တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

 ဆိုရှယ်ဒီမိုကရေစီ

အပိုင်း-2


နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

- 19 ရာစုအလယ်မှ  (1912) ခုနှစ်အထိ 

လက်ယာအရင်းရှင်စနစ်မှ လက်ဝဲကွန်မြူနစ်စနစ်သို့ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက်ပိုင်းတွင် လက်ယာအရှင်းရှင်စနစ်အား ဖြိုဖျက်၍ လက်ဝဲကွန်မြူနစ်စနစ်ဘက်သို့ ကူးပြောင်းလာသည်။ ဤနေရာတွင် တရုတ်၏ အရင်းရှင်စနစ်ပုံစံကို အနည်းငယ် သိရန်လိုလာသည်။ ကွန်မြူနစ်ပါတီ အာဏာကို မချုပ်ကိုင်မီ အချိန်ကာလက တရုတ်ပြည်၏ လူမှုစီးပွားဘဝ နှင့် အုပ်ချုပ်ရေးစနစ်သည် ဟန်ချက်တော့မညီခ့ဲပေ။ အရင်းရှင် စက်မှုနိုင်ငံများက ကိုလိုနီလာပြုထားသော ဒေသများတွင် ထိုအရင်းရှင်စက်မှုနိုင်ငံများက သွပ်သွင်းလာသည့် အရင်းရှင်စနစ်ရှိနေသည်။ တရုတ်မင်းဆက် ဆက်လက်အုပ်ချုပ်ထားသောနေရာများ၊ နယ္စားပါယ္စား သူကောင်းမျိုးများ ထိန်းချုပ်ထားသောနေရာများတွင် ခေတ်နောက်ကျသည့် မိရိုးဖလာ ပဒေသရာဇ် စနစ်ရှိနေသည်။ အရင်းရှင် စက်မှုနိုင်ငံများ၏ ထိန်းချုပ်ထားရာဒေသတွင်ပင်ဖြစ်ဖြစ်၊ တရုတ်မင်းဆက်နှင့် သူကောင်းမျိုးများ ထိန်းချုပ်ထားသောဒေသတွင်ပင်ဖြစ်ဖြစ် တရုတ်အောက်ခြေ အခြေခံလူတန်းစားမှာ ပဒေသရာဇ်စနစ် လူ့အသိုက်အမြုံအဖြစ်သာရှိနေသေးသည်။ တရုတ်အခြေခံလူတန်းစားများအဖို့ အရင်းရှင် စက်မှုနိုင်ငံများ ထိန်းချုပ်ထားသည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ပဒေသရာဇ်အုပ်ချုပ်သည့် နေရာတွင် ရှိသည်ဖြစ်စေ နင်းပြားဘဝဖြင့် သွေးစုတ်အမြတ်ထုတ်ခံ ဘဝတွင်သာရှိနေသည်။ အရင်းရှင်စနစ်ရှိနေသည့် နေရာများက တရုတ်ပညာတတ်ဘူဇွာ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးလာသည်။ ထိုတရုတ်ဘူဇွာလူတန်းစားထဲမှ ဒေါက်တာဆွန်ယက်ဆင်က့ဲသို့ မျိုးချစ်စိတ်ရှိသည့် ခေါင်းဆောင်များပေါ်ထွက်လာသည်။ တရုတ်ဘူဇွာလူတန်းစားနှင့် ပဒေသရာဇ်စနစ်ထဲမှ သူကောင်းမျိုး တချို့က ပူးပေါင်းကာ ဘုရင်စနစ်ကို ဖြုတ်ချ၍ သမ္မတနိုင်ငံ တည်ထောင်နိုင်ခ့ဲသည်။ အရှင်းရှင်အလွှာနှင့် ပဒေသရာဇ်သူကောင်းအလွှာများကြီးစိုးသည့် သမ္မတနိုင်ငံသည် အောက်ခြေနင်းပြားလူထု၏ လူမှုစီးပွားဘဝကို မမြှင့်တင်နိုင်။ ဤသို့ဖြင့် ကျောမွဲလူတန်းစားတို့၏ ရပိုင်ခွင့်များအတွက် တရုတ်ကွန်မြူနစ်ပါတီ စခန်းထလာနိူင်ခ့ဲကာ နိုင်ငံ၏ အာဏာကိုရယူနိုင်ခ့ဲတော့သည်။


