ပေါက်ပင်ကိုင်းသောကြောင့်

 ပေါက်ပင်ကိုင်းသောကြောင့်


အာရက္ခဒေသ၏ လူမှုစီးပွားဘဝသည် လက်ရှိအခြေအနေထိ အကြပ်အတည်းဆိုက်နေမှုတွင်သာရှိပါသေးသည်။ လက်ရှိ အာရက္ခပြည်၏ လူမှုစီးပွားဘဝ အကြပ်အတည်းမှာ "စီးပွားရေးပြိုလဲမှု" ကြောင့်ဖြစ်သည်။ "စီးပွားရေးပြိုလဲမှု" တွင် ပြိုလဲရသည့် အကြောင်းတရားနှင့် ပြိုလဲမှုကြောင့် ရိုက်ခတ်ခံရသည့် အကျိုးဆက်များရှိသည်။ လက်ရှိ အာရက္ခပြည်၏စီးပွားရေးပြိုလဲမှုသည် "စကစမွ အာရက္ခဒေသအား စီးပွားရေးပိတ်ဆို့မှုကြောင့်" ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာရက္ခဒေသတွင်  "စကစဘက်မှ စီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နိုင်လောက်သော စီးပွားရေးလည်ပတ်မှု" ရှိမနေခ့ဲဟု ပြန်ဖြေရမည့်ဖြစ်သည်။ ဤအချက်သည် ရခိုင်ပြည်ဘက်မှ ပြည်မဘက်ကို စီးပွားရေးနှင့် အခြားအခြေခံအဆောက်အအုံများကို မှီခိုမှုအများအပြားရှိနေသောကြောင့်ဖြစ်သည်။ ထိုသို့မှီခိုနေရမှုများနေစေရန်လည်း နိုင်ငံရေးစနစ်အရ သွပ်သွင်းခြင်းခံထားရသည်။ အာရက္ခပြည်၏ စစ်ဘေးကင်းဝေးနေခ့ဲသော ကုန်လွန်ခ့ဲသည့် ဆယ်စုနှစ် များအတွင်း အာရက္ခ ဒေသသည် ဖွံ့ဖြိုးတိုးတက်မှုမှာ ဖြစ်ထွန်းမှုမရှိခ့ဲဘဲ  မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံး ဒေသအဖြစ်စာရင်းခြိတ်နေခ့ဲသည်။ ဤသည်များက လက်ရှိပေးထားချက်များပင်ဖြစ်သည်။ 


-(ဒေသန္တရစီးပွားရေး)


လက်ရှိအခြေအနေတွင် အာရက္ခပြည်၏ စီးပွားရေးအား ပြန်လည်နာလန်ထ နှိုးဆွနိုင်ရန်အတွက် လိုအပ်ချက်ပေါင်းများစွာ ရှိနေသည်။ ပြန်လည်နာလန်ထ နှိုးဆွမှုဟူသည် စီးပွားရေးအား ကျမ်းမာသန်စွန်းသည့် အဆင့်ကို ဆိုလိုသည်မဟုတ်သေး။ ပြန်လည်စတင်နိုင်ရန်ကနဦးအစပျိုးရန်အတွက် အားစိုက်ရမည့် အခ်က္ကို ဆိုလိုရင်းသာဖြစ်သည်။ အာရက္ခပြည်တစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာ အစီအမံများဆိုလောက်​သော ကျယ်ပြန့်သောမူဝါဒများကို ရေးဆွဲရန်ဆိုသည်မှာလည်း သီအိုရီမ်ား စံနှုန်းများကို ရေရွတ်ပြနေယုံဖြင့်လည်း အလုပ်မဖြစ်နိုင်သေးပေ။ ဤသို့ဆိုလိုက်၍ သီအိုရီမ်ား စံနှုန်းများကိုအခြေခံံသည့် တပြည်လုံးဆိုင်ရာ စီးပွားရေးမူဝါဒ လုပ်ငန်းစဉ်များမလိုအပ်ဟု ဆိုလိုသည်ကားမဟုတ်။ လက္႐ွိတြင္မိမိတို့၏ ရပ်ရွာအဆင့် ဒေသန္တရအဆင့် စီးပွားရေးလုပ်ငန်းများကိုပြန်လည်လည်ပတ်ရန်အတွက် မည်သို့မည်ပုံပြုလုပ်ရမည်ဆိုသည့်အချက်ကိုသာ အခြေခံစဉ်းစားလိုရင်းဖြစ်သည်။ စစ်မဖြစ်ခင်က ရှိနေခ့ဲသော လုပ်ငန်းငယ်များ၊ အလုပ်အကိုင်များထဲတွင် လက်ရှိ စတင်လည်ပတ်နိုင်ရန် လွယ်ကူသည့် အစိတ်အပိုင်းများ မည်၍ မည်မျှ ရှိ၊ မရှိကို ပြန်လည်ဆန်းစစ်လိုရင်းသာဖြစ်သည်။ "လက်ရှိ အာရက္ခဒေသတွင် စစ်မဖြစ်ခင်ကလည်ပတ်နေခ့ဲပြီး ယခုရပ်တန့်နေသော ရပ်ရွာအဆင့် ဒေသန္တရအဆင့် လုပ်ငန်းများ မည်၍မည်မျှရှိနေသည်ကို ULA/AA အနေဖြင့် စာရင်းဇယားများ စစ်တမ်းများကောက်ခံထားခြင်း ရှိ၊ မရှိ ဆိုသည်ကိုတော့ မသိနိုင်ပေ။" ထိုလုပ်ငန်းငယ်များတွင် လတ္တ​ေလာပြန်လည်စတင်နိုင်ရန်အတွက် ဒေသခံလူထုရင်ဆိုင်နေရသော  အခက်အခဲများများကိုလည်း နားထောင်သင့်သည်။ အာရက္ခပြည်၏ ယခင်ကလည်ပတ်ခ့ဲသော တနိုင်တပိုင်လုပ်ငန်းငယ်များ ပြန်လည်နာလန်ထလာရန်အတွက် အခြားမည်သူကမှ စိတ်ဝင်တစားဖြင့် အကူအညီလာပေးမည်ကားမဟုတ်ပေ။ ထိုစိန်ခေါ်မှုအား အာရက္ခပြည်သူလူထုနှင့် ULA/AA ကိုယ်တိုင်ကသာ "ကိုယ့်ဖာသာကိုယ် ရုန်းကန်ရမည့် ကိစ္စ"ဖြစ်သည်။ 


