ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်ရေးကာလ စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်ရေးကာလ စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း
ထိုင်ဝမ်သည်လည်း 1940 ပြည့်လွန်ကာလများမှ 1980 ပြည့်လွန်ကာလများအထိ ကူမင်တန် (Koumintang- KMT) မ်ား၏ အာဏာရှင်ပုံစံအုပ်ချုပ်မှုကိုခံခ့ဲရသည်။ ကွန်မြူနစ် လက်ဝဲအယူအဆနှင့် အရင်းရှင် လက်ယာအယူအဆကြားအားပြိုင်မှုသည် ကိုလိုနီဘဝမွ လွတ်မြောက်စနိုင်ငံများ၌ နိုင်ငံရေးတည်ငြိမ်မှုကို ကသောင်းကနင်း ဖြစ်စေခ့ဲသည်။ ကိုးရီးယားကျွန်းဆွယ်က့ဲသို့ပင် တရုတ်ပြည်တွင်လည်း လက်ဝဲတရုတ်ကွန်မြူနစ်ပါတီနှင့် လက်ယာကူမင်တန်ပါတီကြားတွင် အာဏာလု တိုက်ပွဲများဖြစ်ခ့ဲသည်။ တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်အုပ်စုများအနိုင်ရခ့ဲပြီး ကူမင်တန်အုပ်စုမှာ ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခ့ဲရသည်။ ကူမင်တန်များအနေဖြင့် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာပြီးနောက် အုပ်ချုပ်ရေးပြန်လည်ထူထောင်ခ့ဲသည်။ ကူမင်တန်များဝင်လာပြီးနောက် ထိုင်ဝမ်ကျွန်းရှိ မူရင်းဌာနေ ပိုလီနီရှန်းအနွယ်တိုင်းရင်းသားများနှင့် ပဋိပက္ခများရှိခ့ဲသည်။
ကွန်မြူနစ်ခြိမ်းခြောက်မှုသည် ထိုင်ဝမ်အတွက် နက်ရှိုင်းသည့်ဆူးတစ်ချောင်းဖြစ်သည်။ အာရှဒေသများတွင် စစ်အေးကာလ၏ ကမ်ဘာ့စူပါပါဝါအားပြိုင်မှု၏ ကစားကွင်းဖြစ်ခ့ဲရသောနေရာများတွင် ကိုးရီးယားကျွန်ဆွယ်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ပါဝင်သည်။ ထိုင်ဝမ်တွင် အာဏာရှင်စနစ်ထွန်းကားခ့ဲရခြင်း၏ နောက်ခံအကြောင်းတရားထဲတွင် ကမ်ဘာစူပါပါဝါများ၏ ကစားကွင်းဖြစ်ခြင်း (သို်မဟုတ်) ပါဝါဆုံချက် ဒုက္ခသည်လည်း အဓိကကျသည်။ လက်ရှိတွင်တော့ ထိုင်ဝမ်ကျွန်းသည် စီးပွားရေးတိုးတက်နေသည့် ဒီမိုကရက်လူ့အဖွဲ့အစည်းဖြစ်နေပြီဖြစ်သည်။ ထိုင်ဝမ်၏ လက်ရှိတိုးတက်နေသော စီးပွားရေး၏ အခြေခံအုတ်မြစ်များသည် ကူမင်တန်များ၏ အာဏာရှင်အုပ်ချုပ်မှုကာလတွင် အခြေတည်လာခြင်းဖြစ်သည်။ကူမင်တန်များ၏ အာဏာရှင်အုပ်ချုပ်မှုကာလအတွင်း ထိုင်ဝမ်၏ စီးပွားရေးကို တိုးတက်စေခ့ဲသော အချက်အချို့ကို သုံးသပ်တင်ပြလိုက်ပါသည်။
အမေရိကန် ထီးရိပ္ခို
ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်မှုကာလ စီးပွားရေးဖွံ့ဖြိုးမှုပုံစံသည် တောင်ကိုးရီးယားပုံစံနှင့် နီးစပ်တူညီမှုရှိသည်။ လက်ဝဲကွန်မြူနစ်များနှင့် လက်ယာအရင်းရှင်စနစ်ကြား အားပြိုင်မှု ကစားကွင်းဖြစ်မှုကလည်း တူညီကြသည်။ အမေရိကန်ထီးရိပ်အောက်တွင် အကာအကွယ်ယူမှုကြောင့် အမေရိကန်၏ ဈေးကွက်ကိုဝင်ရောက်နိုင်ခြင်း၊ အရင်းအနှီး၊ အထောက်အပံများနှင့် နည်းပညာအကူအညီများရခြင်း၊ အမေရိကန်နှင့် ကာကွယ်ရေး၊လုံခြုံရေးတို့တွင် ပေါင်းစည်းနိုင်ခြင်းကြောင့် ကာကွယ်ရေးစရိတ်သက်သာခြင်း စသည့်အကျိုးအမြတ်များရရှိပုံကတူပါသည်။ မတူညီသည့်အချက်က တောင်ကိုးရီးယားတွင် အခွင်ထူးခံ လုပ်ငန်းအုပ်စုကြီးများ ပေါ်ထွက်လာခ့ဲပြီး ထိုင်ဝမ်တွင်တော့ အေသးစား၊ အလတ်စားလုပ်ငန်းများ၏ အခန်းကဏ္႑မြင့်မားခ့ဲခြင်းဖြစ်သည်။
ထိုင်ဝမ်အာဏာရှင်များက စီးပွားရေးအပေါ်တွင် ဝင်ရောက်စွက်ဖက်မှုကြီးမားခ့ဲသည်။ အရေးပါသော လုပ်ငန်းများနှင့် အရင်းအမြစ်များကို အစိုးရထိန်းချုပ်ထားသည်။ ထိုင်ဝမ်၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်ရေး နိုင်ငံတကာကောင်စီ (Council for International Economic Cooperation and Development (CIECD)) က့ဲသို့သော အင်စတီကျူးရှင်းများကို တည်ထောင်ကာ စီးပွားရေးမဟာဗျူဟာများကို ရေးဆွဲချမှတ်လာခ့ဲသည်။ နိုင်ငံခြားသို့ ပို့ကုန်ထုတ်လုပ်ပြီး တင်ပို့နိုင်ရန်ဦးတည်ချက်ဖြင့် အချို့လုပ်ငန်းများကို အထူးဦးစားပေးလာခ့ဲသည်။ ထိုလုပ်ငန်းများအား အခွန်ဖြေလျော့ထားခြင်း၊ အရင်းအနှီး အပံအပိုးများပေးကာ ပြည်ပမှ ထုတ္ကုန္မ်ား၏ ယှဉ်ပြိုင်မှုမှလည်း အကာအကွယ်ပေးထားသည်။ တနည်းအားဖြင့် တောင်ကိုးရီးယား အခွင့်ထူးခံလုပ်ငန်းအုပ်စုများနည်းတူ ပြည်တွင်း ဈေးကွက်အားလက်ဝါးကြီးအုပ်ခိုင်းထားသည်။ 1960 ပြည့်လွန်ကာလများတွင်တော့ ဈေးကွက်ယှဉ်ပြိုင်မှုကိုခွင့်ပြုပေးလိုက်ပြီး ပြည်ပသို့တင်ပို့နိုင်သော ကုန်ပစ္စည်းများကို ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများဘက်သို့ ပြောင်းလဲလာနိုင်ခ့ဲသည်။ ပို့ကုန်ထုတ်လုပ်ရေးဇုန် (Export Processing Zones- EPZ) များကိုထည်ထောင်ကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်ခ့ဲသည်။ EPZ များအတွက် အခြေခံလိုအပ်ချက်များကို ပြည့်မှီအောင်တည်ဆောက်လာသည်။ အခွန်ဖြေလျော့ပေးသည့်အစီအမံများဖြင့် ပြည်ပပို့ကုန်အတွက် ကုန်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုများကို မက်လုံးပေးဆွဲဆောင်ခ့ဲသည်။နိုင်ငံခြားနှင့်ကုန်သွယ်ရေးတွင် တည်ငြိမ်မှုရှိခြင်းနှင့် "ယှဉ်ပြိုင်တင်ပို့နိုင်စွမ်း (Competitive Exchange Rate)" ရှိမှုကလည်း နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများကို မျက်စိကျစရာဖြစ်စေသည်။ ထိုင်ဝမ်အာဏာရှင်များအနေဖြင့် ပြည်ပသို့ပို့ကုန်ကဏ္႑အတွက် လိုအပ်သော အရင်းအနှီးများ ပံပိုးခြင်း၊ ဈေးကွက်များရှာပေးခြင်းနှင့် ထုတ်ကုန်ပစ္စည်းအရည်အသွေးပြည့်မှီစေရန် လိုအပ်သော အထောက်အပံများပေးခြင်းတို့ကို အားစိုက်ဆောက်ရွက်ခ့ဲသည်။ တောင်ကိုးရီးယားက့ဲသို့ပင် ထိုင်ဝမ်တွင်လည်း ဈေးကွက်လိုအပ်ချက်အရ ကုန်ပစ္စည်းအရည်အသွေးက နည်းပညာကိုတောင်းဆိုလာသည်။ နည်းပညာကို တောင်းဆိုလာသောအခါ ထိုင်ဝမ်အာဏာရှင်များ အနေဖြင့် ပညာရေးနှင့် လူသားအရင်းအမြစ်များတွင် ငွေသုံးပေးရတော့သည်။ ထိုင်ဝမ်အာဏာရှင်များသည်လည်း ပညာရေးကဏ္႑အသီးသီးတွင် အလုံးအရင်းဖြင့် ငွေကုန်ကျခံကာ တည်ဆောက်သည်။ သက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ သင်တန်းများတွင်လည်း ထိုင်ဝမ်အာဏာရှင်အစိုးရမှ ရင်းနှီးမြုပ်နှံထားသည်။ ဤသို့ဖြင့် ပညာတတ်သော၊ နည်းပညာနှင့် ကျွမ်းကျင်မှုရှိသော လုပ်သားအရင်းအမြစ်များအားကောင်းလာတော့သည်။
ချေယီဘို (Cheabols)မ်ားအစား SME ကိုသာရှေ့တန်းတင်ပေးသော ထိုင်ဝမ်အာဏာရှင်များ
စီးပွားရေးအား ဆွဲတင်ရာတွင် တောင်ကိုးရီးယားအာဏာရှင်များက ချေယီဘို အုပ်စုများကိုမွေးထုတ်ကာ ဆွဲတင်သော်လည်း ထိုင်ဝမ်အာဏာရှင်များကတော့ ထိုသို့မပြုလုပ်ခ့ဲပေ။ ထိုင်ဝမ်အာဏာရှင်များက ( Small and Medium Enterprises (SMEs)) အေသးစား၊ အလတ္စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးစေခ့ဲသည်။ စီးပွားရေးလုပ်ငန်းများကို ကနဦးပိုင်းတွင် ထိုင်ဝမ်အာဏာရှင်များက ထိန်းချုပ်ထားသည်။ ထိုစီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့လွဲပြောင်းရာတွင် ခရိုနီ လက်ဝါးကြီးအုပ်ဝါဒစနစ် ပေါ်မလာနိုင်အောင်အားစိုက်ကာ SMEs များဖြင့် ကွန်ရက်ဖြန့်တည်ဆောက်နိုင်ခ့ဲခြင်းဖြစ်သည်။ ထိုင်ဝမ်၏ SMEs များအတွက် လိုအပ်သောနည်းပညာ၊ အရင်းအမြစ်၊ လုပ်သားကျွမ်းကျင်မှု၊ ဈေးကွက် စသည့်လိုအပ်ချက်များတွင် ထိုင်ဝမ်အာဏာရှင်များက အပံအပိုးများပေးခ့ဲသည်။ ဈေးကွက်၏ လိုအပ်ချက်ကိုလိုက်၌ အပြောင်းအလဲကို ချက်ချင်းပြုလုပ်နိုင်ခြင်း၊ SMEs လုပ်ငန်းအချင်းချင်းကြားတွင် ကွန်ရက်သဖွယ်ခြိတ်ဆက်ဆောင်ရွက်မှုက အားကောင်းခြင်း တို့်ကြောင့် ထိုင်ဝမ်၏ SMEs မ်ား၏ အရည်အသွေးများဖြစ်သည်။ ထိုင်ဝမ်အာဏာရှင်များသည် စီးပွားရေးနှင့် လူမှုအဆောက်အအုံအပေါ် တောင်ကိုးရီးယားအာဏာရှင်များထက် စိတ်ရှည်စွာ အသေးစိတ်ခေါင်းစားခံပေးသည်ဟု ဆိုရမည်ဖြစ်သည်။ တောင်ကိုးရီးယားက့ဲသို့ လူမှုသြဇာအာဏာရှိသော အခွင့်ထူးခံစီးပွားရေးအလွှာ မျိုးက ထိုင်ဝမ်တွင် ပေါ်မလာခ့ဲပေ။ ဈေးကွက်အား လက်ဝါးကြီးအုပ်စနစ်အား ထိုင်ဝမ်အာဏာရှင်များက SMEs ဖြင့် တိုက်ဖျက်ပြသွားခ့ဲသည်။
