အာရက္ခပြည်သူ အဓိပ္ပါယ် နှင့် နိုင်ငံသားအခြေပြု အမျိုးသားရေးအယူဆ (Civic Nationalism)
အာရက္ခပြည်သူ အဓိပ္ပါယ် နှင့် နိုင်ငံသားအခြေပြု အမျိုးသားရေးအယူဆ (Civic Nationalism)
ယေဘူယျ အမျိုးသားရေးအယူအဆ နှစ်ခု
အမျိုးသားရေးအယူအဆတွင် Ethnic Nationalism (လူမျိုးအခြေပြု အမျိုးသားရေး) နှင့် Civic Nationalism (နိုင်ငံသားအခြေပြုအမျိုးသားရေး) ဟူ၍ ႏွစ္မ်ိဳး႐ွိသည်။ Ethinc Nationalism (လူမျိုးအခြေပြုအမျိုးသားရေး) သည် လူမျိုးတစ်ခုကို အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။ Civic Nationalism (နိုင်ငံသား အ ခြေပြုအမျိုးသားရေး) မွာ လူမျိုးတစ်ခုကို အခြေမပြုဘဲ နိုင်ငံသားဖြစ်မှုကို အ ခြေပြုထားခြင်းဖြစ်သည်။
အမျိုးသားရေးအယူအဆ နှစ်ခု၏ ကွဲပြားမှု
Ethinc Nationalism (လူမျိုး အ ခြေပြု အမျိုးသားရေး) အယူအဆသည် လူမျိုးတစ်မျိုး ကိုအ ခြေပြုထားခြင်းဖြစ်သည်။ Civic Nationalism (နိုင်ငံအ ခြေပြု အမျိုးသားရေး) အယူအဆတွင် တော့ လူမျိုးတစ်မျိုးကို အ ခြေမခံတော့ဘဲ နိုင်ငံသားဖြစ်သူအားလုံးကို အ ခြေခံလာသည်။ Ethinc Nationalism (လူမျိုးအ ခြေပြု အမျိုးသားရေး) အယူအဆ သည် လူဗီဇ သဘာဝ ဖြစ်သည်။ လူတိုင်း မိမိနှင့် ယဉ်ကျေးမှု၊ ဘာသာစကား၊ နေရာကို အစွဲရှိကြသည်။ သို့သော် တန်လျှင်ဆေး၊ လွန်လျှင်ဘေး ဆိုသက့ဲသို့ Ethnic Nationalism (လူမျိုးအ ခြေပြု အမျိုးသားရေး) အယူအဆ တွင် တဖက်သတ်ရောက်လွန်းပါက အုပ်စုများသောလူမျိုးဖြစ်လျှင် 'မဟာလူမျိုးကြီးဝါဒ' ဘက်သို့ရောက်သွားပြီး အုပ်စုနည်းသော လူမျိုးဖြစ်လျှင် 'ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ' ဘက္ ကို ရောက်သွားတတ်သည်။ မဟာလူမျိုးကြီးဝါဒ တွင်လည်းကောင်း၊ ကျဉ်းမြောင်းသော အမျိုးသားရေး ဝါဒ တွင်လည်းကောင်း 'ငါ့ လူမျိုး၊ ငါ့အုပ္စု မဟုတ်လျှင် ငါတို့နှင့် ဆန့်ကျင်ဘက်' ဟုဆိုသော လူမျိုးရေးခွဲခြားမှု (Racism) ဘက္ ကို ရောက်သွားတတ်သည်။
Civic Nationalism (နိုင်ငံသားအ ခြေပြု အမျိုးသားရေး ဝါဒ) တွင်တော့ ထိုသို့မဟုတ်ဘဲ ' ငါ့လူမျိုး၊ ငါ့အုပ္စု မဟုတ်လျှင်လည်း ငါတို့နှင့်ဆန့်ကျင်ဘက် မဟုတ်' ဟူသော အယူအဆ မျိုးဖြစ်သည်။
ဗဟု လူ့အဖွဲ့အစည်း နှင့် အမျိုးသားရေးအယူအဆ (2) ခု၏ အပြန်အလှန် လွန်ဆွဲမှုများ