- (အချက်အလက်ကောက်ယူစုဆောင်းမှုနှင့် ပြည်သူလူထု၏ ရင်တွင်းမှ လွတ်လပ်သောအသံဖြစ်စေရန်)


ထိုသို့ရပ်ရွာအဆင့်၊ဒေသန္တရအဆင့်လုပ်ငန်းများနှင့်ပတ်သက်၍ အချက်အလက်များ ကောက်ခံသည့်အဆင့်တွင်ပင် ULA/AA အောက်ခြေအဆင့်အဖွဲ့ဝင်များအား ကြောက်လန့်ကာ ရပ်ရွာလူထုမှ ၎င်းတို့၏ အခြေအနေကို ပွင့်ပွင့်လင်းလင်း အသံမထွက်ရဲ ဖြစ်နေနိုင်သည့် အနေအထားများကိုလည်း ဖြေလျော့ပေးသင့်သည်။ ULA/AA အောက်ခြေအဖွဲ့ဝင်အချို့၏ အာဏာပြမှုကြောင့်   ကြောက်လန့်ကာ အသံပိတ်နေသော ပြည်သူအချို့သည် အာရက္ခလူ့ဘောင်ထဲတွင် ရှိနေပါသည်။ ထိုသို့ စီးပွားရေးဆိုင်ရာ အချက်အလက်များကောက်ခံမှုတွင် ဒေသန္တရလေယူလေသိမ်းမတူသည့် ပြည်သူများ၊ လူမျိုးစုငယ်များ၊ မတူကွဲပြားသော ဘာသာရေးအသိုင်းအဝန်းများစသည့် လူမှုအသိုက်အမြုံများတွင်လည်း ၎င်းတို့နေထိုင်ရာ နေရာဒေသအလိုက် အသက်မွေးမှုပုံစံများ၊ အလုပ်အကိုင်ပုံစံများရှိနေပါသည်။ ထို အသက်မွေးမှုပုံစံများ၊ အလုပ်အကိုင်များ၏ တိုက်ပွဲမဖြစ်ခင် အခြေအနေများ၊ လက်ရှိအခြေအနေများ၊ ရပ်တန့်သွားသော အလုပ်အကိုင်များ၊ ပြန်လည်အစပြုရန် အခက်အခဲများ စသည့်အချက်များကို စစ်တမ်းကောက်ယူ၍ လေ့လာဆန်းစစ်သင့်ပါသည်။ ထိုသို့ စစ်တမ်းကောက်ရာတွင် ရပ်ရွာပြည်သူလူထု၏ ဒေသန္တရ လေယူလေသိမ်း ဘာသာစကားကို သည်းခံမှုမရှိဘဲ နှိပ်ကွက်ခြင်း၊ ယဉ်ကျေးမှု တန္ဖိုးမ်ားကို ဂရုမစိုက်ခြင်း စသည့်အချက်များမဖြစ်စေရန် ဂရုစိုက်၍ မိမိ၏ ရင်တွင်းမှ ဆန္ဒအားပွင့်လင်းစွာ ပြောဆိုမှုအပေါ်လုံခြုံရေးဆိုင်ရာ အာမခံချက်ရှိရှိဖြင့် ဆောင်ရွက်ပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် "တိုက်ပွဲမဖြစ်ခင်အချိန်ကာလက လည်ပတ်နေခ့ဲပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် မလည်ပတ်နိုင်သော ဒေသန္တရလူထု၏ လုပ်ငန်းများ" ဆိုသည်မှာ အခြားသော အဓိပ္ပါယ်တွင် "ULA/AA မထိန်းချုပ်ခင်က လည်ပတ်နေခ့ဲပြီး ULA/AA ထိန်းချုပ်လာသည့်နောက်တွင် မလည်ပတ်တော့သည့် ဒေသန္တရလူထု၏ လုပ်ငန်းများ" ဟူ၍လည်း အဓိပ္ပါယ်ထွက်နေ၍ဖြစ်သည်။ ထိုကြောင့် အချက်အလက်ကောက်ခံရာတွင် "ဒေသန္တရလေယူလေသိမ်းမတူသည့် ပြည်သူများ၊ လူမျိုးစုငယ်များ၊ မတူကွဲပြားသော ဘာသာရေးအသိုင်းအဝန်းများစသည့် လူမှုအသိုက်အမြုံများ"ဘက်မှ ဖြေဆိုမှုတွင်  "ULA/AA အပေါ် ဝေဖန်သည်၊ အပြစ်တင်သည်" ဟုတံဆိပ်ကပ်ခံရမှုအပေါ် ကြောက်လန့် စိုးရိမ်မှုရှိနေနိုင်၍ဖြစ်သည်။ "ဒလန်"၊ "သတင်းပေး" ဟု တံဆိပ်ကပ်ခံရမည့်အပေါ် "ဒေသန္တရလေယူလေသိမ်းမတူသည့် ပြည်သူများ၊ လူမျိုးစုငယ်များ၊ မတူကွဲပြားသော ဘာသာရေးအသိုင်းအဝန်းများစသည့် လူမှုအသိုက်အမြုံများ" သည် စိုးရိမ်မှုရှိနေသည်။ ULA/AA ဘက်မှ မိမိတို့၏ နစ်နာမှုများကို တိုင်ကြားနိုင်ပါသည်ဟု လမ်းဖွင့်ထားခြင်း၊ Arakan Army ၏ ဝက်ဆိုက်စာမျက်နှာတွင် "လြတ္လပ္စြာ ဖော်ထုတ်ပြောကြားခွင့်သည် လူသားဖြစ်တည်မှု၏ တလောကလုံးဆိုင်ရာဆန္ဒ" ဟူ၍ ဟဈကွှေးထားခြင်းမည်မျှပင်ရှိစကောမူ" ယနေ့ယခု  အင်တာနက် ဆက်သွယ်မှုကွန်ရက်များ ပြတ်တောက်နေသော အခြေအနေအောက်တွင် လူထုထဲမွ အခ်ိဳ႕သည္ အသံမထွက်နိုင်တော့ပါ။ ထိုပြင် မိမိအား ထိခိုက္နစ္နာ ကြောက်လန့်အောင်လုပ်ထားသူဘက်မှ လက်လှမ်းမှီသော နယ်ပါယ်များထံ မိမိ၏ နစ်နာထိခိုက်မှုများကို တင်ပြရဲတော့မည်လည်းမဟုတ်ပေ။ ထိုကြောက်လန့်မှုကြောင့်ပင် "မိမိ၏ အခက်အခဲ အကြပ်အတည်းများ အပေါ်တွင် အသံမထွက်ရဲ" ဖြစ်နေခြင်းမျိုးလည်းရှိနေသည်။ မြန်မာနိုင်ငံတွင် နယ်ပါယ်အသီးသီး၌ လြတ္လပ္စြာ ထုတ်ဖော်ပြောဆိုခွင့် ပို၍ကျဉ်းမြောင်းကြပ်တည်းလာကြောင်း၊ မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေတွင်ရော၊ လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေတွင်ပါ ကျဉ်းမြောင်းမႈ႐ွိ​ေနသည္ဟု လွတ်လပ်​သည့္ သုတေသနအဖွဲ့တစ်ခုဖြစ်​ေသာ Data for Myanmar မွ (22-1-2025) ရက်နေ့ ထုတ်ပြန်​ေသာ အစီရင်ခံစာတွင် ဆိုထားကြောင်း၊ စစ်ကောင်စီက ဆန္ဒပြခြင်းကိုခွင့်မပြုကြောင်း၊ ပြလျှင်လည်း ဖမ်းဆီးထောင်ချကြောင်း၊ ပဋိပက္ခဒေသများတွင်လည်း ဆန္ဒထုတ်ဖော်သောပြည်သူများသည် လက်နက်ကိုင်အဖွဲ့အစည်းကို ဝေဖန်ထောက်ပြရခြင်းဖြစ်၍ အန္တရာယ်များကြောင်း စသဖြင့် Data for Myanmar အဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကိုပြောထားကြောင်း၊ တော်လှန်ရေးအားကောင်းသော နယ်မြေများတွင်လည်း ပြည်သူများမှာ တော်လှန်ရေးအဖွဲ့များကို မေးခွန်းထုတ်ခွင့် ဆုံးရံှုးနေသည်ဟု ကလေးမြို့သပိတ်ကော်မတီဝင် တစ်ဦးမှလည်း RFA ကိုပြောကြောင်း စသဖြင့် RFA Burmese  သတင်းဌာနတွင် (22-1-2025) ရက်နေ့က ဖော်ပြထားသည်။ (ကိုးကား- https://www.facebook.com/share/v/15jiGPH9fa/) 


