ဆိုရှယ်ဒီမိုကရေစီနှင့် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်ကြားကွာခြားချက်
ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်
အပိုင်း-2
ဆိုရှယ်ဒီမိုကရေစီနှင့် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်ကြားကွာခြားချက်
ဆိုရှယ်ဒီမိုကရေစီနှင့် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်တို့သည် လက်ဝဲယိမ်း စနစ်အယူအဆများဖြစ်သော်လည်း တစ်ခုနှင့်တစ်ခုမတူညီကြပေ။ ထိုစနစ်အယူအဆနှစ်စလုံးသည် လက်ဝဲယိမ်းဖြစ်ပြီး ဒီမိုကရက်စံနှုန်းအပေါ်တွင် အခြေခံထားကြသည်။ လူ့အသိုက်အမြုံအတွင် တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အား ထိုစနစ်အယူအဆနှစ်ခုစလုံးမှ ဦးတည်ချဉ်းကပ်ကြသော်လည်း ထိုစနစ်အယူအဆ နှစ်ခုသည် လက်ဝဲစွန်းဖြစ်သော (ကွန်မြူနစ်စနစ်နှင့် ကွန်မြူနစ်လောက် မတင်းမာသော ဆိုရှယ်လစ် အယူအဆများထက်) ပိုမိုပျော့ပြောင်းသော စနစ်အယူအဆများဖြစ်သည်။ လက်ဝဲမျဉ်းဖြင့်သာ ဂရမ်ဆွဲပြရပါက ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်စနစ်အယူအဆက ဆိုရှယ်ဒီမိုကရေစီ စနစ်အယူအဆထက် လက်ဝဲဘက်ကို ပိုရောက်သည်။
ဦးတည်ချက်အား အကောင်အထည်ဖော်မှု
ဆိုရှယ်ဒီမိုကရေစီ စနစ်အယူအဆသည် လူ့အသိုက်အမြုံ တစ်ခုအတွင်း တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ချဉ်းကပ်ရာတွင် အရင်းရှင်စနစ်ဘောင်ထဲမှသာ ချဉ်းကပ်သည်။ ဆိုရှယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုပါက အရင်းရှင်စီးပွားရေးစနစ် အဆောက်အအုံအားကောင်းရန်လိုသည်။ ဆိုရှယ်ဒီမိုကရေစီသည် အရင်းရှင်စီးပွားရေးစနစ်၏ ဆိုးကျိုးများဖြစ်သော ချမ်းသာသူက ပိုချမ်းသာလာပြီး ဆင်းရဲသူက ပို၍ဒုက္ခတွင်းထဲကျနေသော ဝင်ငွေကွာဟမှု၊ လူမှုအဆင့်အတန်းကွာဟမှု၊ လူတန်းစားကွာဟမှုကြောင့် ဖြစ်လာသော ဆိုးကျိုးများကို ကုစားရန်အတွက် "အရင်းရှင်စနစ်ကို မဖျက်သိမ်းပေ။" အရင်းရှင်စနစ်ကို ပြန်လည်ထိန်းကျောင်းကာ မိမိ၏ ဦးတည်ချက်ကို အကောင်အထည်ပေါ်လာရန် အားထုတ်သော လုပ်နည်းကိုင်နည်းကိုသာ အသုံးပြုသည်။
ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်အယူအဆတွင်ကား လူ့အသိုက်အမြုံတစ်ခုအတွက် တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ဖော်ဆောင်ရာတွင် အရင်းရှင်စနစ်ကို အခြေမခံဘဲ ဆိုရှယ်လစ်စီးပွားရေးပုံစံကိုသာ ဦးတည်ချဉ်းကပ်သည်။ ဆိုရှယ်လစ် စီးပွားရေးပုံစံဖြစ်သော ပြည်သူလူထုအားလုံးဆိုင် ဘုံပိုင်ဆိုင်မှုနှင့် စုပေါင်းစပ်ပေါင်း သမဝါယမစနစ်ပုံစံများကို တည်ဆောက်ရင်း လူ့အသိုက်အမြုံ၏ တရားမျှတမှုနှင့် တန်းတူညီမျှမှုကိုလအကောင်အထည်ဖော်လိုရင်းဖြစ်သည်။ ထိုသို့ အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီစံနှုန်းကိုလက်ခံသည်။ ဒီမိုကရေစီစံနှုန်းကို လက်ခံသည်ဆိုသည်မှာ လူထုမွ မိမိအားမကြိုက်လျှင် အာဏာထိုင်ခုံမှ ဆင်းပေးခြင်းဖြစ်သည်။