မြေယာပြုပြင်ပြောင်းလဲရေးကို သက်ဆိုင်ရာအုပ်စု အားလုံးပါဝင်သော ငြိမ်းချမ်းသည့်လမ်းကြောင်းဖြင့် 1950 ပြည့်လွန်ကာလများတွင် ဆောင်ရွက်နိုင်ခ့ဲသည်။ မြေယာအားပြန်လည်ခွဲဝေပေးရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် ရိုးရာအစဉ်အလာအရ မြေရှင်ကြီးများ၊ မြေဧကများစွာ ပိုင်သောသူများကြားတွင် ပဋိပက္ခမဖြစ်ခ့ဲပေ။ မြေယာအားပြန်လည်ခွဲဝေပေးရေးက စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်လာနိုင်သည်။ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှုသည် အစားအစာဖူလုံမှုနှင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းပေါများမှုကိုဖြစ်စေသည်။စိုက်ပျိုးရေးထုတ်ကုန်များကို စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးများများပြုလာသောအခါ စိုက်ပျိုးရေးထုတ်ကုန်များအား များများထုတ်၊ များများရောင်း ဘက်ကိုရောက်စေတော့သည်။ စိုက်ပျိုးရေးထုတ်ကုန်များ များများထုတ်၊ များများရောင်းခြင်းသည် "အဝယ်လိုက်ခြင်း"ဖြစ်သည်။ ထိုင်ဝမ်အာဏာရှင်များ၏လက်ထက် မြေယာပြုပြင်ပြောင်းလဲဝေခြမ်းရေးကြောင့် လူထုကြား ဝင်ငွေမညီမျှမှုပြဿနာကို နည်းစေခ့ဲသည်။ မြေယာပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ အကျိုးအမြတ်များ ထိုင်ဝမ်အတွက်ရှိခ့ဲသော်လည်း အချို့သော ဒေသခံလူမျိုးစုများအတွက်တော့ ထိခိုက်နာကျင်မှုများရှိခ့ဲသည်။
ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းများမှ ထိုင်ဝမ်အာဏာရှင်စီးပွားရေးတိုးတက်မှုကို ဆန်းစစ်ခြင်း
ထိုင်ဝမ်အာဏာရှင်များ၏ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်သည် ဆိုရှယ်ဒီမိုကရေစီပုံစံတော့မဟုတ်ပေ။ စီးပွားရေးတည်ဆောက်မှုအားလေ့လာရာတွင်တော့ ဆိုရှယ်ဒီမိုကရက်စံနှုန်းနှင့် ကိုက်ညီသော လုပ်ရပ်အချို့ရှိခ့ဲပါသည်။ ပညာရေးနှင့် လူသားအရင်းအမြစ်များကို ရင်းနှီးမြုပ်နှံခြင်း ၊ အေသးစား၊ အလတ်စားလုပ်ငန်းများနှင့်ပတ်သက်၍ အစိုးရမွ အထောက်အပံများပေးခြင်း၊ ဈေးကွက်လွတ်လပ်ခွင့်ပေးခြင်း စသည့်အချက်များဖြစ်သည်။