ဗဟု လူ့အဖွဲ့အစည်းဆိုသည်မှာ " နိုင်ငံတစ်နိုင်ငံ၊ နေရာ ဒေသ တစ်ခုသည် ဖြစ်တည်မှုအရ လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်ခုတည်း၊ ယဉ်ကျေးမှု တစ်ခုတည်း သာရှိသည်မဟုတ်ဘဲ အခြားမတူညီသော လူမျိုးများ၊ ဘာသာစကားမ်ား၊ ယဉ်ကျေးမှုများလည်း တည်ရှိနေ ခြင်း" ဖြစ်သည်။ ထိုက့ဲသို့ ဗဟု လူ့အဖွဲ့အစည်းများတွင် " မတူညီသော လူမျိုးများ၊ ဘာသာစကားမ်ား၊ ယဉ်ကျေးမှုများတွင် ဆိုင်ရာဆိုင်ရာ Ethnic Nationalism (လူမျိုးအ ခြေပြု အမျိုးသားရေး အယူအဆ) များရှိနေပြီး အဆိုပါ မတူညီသော လူမျိုးများ၊ ဘာသာစကားမ်ား၊ ယဉ်ကျေးမှုများကြားတွင် တန်းတူညီမျှမှု၊ တရားမျှတမှုမရှိလျှင် အပြန်အလှန် ပဋိပက္ခ ဖြစ်ကြသည်။ ထိုက့ဲသို့ ပဋိပက္ခများ လျော့နည်းစေရန်နှင့် တန်းတူညီမျှမှူ၊ တရားမျှတမှု ရေရှည်တည်တံစေရန်အတွက် မတူညီမှုများထဲမှ တူညီမှုလက္ခဏာ တစ်ရပ်ကို နိုင်ငံရေးတန်ဖိုးအရ ပြန်လည်ဖန်တီးကြရသည်။ မတူညီမှူများထဲမှ တူညီမှုလက္ခဏာကို ဖန်တီးပုံမှာ- ဒီအုပ်စုသည်လည်း နိုင်ငံသား၊ ဟိုအုပ်စုသည်လည်း နိုင်ငံသား များသာဖြစ်သည် ဟူသော သဘောမျိုးဖြင့် Civic Nationalism (နိုင်ငံသားအ ခြေပြု အမျိုးသားရေး) ကိုတည်ဆောက်ကြခြင်းဖြစ်သည်။ Civic Nationalism ကိုတည်ဆောက်နိုင်ရန်အတွက် လိုအပ်ချက္မှာ"တန်းတူညီမျှမှူ၊ တရားမျှတမှု၊ ဒီမိုကေရစီ အခွင့်အရေး" ပင်ဖြစ်သည်။ အကယ်၍ ဗဟုလူ့အဖွဲ့အစည်းတစ်ခုတွင် တန်းတူညီမျှမှု၊ တရားမျှတမှု၊ ဒီမိုက ရေစီ အခွင့်အ ရေး" အားနည်းလာပါက " Ethnic Nationalism" အားကောင်းလာတတ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေး ဝါဒ မ်ား တဖက်သတ် ခေါင်းထောင်လာတတ်သည်။ အမျိုးသားရေး အယူအဆ နှစ်ခုအား အကျဉ်းမျှ မိတ်ဆက်ပြီးနောက် အာရက္ခပြည်သူ ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖက်ကို ဆက်ပါမည်။
အာရက္ခပြည်သူဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ဗဟုလူ့အဖွဲ့အစည်းပုံစံ
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အာရကန် (Arakan) ဟုခေါ်သော နေရာဒေသသည် ဗဟုလူ့အဖွဲ့အစည်း ဖြစ်သည်။ အာရကန် ( Arakan ) နေရာဒေသ၏ ဗဟုလူ့အဖွဲ့အစည်းတွင် ဒေသန္တရ လေယူလေသိမ်း (Accents)များရှိသည်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးရှိသည်။ ဘာသာစကားနှင့် ယဉ်ကျေးမှု အမျိုးမျိုးရှိသည်။ သို့ဖြစ်၍ ထိုအချက္များတစ်ခုချင်းကိုအ ခြေခံ၍ အာရကန် ဟုခေါ်သော နေရာဒေသ တွင် (Identity) အရ Ethnic Nationalism သည် ပုံစံ အမျိုးမျိုးတွင် အ ခြေခံဖြစ်တည်လာနိုင်သည်။ ဖြစ်လည်း ဖြစ်တည်မှုရှိနေသည်။ ထိုအချက္များကိုအခြေခံ၍ ခွဲခြားဆက်ဆံမှု အ လေ့အထ သည်လည်းရှိသည်။ ခွဲခြားဆက်ဆံမှု အ လေ့အထ တွင် ပိတ်ပင်ခြင်းနှင့် နှိမ့်ချ ဆက်ဆံခြင်းလည်းပါသည်။ ပိတ်ပင်ခြင်းနှင့် နှိမ့်ချ ဆက်ဆံခြင်း ကြောင့် " တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဒီမိုက ရေစီ အခွင့်အရေး" ဆိတ်သုန်းမှုကိုဖြစ်စေသည်။ထိုအချက်မှာ Civic Nationalism အတွက် လိုအပ်သော အ ခြေခံအချက္များဆိတ်သုန်းမှုလည်းဖြစ်သည်။ Civic Nationalism အားမ ကောင်းလျှင် အားလုံးကို လွမ်းခြုံ နိုင်သော အာရက္ခပြည်သူ ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက္မှာအနွစ္သာရ မ့ဲသွားမည်ဖြစ်သည်။ ဤ သည်မှာ အာရကန်ဟူသော နေရာ ဒေသ၏ အမျိုးသားရေးအယူအဆ နှစ်ခု လွန်ဆွဲနိုင်သော အချက်လည်းဖြစ်သည်။
ရခိုင်ပြည်သူ့ အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် ပတ်သက်၍ ULA/AA ၏ အင်တာဗျူးများ၊ ကြေငြာချက္များကို လေ့လာဆန်းစစ်ကြည့်ရာ (Ethnic Nationalism) အရ ဖွင့်ဆိုချက်ကို ကျော်လွန်ကာ (Civic Nationalism) အရ ဖွင့်ဆိုချက်ဖက်ကို ပို၍ နီးကပ်နေသည် ကို တွေ့ရပါသည်။ (Ethinc Nationalism ဆိုသည်မှာ လူမျိုးတစ်ရပ်ကို ဗဟိုပြုထားကာ တည်ဆောက်ထားသည့် အတွေးအမြင်ဖြစ်ပြီး (Civic Nationalism) ဆိုသည်မှာ နိုင်ငံသားများကို ဗဟိုချက်ပြုထားသော အတွေးအမြင်ဖြစ်သည်။ Civic Nationalism တွင် လူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အသိအမှတ်ပြုထားသော်လည်း နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားဟူသော ကျယ်ပြန့်သော ဗဟိုပြုမှုကို အခြေတည်ထားပါသည်။
ထိုသို့ ကျယ်ပြန့်သော ဗဟိုပြုမှုကို အခြေတည်သောအားဖြင့် နောက်ပိုင်းတွင် 'အာရက္ခပြည်သူ' ဟု ပြောင်းလဲ ခေါ်ဆိုလာသည်။
အာရကန်ပြည်သူ
"အာရကန်နယ်နိမိတ်ဒေသအသီးသီးတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးသည် အာရကန်ပြည်သူများသာဖြစ်ကြောင်း၊ ရက္ခိုင်ဒေသအတွင်း လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီအနှစ်သာရနှင့် လူမှုတရားမျှတမှုဆိုင်ရာအသီးအပွင့်များကို မခွဲမခြားခံစားခွင့်နှင့် လူဖြစ်ရကျိုးနပ်စေရမည်ဖြစ်ကြောင်း"ကို (11)ကြိမ်မြောက် တပ်တော်နိ့မိန့်ခွန်း စာမျက်နှာ (3)တွင် ဖေါ်ပြထားသည်။
အာရက္ခဒေသ တစ်ခုလုံးတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအသီးသီး
" ပြည်သူတစ်ရပ်လုံးဟုဆိုရာတွင် အာရက္ခဒေသ တစ်ခုလုံးတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအသီးသီးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ လူမျိုးစုများ၏ လူမျိုးစုအလိုက် အခွင့်အရေးဆိုင်ရာ ပြဌာန်းချက္များနှင့်အညီ ရသင့်ရထိုက်သော အစုအဖွဲ့ အခွင့်အရေးများနှင့်အညီ ကာကွယ်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသား တစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် တာဝန်မှာ တန်းတူသာဖြစ်ကြောင်း၊ အာရက္ခဒေသအတွင်း နေထိုင်ကြသော လူမျိုးစုအသီးသီးကြားတွင် လူမျိုးရေး၊ ဘသာရေးမခွဲခြားဘဲ စည်းလုံးညီညွှတ်စွာ၊ ချစ်ခင် အသိအမှတ်ပြုစွာဖြင့် အတူတကြ တိုင်းပြည်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း" ကို (12) ကြိမ်မြောက် တပ်တော်နေ့ မိန့်ခွန်းစာမျက်နှာ (3) တွင် ဖေါ်ပြထားသည်။
အာရက္ခဒေသအတွင်း လူမျိုးစုအသီးသီး
"အာရက္ခဒေသအတွင်း လူမျိုးစုအသီးသီး သဟဇာတရှိစွာ၊ ချစ်ခင်သင့်မြတ် အေးချမ်းစွာ ဖွံဖြိုးတိုးတက်သော အနာဂတ္ကို တည်ဆောက်နိုင်ရန်လိုကြောင်း၊ လူ့အခွင့်အရေးတန်းဖိုးများနှင့်အညီ အရှိတရားကို သဘောထားကြီးစွာ အသိအမှတ်ပြု လက်ခံပြီး တဖက်တွင်လည်း ရိုးသားမှန်ကန်စွာနဲ့ အမွန္တရားကို လက်ခံကျင့်သုံးပြောဆိုရန်လိုအပ်ကြောင်း"
(15) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (4)၊ အပိုဒ် (5) တွင် ဖေါ်ပြထားသည်။
အရက္ခပြည်သား လူမျိုးစုအသီးသီး
"ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖေါ်ရာတွင် အရက္ခပြည်သား လူမျိုးစုအသီးသီး၏ တန်းတူရည်တူ ဂုဏ်ရည်တူ လွတ်လပ်မှုအခွင့်အရေးနှင့် တာဝန္မ်ား တရားမျှတစွာ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း"
(15) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (4)၊ အပိုဒ် (4) တွင် ဖေါ်ပြထားသည်။
အာရကန် ပြည်သူလူထု
"မိမိတို့ ရခိုင်ပြည်နယ်တွင် မူဆလင်လူဦးရေသည် အချိုးအစားကြီးမားကြောင်း၊ သို့ရာတွင် ဟန္ဒူဘာသာဝင်များ၊ ခရစ်ယန်ဘာသာဝင်များ၊ နတ္ကိုးကြယ်သူမ်ား ရှိကြောင်း၊ မိမိတို့၏ (Arakan) အာရကန်ဟူသော ပြောဆိုချက်သည် (Arakan) အာရကန် ပြည်သူလူထုကို ပြောဆိုချက်ဖြစ်ကြောင်း၊ ရခိုင်ဟု ဆိုလျှင် ဘေးက ကွင်းစ ကွင်းပိတ်ဖြင့် ဗုဒ္ဓဘာသာဟု ဝင်ဟုလည်းကောင်း၊ ရိုဟင်ဂျာ ဆိုလျှင် ဘေးက ကွင်းစ ကွင်းပိတ်ဖြင့် (မူဆလင်) ဟု ဖော်ပြချက်များဖြင့် မိမိတို့အား ချဉ်းကပ်လာကြ သော အုပ်စုများရှိကြောင်း၊ ထိုသို့ချဉ်းကပ်မှုများကို မိမိတို့ဘက်မှ မနှစ်သက်ကြောင်း " စသဖြင့် (28-4-2019) ရက်နေ့ BBC အင်တာဗျူး https://www.bbc.com/burmese/burma-48056083 တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါသည်။ အဆိုပါ အင်တာဗျူးတွင်ပင်