ဒီမိုကရေစီစံနှုန်း
ဆိုရှယ်ဒေီမိုကရေစီနှင့်ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင် စနစ်အယူအဆနှစ်ခုစလုံးသည် မိမိတို့၏ ဦးတည်ချက်ကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီစံနှုန်းကို လက်ခံထားကြသည်။
လူ့အသိုက်အမြုံ၏ စီးပွားရေးစနစ်ကိုတည်ဆောက်မှု
လူ့အသိုက်အမြုံ၏ စီးပွားရေးစနစ်ဟူသည် "ဓနဥစ္စာကြွယ်ဝမှုကို ရှာဖွေခြင်းနှင့် ပိုင်ဆိုင်ခွင့်ရှိခြင်း"ကို အကောင်အထည်ဖော်သော စနစ်ဖြစ်သည်။ ဆိုရှယ်ဒီမိုကရေစီတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကိုအားပေးထားသည်။ စီးပွားရေးနှင့် ဈေးကွက်တွင် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် လိုအပ်ပါက အစိုးရမွ ထိန်းကျောင်းစွက်ဖက်သည်။ တသီးပုဂ္ဂလပိုင်ဆိုင်မှုကိုအားပေးထား၍ ဆိုရှယ်ဒီမိုကရေစီစနစ်ကျင့်သုံးသော လူ့အသိုက်အမြုံတွင် ကုန်ထုတ်လုပ်မှုသည် တစ်ဦးချင်း တစ်ယောက်ချင်း၊ တစ်စုတစ်ဖွဲ့ချင်း ၏ ကုန်ထုတ်လုပ်နိုင်မှုအပေါ်တွင် မူတည်သက့ဲသို့ အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းများ၊ အစိုးရသီးသန့်ပိုင် လုပ်ငန်းမှ ထုတ်လုပ်သော ကုန်ထုတ်လုပ်ငန်းအပေါ်တွင်လည်း မူတည်နေသည်။ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်စနစ်တွင်တော့ တသီးပုဂ္ဂလပိုင်ဆိုင်မှုအပေါ်တွင် သိပ်အားမပေးဘဲ စုပေါင်းစပ်ပေါင်း သမဝါယ စနစ်ပုံစံ၊ အစိုးရမွ လုပ်ငန်းရှင် ဖြစ်သော ပုံစံဖြင့် ကုန်ထုတ်လုပ်မှုကို အားပေးသည်။ ဤသို့ဆိုလိုက်၍ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်တွင် တသီးပုဂ္ဂလပိုင်ဆိုင်မှုကို လုံးဝကန့်သတ်လိုက်ခြင်းတော့မဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုခုကိုသာ ပေးထားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆိုရှယ်ဒီမိုကရက်စနစ်တွင် လူတစ်ဦးသည် မိမိ၏ ဓနဥစ္စာကို စိတ်ကြိုက်ရှာနိုင်ကာ ထိန်းသိမ်းပိုင်ဆိုင်နိုင်သည်။ ဒီမိုကေရစီ ဆိုရှယ်လစ်ဇင်တွင်တော့ အများဖြင့်စုပေါင်းစပ်ပေါင်း ဘုံပိုင်ဆိုင်မှုပုံစံအောက်တွင် ရှိနေပြီး အကျိုးအမြတ်ကို ခွဲဝေမှုပုံစံမျိုးဖြစ်နေသည်။ ထိုစနစ်နှစ်ခုစလုံးတွင် စီးပွားရေးစနစ်ကိုအကောင်အထည်ဖော်ရာ၌ အစိုးရမွ စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ စုပေါင်းစပ်ပေါင်း သမဝါယ အရင်းအနှီးလုပ်အား ဘုံစိုက်ထုတ်ခြင်းများကို ဆောင်ရွက်ရာတွင် ဗဟိုချုပ်ကိုင်မှုလျော့ချပေးခြင်း၊ ဒီမိုကေရစီတန္ဖိုးမ်ားကို အခြေခံကြသည်။