- (1949) ခုနှစ်ကာလမှ (1970) ပြည့်လွန်ကာလများ

တရုတ်ကွန်မြူနစ်များက တရုတ်လူ့ဘောင်အား သာတူညီမ်ွ ကောင်းစားရေးအခင်းအကျင်းသစ်ဆီကို ဦးဆောင်မောင်းနှင်တော့သည်။ တရုတ်ကွန်မြုနစ်များ၏ အမြင်မှာ- လက်ယာအရင်းရှင်စနစ်ရော၊ ပဒေသရာဇ်စနစ်ရော နှစ်ခုစလုံးသည် လူတန်းစားကွာဟမှုနှင့် လူတန်းစား မညီမျှမှုကို ဖြစ်စေသည်။ ထိုစနစ်နှစ်ခုစလုံးသည် ဆင်းရဲသားနင်းပြား လူတန်းစားအပေါ် ဂုတ်သွေးစုတ်သည်။ သို့ဖြစ်၍ ထိုက့ဲသို့ စက္ဆုတ္စရာ လူသားချင်းအမြတ်ထုတ်သည့်စနစ်ကို တရုတ်မြေပေါ်မှ မောင်းထုတ်ပစ်ရမည်။ ထိုသို့မောင်းထုတ်ပစ်ရန် ထိုစနစ္မ်ားကို ကျားကန်ထားသော လူမှု အစဉ်အလာများကို ဖြိုချပစ်ရမည်။  လူမှုအစဉ်အလာများကိုကြည့်ပါက ယဉ်ကျေးမှုနှင့် ဘာသာရေးတန်ဖိုးများလည်းပါနေသည်။ ဤသို့ဖြင့် ထိုယဉ်ကျေးမှု၊ ဘာသာရေးများကို ပစ်ပါယ်ကာ ပစ္စည်းမ့ဲလူတန်းစားတော်လှန်ရေးကို ဆင်နွဲတော့သည်။ ရှိရှိသမျှပြည်သူပိုင်သိမ်း၊ ဥစ္စာဓနရှင်ဆိုသည် မရှိစေရ၊ အတူတူ အလုပ်လုပ်၊ အတူတူ အကျိုးအမြတ်ခွဲဝေယူ၊ စသဖြင့် လူတန်းစားပဋိပက္ခနှင့် လူတန်းစားကွာဟမှုမရှိတော့သည့် " အကောင်းလွန်သုခဘုံ" ကို ဦးတည်သည့် အိပ္မက္ကို တရုတ်ကွန်မြူနစ်များတည်ဆောက်တော့သည်။ 


"အကောင်းလွန်သုခဘုံ" ဆိုသည့် ကွန်မြူနစ်များ၏ စိတ်ကူးရည်ရာအတွေးကတော့ ကောင်းပါ၏။ လက်တွေ့အကောင်အထည်ဖော်ရာတွင်ကား "မကောင်းတော့ပေ"။ ကွန်မြူနစ်များ၏ နိုင်ငံအာဏာရယူရန် တော်လှန်ရေးများသည် ကမ်ဘာ၏ အချို့ဒေသများတွင် အောင်မြင်ခ့ဲသည်။ သို့သော် ထိုက့ဲသို့ အောင်မြင်ခ့ဲသည့် ကွန်မြူနစ်များသည် နိုင်ငံတည်ဆောက်ရေးတွင် ပြိုလဲခ့ဲသည်။ အဘယ်ကြောင့်ဆိုသော် "လူသည် စိတ်ဆန္ဒရှိသော သတ္တဝါဖြစ်သည်။ လူသည် "ခံစားချက် ဆန္ဒမ့ဲသော သက်ရှိ ပစ္စည်း" တစ်ခုမဟုတ်။ လူ၏ စိတ်ဆန္ဒကိုသွား၍ ဤပုံဤနည်းအတိုင်းဟူ၍ ပုံစံခွက်ထဲ ထည့်၍ မရ။ "လူသားချင်း တန်းတူညီမျှမှုရရှိရန်အတွက် လူသည် ခံစားချက်ကင်းမ့ဲသော သက်ရှိပစ္စည်း တစ်ခုအဖြစ်နေသင့်လျှင် နေရမည်" ဟူ၍ အတင်းလုပ်ယူ၍မရ။  နဂိုကလူသားစံကို တန်ဖိုးထားသော ကွန်မြူနစ်ဝါဒမှာ အကောင်အထည်ဖော်ရင်း လူကို လူဟူ၍ပင် မမြင်ချင်တော့ပေ။ ဤသို့ဖြင့် တရုတ်ပြည်သည် လူမှုဆင်းရဲဒုက္ခကို ခုန်ပျံကျော်လွှားခုန်ဆင်းကာ ရင်ဆိုင်ခ့ဲရသည်။