ပါဝါဆုံချက် ဒုက္ခနှင့် အနီးအနားတရုတ်ပြည်မရှိ ကွန်မြူနစ်များ၏ ခြိမ်းခြောက်မှုက ကူမင်တန်ပါတီအား စစ်ရေးအခြေအနေ၊ လုံခြုံရေးအခြေအနေက ဦးစားပေးဖြစ်ပုံရသည်။ ကာကွယ်ရေးနှင့်လုံခြုံရေးအခြေအနေကြောင့် စစ်အုပ်ချုပ်ရေးကို ကြေငြာခ့ဲသည်။ တာညောင်းရှည် စစ်အုပ်ချုပ်ရေးမျိုးက ကူမင်တန်ပါတီအား အာဏာရှင်အုပ်ချုပ်မှုဘက်ကို ရောက်စေခ့ဲသည်။ 1940 ပြည့်လွန်ကာလများမှ 1980 ပြည့်လွန်ကာလများအထိ ထိုင်ဝမ်သည် တပါတီစနစ်အုပ်ချုပ်ရေးပုံစံကိုကျင့်သုံးနေခ့ဲသည်။ အမွန္ကေတာ့ ကူမင်တန်တို့၏ တပါတီအုပ်ချုပ်ရေးပုံစံကို ကျင့်သုံးနေခြင်းသည် "တရုတ်ကွန်မြူနစ်ပါတီ" ကိုကြောက်၍သာဖြစ်သည်။ အမေရိကန်ထီးရိပ်ခိုအောက်တွင် ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာအခြေအနေဆိုသည်က အကြောင်းပြချက်သာဖြစ်သည်။
ထိုင်ဝမ်၏ ဒီမိုကရက်တိုက်ဇေးရှင်းသည် တောင်ကိုးရီးယား ဒီမိုကရေစီတိုက်ဇေးရှင်းလောက်တော့ လူထုမွာ အထိမနာခ့ဲပေ။ 1987 ခုနှစ်တွင် ထိုင်ဝမ် တပါတီကူမင်တန်အာဏာရှင်များက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်သည်။ ထိုင်ဝမ်လူထုအနေဖြင့် ပညာရေးနှင့် ကုန်ထုတ်လုပ်မှု မြင့်မားသောရေချိန်ကိုလည်း ရောက်ရှိနေပြီး တပါတီအုပ်ချုပ်မှုအပေါ် အားပြိုင်လာချိန်လည်းဖြစ်သည်။ ထိုင်ဝမ် ကူမင်တန်တပါတီအာဏာရှင်များကိုယ်တိုင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြုလာရတော့သည်။ ထိုင်ဝမ်၏ တစ်ပါတီ ကူမင်တန်အုပ်ချုပ်ရေးကာလတွင် နိုင်ငံလုံးဆိုင်ရာညီလာခံ (National Assembly) ရှိသည်။ ထိုညီလာခံက ထိုင်ဝမ်၏သမ္မတကို ရွေးပေးရသည်။ ထိုညီလာခံကိုယ္စားလွယ္မ်ားကို လူထုကရွေးပေးရသည်။ ထိုင်ဝမ်၌ National Assembly ကိုယ်စားလှယ်ရွေးကောက်ပွဲအား 1947 ခုနှစ်တွင်နောက်ဆုံးကျင်းပခ့ဲသည်။ 1947 ခုနှစ်မှ စတင်ကာ တာဝန်ယူထားသော ကိုယ်စားလှယ်နှင့် ညီလာခံသည် ထိုင်ဝမ်၏ သမ္မတကို ရွေးချယ်ပေးနေဆဲဖြစ်သည်။ ထိုညီလာခံကို သရော်သောအားဖြင့် ထိုင်ဝမ်လူထုက "နှစ်တစ်သောင်းသက်တမ်းရှိသော ညီလာခံ (Ten Thousands Year Assembly)" ဟုခေါ်ကြသည်။ ဤသို့ဖြင့် အမြီးအမောက်မတည့်မှုများကို ထိုင်ဝမ်လူထုသည် စိတ်မရှည်ဖြစ်လာပုံရသည်။1990 ခုနှစ် မတ်လတွင် ကျောင်းသားလူငယ်များကဦးဆောင်၍ ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲများ လမ်းမပေါ်တွင် ပေါ်ထွက်လာတော့သည်။ ထိုဒီမိုကေရစီ တောင်းဆိုမှုအား " ဖော်မိုဆာ လီလီပန်းလှုပ်ရှားမှု သို့မဟုတ် တောရိုင်းလီလီပန်းလှုပ်ရှားမှု (Wild lily movement) အဖြစ်ခေါ်ဆိုကြသည်။
