ သို့ဖြစ်၍ ULA/AA အပေါ် မျှော်လင့်ချက် ထားသည်။ ပြီးလျှင် မိမိတို့ဘက္မှ ULA/AA အား အမြဲတန်းအသေးစိတ် စောင့်ကြည့်နေ ကြောင်းကို အချက်ပြလိုပုံရသည်။
" မြန်မာစစ်တပ်က ရိုဟင်ဂျာလက်နက်ကိုင်များ၊ ရိုဟင်ဂျာ စစ်မှုထမ်းများ စသည့်ဗျူဟာများဖြင့် မည်သို့ပင် ရန်တိုက်သည်ဖြစ်စေ၊ အသုံးချသည် ဖြစ်စေ၊ ထိုအချက်များကို အကြောင်းပြ၍ ULA/AA အနေဖြင့် ရိုဟင်ဂျာ အရပ်သားများကို သတ်ဖြတ်သော "စစ်တပ်မဟာဗျူဟာ၏ အသုံးချခံ ကိရိယာ" အဖြစ် ဂမ်ဘီယာ ဘက်က လက်ခံမည် မဟုတ်ပေ။
ထိုအချက္များနှင့် ပတ်သက်၍ ဂမ်ဘီယာဘက္မှ တင်သွင်းသော သက်သေမှာ ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်၊ မောင်တော ဖြစ်စဉ်များ ဖြစ်သည်။ ထိုဖြစ်စဉ်များကို ကြည့်ပါက
- မြန်မာစစ်တပ်သည် ရိုဟင်ဂျာ များကို စစ်မှုထမ်းအဖြစ်အသုံးချလာသည်။ လက်နက်တပ်ဆင်ပေးလာသည်။ ၂၀၂၄ ခုနှစ် မေလ အလယ်ပိုင်းတွင် ဘူးသီးတောင်မြို့အား သိမ်းပိုက်ရန် AA တိုက်ခိုက်သည်နှင့် မြို့ပေါ်ရှိ နေအိမ်တွေ မီးရှို့ခံရမှုများ၊ အရပ်သား သေဆုံးမှုများ ရှိလာခ့ဲသည္။ မီးရှို့မှုတွင် ပထမအစပိုင်း၌ မြန်မာစစ်တပ်မှ ရိုဟင်ဂျာ များကို ( ရိုဟင်ဂျာ မူဆလင်မဟုတ်သူများ၏ အိမ်များအား) မီးရှို့ရန် စေခိုင်းခ့ဲခြင်းဖြစ်သည္။ AA ထိုးစစ်ပြင်းထန်လာပြီး ဘူးသီးတောင်မြို့အား ဝင်စီးလာနိုင်၍ မြန်မာစစ်တပ် နောက်ဆုတ်ရသည်နှင့် ရိုဟင်ဂျာ နေအိမ်များ မီးရှို့ ခံလာရတော့သည်။ ထိုသို့ စပ်ကူးမတ်ကူး တိုက်ပွဲ အဆုံးအဖြတ်ကာလတွင် တန်ပြန်မီးရှို့မှုများ၊ ရိုဟင်ဂျာ အရပ်သားများ သေဆုံးမှုများနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၊ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူများက AA ဘက္မှ ရိုဟင်ဂျာများကို လက်စားချေ ပစ်မှတ်ထား တိုက်ခိုက်သည်ဟု စွပ်စွဲချက်များ ရှိခ့ဲသည္။
- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ဝန်းကျင်တွင် မောင်တောမြို့မှ ဘေးလွတ်ရာ ထွက်ပြေးရန် ကြိုးစားနေသော ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို ဒရုန်းများဖြင့် နတ်မြစ်ကမ်းနား တိုက်ခိုက္မှုက အကြီးမားဆုံး အငြင်းပွားဖွယ်ရာ ဖြစ်လာခ့ဲသည္။ ထို တိုက္ ခိုက္မှုတွင် လူပေါင်း ရာချီ သေဆုံးခဲ့ကြောင်းသတင်းတွေ ထွက်ပေါ်ခဲ့သည်။
ထိုကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ကုလသမဂ္ဂ တာဝန်ရှိသူတချို့က AA ၏လုပ်ရပ်များသည် လူမျိုးစုလိုက် သုတ်သင်မှု (Ethnic Cleansing) နီးပါး ဖြစ်နေသည်ဟု သတိပေး မှတ်ချက်ပြုခဲ့ကြသည်။ AA ဘက္မှ ထိုစွပ်စွဲချက္များကို ငြင်းဆန်ခ့ဲသည်။ AA က ၎င်းတို့အနေဖြင့် အရပ်သားများကို ပစ်မှတ်မထားကြောင်း၊ သေဆုံးမှုများမှာ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်သာ ဖြစ်ကြောင်း၊ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ (ARSA, RSO) တို့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာကြောင့် အရပ်သားများမှာ ကြားညှပ်ရကြောင်းဆိုသည်။
စစ်ကောင်စီက ရိုဟင်ဂျာများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး AA ကို ပြန်တိုက်ခိုက်ခိုင်းမှုက လူမျိုးစုနှစ်စုကြား တင်းမာမှု ပိုမိုမြင့်တက်စေခဲ့သည်ဟုလေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
ဂမ်ဘီယာ ဘက္မှ သက်သေအဖြစ် တင်သွင်းသော အချက္များမှာ ၂၀၂၄ ခုနှစ်၊ မေလမှ ဩဂုတ်လအတွင်း ဘူးသီးတောင်၊ မောင်တော ဒေသမြားကို AA ထိုးစစ်ဆင် သိမ်းပိုက်ချိန်၌ ဖြစ်ပေါ်ခဲ့သော အရပ်သား သေဆုံးမှုအပေါ် အခြေခံထားခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများမှ အစီရင်ခံစာများထုတ်ပြန်ခ့ဲသည်။
ထိုအစီရင်ခံစာများတွင် ပါရှိသော ယေဘူယျအချက္များမှာ
- ရိုဟင်ဂျာ များကို မြန်မာစစ်တပ်သည် AA အားတိုက်ခိုက်ရန်နှင့် လူမျိုးရေးပဋိပက္ခများဖြစ်လာရန် အသုံးချခ့ဲသည္။
- AA ၏ တိုက်ခိုက်စစ်ဆင်ရေးတွင် ARSA နှင့် မြန်မာစစ်တပ်ကို ဦးတည်သော်လည်း အရပ်သား ရိုဟင်ဂျာများ အပေါ်ထိခိုက္မှု ပမာဏ တစ်စုံတစ်ရာ ရှိခ့ဲသည္။
- AA ဘက္မှ တာဝန်ခံမှုနှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်လိုအပ်သည် စသော အချက္များက ယေဘူယျအားဖြင့် တူညီကြသည်။
နတ်မြစ်ကမ်းဘေး ကိစ္စနှင့် ULA/AA ရင်ဆိုင်ရမည့် "Constant Care" (အမြဲမပြတ် ဂရုစိုက္မှု) စံနှုန်း
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ နတ်မြစ်ကမ်းဘေးတွင် ဖြစ်ပွားခ့ဲသော အခြေအနေများနှင့် ပတ်သက်၍ Fortify Rights ၏ International Criminal Court: Investigate Arakan Army Massacre of Rohingya Civilians, Hold Perpetrators Accountable အစီရင်ခံစာတွင် စာပိုဒ်ငယ်တစ်ခုပါရှိပါသည်။ ထိုစာပိုဒ်၏ အဓိပ္ပါယ္မှာ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက် နတ်မြစ်ကမ်းဘေး ဖြစ်စဉ်တွင်