လက်ဝဲကွန်မြူနစ်စနစ်မှ လက်ယာအရင်းရှင်ပုံစံသို့

- (1970)ပြည့်လွန်နှစ်များမှ လက်ရှိကာလအထိ


လူအချင်းချင်းတန်းတူညီမျှစနစ်ကို အကောင်အထည်ဖော်ရန် တရုတ်ကွန်မြူနစ်များသည် အရင်းရှင်လူမှုစီးပွား အဆောက်အအုံအား ဖြိုချပစ်ခ့ဲသည်။ အရင်းရှင် လူမှုစီးပွား အဆောက်အအုံမရှိဘဲ စုပေါင်းဘုံပိုင်စနစ်၊ ကွန်မြူနစ်စနစ်ဖြင့် ချီတက်နေသော နှစ်ပေါင်း (50) ကျော် ကာလအတွင်း တရုတ်ပြည်၏ လူအချင်းချင်းတန်းတူညီမျှမှုသည် ဖြစ်ထွန်းမလာခ့ဲပေ။  ထမင်းတနပ်ကိုတောင် မဝေရစာ ငတ်ပြတ်နေသည့် လူ့ဘောင်အဖြစ်သာ ပီပီပြင်ပြင် ဖြစ်ပေါ်လာခ့ဲသည်။ ဤသို့ဖြင့် တရုတ်ပြည်သည် လက်ဝဲကွန်မြူနစ်စနစ်မှ လက်ယာ အရင်းရှင်စနစ်ဘက်ကို ပြန်လည် ခြေဦးလှည့်ရတော့သည်။ 


နဂိုအထိုင် 


ကွန်မြူနစ်စနစ်မှ အရင်းရှင်ဈေးကွက်စီးပွားရေးစနစ်သို့ ပြန်လည်ကူးပြောင်းရသည့်အခါ တရုတ်ပြည်သည် နိုင်ငံပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ပြန်လုပ်ခ့ဲရသည်။ တရုတ်တို့၏ စနစ်၊ မူဝါဒ ပြုပြင့်ပြောင်းလဲရေးနှင့် နိုင်ငံတည်ဆောက်ရေးကို ပြန်လည်စတင်ရသည့် အခြေအနေများကို ကြည့်ပါက

1- ဗဟိုချုပ်ကိုင်မှုများလွန်းသည့် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တွင် အသားက် အကျင့်ပါနေသော လူ့အဖွဲ့အစည်း ဘဝမွ စတင်ရခြင်း

2- ဗဟိုချုပ်ကိုင်မှုစနစ်တွင် အသားကျနေသော အကျင့်စာရိတ်သည် အောက်ခြေမှ တာဝန်ယူတာဝန်ခံသော အလေ့အကျင့်မဟုတ်ခြင်း