ထိုအခြေအနေများသည် အချက်အလက်ကောက်ယူမှုအတွက်  ပြည်သူလူထု၏ လွတ်လပ်သော ပကတိအသံ ထင်ဟပ်မှုကို အဟန့်အတားဖြစ်စေသည်။ ပြည်သူလူထု၏ ပကတိအသံအစစ်အမှန်ပါသော မြေပြင်၏ အချက်အလက်များကသာ ဆုံးဖြတ်ချက်ချမှတ်မည့်သူများအတွက် စစ်မှန်သော အထောက်အကူကို ဖြစ်စေမည်ဖြစ်သည်။ "NLD အစိုးရလက်ထက်တွင် ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ချဉ်းကပ်သည့်ပုံစံ လြဲမွားကာ နိုင်ငံရေး ဂုဏ်သိက္ခာအရ ကျဆုံးမှု၏ အဓိကအချက်များတွင် NLD အောက်ခြေမှ ဆုံးဖြတ်ချက်ချမှတ်သူ ထိပ္ပိုင္း NLDများထံ မြေပြင်ပကတိ အခြေအနေမှန်ကို မပေးဘဲထားသောအချက်သည်လည်း တစ်ချက်အပါအဝင်ဖြစ်သည်။"


- (မကြီးနိုင်သေးသောကြောင့် ငယ်ရသည်)


အာရက္ခပြည်၏ စီးပွားရေးနယ်ပါယ်တွင် အရင်းအနှီးအလုံးအထည်ကောင်းကောင်းဖြင့် မြုပ်နှံလည်ပတ်ရမည့် " ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ" ဖြစ်တည်လာရန်မှာ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ရအုံးမည်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်မှ အာရက္ခပြည်သူများအတွက် ထမင်းခွံ့ကျွေး နေမည်မဟုတ်သေးချေ။ ပင်လယ်ပြင်မှ ပေးမည့် အကျိုးစီးပွားကို ခံစားခွင့်ရရန် ကာလတစ္ခုကို ဖြတ်သန်းရအုံးမည်ဖြစ်သည်။  "နိုင်ငံခြားကုန်သွယ်မှုအဆင့်မျိုးထိ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ"ကို မျှော်လင့်၍မရသေးပေ။ ဤ ဆောင်းပါး၏ ရည်ညွှန်းလိုချက်သည် အဆိုပါ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား "မိမိတို့ အာရက္ခပြည်တွင်း ကုန်ကျစားရိတ်နည်းနည်းဖြင့်ဝယ်သုံးနိုင်သော ဖူလုံမှု" အဆင့်ကိုသာ စတင်စဉ်းစားချဉ်းကပ်ကြည့်ရန်သာ ဖြစ်သည်။ မိမိတို့ အာရက္ခပြည်တွင်း ဖူလုံမှု ကို ချဉ်းကပ်ရသည့် ပုံစံတွင်ပင် "မိမိတို့ ရပ်ရွာ ဒေသန္တရအဆင့် ကုန်ကျစားရိတ်နည်းနည်းဖြင့်ဝယ်သုံးနိုင်သော ဖူလုံမှု" ကို အခြေခံ၍ ချဉ်းကပ်ကြည့်ရန် ရည်ညွှန်းလိုမှုဖြစ်သည်။ 