" ရခိုင်ဘုရင်လက်ထက္မှ Arakan ဆိုသည်မှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက လူများစုအဖြစ်တည်ရှိကြောင်း၊ သို့ရာတွင် အခြားမတူညီသော ဘာသာဝင်များလည်း နေထိုင်ခ့ဲကြောင်း၊ တိုင်းပြည်ကို တိုးတက်အောင် အတူတူကြိုးစားခ့ဲကြောင်း" ပြောကြားထားသည်။
ရခိုင်ပြည်သားတစ်ယောက်၏ နိုင်ငံသားအခွင့်အရေး
"နိုင်ငံရေးအရဆိုပါက ရိုဟင်ဂျာလို့ပဲသည်ဖြစ်စေ၊ ဘင်္ဂါလီလို့ပဲခေါ်သည်ဖြစ်စေ၊ Chittagonian (စစ်တကောင်းနယ်သား)လို့ပဲခေါ် သည်ဖြစ်စေ ရခိုင်ဒေသကိုရောက်လာသော ရခိုင်ပြည်သားတစ်ယောက်ဖြစ်လျှင် ရခိုင်ပြည်သားတစ်ယောက်၏ နိုင်ငံသားအခွင့်အရေးက ရရမည်ဖြစ်ကြောင်း၊ အဓိကအ ရေးကြီးဆုံးမှာ မိမိတို့ လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာ သဟဇာတရွိစြာ နေထိုင်ရန် မိမိတို့ဘက္မှ လည်း ဥပဒေနဲ့အညီ အသိအမှတ်ပြုမှုများကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ လက်ခံနိုင်ရန် တစ်ဖက္မှလည်း ရိုးသားစြာ သမိုင်းဆိုင်ရာ ဖန်တီးမှုတွေ ပြောဆိုမှုတွေကို acknowledge (အသိအမှတ်ပြု၀န်ခံဖို့) လုပ်ရန်လိုကြောင်း"
"ရခိုင်များအနေဖြင့် မိမိကိုယ့်ကို မကာကွယ်နိုင်သော နိုင်ငံရေးပြိုလဲနေသော ကာလများတွင် ရခိုင်များအား Identity အရ၊ နယ်မြေအရ စိန်ခေါ်ကာ ပြိုင်ဆိုင်ဝင်တိုးလာသည့် ပုံစံများကိုတော့ မလုပ်ကြရန်လိုကြောင်း၊ ထိုက့ဲသို့လုပ်နေလျှင် မိမိတို့ နှစ်ဖက် လူ့အသိုင်းအဝန်းကြား Harmony ဖြစ်စေရန် စည်းလုံးညီညွှတ်သော၊ တည်ငြိမ်သော အနာဂတ်ကိုတည်ဆောက်နေသည့် လုပ်ငန်းများအတွက် အထောက်အကူ မဖြစ်နိုင်ကြောင်း" BBC နှင့်အင်တာဗျူး https://www.bbc.com/burmese/articles/crg9rz77j95o တွင်ပြောကြားထားသည်။
သို့ဖြစ်၍ နိုင်ငံရေးအဓိပ္ပါယ်အရ (People of Arakan)အား အား အာရကန်ပြည်သူ၊ အာရက္ခ ဒေသ တစ်ခုလုံးတွင် နေကြသော တိုင်းရင်းသားလူမျိုးအသီးသီး၊ အာရက္ခ ဒေသအတွင်း လူမျိုးစုအသီးသီး၊ အာရက္ခပြည်သူလူထု၊ အာရက္ခပြည်သား လူမျိုးစုအသီးသီး၊ အာရကန်ပြည်သူလူထု၊ ရခိုင်ပြည်သား ဟူသော အသုံးအနှုန်းသည်
1- အာရကန် နယ်နိမိတ် အာရက္ခဒေသ တစ်ခုလုံးတွင် အသီးသီးတွင်နေထိုင်ကြ သော တိုင်းရင်းသားလူမျိုးအသီးအသီး ကိုလည်းကောင်း
2- အာရကန် နယ်နိမိတ် အာရက္ခဒေသ တစ်ခုလုံးတွင် အသီးသီးတွင်နေထိုင်ကြ သော လူမျိုးစုအသီးအသီး ကိုလည်းကောင်း
3- ရှေးရခိုင်ဘုရင်လက်ထက်မှ နေထိုင်တည်ရှိနေ သော ရခိုင်ဗုဒ္ဓဘာသာဝင်များ၊ အခြားမတူညီသော ဘာသာဝင်များကိုလည်းကောင်း
ခေါ် ဆိုခြင်းဖြစ်သည်။