" အချို့သော မျက္မြင်သက်သေ ရိုဟင်ဂျာများအဆိုအရ RSO အဖွဲ့ဝင်များသည် ရိုဟင်ဂျာ အရပ်သားများထဲတွင် ရောနှောကာ နတ်မြစ်ဘေးကို ထွက်ပြေးလာခ့ဲသည္။ Fortify Roghts ၏ လူသားချင်းစာနာမှုဆိုင်ရာ အကြီးတန်းအရာရှိ၏ အင်တာဗျူး များအရ " RSO တာဝန်ရှိသူများသည် ဩဂုတ်လ (၅) ရက် ညနေခင်းတွင် နတ်မြစ်အား လှေဖြင့် ဖြတ်ကျော်ပြေးကာ ဘင်္ဂလားဒေရှ့်ထဲ ဝင်ရောက်သွားကြ" သည်ကို သိရှိရသည်။ "မည်သို့ပင် ဖြစ်နေစေကာမူ" နတ်မြစ်ကမ်းဘေးရှိ ထိုအ ခြေအနေ၊ ထိုအနေအထားမျိုးတွင် " ရှိနေကြသူအများစုမှာ- အကြမ်းဖက္မှုများကို ကြောက်လန့်စွာ ရင္ဆိုင္ခ့ဲရသော ဘေးလွတ်ရာကို ထွက်ပြေးရန် ကြိုးစားနေသော အရပ်သားရိုဟင်ဂျာများသာ အများစု ဖြစ်နေသည်။" သိသာထင်ရှားသော အထောက်အထားတစ်ခုမှာ AA သည် နတ်မြစ်ကမ်းဘေးသို့ ပထမအကြိမ် ကင်းထောက်ဒရုန်းကို လွှတ်ခ့ဲသည္။ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ပါဝင်နေသော အရပ်သား လူအုပ် (Civillian Crowd) ဖြစ်မှန်း သိမှုရှိခ့ဲသော်လည်း တိုက်ခိုက္မှုကို ရည်ရွယ်ချက်ရှိစွာ ပြုလုပ္ခ့ဲသည္ ဟုဖော်ပြထားပါသည်။
နိုင်ငံတကာ စံနှုန်းအရ "မည်သို့ပင် အခြေအနေ အချိန်အခါမျိုးပင် ဖြစ်စေ စစ်ဆင်ရေး၊ တိုက်ခိုက်ရေးတစ်ရပ် ဖော်ဆောင်မည်ဆိုပါက အရပ်သားများကို မထိခိုက်စေရန် အစီအမံများက ပါကို ပါရှိရမည်ဖြစ်သည်"။ ၁၉၄၉ ခုနှစ် ဂျနီဗာ ကွန်ဗင်းရှင်း နောက်ဆက်တွဲ အခြေပြစာချုပ် နံပါတ် (၁) (Additional Protocol- 1) ၏ အပိုဒ် ၅၇ (Article 57 of Protocol I) တွင် ပါရှိသည့်မှာ
၁။ Article 57(2)(a)(i) - ( ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ အခြေခံမူ (Principle of Distinction))
ဤအပိုဒ်အရ "တိုက်ခိုက္မည့်သူသည် မိမိတိုက်ခိုက္မည့် ပစ်မှတ်သည် အရပ်သားမဟုတ်ကြောင်း၊ အရပ်သားပိုင် ပစ္စည်း မဟုတ်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ် အစစ်အမှန်ဖြစ်ကြောင်း သေချာရန် အစွမ်းကုန် (Do everything feasible) စစ်ဆေးရမည်" ဟု ဖော်ပြထားသည်။ မစစ်ဆေးပါက ပြစ်မှုမြောက်သည်။ တိုက်ခိုက်သူများအနေဖြင့် "တိုက်ခိုက်ရေးသမား" နှင့် "အရပ်သား" ကို ပြတ်ပြတ်သားသား ခွဲခြားရမည်ဖြစ်ပြီး တိုက်ခိုက္မှုများကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုသာ ဦးတည်ရမည်ဖြစ်သည်။ အရပ်သားများ သို့မဟုတ် အရပ်သားပိုင် ပစ္စည်းများကို တိုက်ခိုက္မှုမှာ စစ်ရာဇဝတ်မှု ဖြစ်သည်။