3- ဗဟိုချုပ်ကိုင်မှုစနစ်သည် လူ့အဖွဲ့အစည်းအတွင်း အာဏာရှိသူနှင့် အာဏာမရှိသူ နှစ်မျိုးနှစ်စားကို ဖြစ်လာစေခြင်း၊ အထက္ဖား အောက်ဖိဝါဒများ အားကောင်းလာခြင်း၊ လာဘ်ပေးလာဘ်ယူ အဂတိတရားကိုဖြစ်စေခြင်း၊ ဂိုဏ်းဂဏအုပ်စုများ ဖြစ်လျက် အပြန်အလှန် အားပြိုင်မှုကို ဖြစ်လာစေခြင်း

4- ဗဟိုချုပ်ကိုင်မှုစနစ်နှုင့် ဆင်းရဲငတ်ပြတ်ခြင်းတို့ ပေါင်းဆုံသောအခါ လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်သိက္ခာထက်၊ ငါရလျင်ငါစားဟူသော အယူအဆသာ အထိုင်ကျနေခြင်း

5- ကွန်မြူနစ်စနစ်ကြောင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုပျက်သုန်းကာ ထုတ်ကုန်အားနည်းလွန်းသော လူ့အဖွဲ့အစည်းဖြစ်နေခြင်း 

6- တရုတ်ကွန်မြူနစ်ပါတီအပေါ်တွင် တရုတ်လူထုသည် လန့်ကြောက်နေရခြင်း

စသည့် အခြေအနေမျိုးကို တရုတ်ပြည်သည် ရင်ဆိုင်နေခ့ဲရသည်။


အပြောင်းအလဲများ


ဤ အခြေအနေအောက်မှ စတင်ကာ တရုတ်ပြည်သည် စီးပွားရေးအား ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်လာခ့ဲသည်။ ထိုသို့ ပြုလုပ်ရာတွင် အရေးပါသည့် အပြောင်းအလဲများမှာ

1- ဗဟိုချုပ်ကိုင်မှုများလွန်းသည့် အေနအထားမွ ဈေးကွက်စီးပွားရေးစနစ်ဘက်ကို ဖွင့်ပေးရာတွင် တဖြေးဖြေးဖွင့်ပေးရခြင်း

2- ဗဟိုချုပ်ကိုင်မှုကို လျော့ချ ပေးခြင်း

3- ဈေးကွက်စီးပွားရေးပုံစံနှင့် မရင်းနှီးသော လူထုကို ဈေးကွက်စီးပွားရေးနှင့် မိတ်ဆက်ပေးခြင်း၊ ထူထောင်ပံပိုးမတည်ပေးခြင်း

4- နိုင်ငံပိုင်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးရန် အားထုတ်ခြင်း

5- အခြားနိုင်ငံများမှ စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်မှုကို လက်ခံခြင်း

6- စိုက်ပျိုးရေးတွင် အိမ်ထောင်စုလိုက်တာဝန်ခံသော စနစ်ကိုကျင့်သုံးခြင်း

7- စက်မှုလုပ်ငန်းများတိုးတက်လာရန်အားထုတ်ခြင်း၊ ထိုစက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုအားကောင်းစေရန် အားထုတ်ခြင်း

8- အခြေခံ အဆောက်အအုံများတွင် အလုံးအထည်ဖြင့် ရင်းနှီးမြုပ်နှံခြင်း

9- နည်းပညာကိုအခြေခံသည့် ထုတ္ကုန္မ်ားကို ထုတ်လုပ်နိုင်ရန် အားပေးခြင်း

10- စားသုံးသူဗဟိုပြုဝါဒနှင့် စားသုံးသူအခွင့်အရေး ယန္တယားများကို တည်ထောင်ပေးခြင်း

စသည့် အချက်များဖြစ်သည်။


ကွန်မြူနစ်စနစ်စီးပွားရေးမှ အရင်းရှင်ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုတွင် တရုတ်ရင်ဆိုင်ရသော အချက်များ


