ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

 


ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)


လီဗီးယားသန်ဟူသည် ရှေးခေတ် ဟီဘရူး (အစ္စရေး) ကျမ်းစာဒ႑ာရီလာတွင်ပါသော မကောင်းဆိုးဝါးကြီး၏ အမည်ဖြစ်သည်။ အဆိုပါမကောင်းဆိုးဝါးကြီးသည် ရက်စက်ကြမ်းကြုတ်လှပြီး တွေ့မြင်သမျှကို ဆွဲယူဝါးမြိုပစ်သည်ဟု အဆိုရှိသည်။ 


နိုင်ငံရေးအယူအဆဘက်သို့ ရောက်လာသော လီဗီးယားသန်


ကမၻာ့သမိုင်းတွင်လူသားများသည် သက်ဦးဆံပိုင်ဘုရင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ် စေသာ အကြွင်းမ့ဲအာဏာပိုင်စနစ်များ၏ ဆင်းရဲဒုက္ခဆိုးကျိုးများကိိုကြုံလာခ့ဲရသည်။ ဆင်းရဲဒုက္ခများကို မခံနိုင်သောအခါ တော်လှန်ရေးများဖြစ်ပေါ်ခ့ဲသည်။ တော်လှန်ရေးများတွင် အကြွင်းမ့ဲအာဏာပိုင်စနစ်များကို ကျားကန်ပေးထားသော အယူအဆမ်ားကို ဖြိုချပစ်သည့် တန်ပြန် နိုင်ငံရေးအယူအဆများလည်း ပေါ်ထွက်လာလေ့ရှိသည်။ လူသားသမိုင်း၏ တော်လှန်ရေးများတွင် အုပ်ချုပ်သည့်စနစ်အပေါ် ရှူမြင်မှု အယူအဆပိုင်းဆိုင်ရာ အပြောင်းအလဲသည် အဓိကကျသည်။ အုပ်ချုပ်သည့်စနစ်အပေါ် ရှူမြင်မှုသည် နိုင်ငံရေးအယူအဆဖြစ်သည်။ ယင်းသို့ နိုင်ငံရေးအယူအဆ ရှူမြင်မှုအပြောင်းအလဲများတွင် အသုံးပြုစရာ ဝေါ်ဟာရများထဲ၌ "လီဗီးယားသန်" သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။


နိုင်ငံရေးအယူအဆဘက်တွင် အဆိုပါ "လီဗီးယားသန်"ဝေါ်ဟာရအား " ပြည်သူလူထု၏ အချုပ်အခြာအာဏာ (Popular Sovereignty)" ကို ဖေါ်ပြရန်အတွက် သုံးနှုန်းကြသည်။ ထိုသို့ ဒ႑ာရီလာ မကောာင်းဆိုးဝါးကြီးအား ပြည်သူလူထု၏ အချုပ်အခြာအာဏာ နှင့် ယှဉ်တွဲဖေါ်ပြသူမှာ သောမစ် ဟောဘ်ဘီးစ် (Thomas Hobbes) ဖြစ်သည်။ သူ၏ 1651 ခုနှစ်တွင် ထုတ်ဝေသော လီဗီးယားသန် (Leviathan) စာအုပ်သည် အထူးသဖြင့် ပြည်သူလူထုသာလျှင် အချုပ်အခြာအာဏာ၏ ပိုင်ရှင် ဖြစ်သည်ဟူသော (Popular Sovereignty) သေဘာကို ဖေါ်ပြရန်အတွက် အသုံးပြုထားသည်။