၂။ Article 57(2)(a)(iii)- ( အချိုးအစား ညီညွတ်ခြင်းဆိုင်ရာ အခြေခံမူ (Principle of Proportionality))
ဤအပိုဒ်၏ အဓိပ္ပါယ္မှာ " ရန်သူတစ်ယောက်ကို သတ်ရန်အတွက် အရပ်သား ရာချီရှိနေသော နေရာအပေါ် ဗုံးကြဲခြင်းမျိုးကို တားမြစ်ထားခြင်း"ဖြစ်သည်။ "တိုက်ခိုက္မှုကြောင့် ဖြစ်လာသော အရပ်သား ထိခိုက္မှုမှာ တိုက်ရိုက် စစ်ရေးအမြတ်ထက် များနေပါက တိုက်ခိုက္မှုကို မလုပ်ဘဲ ရှောင်ကြဉ်ရမည်" ဟု အဆိုပါ အပိုဒ်တွင် အတိအလင်း ပါရှိထားသည်။
၃။ Article 57 တစ်ခုလုံး- (ကြိုတင်ကာကွယ်မှုဆိုင်ရာ အခြေခံမူ (Principle of Precaution))
ဂျီနီဗာကွန်ဗင့်ရှင်း နောက်ဆက်တွဲ ပရိုတိုကော် နံပါတ် (၁) ၏ အပိုဒ် ၅၇ တစ်ခုလုံးသည် မဖြစ်မနေ လိုက်နာရမည့် လုံးဝချိုးဖောက်ခွင့်မရှိသော "Constant Care" ဖြစ်သည်။ ထို " Constant Care" မူတွင်
- တိုက်ခိုက်ရေးနည်းလမ်း ဗျူဟာ ရွေးချယ်မှု: အရပ်သား ထိခိုက္မှု အနည်းဆုံးဖြစ်မည့် လက်နက်၊ နည်းဗျူဟာကို ရွေးချယ်ရမည်ဖြစ်သည်။
- သတိပေးချက်: အရပ်သားများ ထိခိုက်နိုင်ချေရှိနေပါက (ဖြစ်နိုင်လျှင်) ကြိုတင် ထိရောက်သော သတိပေးချက် (Effective Advance Warning) ပေးရမည်ဖြစ်သည်။
- ရပ်ဆိုင်းခြင်း: တိုက်ခိုက်နေတုန်းတွင် ပစ်မှတ်သည် အရပ်သားဖြစ်နေကြောင်း သိလိုက်ရလျှင် ၊ ထိခိုက္မှု အချိုးအစား မမျှတဟု မြင်လျှင် တိုက်ခိုက္မှုအား ချက်ချင်း ရပ်ရမည် သို့မဟုတ် ဆိုင်းငံ့ရမည် ဖြစ်သည်။
ဂျီနီဗာကွန်ဗင့်ရှင်း နောက်ဆက်တွဲ ပရိုတိုကော် နံပါတ် (၁) ၏ အပိုဒ် ၅၇ (Article 57 of Protocol -1) သည် IHL စာအုပ်ထဲက စာသားအဖြစ် မဟုတ်ပေ။ "စစ်မြေပြင်တွင် တပ်မှူးများ အမှန်တကယ် လုပ်ဆောင်ရမည့် " Check-list" ဖြစ်သည်။ သို့ဖြစ်၍ "Constant Care" စံနှုန်းဖြစ်ပြီး " လိုက်နာရန် ကြိုးပမ်းအားထုတ်မှု (Due Diligence) ရှိရမည်"ဆိုသော အဓိပ္ပာယ် ပြဌာန်းချက်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက် နတ်မြစ်ကမ်း ဖြစ်စဉ်ကို အဆိုပါ ( Article 57 of Protocol -1) ဖြင့် တိုင်းတာမည်ဖြစ်သည်။ (AA သို့မဟုတ် စစ်ကောင်စီ သို့မဟုတ် ရိုဟင်ဂျာ လက်နက်ကိုင်) တို့သည် အရပ်သားများကို မထိခိုက်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး (Everything Feasible) သုံးပြီး ကာကွယ်ခဲ့သလား" ဆိုသောအချက္ဖြင့် တိုင်းတာလာမည် ဖြစ်သည်။ ဤသို့ဆိုလျှင် ရိုဟင်ဂျာ လက်နက်ကိုင်များလည်း အပစ္မ့ဲ ရိုဟင်ဂျာ အရပ်သားလူအုပ်ကို အကာအကွယ်ယူ၍ နေသည်မှာကော အပစ်မဟုတ်လား။ အဘယ်ကြောင့် နတ်မြစ်ကမ်း ဖြစ်စဉ်တွင် AA ကိုသာ ပို၍ ဦးတည်နေရသနည်းဟု မေးစရာရှိလာသည်။ အဖြေမှာ ရိုဟင်ဂျာ လက်နက်ကိုင်များ အရပ်သားများကို အကာအကွယ်ယူ ထွက်ပြေးခြင်းသည်လည်း ဤ ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်သည်။ AA ကို ဦးတည်သလို ဖြစ်နေခြင်းမှာ လောလောဆယ် နယ်မြေကို ထိန်းချုပ်ထားနိုင်သူမှာ AA ဖြစ်နေသောကြောင့် ဖြစ်သည်။
ဥပဒေကြောင်းအရ "ဖြစ်နိုင်သမျှ နည်းလမ်း" (Feasible Precautions) ဆိုသော စကားရပ်၏ အဓိပ္ပာယ်
"ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး" (Feasible Precautions) စကားရပ်သည် နိုင်ငံတကာဥပဒေတွင် အလွန်အရေးကြီးသလောက် အငြင်းပွားစရာလည်း ဖြစ်သည်။ "Feasible" (ဖြစ်နိုင်ခြေရှိမှု) ဆိုခြင်းမှာ စစ်မြေပြင်၏ လက်တွေ့ကျသော အခြေအနေများကို ထည့်သွင်းစဉ်းစားခိုင်းမှုလည်းဖြစ်သည်။ " Feasible Precautions" တွင် အောက်ပါ အချက္များ ပါဝင်ပါသည်။
၁။ ရရှိနိုင်သော သတင်းအချက်အလက် (Information available)
တိုက်ခိုက္မှုမပြုမီ ပစ်မှတ်နှင့် ပတ်သက်၍ မိမိရရှိသော သတင်းအချက်အလက္မှာ မည်မျှအထိ တိကျသနည်း ဆိုသည့် ဆန်းစစ်မှု ဖြစ်သည်။ ဥပမာ: ဘူးသီးတောင်ရှိ အဆောက်အဦးတစ်ခုအား တိုက်ခိုက္မည်ဆိုပါက ရိုဟင်ဂျာအရပ်သားများ ခိုလှုံနေသလား၊ စစ်ကောင်စီတပ်သားများသာ ရှိနေသလားဆိုသည်ကို ဒရုန်းဖြင့် ဖြစ်စေ၊ မြေပြင်သတင်းပေးအရ ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုအရဖြစ်စေ သေချာရန် အစွမ်းကုန် စုံစမ်းရမည်ဖြစ်သည်။ "ငါတို့လည်း သေချာမသိဘူး၊ ရမ်းပစ်လိုက်တာ" ဆိုသည်မျိုးက Feasible Precaution စံကို ချိုးဖောက်ခြင်းဖြစ်သည်။
၂။ လက်နက်နှင့် နည်းပညာ ရွေးချယ်မှု (Choice of Weapons)