နိုင်ငံတော်၏ အခန်းကဏ္႑
နိုင်ငံတော်၏ အခန်းကဏ္႑ဟူသည် ပြည်သူလူထုပိုင်ဆိုင်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစသည့် အချုပ်အခြာအာဏာသုံးရပ်အား ဆိုလိုခြင်းဖြစ်သည်။ ဆိုရှယ်ဒီမိုကရေစီတွင် နိုင်ငံတော်သည် လူမှုတရားမျှတမှု (social justice)အတွက် အာမခံရသည်။ ပြည်သူလူထု၏ ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး၊ အိုးအိမ်ပိုင်ဆိုင်မှု အစရှိသော ကိစ္စရပ်များတွင် ပြည်သူလူထု၏ လိုအပ္ခ်က္ကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန် အာမခံရသည်။ ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး၊ အိုးအိမ်ပိုင်ဆိုင်မှု အစရှိသော ကိစ္စရပ်များတွင် ပြည်သူလူထု၏ လိုအပ္ခ်က္ကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန် အာမခံရသည်။ ထိုသို့ နိုင်ငံတော်မှ ဖြည့်ဆည်းရန်အတွက် ပြည်သူလူထုသည် ဓနဥစ္စာကြွယ်ဝမှုများများရှာကာ တန်ဖိုးတက်လေ နိုင်ငံတော်အား အခွန်များများပေးဆောင်သောစနစ် (Progressive Taxation) ပုံစံမျိုးကိုကျင့်သုံးကြသည်။ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်တွင်လည်း အစိုးရမွ လူမှုစီးပွားဘဝအပေါ် အာမခံရသည်။ စီးပွားရေးအား ဆိုရှယ်လစ်ပုံစံ၊ စုပေါင်းဘုံပိုင်ပုံစံဘက်ကို မောင်းနှင်ရာတွင် ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်များသည် ဗဟိုချုပ်ကိုင်မှုလျော့ချပေးမှုနှင့် ဒီမိုကရေစီစံနှုန်းများကို ကျင့်သုံးကြသည်။ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်တွင်လည်း ပြည်သူလူထုသည် နိုင်ငံတော်အား အခွန်များများပေးဆောင်ရသည်။
လူ့အသိုက်အမြုံ၏ စနစ်ကိုပြောင်းလဲရန် ကြိုးပမ်းမှု
ဆိုရှယ်ဒီမိုကရက်ရော၊ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်ရော နှစ်ခုစလုံးသည် နိုင်ငံတော်၏ စနစ်၊ မူဝါဒ၊ ပြုပြင်ပြောင်းလဲရေးႏွင့္ တည်ဆောက်ရေးတို့ကို ဖော်ဆောင်ရာတွင် အာဏာရှင်စနစ်ပုံစံနှင့် လက်နက်ကိုင်ပုန်ကန် တော်လှန်မှုကို ငြင်းပါယ်ကြသည်။ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံအား ပြုပြင်ပြောင်းလဲခြင်းတွင် ဆိုရှယ်ဒီမိုကရက်များသည် တဖြေးဖြေးပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကေရစီတန္ဖိုးကို အလွန်အမင်းတန်ဖိုးထားတတ်ကြသည်။ အာဏာရှင်စနစ်ပုံစံနှင့် လက်နက်ကိုင်ပုန်ကန်မှု၊ လူထုအုံကြွမှုတို့ကြောင့် လူ့အသိုက်အမြုံအား ထိခိုက်နိုင်ချေများကို စဉ်းစားလွန်းသဖြင့်လည်း ထိုနည်းလမ်းများကို ရှေ့တန်းမတင်လိုကြပေ။