သောမစ် ဟောဘ်ဘီးစ် (Thomas Hobbes) က Leviathan (လီဗီးယားသန်)စာအုပ်တွင် ပြည်သူလူထု၏ အချုပ်အခြာအာဏာကို သရုပ်ဖေါ်ပုံမှာ- အင်မတန်မှ ကိုယ်ခန္ဓာကြီးထွားကာ တန်ခိုးအာဏာပြင်းသည့် သရဖူကိုဆောင်းထားသော သူတစ်ဦးသည် မြို့ရွာ အဆောက်အအုံ၊ နယ်မြေ တောတောင်မြစ်ချောင်းတို့ကို ဓားရှည် (sword)နှင့် ကျိုင်းတုတ် (crosier)ကို ကိုင်ကာ အပေါ်စီးမှ မိုးထားသည်။ မြို့ရွာ အဆောက်အအုံ၊ နယ်မြေ တောတောင်မြစ်ချောင်းတို့သည် ထိုသူ၏ ဓားရှည်နှင့် ကျိုင်းတုတ်၏ ရိုက်ချက္မှမလွတ်နိုင်ပေ။ သို့သော် ထိုခန္ဓာကိုယ်ကြီးမားသော ဓားရှည်နှင့် ကျိုင်းတုတ် ကိုင်ထားသောသူသည် အခြားသူမဟုတ်ပေ။ ထိုသူသည်ပင်လျင် သူ၏ ဓားရှည်နှင့် ကျိုင်းတုတ်၏ ရိုက်ချက်ကိုခံနေရသော မြို့ရွာ အဆောက်အအုံ၊ နယ်မြေ တောတောင်မြစ်ချောင်းတို့်တွင် နေထိုင်ကြသော လူမ်ားကို စုစည်းလိုက်သောအခါ ပေါ်ထွက်လာသည် အကောင်ကြီး လီဗီးယားသန် ပင်ဖြစ်သည်။ ဓားရှည် သ ေကၤတမှာ ပြည်သူများအား ဘေးအန္တရာယ်မှ ကာကွယ်ခြင်းဆိုသည့် သဘောဖြစ်သည်။ ကျင့်ဝတ်၊သီလသမာမြဲမှုနှင့်အညီဆိုသည့် ကျိုင်းတုတ် သ ေကၤတမှာ ကျင့်ဝတ်၊သီလသမာ၊ တန်းတူညီမျှမှု၊ စည်းကမ်းအပါအဝင် စိတ်ဝိညာဉ်ဆိုင်ရာတန်ဖိုးဖြစ်သည်။


လိမ္မာသော မကောင်းဆိုးဝါး သို့မဟုတ် ရက်စက်သော မကောင်းဆိုးဝါး


သောမစ် ဟောဘ်ဘီးစ် (Thomas Hobbes) က အချုပ်အခြာအာဏာအား လီဗီယားသန်ဟုအမည်ပေးခြင်းမှာ သဘာဝကျလှသည်။ ပြည်သူလူထုတစ်ဦးချင်းကို စုစည်းလိုက်သောအခါ  အချုပ်အခြာအာဏာ ဖြစ်သွားသည်။ ထိုအချုပ်အခြာအာဏာအား အုပ်ချုပ်သူ အစိုးရထံ ကိုင်တွယ်ဆောင်ရွက်ခွင့်ကို ပြည်သူများက တာဝန်ပေးထားသည်။ အချုပ်အခြာအာဏာကို တာဝန်ခံခိုင်းထားသော အုပ်ချုပ်သူများသည်  ပြည်သူများအား ဘေးအန္တရာယ်မှ ကာကွယ်ပေးမှု၊ လုံခြုံမှုနှင့် တရားမ်ွတမှုကို ပေးနိုင်သော စွမ်းအားရှိသူဖြစ်ရမည်။ ထိုသို့မဟုတ်ပါက အုပ်ချုပ်သူများသည် အရာအားလုံးကို ပျက်စီးအောင်ဆွဲချသွားမည့် မကောင်းဆိုးဝါးဘက်ကိုလည်း ပြောင်းသွားတတ်သည်ကို ဆိုလိုရင်းဖြစ်သည်။ ယင်းတရားမျှတသောအရာကို ပေးမည့် ကျိုင်းထမ်း၊ ဓားထမ်း အကောင်ကြီးကို အခြေခံဖန်တီးသူမှာလည်း ပြည်သူလူထုသာဖြစ်သည်။ ထိုပြင်  မကောင်းဆိုးဝါးအကောင်ကြီး အျဖစ္ကို အခြေခံ ဖန်တီးသူမှာလည်းပြည်သူလူထုသာဖြစ်သည်။ ထိုအချက်သည် အချုပ်အခြာအာဏာ၏ ပိုင်ရှင်မှာ ပြည်သူလူထုသာလျင်ဖြစ်သည်ဆိုသည့် (Popular Sovereignty) ပြည်သူ့လူထု၏ အချုပ်အခြာအာဏာ သေဘာကို ဖေါ်ပြထားခြင်းဖြစ်သည်။