မိမိတွင်ရှိသော လက်နက္များထဲမှ အရပ်သားထိခိုက္မှု အနည်းဆုံးဖြစ်စေမည့် လက်နက်ကို ရွေးချယ်သုံးစွဲရမည် ဖြစ်သည်။ ဥပမာ: လူနေထူထပ်သော ရပ္ကွက္ တွင္ ရန်သူအနည်းငယ်ကို ရှင်းလင်းရန်အတွက် တိကျမှုမရှိဘဲ လက်နက်ကြီး (Artillery) ဖြင့် ပစ်မည့်အစား တိကျသော လက်နက်ငယ်များကိုသာ သုံးရမည်ဖြစ်သည်။ သို့မဟုတ် ပစ်မှတ်ကိုသာ ကွက်ပြီး ထိစေမည့် နည်းလမ်းကို သုံးရမည်ဖြစ်သည်။
၃။ စစ်ရေးဆိုင်ရာ လက်တွေ့အခြေအနေ (Military Practicality)
ဤအချက်က ရှုပ်ထွေးပါသည်။ စစ်မြေပြင်တွင်" တကယ်ဖြစ်နိုင်" မှုကို ဆန်းစစ်ရခြင်းဖြစ်သည်။ ရန်သူက ကိုယ့်ကို ပြန်ပစ်နေသည့်ကြားထဲမှ အရပ်သားကို ကာကွယ်ရန် ကြိုးစားရသော ကိစ္စမျိုးဖြစ်သည်။ သို့ရာတွင်- "စစ်ပွဲဖြစ်နေ၍ မတတ်နိုင်ပါဘူး" ဆိုသော ဆင်ခြေကို နိုင်ငံတကာ ဥပဒေအရ ဖြစ်စေ၊ ပြည်တွင်းစစ်ဘက်စံနှုန်းအရ ဖြစ်စေအမြဲတမ်း အကာအကွယ်မပေးမည် မဟုတ်ပေ။ "မိမိဘက်က စစ်သားများ အထိအခိုက္မရှိစေရန်" ဆိုသော အချက်ထက် "အရပ်သားများ အသက္မသေစေရန်" ဆိုသော အချက်က ဦးစားပေးရမည့် အချက် ဖြစ်သည်ဟု IHL က သတ်မှတ်ထားသည်။
၂၀၂၄ ခုနှစ် ရခိုင်ပြည်နယ် ဖြစ်စဉ်များကို သုံးသပ်ရာတွင်
ဘူးသီးတောင်၊ မောင်တောတို့၌ AA နှင့် စစ်ကောင်စီကြား တိုက်ပွဲများအတွင်း အဆိုပါ "Feasible Precautions" စံနှုန်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုစံနှုန်းအရ ULA/AA ရင်ဆိုင်ရမည့် နိုင်ငံတကာ ဥပဒေကြောင်းများမှာ
-AA က မြို့ကို သိမ်းတော့မည် ဆိုပါက အရပ်သားများကို ကြိုတင်ထွက်ခွာနိုင်ရန် အချိန်လုံလုံလောက်လောက် ပေးခဲ့သလား။ (ထွက်ပေါက္များကို ပိတ်ထားသလား၊ ဖွင့်ပေးထားသလား)
- ဒရုန်းဖြင့် ပစ်ခတ်သောအခါ ပစ်မှတ်သည် လက်နက်ကိုင်လား၊ ထွက်ပြေးနေသော အရပ်သားလားဆိုသည်ကို ခွဲခြားနိုင်သော နည်းလမ်းတစ်ခုခု သို့မဟုတ် နည်းပညာ နှင့် အချိန်၊ အခါအခွင့်ရှိပါလျှက် မည်သည့်အတွက်ကြောင့် အရပ်သားများအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသနည်း။
- စစ်ဘေးရှောင်များ စုဝေးနေသော နေရာများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါသလား။
- ထိုစစ်ဆင်ရေးအတွင်း အရပ်သားမည်မျှသေ ခ့ဲသနည်း။ ရန်သူမည်မျှ သေ ခ့ဲသနည်း။
စသည့် အချက္များ ဖြစ်သည်။
နိုင်ငံတကာ စံနှုန်းအရ " အရပ်သားများ ရှိနေမှန်း သိလျှက် ဖြစ်စေ၊ သို့မဟုတ် သေချာအောင် မစစ်ဆေးဘဲ ဖြစ်စေ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင့်ရှင်း နောက်တက်တွဲစာချုပ် နံပါတ် (၁) ၏ Article 57 ကို ချိုးဖောက်ခြင်း" ဟု ဖွင့်ဆိုထားသည်။