အထက်ဖေါ်ပြပါ ထို လူမှုအသိုက်အဝန်းများအားလုံးတွင် တန်းတူညီမျှသော ရခိုင်ပြည်သားတစ်ယောက်၏ နိုင်ငံသားအခွင့်အရေးနှင့် တာဝန် ရှိရန် အ ကောင်အထည်ဖေါ်နေကြောင်း ULA/AA ဘက္မှ ဆိုထားသည်ကို တွေ့ရသည်။ သို့ဖြစ်၍ အထက်ပါအချက္များထဲမှ တခုခုနှင့် ကိုက်ညီသော သူတစ်ဦးဦးအား အာရကန်ပြည်သူ၊ အာရက္ခပြည်သူဟု ခေါ်ပါသည်။
နိုင်ငံရေး တန္ဖိုးအရ ဆန်းစစ်ချက်
နိုင်ငံရေးအရ လူမျိုးတစ်ခု၏ သရုပ်လက္ခဏာ ဖြစ်မှု (Identity)နှင့် နိုင်ငံသားဖြစ်မှု (Citizenship) တို့ကြားတွင် အဓိပ္ပါယ်အားဖြင့် ကွာခြားချက်ရှိသည်။ နိုင်ငံသားဖြစ်မှုတွင် လူမျိုးရေး၊ ဘာသာရေး စည်းဖြင့် တရားသေ ပိုင်းဖြတ်၍ မရနိုင်ပေ။
1- လူမျိုးတစ်ခု၏ သရုပ်လက္ခဏာဖြစ်တိုင်း နိုင်ငံသားဖြစ်သည်တော့မဟုတ်။ (ဥပမာ- ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတိုင်းသည် အာရက္ခပြည်သူလူထု ဖြစ်ချင်မှ ဖြစ်မည်။ ဥပေဒ ကြောင်းအရ အမေရိကန် နိုင်ငံသား၊ ဂျပန် နိုင်ငံသား အဖြစ်ခံယူထားသော ရခိုင်လူမျိုးများ နှင့် ရခိုင်ပြည်ဖွား အခြားလူမျိုးစုများ လည်းရှိနေတတ်၍ ဖြစ်သည်။ သို့သော် လက်ရှိ အာရက္ခ ဒေသထဲတွင် နေထိုင်လျက်ရှိနေသော ရခိုင်နှင့် ရခိုင်ပြည်ဖွား လူမျိုးစုများသည် လက်ရှိ အာရက္ခပြည်သူများဖြစ်နေသည်။)
2- နိုင်ငံသားဖြစ်တိုင်းလည်း လူမျိုးတစ်ခု၏ သရုပ်လက္ခဏာ ဖြစ်သည်တော့မဟုတ်။ (ဥပမာ- ဂျပန် နိုင်ငံသားခံယူထားသော ရခိုင်လူမျိုးတစ်ဦးသည် ဥပေဒ ကြောင်းအရ ဂျပန်နိုင်ငံသားသာဖြစ်ပြီး ဇာတိရုပ်အားဖြင့် ဂျပန်လူမျိုး၊ ဂျပန်ရုပ်သွင် ဖြစ်သွားသည် မဟုတ်ပေ။ ဥပ ဒေကြောင်းအရ သူ့တွင် ဂျပန်လူမျိုးများနှင့် တန်းတူ နိုင်ငံသားအခွင့်အရေးတော့ရှိသည်။)
3- လူမျိုးတစ်ခု၏ သရုပ်လက္ခဏာ ကိုအ ကြောင်းပြု၍လည်း နိုင်ငံသားဖြစ်မှုကို ပိတ်ပင်၍ မရ ပေ။ (ဥပမာ- ဂျပန် နိုင်ငံသားခံယူထားသော တရုတ်လူမျိုးမှ မွေးဖွားလာသော က လေးငယ်အား တရုတ်လူမျိုးမှ မွေးဖွားလာသည်ဆိုယုံမျှဖြင့် ဂျပန် နိုင်ငံသားဖြစ်မှုအခွင့်အ ရေးကို ပစ်ပယ်၍ မရ ပေ။)
သို့ဖြစ်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "နိုင်ငံရေးအရဆိုပါက ရိုဟင်ဂျာလို့ပဲ ခေါ်သည်ဖြစ်စေ၊ ဘင်္ဂါလီလို့ပဲခေါ်သည်ဖြစ်စေ၊ Chittagonian (စစ်တကောင်းနယ်သား)လို့ပဲခေါ် သည်ဖြစ်စေ ရခိုင်ဒေသကိုရောက်လာသော ရခိုင်ပြည်သားတစ်ယောက်ဖြစ်လျှင် ရခိုင်ပြည်သားတစ်ယောက်၏ နိုင်ငံသားအခွင့်အရေးက ရရမည်ဖြစ်ကြောင်း " ပြောဆိုထားပြီး Identity ပိုင်းတွင် "ရခိုင်များအား Identity အရ၊ နယ်မြေအရ စိန်ခေါ်ကာ ပြိုင်ဆိုင်ဝင်တိုးလာသည့် ပုံစံများကိုတော့ မလုပ်ကြရန်လိုကြောင်း" BBC အင်တာဗျူးတွင် ပြောဆိုထားခြင်းဖြစ်သည်။
Comments
Post a Comment