ဆိုရှယ်ဒီမိုကရက်များ၏ ပုံစံ
ဆိုရှယ်ဒီမိုကရက်များသည် ရှိထားပြီးသား ပေးထားချက်နိုင်ငံရေးစနစ်ထဲမှပင် တဖြေးဖြေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ရန်နှင့် ပေးထားချက်နိုင်ငံရေးစနစ္၏ တည်ရှိမှုများထဲမှ ဒီမိုကရက္တန္ဖိုးမ်ားကို ရှာဖွေကာ ထိုတန်ဖိုးအနှစ်သာရများကို အရှိန်အဟုန်ရစေရန် ကြိုးပမ်းတတ်ကြသည်။ အာဏာရှင်စနစ်ပုံစံနှင့် လက်နက်ကိုင်ပုန်ကန်မှု၊ လူထုအုံကြွမှုတို့ကို ရှေ့တန်းမတင်လိုကြပေ။ ဤသို့ဆိုလိုက်၍ ဆိုရှယ်ဒီမိုကရက်များသည် အပြောင်းအလဲနှင့် အခွင့်အရေးများအတွက် လူထုအုံကြွမှု၊ အာဏာဖိဆန်မှု စသည့် လူထုပါဝင်သည့် နိုင်ငံရေးလှုပ်ရှားမှုတို့ကို မလုပ်တော့ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဆိုရှယ်ဒီမိုကရက်များ၏ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံပြုပြင်ပြောင်းလဲရေးများအတွက် ကနဦးအမြင်တွင် ရွေးကောက်ပွဲလမ်းကြောင်းများ၊ နိုင်ငံရေးပါတီထောင်ခြင်းများ၊ ဥပဒေပြုရေးမဏ္႑ိုင်အား တောင်းဆိုတိုက်တွန်းခြင်းများ စသည့်နည်းလမ်းများကိုသာ ဦးစားပေးချဉ်းကပ်ခြင်းဖြစ်သည်။
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များ၏ ပုံစံ
ကနဦးပိုင်းတွင်တော့ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံပြုပြင်ပြောင်းလဲရေးများတွင် ဒီမိုကရက်ဆိုရှယ်လစ်ဇင်များကလည်း ဆိုရှယ်ဒီမိုကရက်များအတိုင်းပင် အာဏာရှင်စနစ်နှင့် လက်နက်ကိုင်လမ်းစဉ်ကို အားပေးသည်တော့မဟုတ်ပေ။ သို့သော် ဆိုရှယ်ဒီမိုကရက်ထက် လက်ဝဲပိုဆန်သော ဒီမိုကရက်ဆိုရှယ်လစ်ဇင်များသည် အချို့သော နိူင်ငံရေးဖြစ်စဉ်များတွင် ဆိုရှယ်ဒီမိုကရက်များထက် သဘောထားပြင်းထန်ကြသည်။
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက ဆိုရှယ်ဒီမိုကရက်များအပေါ် ဝေဖန်မှုများ
ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက လက်ယာအရင်းရှင်စနစ်၏ လူပါးဝမှုကို နဂိုထဲကပင် အမြင်မကြည်ကြပေ။ ဆိုရှယ်ဒီမိုကရက်များသည် မညီမ်ွမွုမ်ားကို မွေးထုတ်ပေးသော အရင်းရှင်စနစ်အား လူးသာလွန့်သာဖြစ်စေရန် ပြုလုပ်နေကြသည်ဟု ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက မြင်ကြသည်။ ဆိုရှယ်ဒီမိုကရက်များက လက်ယာအရင်းရှင်စနစ်အထိုင်ကို မပျက်စေဘဲ ထိုလက်ယာအရင်းရှင်စနစ်၏ အားနည်းချက်များအား လက်ဝဲစံနှုန်းများဖြင့် ထိန်းထေ့လိုရင်းဖြစ်ပြီး ဒီမိုကရက်ဆိုရှယ်လစ်ဇင်များမှာ အရှင်းရင်စနစ်ကို ကျော်လွန်၍ ဆိုရှယ်လစ်လူ့ဘောင်ဘက်ကို ရောက်စေရန်ရည်ရွယ်သည်။ ဆိုရှယ်လစ်အုပ်စုများနှင့် ဒီမိုကရက်ဆိုရှယ်လစ်ဇင်များကြားကွဲပြားချက်မှာ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက ဒီမိုကေရစီကို နှစ်ခြိုက်ခုံမင်ကာ ဒီမိုကရက်စံနှုန်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ဆိုရှယ်ဒီမိုကရက်များ၏ အထိုင်ပြောင်းလဲခြင်း