လီဗီးယားသန္က ပြောပြသောသတင်းစကားမှာ လုပ်ပိုင်ခွင့်အာဏာ သဘောသည် ပင်ကိုသဘောကပင် မကောင်းဆိုးဝါးဆန်သည်။ ပြည်သူလူထုသည် အချုပ်အခြာအာဏာကို ဖန္ တီးသူ ပိုင်သူ ဖြစ်သည်။ ထိုအချုပ်အခြာအာဏာကို တာဝန်ယူကိုင်တွယ်ရန် အစိုးရလုပ်မည်သူများကိုလည်း ပြည်သူကဖန်တီးမွေးဖွားရသည်။ သို့သော် အချုပ်အခြာအာဏာ၏ လုပ်ပိုင်ခွင့်အာဏာကို ကိုင်တွယ်သူများသည် ပြည်သူကိုပြန်ပြီး ပျက်စီးစေသော မကောင်းဆိုးဝါးလည်းဖြစ်သွားတတ်သည် ဟူသောသတင်းစကားပင်ဖြစ်သည်။ (Popular Sovereignty) နှင့်ပတ်သက်၍ နောက်ပိုင်းတွင် ပိုမိုအားကောင်းဖွံ့ဖြိုးတိုးတက်လာရာ " အကယ်၍ အချုပ်အခြာအာဏာသည် ပြည်သူကိုပြန်ပြီး ပျက်ဆီးမည့်မကောင်းဆိုးဝါးမဖြစ်စေရန် မည်သို့ပြုလုပ်ရမည်နည်း" ဟူသောအချက်ကို စဉ်းစားလာကြသည်။ သို့ဖြစ်၍ အချုပ်အခြာအာဏာ၏ လုပ်ပိုင်ခွင့်အား စည်းဘောင်သတ်မှတ်ချက်ထဲတွင်ထားရမည် ဆိုသော လူမှုပဋိညာဉ် အယူအဆ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆသည်အားကောင်းလာသည်။


လူမှုပဋိညာဉ် (Social Contract) 


ညဏ်လင်းသစ်ပွင့်လင်းလာသည်ကာလ (Age of Enlightenment)တစ်လျောက် အနောက် ကမၻာတွင် "အချုပ်အခြာအာဏာအား နိုင်ငံတစ်ခု၏ စွမ်းရည်နှင့်  အဓိပ္ပါယ်" အဖြစ်ဖွင့်ဆိုကြသည်။ ထိုသို့အဓိပ္ပါယ်ဖွင့်ဆိုမှု၌ "ဥပဒေတရားဝင်မှုအရရော၊ ကိုယ့်ကျင့်သီလပိုင်းအရပါ" ထည့်သွင်းဖွင့်ဆိုလာကြသည်။ အချုပ်အခြာအာဏာအား နိုင်ငံတစ်ခု၏ စွမ်းဆောင်ရှင်သန်နိုင်မှုနှင့် နိုင်ငံတစ်ခု၏ အဓိပ္ပါယ်အဖြစ် ဥပဒေတရားဝင်မှုနှင့် ကိုယ်ကျင့်သီလပိုင်းဘက္မှဖွင့်ဆိုရာတွင် အချုပ်အခြာအာဏာအား ထူထောင်ရန်အတွက်  လူမှုပဋိညာဉ် (Social Contract) တရပ်လိုအပ်သည်ဟူ၍ ဖွင့်ဆိုလာကြသည်။ ထို လူမှုပဋိညာဉ် အယူအဆသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆ (Constitutionalism) ဖြစ်သည်။ လူသားသမိုင်း၏ ခရစ်သက္ကရာဇ် (1800) ပြည့်လွန် နှစ်ကာလများ၌ အဆိုပါ လူမှုပဋိညာဉ် (Social Contract) အယူအဆ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆ (Constitutionalism) ကို အမေရိကန်၊ ပြင်သစ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာပြီဖြစ်သည်။


