ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်ရေးကာလ စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း-2 နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ ထိုင်ဝမ်၏ အာဏာရှင်အုပ်ချုပ်ရေးကာလ စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း ထိုင်ဝမ်သည်လည်း 1940 ပြည့်လွန်ကာလများမှ 1980 ပြည့်လွန်ကာလများအထိ ကူမင်တန် (Koumintang- KMT) မ်ား၏ အာဏာရှင်ပုံစံအုပ်ချုပ်မှုကိုခံခ့ဲရသည်။ ကွန်မြူနစ် လက်ဝဲအယူအဆနှင့် အရင်းရှင် လက်ယာအယူအဆကြားအားပြိုင်မှုသည် ကိုလိုနီဘဝမွ လွတ်မြောက်စနိုင်ငံများ၌ နိုင်ငံရေးတည်ငြိမ်မှုကို ကသောင်းကနင်း ဖြစ်စေခ့ဲသည်။ ကိုးရီးယားကျွန်းဆွယ်က့ဲသို့ပင် တရုတ်ပြည်တွင်လည်း လက်ဝဲတရုတ်ကွန်မြူနစ်ပါတီနှင့် လက်ယာကူမင်တန်ပါတီကြားတွင် အာဏာလု တိုက်ပွဲများဖြစ်ခ့ဲသည်။ တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်အုပ်စုများအနိုင်ရခ့ဲပြီး ကူမင်တန်အုပ်စုမှာ ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခ့ဲရသည်။ ကူမင်တန်များအနေဖြင့် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာပြီးနောက် အုပ်ချုပ်ရေးပြန်လည်ထူထောင်ခ့ဲသည်။ ကူမင်တန်များဝင်လာပြီးနောက် ထိုင်ဝမ်ကျွန်းရှိ မူရင်းဌာနေ ပိုလီနီရှန်းအနွယ်တိုင်းရင်းသားများနှင့် ပဋိပက္ခများရှိခ့ဲသည်။ ကွန်မြူနစ်ခြိမ်းခြောက်မှုသည် ထိုင်ဝမ်အတွက် နက်ရှိုင်းသည့်ဆူးတစ်ချောင...