"နှစ်တစ်သောင်း သက်တော်ရှည် ညီီလာခံ"မှာလည်း တောရိုင်းလီလီပန်းလှုပ်ရှားမှုကြောင့် အသက်မဆက်နိုင်တော့ဘဲ ဖျက်သိမ်းလိုက်ရသည်။တစ်ပါတီ ကူမင်တန်အုပ်ချုပ်သူ သမ္မတ လီတန်ဟွိုင် (Lee Teng Hui) က ကျောင်းသားများနှင့် တွေ့ဆုံကာ ထိုင်ဝမ်အား ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရန် ကတိကဝတ်ပြုပေးခ့ဲသည်။ 1996 ခုနှစ်တွင် လွတ်လပ်သော သမ္မတရွေးကောက်ပွဲကို ပါတီစုံဒီမိုကရေစီစနစ်ဖြင့် စတင်ကျင်းပနိုင်ခ့ဲသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အစပြုသည့် 1996 ခုနှစ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခ့ဲသူမှာလည်း ကူမင်တန်ပါတီနှင့် သမ္မတလီတန်ဟွိုင်သာဖြစ်သည်။ လီတန်ဟွိုင်လေးနှစ်သက်တမ်းပြည့်ပြီးနောက် 2000 ပြည့်နှစ်ရွေးကောက်ပွဲတွင် DPP ပါတီကအနိုင်ရကာ ချန်ရွှိုင်းဗျန် (Shen Shui Bian) က သမ္မတဖြစ်လာခ့ဲသည်။ လီတန်ဟွိုင်က ချန်ရွှိုင်းဗျန်းထံ အာဏာလွဲပြောင်းမှုသည် ငြိမ်းချမ်းစွာဖြစ်ပေါ်ခ့ဲသည်။
ထိုင်ဝမ်၏ တစ်ပါတီအာဏာရှင်အုပ်ချုပ်ရေးသင်ခန်းစာနှင့် အာရက္ခလူ့ဘောင်အပေါ် ဆန်းစစ်ချက်
ထိုင်ဝမ်တွင် တစ်ပါတီအာဏာရှင်ပုံစံဖြစ်ပေါ်ခ့ဲမှုသည် ကွန်မြူနစ် တရုတ်ပြည်နှင့် ပါဝါအားပြိုင်မှုကြောင့်ဖြစ်သည်။ တောင်ကိုးရီးယားတွင်လည်း အာဏာရှင်ပေါ်လာခြင်းမှာ ကွန်မြူနစ်များနှင့် အားပြိုင်မှုကြောင့်ဖြစ်သည်။ သို့သော် ထိုင်ဝမ်ရော၊ တောင်ကိုးရီးယားပါ အာဏာရှင်ပုံစံဖြစ်ခ့ဲသော်လည်း အမေရိကန်ထီးရိပ်ကိုခိုနိုင်ခ့ဲသည်။ ထိုအတွက်လည်း အရင်းရှင်စီးပွားရေးပုံစံက လမ်းကြောင်းသွယ်ဖယ်မသွားခ့ဲပေ။ အာရက္ခလူ့ဘောင်သည်လည်း အာရက္ခတပ်တော်မှ ရခိုင်ပြည်နေရာအားလုံးကို ထိန်းချုပ်နိုင်ခ့ဲပြီဆိုသည့်တိုင်အောင် တိုင်ဝမ်နှင့် တရုတ်ပြည်အားပြိုင်သက့ဲသို့ စကစနှင့် အားပြိုင်မှုကလည်း အချိန်ကာလတစ်ခုထိ ဆက်ရှိနေမည်သာဖြစ်သည်။ တဖက်တွင် ARSA၊ RSOနှင့် ARA တို့်က့ဲသို့ အကြမ်းဖက်လက်နက်ကိုင်အုပ်စုများကလည်း ရှိနေမည်ဖြစ်သည်။ ထိုက့ဲအားပြိုင်မှုများက အာရက္ခလူ့ဘောင်အား ကာလတာရှည်သည့် တစ်ပါတီအုပ်ချုပ်ရေးနှင့် စစ်အုပ်ချုပ်ရေးပုံစံဘက်ကို ရောက်ရှိစေနိုင်ပါသည်။ အရင်းရှင်စီးပွားရေးကို အခြေပြုကာ ဒီမိုကရက်စံနှုန်းကိုကျင့်သုံးသည့် အမေရိကန်က့ဲသို့ နိုင်ငံများ၏ထီးရိပ်သည်လည်း အာရက္ခလူ့ဘောင်အပေါ် လက်ရှိ အခြေအနေတွင် ကျရောက်လာနိုင်ချေလည်းမရှိပေ။ လက်ရှိကမ်ဘာကြီး၌ အမေရိကန်နှင့် အနောက်အုပ်စုများမှ တင်သွင်းသော ဒီမိုကရေစီသည် အချို့နေရာဒေသများ၌ မအောင်မြင်တတ်သည်မှာမှန်သော်လည်း ရုရှား၊ တရုတ်တို့က့ဲသို့ နိုင်ငံများ၏အကူအညီဖြင့် စီးပွားရေးထောင်တက်သွားသော လူ့အဖွဲ့အစည်းဆိုသည်မှာလည်း ယနေ့အထိ မရှိသေးပေ။ အကယ်၍သာ တောင်တရုတ်ပင်လယ်ပြင်အတွင်း တင်းမာမှုများက ဆက်ရှိနေလျှင်တော့ အာရက္ခဒေသသည် အားပြိုင်မှုပြင်းထန်သည့် ပါဝါဆုံချက်နေရာများထဲမှ တစ်ခုလည်း ဖြစ်သွားနိုင်စရာရှိသည်။ ထိုသို့ဖြစ်နေလျှင် နောက်ထပ်ဇတ်ကောင်အသစ်များလည်း ပေါ်လာနိုင်ချေရှိပါသေးသည်။ ဤသို့ဖြင့် အာရက္ခလူ့ဘောင်သည် အားပြိုင်မှုအသီးသီးကြားတွင် "စစ်ပုံသွင်းခံထားရသော လူ့ဘောင်" ဘက်ကိုလည်း ရောက်သွားနိုင်စရာရှိနေပါသေးသည်။ လက်ရှိတွင်ပင် ARSA၊ RSO၊ ARA တို့ကြောင့် လူမျိုးစုငယ်တချို့အပေါ် စစ်ပုံသွင်း ဝန်ထုတ်ဝန်ပိုးများ ဖြစ်လာသည်ကို တွေ့နေရသည်။ အရင်းရှင်စနစ်နိုင်ငံများ၏ စောင်မမှုမရှိဘဲ "စစ်ပုံသွင်း ဝန်ထုတ်ဝန်ပိုးသည် အချိန်ကြာလာသည်နှင့်အမျှ လူမျိုးစုငယ်များနှင့် အောက်ခြေလူထုအပေါ် ကြီးစွာရိုက်ခတ်လာမည်လည်းဖြစ်သည်။
ထိုင်ဝမ်၏ အာဏာရှင်များက စီးပွားရေးကို ဆွဲတင်ရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဆွဲတင်ခ့ဲသည်။ အာရက္ခလူ့ဘောင်တွင်တော့ အေသးစား၊ အလတ်စားလုပ်ငန်းများနှင့်ပတ်သက်၍ အုပ်ချုပ်သူများက စိတ်ဝင်စားပုံလည်းမရေချေ။ ဖြစ်တန်ရာအရှိဆုံးက ခရိုနီလူတန်းစားသစ်တရပ်ကို ထပ်ပေါ်လာရန်သာ တာစူနေပုံရသည်။ ထိုထက်မက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သစ်တောစသည့်ကဏ္႑များတွင် အချောင်နိုက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၊ လက်ဝါးကြီးအုပ်မှုများ၊ ကိုသာ ခေတ်သစ်ခရိုနီများက အာရက္ခဘောင်ထဲ ဆွဲခေါ်လာနိုင်ချေလည်းရှိနေသည်။ ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အာရက္ခလူ့ဘောင်၏ အုပ်ချုပ်သူများထံမှ မည်သည့်မှတ်ချက်မှ ကြားရခြင်းလည်းမရှိသေးပေ။ မိမိ၏ ပြည်တွင်းဈေးကွက်ကို ကျားကန်ခြင်းဆိုသည်မှာ နည်းပညာနှင့် ပညာညဏ္ကို ဗဟိုပြုကာ ချဉ်းကပ်သည့် ပုံစံမဟုတ်သေးပေ။ ပြည်မဖြစ်အရက်များကို ပိတ်ပင်သည်ဟုဆိုကာ အစားထိုးဒေသထုတ်အရက်များကို မသောက်ချင်လည်းသောက်၊ သောက်ချင်လည်းသောက် ပုံစံမျိုးသာဖြစ်နေသည်။ ပြည်တွင်းဈေးကွက်အပေါ် မိမိ၏ဒေသထွက်ကုန်အတွက် ဦးစားပေးစဉ်းစားမှုသည် အမှားတော့မဟုတ်ပေ။ သို့ရာတွင် ထုတ်ကုန်တစ်ခုပေါ်လာလျှင် အုပ်ချုပ်သူဘက်မှ အရည်အသွေးကိုပိုမြင့်တင်ရန် အထောက်အပံများပေးခြင်းနှင့် ဈေးကွက်အား ပြည်တွင်းထက် ပိုမိုကျယ်ပြန့်စေရန် နည်းလမ်းရှာခြင်းမျိုးကား လက်ရှိအနေအထားထိ ဘယ်မှာမှန်းမသိ။ မီဇိုရမ်သည် ဝက်သားလိုအပ်ချက်မြင့်မားသော နေရာဖြစ်သည်။ မီဇိုရမ်၏ ဒေသရာသီဥတုနှင့် ဝက်မွေးမြူရေးသည် စိန်ခေါ်ချက်ရှိနေသည်။ အကယ်၍ ဝက်သားခြောက်က့ဲသို့ ထုတ်ကုန်မျိုးသည် မီဇိုရမ္ထံ နှုန်းထားသက်သက်သာသာနှင့် တင်သွင်းနိုင်ပါက