လက်ရှိ အာရက္ခဒေသတွင် စစ်မဖြစ်ခင်ကလည်ပတ်နေခ့ဲပြီး 

1-လက်ရှိတွင်ရပ်တန့်နေသော ရပ်ရွာအဆင့် ဒေသန္တရအဆင့် လုပ်ငန်းများ

2-လက်ရှေိတွင် လည်ပတ်နေသော်လည်း အခက်အခဲများရင်ဆိုင်နေရသော လုပ်ငန်းများ

3-လတ္တေလာ စတင်နိုင်သော လုပ်ငန်းများ

4-စတင်ရန် အချိန်ယူရမည့်လုပ်ငန်းများ

5-စတင်ရန်မျှော်လင့်ချက် မရှိနိုင်တော့သည့်လုပ်ငန်းများ စသည့်လုပ်ငန်းများ မည်မျှလောက်ထိ မိမိတို့ ရပ်ရွာအဆင့်၊ ဒေသန္တရအဆင့်တွင် ရှိနေခ့ဲသည်၊ ထိုလုပ်ငန်းများတွင် စတင်ရန် အခက်အခဲများက ဘာဖြစ်သည် စသည့် အချက်အလက်များကို ဆန်းစစ်မှုပြုလျှင် စီးပွားရေးငယ်များအား နာလန်ထရန် နိုးဆွနိုင်သည့် လုပ်ငန်းစဉ်တစ်ရပ် ပေါ်ကောင်းပေါ်လာနိုင်ချေကို ချပြခြင်းသာဖြစ်သည်။ လက်ရှိ အာရက္ခပြည်၏ အုပ်ချုပ်သူများအား မိမိတို့ ရပ်ရွာ ဒေသန္တရအဆင့် စီးပွားရေးတွင် သက်ဆိုင်ရာပြည်သူလူထုကို ဗဟိုချက်ပြု၍ ဆွေးနွေး ထိတွေ့ခြင်း ဆိုသည့် အလေ့အထကောင်းကို တပါတည်းအစပျိုးနိုင်ရန် တိုက်တွန်းခြင်းလည်းဖြစ်သည်။ စီးပွားရေးတွင် သက်ဆိုင်ရာပြည်သူလူထုကို ဗဟိုချက်ပြု၍ချဉ်းကပ်ခြင်းသည် ဆိုရှယ်ဒီမိုကရက်စံနှုန်းအရလည်း ကိုက်ညီပြီး စီးပွားရေးနယ်ပါယ်တွင် ဒီမိုကေရစီ အေလ့အထကို အစပျိုးထားမှုလည်းဖြစ်သည်။


-(သက်ရောက်မှု)


ရပ်ရွာအဆင့် ဒေသန္တရအဆင့် လုပ်ငန်းများကို နာလန်ပြန်ထူရန် ဆန်းစစ်အကဲဖြတ်မှုသည် ရပ်ရွာအဆင့်၊ ဒေသန္တရအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် အပါအဝင် နေရာဒေသအလိုက် ဆုံးဖြတ်ချက်ချမည့်သူများအတွက်တော့ အနည်းငယ်လက်ဝင် သိမ်မွေ့သော ကိစ္စရပ်များလည်း ဖြစ်မည်ဖြစ်သည်။ မိမိရပ်ရွာအတွင်း လမ်းဘေးဈေးသည်မှအစ ထင်းခုတ်ရောင်းသူအပါအဝင် ဈေးဆိုင်များ၊ ကုန်သည်များ၊ ယခင်လုပ်ကိုင်ခ့ဲပြီး လက်ရှိတွင် ရပ်တန့်နေသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခ့ဲသူများထံ ချဉ်းကပ်ကာ အသံကိုနားထောင်ရမည့် ကိစ္စဖြစ်သည်။ 

"ပြည်သူလူထုအတွက် အမှန်တကယ်စိတ် စေတနာပါသော ပုဂ္ဂိုလ်များအတွက်တော့ ထိုက့ဲသို့လက်ဝင်သိမ်မွေ့မှုအပေါ်တွင် စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။" အချို့သော "တာဝန်အပေါ်အာဏာပြ၍ လုပ်ပိုင်ခွင့်တွင် သာယာနေသော"  ပုဂ္ဂိုလ်များအတွက်တော့ "လူထုအသံကိုနားထောင်ရမည့် ကိစ္စအပေါ် စိတ်ရှည်သည်းခံကြမည်မဟုတ်ချေ။" လက်ရှိ အာရက္ခပြည်၏ နိုင်ငံရေး၊ စစ်ရေး ဖြစ်စဉ်တွင် "စစ်ရေးဘက်က အနစ္နာခံ၊အေသခံ၍ တိုက္သူက တိုက်နေ၍ နိုင်ငံတည်ဆောက်ရေးကိစ္စရပ်များ အကောင်အထည်များပေါ်လာခ့ဲပြီဖြစ်သည်။ ထိုအေသခံ၊ အနစ္နာခံကာ တိုက်သူများကြောင့် ပေါ်လာသော နိုင်ငံရေး အကောင်အထည်ဖေါ်မှုအောက်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနယ်ပယ်များ၌ "အချို့သောတာဝန်အပေါ်အာဏာပြ၍ လုပ်ပိုင်ခွင့်တွင် သာယာနေသော" အခင်းအကျင်းများသည် အာရက္ခပြည်၏ စီးပွားရေးနာလန်ထမှုအပေါ် ဝန္ပိကာ ကြန့်ကြာစေပါသည်။


- (ပေါက်ပင်ဘာကြောင့်ကိုင်းရသည္)


အဆိုပါ "အချို့သော တာဝန်အပေါ်အာဏာပြ၍ လုပ်ပိုင်ခွင့်တွင် သာယာနေသော အခင်းအကျင်းများ၊ ပုဂ္ဂိုလ်များ" ကိုမေတ္တာရပ်ခံလိုသည်မှာ အောက်ပါတွင် ဖေါ်ပြထားသော သတင်းအချက်အလက်များနှင့်ပတ်သက်၍ မိမိတို့တွင်လည်း တနည်းတဖုံ သက်ဆိုင်သည်ဟု ခံစားမိပါသလား။

- အာရက္ခပြည်တွင် စားဝတ်နေရေး ကြပ်တည်းလွန်း၍ ဆန်ပြုတ်သောက်နေရသူများရှိနေရသည်ဟု လည်းကောင်း

- အာရက္ခပြည်တွင် စစ်ဘေးရှောင်စခန်းများ၌ ကိုယ်ဝန်ဆောင်များ ကေလးသူငယ္မ်ား အဟာရချို့တ့ဲမှုရှိနေရသည်ဟု လည်းကောင်း

- ရခိုင်အမျိုးသမီးအချို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည်ဟု လည်းကောင်း

- ရခိုင်တွင် စားဝတ်နေရေးကြပ်တည်း၍ တောင်းရမ်းစားသောက်သူများ ရှိလာသည် ဟုလည်းကောင်း

- အိမ်နီးချင်းနိုင်ငံများတွင် ရခိုင်အလုပ်သမားများ အဖမ်းခံရသည်ဟု လည်းကောင်း

စသည့် သတင်းများကိုကြားသိရသောအခါ မိမိတို့တွင် ထိုကိစ္စများအတွက် တာဝန်ရှိသည်ဟူသော ခံစားချက်မျိုး မည်၍ မည်မျှရှိကြပါသနည်း။ ထိုကိစ္စရပ်များအပေါ် မည်သို့ဖြေရှင်းပါက အဆင်ပြေမည်ဟုထင်ပါသနည်း။ ထိုစိတ်မချမ်းမြေ့ဖွယ်ရာအဖြစ်များသည် အာရက္ခပြည်၏ စီးပွားရေး လဲပြိုနေမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသော အကျိုးသက်ရောက်မှုများဖြစ်သည်။ ထိုပြသနာများကို စီးပွားရေးဆိုင်ရာလဲပြိုမှုကြောင့် ဖြစ်လာရသော အကျိုးဆက်ဟုမမြင်ဘဲ- "ရခိုင်အမျိုးသမီးအချို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည်"မွာ ရခိုင်ပြည် မွ ထွက်သွား၍ဖြစ်သည်။ သူများနေရာကို ကိုယ့်နေရာထက် အထင်ကြီး၍ ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသမီးများအား ရခိုင်ပြည်၏ အပြင်ကို ထွက်မသွားစေရ"၊ "အိမ်နီးချင်းနိုင်ငံများတွင် ရခိုင်အလုပ်သမားများ အဖမ်းခံရမှုသည်လည်း ထိုအတူဖြစ်၍ ရခိုင်သားများကို ရခိုင်ပြည်အပြင်ကို မထွက်စေနှင့်ဟု တလွဲတရှော် ဖြေရှင်းပုံမျိုးဖြင့် အာဏာပြကြမည်လား"။ "ပေါက်ပင်ဘာကြောင့်ကိုင်းရသည်" ဆိုသည့် အကြောင်းတရားကို ရှာဖွေရမည့်ဖြစ်စဉ်တွင် "ပေါက်ပင်ကိုင်းသောကြောင့်" ဟုသော ဖြတ်လမ်းကောက်ချက်ဖြင့် "ပေါက်ပင်" ကိုသာအပြစ်တင်နေမည်လား။


- (ပေါက်ပင်ကိုင်းသောကြောင့် ဘာဆက်ဖြစ်မည်နည်း)


ပေါက်ပင်ဘာကြောင့်ကိုင်းသည်ဖြစ်စေ အကြောင်းရင်းခံ "ငါ့ဝမ်းပူဆာ နေခြင်း" မွာ ပြဿနာ၏ ဇစ်မြစ်သဘောဖြစ်သည်။ ပေါက်ပင် မကိုင်းခ့ဲလျှင်လည်း "ငါ့ဝမ်းပူဆာ နေခြင်း" မွာ ဆက်ရှိနေမည်ဖြစ်သည်။ ပေါက်ပင်ကိုင်းခြင်း၊ မကိုင်းခြင်းထက်လည်းကောင်း၊ ကိုင်းပြီးနောက်တွင်လည်းကောင်း "လူထု၏ ငါ့ဝမ်းပူဆာခြင်း" မွာ ဆက်ဖြစ်နေမည်ဖြစ်သည်။ သို့ဖြစ်၍ "လူထု၏ ငါ့ဝမ်းပူဆာခြင်း" ကိုသာ ပြဿနာ ဇစ်မြစ်အဖြစ် လက်ခံ၍ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းရန် ဘက်ပေါင်းစုံ၊ အမြင်ပေါင်းစုံဘက်မှ အဖြေရှာရမည်ဖြစ်သည်။ ပြဿနာ၊ ဇစ်မြစ်ကို လမ်းလွဲနေပါက ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ အာရက္ခပြည်သူလူထုတွင် "ငါ့ဝမ်းပူဆာခြင်း အားဖြေရှင်းနိုင်သည့် အခြေအနေမျိုး အာရက္ခပြည်ထဲတွင်မရှိနေသမျှကာလပတ်လုံး" ဆန်ပြုတ်သောက်ရသည်ဖြစ်စဉ်များ၊ တရုတ်မယားအဖြစ်ခံရမည့်ဖြစ်စဉ်များသည် ရှိနေမည်ဖြစ်သည်။ အာရက္ခပြည်သူလူထု၏ "ငါ့ဝမ်းပူဆာခြင်း" အားဖြေရှင်းမှုသည် စီးပွားရေးအားနာလန်ပြန်ထ စေရန်အားထုတ်မှုမှလွဲ၍ အခြားမရှိပေ။ အာရက္ခပြည်၏ စီးပွားရေးအား နာလန်ပြန်ထရန် နိုးဆွမှုတွင် အခက်အခဲမှာ "ကုန်ဈေးနှုန်း" ဖြစ်သည်။ "ကုန်ဈေးနှုန်း ကြီးမြင့်မှု" အကြောင်းတရားများတွင် 