သမိုင်းအရတော့ ဆိုရှယ်ဒီမိုကရက်များသည်လည်း ဆိုရှယ်လစ်လူ့ဘောင်ဘက်ကို ဦးတည်သောအုပ်စုများဖြစ်ခ့ဲသည်။ သို့ရာတွင် ဒုတိယကမ်ဘာစစ်နောက်ပိုင်းကာလတွင် ဆိုရှယ်ဒီမိုကရက်များက ၎င်းတို့၏ ဆိုရှယ်လစ်လူ့ဘောင်တည်ထောင်ရန် ရည်ရွယ်ချက်အား "အရင်းရှင်စနစ်၏ အားနည်းချက်များကို ပြုပြင်ဖာထေးယူကာ တည်ဆောက်မည်ဘက်ကို" ရောက်လာကြသည်။ ဒီမိုကရက်ဆိုရှယ်လစ်ဇင်များက အရင်းရှင်စနစ်ကို ပြုပြင်နေစရာမလို၊ ချန်ထားခ့ဲကာ ဆိုရှယ်လစ်စနစ်ဘက်ကို ဒီမိုကရေစီဆန်ဆန် သွားလိုကြသည်။
သို့်သော်...... လက်ယာအရှင်းရှင်စနစ်သည် လူတန်းစားကွာဟမှုနှင့် လူတန်းစားမညီမျှမှုကို ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးရှိသည်ဆိုလျှင် လက်ဝဲ ဆိုရှယ်လစ်စနစ် စံတန်ဖိုးသည်လည်း လူတန်းစားကွာဟမှုနှင့် ဆင်းရဲမွဲတေမှုကို အပြည့်အဝ မကုစားနိုင်ကြောင်း သမိုင်းက သက်သေထူခ့ဲပြီးပြီဖြစ်သည်။ သို့ရာတွင် ဒီမိုကရက်တန်ဖိုးသည် လက်ဝဲစီးပွားရေးလူမှုအဆောက်အအုံထက် လက်ယာစီးပွားရေးလူမှုအဆောက်အအုံပေါ်တွင် ရှင်သန်စည်ပင်ရန် အခွင့်အရေးပိုရှိသည်။
လက်ဝဲအယူအဆအား အကောင်အထည်ဖော်ရင်း ဒီမိုကရေစီဆိတ်သုန်းခြင်း
သမိုင်းဖြစ်တည်မှုအရ လက်ဝဲအယူအဆကိုအကောင်အထည်ဖော်ရာတွင် တစ်ပါတီစနစ်ဖြင့် သွားကြသည်။ လက်ယာအရင်းရှင်စနစ်က ဓနဥစ္စာပိုင်ဆိုင်မှုကွာဟချက် (သို့မဟုတ်) လူတန်းစားမညီမျှမှု၊ ကွာဟမှုတို့ကို မွေးထုတ်ပေးသည်။ ဓနဥစ္စာကိုပိုင်ဆိုင်သူက အနည်းစုဖြစ်ပြီး အလုပ်သမားလူတန်းစား၊ အရင်းမ့ဲလူတန်းစားများမှာ အများစုဖြစ်နေသည်။ ထိုပြဿနာကို ဖြေရှင်းရန် လက်ဝဲအယူအဆဘက်ကအမြင်တွင် လူတန်းစား တန်းတူညီမျှမှုကို ရရှိရန်မှာ လူအများစုဖြစ်သော အရင်းမ့ဲလူတန်းစား၊ အလုပ်သမားလူတန်းစားက တော်လှန်ရေးတရပ်ကို စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်ရမည်၊ ထိုသို့ တော်လှန်းရေး (သို့မဟုတ်) တန်းတူညီမျှသော လူမှုအသိုက်အမြုံတစ်ခုပေါ်ပေါက်လာရန် အရင်းမ့ဲအလုပ်သမားလူတန်းစားကို ကိုယ်စားပြုသော နိုင်ငံရေးအင်အားစုအုပ်စုတစ်ခု၊ ပါတီတစ္ခုက ဦးဆောင်ရမည်ဟု ရှူမြင်သည်။ ဤသို့ဖြင့် တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ရေးပုံစံပေါ်လာသည်။ တစ်ပါတီစနစ်တွင် ရွေးကောက်ပွဲစနစ်ရှိသည်ဆိုသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား အနှစ်သာရရှိရှိ ပီပြင်ခြင်းမရှိပေ။ အတိုက်အခံ ပါတီဆိုသည်မှာလည်းမရှိ။ အတိုက်အခံပါတီ မရှိခြင်းသည် အချုပ်အခြာအာဏာဖြစ်စဉ်အား နိုင်ငံ လွမ်းခြုံအဆင့်အထိ ထိန်းကျောင်းသူကင်းမ့ဲသွားသည့် သဘောဖြစ်လာသည်။