အဆင်ပြေနိုင်သည်။ အာရက္ခပြည်၏ ဝက်မွေးမြူရေးသည် မီဇိုရမ်လောက်လည်း ရာသီဥတုဆိုင်ရာစိန်ခေါ်ချက်မရှိပေ။ လက်ရှိတွင် မီဇိုရမ်ပေါ်လစီအရ ရောင်းသူနေရာတွင်နေပြီး ဝယ်သူနေရာတွင် အာရက္ခပြည်ကရှိနေပစေအုံးတော့။ အကယ်၍ မီဇိုရမ်၏ လိုအပ်ချက်အား သက်သက်သာသာနှင့် အထောက်အကူပြုပေးနိုင်ပါက ထိုကုန်ပစ္စည်းသည် ဈေးကွက်ရှိနေမည်သာဖြစ်သည်။ ဘင်္ဂလားဒေရ့ှ်သည်လည်း ငါးလိုအပ်ချက်များရှိနေသည်ပင်။ အာရက္ခဒေသ၏ မတည်ငြိမ်မှုက မြန်မာ ဘင်္ဂလားကုန်သွယ်မှုကိုထိခိုက်ခ့ဲသည်။ ထိခိုက်သောကြောင့် ဘင်္ဂလားဒေရ့ှ်သည် ငါးလိုအပ်ချက် ပျောက်မသွားပေ။ အကျိုးဆက်က ဘင်္ဂလားငါးဖမ်းဘုတ်များ အာရက္ခရေပိုင်နက်ထဲ ဝင်ငါးဖမ်း၍ အာရက္ခတပ်တော်က လို်က်ဖမ်းနေရသည်ဆိုယုံဖြင့်လည်း ပြီးသွားမည့်ကိစ္စမဟုတ်။ စိန်ခေါ်ချက်ကို အခွင့်အရေးအဖြစ်အသုံးချရန် ULA သည်ထက်သန်သော အဖွဲ့အစည်းဖြစ်သည်ဟု ကြွေးကြော်ထားမှုကရှိသည်။ ဘင်္ဂလားဒေရ့ှ်၏ ငါးလိုအပ်ချက်ကိုလည်း တနည်းတဖုံဖြည့်ဆည်းနိုင်ရန်နှင့် အာရက္ခဒေသ၏ ငါးလုပ်ငန်းလည်ပတ်စေရန် နည်းလမ်းကိုတော့ ရှာရမည်ဖြစ်သည်။
ထိုင်ဝမ်၏ ကူမင်တန်တပါတီအာဏာရှင်များကတော့ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် စိတ်ရှည်ခ့ဲကြသည်။ အကျိုးဆက်က တောင်ကိုးရီးယားလိုမျိုး စီးပွားရေးအခွင့်ထူးခံများ သိပ်ပေါ်မလာဘဲ စီးပွားရေးက တိုးတက်ခ့ဲသည်။ အာရက္ခလူဘောင်၏ အုပ်ချုပ်ရေးထဲတွင် ပါဝင်နေသူအချို့ကလည်း ပြန်လည်တည်ထောင်စ အာရက္ခပြည်အား တစ်ပါတီပုံစံဖြင့် ချီတက်မှုကို သဘောကျနေကြသည်။ သို့သော် ထိုင်ဝမ်အာဏာရှင်များလိုမျိုး အသေးစားနှင့် အလတ်စားလုပ်ငန်းများကို စိတ်ရှည်မှုရှိမည်လားတော့ မပြောတတ်ပေ။ ထိုင်ဝမ် အာဏာရှင်များက ထိုင်ဝမ်၏ ဒီမိုကရေစီတိုက်ဇေးရှင်းကို လိုလိုလားလားနှင့်ပြုလာခ့ဲသည်။ အာရက္ခလူ့ဘောင်၏ ဒီမိုကရေစီတိုက်ဇေးရှင်းကို အာရက္ခပြည်၏ အုပ်ချုပ်သူများက ကာလမည်မျှသတ်မှတ်မည်ကိုတော့ မသိ။ သို့မဟုတ် တပါတီဦးဆောင်မှုပုံစံဖြင့် အာရက္ခလူ့ဘောင်အတွက် ဒီမိုကေရစီတန္ဖိုးမ်ားကို အုတ်မြစ်ချတည်ဆောက်မည်လားတော့မသိ။ အာရက္ခပြည်၏ အနာဂတ်ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် တောင်ကိုးရီးယားလောက်လည်း အထိမနာစေလို၊ ထိုင်ဝမ်က့ဲသို့ တောရိုင်းပန်း လီလီယန် ဖော်မိုဆာနမ် လှုပ်ရှားမှုမျိုးဖြင့်သာ သိမ့်မွေ့စေချင်ပါသည်။
ဓာတ်ပုံ မူရင်းတိုင်ပေတိုင်းမ်
Wild Lily Movement
https://www.taipeitimes.com/News/feat/archives/2016/03/13/2003641448
Comments
Post a Comment