-ကျပ်ငွေတန်ဖိုး ထိုးကျနေခြင်း

-ပြည်မမှ ကုန်စည်စီးဆင်းမှု ပိတ်ထားခြင်း

-သယ်ယူပို့ဆောင်ရေး စားရိတ်များ ကြီးမြင့်နေခြင်း

-အ ကောက်အခွန်များက ဝန်ပိနေခြင်း

-ကုန်စည်ကူးသန်းမှုတွင် မျက်နှာလိုက်မှုများရှိနေခြင်း

-စီးပွားရေးဆိုင်ရာ မူဝါဒမ်ား၊ စံနှုန်းများကို မျက်ကွယ်ပြုထားခြင်း

- လေလံပစ်မှုနှင့် အခွန်ကောက်မှုတို့သည် ငွေရှာနိုင်သော လမ်းကြောင်းများဖြစ်သည်ဟုသာ အလွယ်ထင်နေခြင်း

- အစိုးရမွ ပြည်သူအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြင့် ငွေရှာရန် မစဉ်းစားခြင်း

-ပြည်ပ နှင့်ကုန်ကူးရာတွင် ပို့ကုန်မရှိဘဲ သွင်းကုန်သာရှိနေခြင်း

-အားကိုးအားထားပြုနိုင်လောက်သည့် နိုင်ငံတကာ ထောက်ပံမှုမရှိခြင်း

-အာရက္ခလူ့ဘောင်သည် ထုတ်ကုန်မ့ဲ လူဘောင်အဖြစ် တည်ရှိနေသော နိုင်ငံရေးစနစ်ကို ဖြတ်သန်းခ့ဲရခြင်း

စသည့် အခြေခံ အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုက့ဲသို့ ပြဿနာ အခြေခံ အကြောင်းတရားများကို ရင်ဆိုင်နေရချိန်တွင် မိမိတို့ လက်လှမ်းမှီသည့် အရာကိုသာ စတင်ဖြေရှင်းကိုင်တွယ်ရန် ချဉ်းကပ်ရသည်။ သို့ဖြစ်၍ ULA/AA အနေဖြင့် စတင်ကိုင်တွယ်ရန် လွယ်ကူသော အချက်များကို " ထုတ်ကုန်မ့ဲ လူ့ဘောင် ဆောင်းပါးများ" နှင့် " အခွန်ဖြင့် သတ်ဖြတ်ခြင်း ဆောင်းပါး" တွင် အကြံပြုခ့ဲခြင်းဖြစ်သည်။ အဆိုပါ ဆောင်းပါးများတွင် အကြံပြုထားသော အချက်များထက် ပိုမိုကောင်းမွန်သောနည်းလမ်းများလည်း ပြည်သူလူထုႏွင့္ ULA/AAထံတွင် ရှိပါလိမ့်မည်။