တစ်ပါတီစနစ်တွင် ရွေးကောက်ပွဲစနစ်ရှိသည်ဆိုသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား အနှစ်သာရရှိရှိ ပီပြင်ခြင်းမရှိပေ။ အတိုက်အခံပါတီ မရှိခြင်းသည် အချုပ်အခြာအာဏာဖြစ်စဉ်အား နိုင်ငံ လွမ်းခြုံအဆင့်အထိ ထိန်းကျောင်းသူကင်းမ့ဲသွားသည့် သဘောဖြစ်လာသည်။ တစ်ပါတီထဲတွင်ပင်လျှင် ဂိုဏ်ဂဏအားပြိုင်မှုများက ရှိလာကြသည်။ ဂိုဏ်းဂဏအားပြိုင်မှုက အုပ်စုဖွဲ့မှုကို ဖြစ်စေသည်။ အုပ်စုဖွဲ့မှုက ဘက်လိုက်မှုကိုဖြစ်စေသည်။ ဘက်လိုက်မှုက မူဝါဒ တန္ဖိုးမ်ားကို မျက်ကွယ်ပြုတော့သည်။ ဤသို့ဖြင့် တန်းတူညီမျှ၊ တရားမ်ွတ၊ လွတ်လပ်သော လူ့အသိုက်အဝန်းတစ်ခုက ဖြစ်မလာတော့ပေ။ လက်ဝဲအယူအဆဖြင့် "သာယာသုခချမ်းမြေ့လူ့သားဘုံဘဝဌာန" ကိုဖော်ကျူးမည်ဟု ဟစ်ကြွေးခ့ဲသော ဆိုဗီယက်ပြည်ထောင်စုသည်လည်း တစ်ပါတီစနစ်ကြောင့် ကျဆုံးခ့ဲရသည်။ တရုတ်ပြည်သည် လက်ဝဲအထိုင်စီးပွားရေးစနစ်အောက်တွင် လူသား၏ ဘဝဖြစ်တည်မှု အဓိပ္ပါယ်မ့ဲကာ ငတ်ပြတ်ဆင်းရဲလျက် "စုပေါင်းဘုံဆိုင်မှုစနစ်"က လူတန်းစားညီမျှမှုကို မပေးစွန်းနိုင်ကြောင်းသဘောပေါက်လာခ့ဲ၍ တစ်သီးပုဂ္ဂလ ဓနဥစ္စာပိုင်ဆိုင်မှုနှင့် အရင်းရှင်ဈေးကွက်စီးပွားရေးစနစ်ကို ပြန်သွားရတော့သည်။
လက်ဝဲအယူအဆရော၊ လက်ယာအယူအဆပါ တစ်ဖက်စွန်းထွက်လွန်းပါက ပြည်သူလူထုမှာ ဒုက္ခကြီးစွာတွေ့တော့ကာ ဒီမိုကရေစီသည် ပျောက်ဆုံးတတ်သည့်သဘောကို ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် အပိုင်း (2) တွင် https://m.facebook.com/story.php?story_fbid=pfbid02TSdyi8RgMvRwNE3V1HoLkUjPKbXcsP189rD5YaMpaamrnWBXYqqx49QLo5XF1Bexl&id=100076145194525&mibextid=Nif5oz
ဖတ်ရှူနိုင်ပါသည်။
ဆိုရှယ်ဒီမိုကရက်အုပ်စုများနှင့် ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်အုပ်စုများကတော့ တပါတီစနစ္ကို သေဘာမက် ပါတီစုံစနစ်ဘက်ကိုသာ အားသန်ကြသည်။ တရုတ်ရော၊ ရုရှား နှစ်နိုင်ငံစလုံးသည် လက်ရှိတွင် ဆိုရှယ်ဒီမိုကရက်လည်းမဟုတ်သလို ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်များလည်းမဟုတ်ပေ။
ဆက်လက်ဖော်ပြပါမည်။
ဆက်စပ်လင့်များ
ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် (1)
ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် (2)
ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် (3)
ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် (4)
Comments
Post a Comment