လူမှုပဋိညာဉ်နှင့် အချုပ်အခြာအာဏာအား ပိုင်းခြား၊ခွဲခြားကျင့်သုံးမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆ


အချုပ်အခြာအာဏာအား စည်းဘောင်ထဲတွင်ထားရမည် ဆိုသောလူမှုပဋိညာဉ်အယူအဆ (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆသည် အချုပ်အခြာအာဏာအား "ခွဲခြားပိုင်းခြားထားရမည်" ဟူသောအဘောတရားအမြင်ကို အားကောင်းလာစေသည်။ အချုပ်အခြာအာဏာသည် ပြည်သူကိုပြန်ပြီး ပျက်ဆီးမည့်မကောင်းဆိုးဝါးမဖြစ်စေရန် မည်သို့ပြုလုပ်ရမည်" ဟုသောအချက်အရ အချုပ်အခြာအာဏာအား တစ်စုတည်းမထားဘဲ ခွဲခြားပိုင်းခြားမှု (Separation of Power) ပြုလုပ်ထားရမည်။ အချုပ်အခြာအာဏာအား တနေရာတည်း၊ လူပုဂ္ဂိုလ်တစ်ယောက်တည်းတွင်စုပုံ ထားခြင်းသည် မကောင်းဆိုးဝါးဖြစ်ရန်လွယ်ကူသည်။ အချုပ်အခြာအာဏာအား အချို့ကအုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ စသဖြင့် သုံးရပ်ပိုင်းခြားထားလာကြသည်။ 


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆ (သို့) လူမှုပဋိညာဉ် ဆိုင်ရာအယူအဆဘက္မှအချုပ်အခြာအာဏာအား နိုင်ငံတစ်ခု၏ ရှင်သန်မှု စွမ်းရည်နှင့် နိုင်ငံတစ်ခု၏ အဓိပ္ပါယ် အဖြစ်ဖွင့်ဆိုကြသည်။ ထိုသို့အဓိပ္ပါယ်ဖွင့်ဆိုမှု၌ ဥပဒေတရားဝင်မှုအရရော၊ ကိုယ့်ကျင့်သီလပိုင်းအရပါ ထည့်သွင်းဖွင့်ဆိုကြမှု၌ "မည်သူကို မည်သူက မည်သို့ အုပ်ချုပ်မည်၊ မည်သည့်အတွက်ကြောင့် အုပ်ချုပ်မည်၊ မည်သို့ မည်ပုံအုပ်ချုပ်မည်၊ အုပ်ချုပ်မှုကိုခံယူမည်"၊ "ဤသို့ အုပ်ချုပ်မှုနှင့် အုပ်ချုပ်ခံမှုကို ပြုလုပ်ရာတွင် အချုပ်အခြာအာဏာသည် မကောင်းဆိုးဝါးမဖြစ်စေရန်နှင့် ကောင်းမွန်သော အကာအကွယ်ဖြစ်စေရန် အတွက်မည်သို့ ဆောင်ရွက်ရမည်" ဆိုသည့် သဘောဖြစ်သည်။ အချုပ်အခြာအာဏာအား အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ စသဖြင့် သုံးရပ်ပိုင်းခြားထားလာကြမှုတွင် ထိုအာဏာသုံးရပ် အချင်းချင်းကြားတွင် မည်သို့မည်ပုံ ပဋိညာဉ်ပြုသည်။ အာဏာတစ်ခုချင်းစီနှင့် ပြည်သူလူထုကြားတွင် မည်သို့မည်ပုံ ပဋိညာဉ်ပြုသည်။ ပြည်သူ့အချင်းချင်းကြားတွင် မည်သို့မည်ပုံ ပဋိညာဉ်ပြုသည် ဆိုသောအချက္များရှိလာသည်။