- ဒေသန္တရ အဆင့်ကုန်စည်စီးဆင်းမှု


ကုန်စည်စီးဆင်းမှုအား ပိတ်ပင်ခြင်းသည် " စစ်ပွဲတရပ်ဆင်နွဲခြင်း" လည်းဖြစ်သည်။ ကုန်စည်စီးဆင်းမှုအား ပိတ်ပင်ခြင်းဒဏ်ကို ULA/AA ကိုယ်တိုင်ပင် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ဖူးထားပြီး ထိုသို့ ကုန်စည်စီးဆင်းမှုအား ပိတ်ဆို့မှုကြောင့် ပြည်သူလူထုမှာ အခက်အခဲကြီးမားစွာ ရောက်ရသည်ကိုလည်း ULA/AA ဘက်မှ အလေးအနက် သဘောပေါက်မှုရှိခ့ဲပါသည်။ 2020 ခုနှစ်၏ ရွေးကောက်ပွဲကာလမတိုင်မှီ၊ စကစမွ NLD အစိုးရထံမွ အာဏာမသိမ်းခင်ကာလများသည္ ULA/AA အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ အပြင်းအထန်ရင်ဆိုင်ခ့ဲရသော ကာလများဖြစ်သည်။ ထိုကာလမ်ားသည္ ဗမာလူမျိုးအများစုနှင့် NLD အားထောက်ခံသူများအနေဖြင့် ULA/AA ၏ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနိုင်မှုမရှိသည့် အချိန်ကာလလည်းဖြစ်သည်။ ထိုကာလများတွင်ပင် ULA/AA သည် "ကုန်စည်စီးဆင်းမှု ပိတ်ပင်ခြင်းကြောင့် ပြည်သူလူထု အခက်အခဲဖြစ်ပေါ်နေမှုကို မျက်ကွယ်မပြုခ့ဲပေ။ ULA/AA၏ (19-2-2020) ရက်စွဲနှင့် (20-4-2020) ရက္စြဲပါ ကြေငြာချက်များသည် ထိုအခ်က္ကို မီးမောင်းထိုးပြ နေပါသည်။ ULA/AA ၏ (14-4-2020) ရက်နေ့ ကြေငြာချက် စာမျက်နှာ (2) တွင် ".....အိုးအိမ္ပစ္ကာ နေရပ်စွန့်ခွာလာသူများ၏ စုဝေးရာစခန်းများ၌ အရေးတကြီးလိုအပ်သော ဆေးဝါးရိက္ခာများကို စစ်ရှောင်များလက်ထဲ မရောက်စေရန်နှင့် ကိုဗစ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေရန် မြန်မာ့တပ်မတော်၏ တောင်ကုတ်အခြေစိုက် စကခ -5 နှင့် တပ္မ -55 တို့မှ ဆေးဝါး ရိက္ခာများကို ဖြတ်တောက်ပိတ်ဆို့ထားကြောင်း၊ ဤသည်မှာ လူသားမျိုးနွယ်ကို ကျူးလွန်သည့် (Ethinc Cleansing) ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။ ULA/AA ၏ (30-9-2020) ရက္စြဲ ကြေငြာချက် အမှတ် (36/2020) တွင်လည်း ကုန်စည်စီးဆင်းမှုနှင့် ပတ်သက်၍ " မြန်မာ့တပ်မတော် စစ်ဆေးရေးဂိတ်များမှ ကုန်းလမ်း၊ ရေလမ်းသွားလာနေကြသော ယဉ်များကို မတန္တဆ ငွေကြေးများတောင်းခံနေကြောင်း၊ ကုန်တင်ကား၊ စက်လှေ တစ်စီးလျှင် ငါးသောင်းမှ နှစ်သိန်းကျပ်ထိ ကောက်ခံနေကြောင်း၊ တနိုင်တပိုင်စီးပွားရှာနေရသူများမှာ မြန်မာ့တပ်မတော်၏ ဂိတ်များတွင် ဆတ်ကြေးငွေများကို အဆမတန်ပေးဆောင်နေရကြောင်း၊ ထို့ကြောင့်........စားသုံးသူများအနေဖြင့် ယခင်ပေါက်ဈေးထက် များပြားသောနှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း၊ ဥပမာအားဖြင့် ကျောက်တော်မြို့တွင် ကာလတန္ဖိုး နှစ်သောင်းသာ ပေးရသော ဆန်တအိပ်သည် ပလက်ဝဒေသတွင် ငါးသောင်းကျပ်အထိ ပေးဝယ်နေရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ရက္ခိုင်တပ်တော်နှင့် သက်ဆိုင်ခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုနှင့် လမ်းများကို ထိန်းချုပ်ထားသော မြန်မာ့တပ်မတော်၏ ကုန်လမ်း၊ ရေလမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်များ ကြောင့်သာ ဖြစ်ကြောင်း" စသဖြင့် ထုတ်ပြန်ထားသည်။


လက်ရှိတွင်တော့ အာရက္ခပြည်၏ နေရာတော်တော်များများတွင် မြန်မာ့တပ်မတော်၏ စစ်ဆေးရေးဂိတ်များ မရှိတော့ပါ။ သို့သော် ULA/AAစစ်ဆေးရေးဂိတ်များမှ ကုန်းလမ်း၊ ရေလမ်းသွားလာနေကြသော ယဉ်များ၊ ကုန်တင်ကား၊ စက်လှေများ၊ တနိုင်တပိုင်စီးပွားရှာနေရသူများအပေါ် ကောက်ခံမှုများရှိလာကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အာရက္ခပြည်၏ စားသုံးသူများမှာလည်း ယခင်ပေါက်ဈေးထက် များပြားသောနှုန်းဖြင့် ဝယ်ယူစားသုံးနေရကာ လူမှုစီးပွားဘဝ အခက်တွေ့နေဆဲပင်ဖြစ်သည်။ (36/2020) ကြေငြာချက်တွင် ဖေါ်ပြထားသော စာပိုဒ္မ်ားကို ပြန်ဖတ်ရင်း လက်ရှိအခြေအနေတွင် "ပေါက်ပင်ကိုင်းသောကြောင့်" ဟုသာ မြည်တမ်း၍ သက်ပြင်းရှည်တစ်ချက် လေးပင်စွာချနေရ​သော်လည်း ULA/AA အပေါ် အာရက္ခပြည်သူလူထုကတော့ဖြင့်  မျှော်လင့်ချက် ထားနေဆဲပင်ဖြစ်သည်။




Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?