လက်ရှိ ဂမ်ဘီယာ ဘက္မှ ICJ တရားခွင်တွင် တင်ပြမှုတွင် ULA/AA အား "ဂျီနိုဆိုက်အား ကျူးလွန်သူ"၊ "ရန်သူ" ဟု သတ်မှတ်ထားခြင်း "မရှိပေ"။ သို့သော် နိုင်ငံတကာစံနှုန်းများကို လိုက်နာလာရန် ပိုမိုမျှော်လင့်ချက်က ထားပေးနေသည်။ တစ်ခုစိတ်ဝင်စားစရာကောင်းသည်က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက် ဖြစ်စဉ် များနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများကို ULA/AA သည် ဆတ်ဆတ်ထိမခံ ခွန်းတုန့်လှန် ငြင်းဆန်ခ့ဲကာ ပုံရိပ်ကို ထိခိုက်မှုရှိနေ ခ့ဲသည္။ ထိုသို့သော အခြေအနေမျိုးတွင် ဂမ်ဘီယာဘက္မှ AA အပေါ်ရှူမြင်မှုမှာ ပြင်းထန်မှုမရှိ လိုက်လှဲမှုနှင့် သက်တောင့်သက်သာ ရှိနေ ခ့ဲသည္ကိုလည္း တွေ့နေရသည်။ ဤ သို့ရှိနေခြင်းမှာ IIMM ၏
"Annual Report of the Independent Investigative Mechanism for Myanmar" ခေါင်းစဉ္၊ (အမှတ်စဉ် - A/HRC/59/XX) ဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဝန်းကျင်တွင် ကျင်းပသော ၅၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံအတွက် ထုတ်ပြန်ထားသော အစီရင်ခံစာပါ အချက္များကြောင့်သာ ဤသို့ ခုသာခံသာ ဖြစ်သွားပုံရသည်။ ထို IIMM ၏ အစီရင်ခံစာ၏ အနှစ်ချုပ်အရ သက်ဆိုင်ရာ အပိုဒ် (၁၈- ၂၂) တွင် IIMM အနေဖြင့် မြေပြင်က အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက္မှု အခြေအနေများကို ဖော်ပြထားသည်။ အထူးသဖြင့် AA အနေဖြင့် ၎င်းတို့အပေါ် စွပ်စွဲချက္များကို စုံစမ်းရန် IIMM အား "Access" (ဝင်ရောက်ခွင့်) ပေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ IIMM ဘက္မှ ထိုအချက်ကို အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။ အစီရင်ခံစာ၏ အပိုဒ် (၄၅- ၅၀) တွင် ရခိုင်ပြည်နယ်အတွင်း ကျူးလွန်မှုများကို စစ်ဆေးသောအခါ AA ဘက္မှ ပေးပို့လာသော တုံ့ပြန်ချက္များ၊ ၎င်းတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း စသည့် အချက္များကိုလည်း ထည့်သွင်းထားသည်။ ဤ အချက်အလက္များကြောင့် AA အပေါ် နိုင်ငံတကာဘက္မှ စွပ်စွဲအပြစ်တင်မှုထက် မျှော်လင့်ချက် တစ်စုံတစ်ရာ ထားခံရသော ပုံရိပ်မျိုး ပြန်ရှိလာပုံရသည်။
ဆက်ရန်
Comments
Post a Comment