အမေရိကန်ပြည်၏ တည်ထောင်သူဖခင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော Benjamin Franklin က " လွတ်လပ်သော အုပ်ချုပ်ရေးတည်ဆောက်ခြင်း(အစိုးရပြုခြင်း)ထဲတွင် အုပ်ချုပ်သူများသည် ပြည်သူလူထု၏ အစေခံကျေးကျွန်များသာဖြစ်ပြီး ပြည်သူလူထုသည် အုပ်ချုပ်သူများ၏ ထိပ်ခေါင်တွင်ရှိနေသော အရှှင်သခင်များ သာဖြစ်သည်"ဟု ဆိုသည်။


ဆိုရှယ်ဒီမိုကရေစီ နှင့် ပြည်သူလူထု၏ အချုပ်အခြာအာဏာ (Popular Sovereignty) အယူအဆ


ဆိုရှယ်ဒီမိုကရေစီစနစ်အား ကျင့်သုံးနေသော မော်ဒယ်များတွင် အအောင်မြင်ဆုံးမော်ဒယ်ပုံစံမှာ စကင်ဒီနေဗီးယန်းနိုင်ငံများ၏ မော်ဒယ်များသည် အအောင်မြင်ဆုံးဖြစ်သည်။ စကင်ဒီနေဗီးယန်း ဆိုရှယ်ဒီမိုကရေစီစနစ်တွင် "ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည်" ဟူသော (Popular Sovereignty) ကိုကျင့်သုံးပါသည်။ Popular Sovereignty သည် ဒီမိုကရေစီတန်ဖိုးလည်းဖြစ်သည်။ ဒီမိုကရေစီတန်ဖိုးများသာကင်းမ့ဲနေပါက စကင်ဒီနေဗီးယန်းများ၏ ဆိုရှယ်ဒီမိုကရက်တစ်လူ့ဘောင်သည် အောင်မြင်မည်မဟုတ်ပေ။


ရခိုင်လူ့ဘောင်သည် ဆိုရှယ်ဒီမိုကရက်တစ်လူ့ဘောင်ကို သွားမည်ဟုထုတ်ဖေါ်ထားသော လူ့ဘောင်တရပ်ဖြစ်သည်။ ရခိုင်လူ့ဘောင်၏ ဆိုရှယ်ဒီမိုကရက်တစ်လူ့ဘောင်အတွက် ရခိုင်လူထုတိုင်းသည် မိမိတို့၏ လီဗီးယားသန် ကို ဖန်တီးကြရမည်ဖြစ်သည်။ ထိုသို့ဖန်တီးရာတွင် လီဗီးယားသန်အတွက် လူမှုပဋိညာဉ်တရပ်၊ ဖွဲ့စည်းပုံအခြေခံဥပ ​ေဒတရပ္သည်လိုအပ်သည်။ ထိုလိုအပ္ခ်က္ ကို ဖြည့်စွက်ရန် ရခိုင်လူထုတိုင်းတွင် တာဝန်ရှိပါသည်။ ရခိုင်ပြည်သူလူထုတိုင်းပါဝင်ပတ်သက်ခွင့်ရှိသော လူမှုပဋိညာဉ်တစ်ရပ်ကသာလျှင် ရခိုင်ပြည်သူလူထုအတွက် လိမ္မာသော လီဗီးယားသန် ကိုဖန်တီးနိုင်မည်ဖြစ်ကြောင်း တင်ပြရင်း နိဂုံးခြုပျပါသညျ။



Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?