"ကွန်မြူနစ်စနစ်စီးပွားရေးမှ အရင်းရှင်ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုတွင် တရုတ်ရင်ဆိုင်ရသော အချက်များ" ဟူသည် နိုင်ငံတည်ဆောက်ရေး (State Building) ပြဿနာ ပင်ဖြစ်သည်။ တရုတ်၏ "ကွန်မြူနစ်စနစ်စီးပွားရေးမှ အရင်းရှင်ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုဆိုင်ရာ State Building ကိစ္စရပ်တွင်" စနစ္တစ္ခုမွ တစ်ခုသို့ အထိုင်မကျသည့် Unavailable Task မ်ား၊ တတ်သိပညာရှင် မလုံလောက်မှုများ၊ ကွန်မြူနစ်စနစ်အထိုင်ပေါ်တွင် ကိုယ်ကျိုးရှာအမြတ်ထုတ်နေသူများ၏ ဆန့်ကျင်မှုများ၊ အမှားအယွင်းများ၊ ထိခိုက်နာကြင်စရာများ ရှိနေခ့ဲသည်။ 


နဂိုကွန်မြူနစ်အထိုင်ပေးထားချက်နှင့် ပြုပြင်ပြောင်းလဲရေးကြား ထိပ်တိုက်တိုးမှုများကို အောက်တွင် ဆန်းစစ်သုံးသပ်ပြထားပါသည်။


* ဗဟိုချုပ်ကိုင်မှုများလွန်းသည့် အေနအထားမှ ဈေးကွက်စီးပွားရေးစနစ်ဘက်ကို ဖွင့်ပေးရာတွင် တဖြေးဖြေးဖွင့်ပေးမှုကို တရုတ်သည်အသုံးပြုခ့ဲသည်။ တဖြေးဖြေးဖွင့်ပေးရာတွင်ပင် ပြဿနာများစွာက စောင့်ကြိုနေတော့သည်။ အာဏာလုပ်ပိုင်ခွင့်ရှိသည့် အဝိုင်းအဝန်းထဲမှ မူလကွန်မြူနစ်အထိုင်မှ မစွန့်ခွာလိုသောအုပ်စုများကို ရင်ဆိုင်ရသည်။ လူထုအတွင်း အရိုးစွဲနေသည့် "ဆင်းရဲငတ်ပြတ်မှုကြောင့် ကျင့်ဝတ်သိက္ခာထက်၊ ငါရလျင်ငါစားဟူသော အယူအဆသာ အထိုင်ကျနေမှု" ကိုရင်ဆိုင်ရသည်။ လူထု၏ ထိုအခြေအနေကို မူလအထိုင်မှ မစွန့်ခွာလိုသော သူမ်ားက ခုတုံးလုပ်ကာ ပြုပြင်ပြောင်းလဲရေးကို လက်မခံကြခြင်းဖြစ်သည်။  မူလအထိုင်မှ မစွန့်ခွာလိုသောသူများ၏ လက်သုံးစကားမှာ "စည်းပျက် ကမ်းပျက် ပရမ်းပတာဖြစ်နေသောသူများ" အား အခွင့်အရေးပေးလိုက်လျှင် ငါးပါးမှောက်သွားနိုင်သည်" ဟူသော အပြောမျိုးဖြင့် အပြောင်းအလဲကို ကန့်ကွက်ကြခြင်းဖြစ်သည်။ 

* စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ဗဟိုချုပ်ကိုင်မှုကို လျော့ချမှုတွင် စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများအား ဒေသန္တရအစိုးရများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများထံသို့ ခွဲဝေ ပေးလာသည်။ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ကနဦးစတင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအပေါ် ပို၍ ဗဟိုချုပ်ကိုင်မှုလျော့ချပေးလာသည်။ ဈေးကွက်စီးပွားရေးပုံစံနှင့် မရင်းနှီးသော လူထုကို ဈေးကွက်စီးပွားရေးနှင့် မိတ်ဆက်ပေးခြင်း၊ ထူထောင်ပံပိုးမတည်ပေးခြင်းတို့ကို ပြုလုပ်ရာတွင် အကျိုးအမြတ်တန်ဖိုးကိုသတ်မှတ်ပေးခြင်း၊ အရင်းအမြစ်များကိုခွဲဝေပေးခြင်းနှင့် ယှဉ်ပြိုင်ထုတ်လုပ်မှုများဖြစ်စေခြင်းများအတွက် ယန္တယားများကို တည်ဆောက်ပြုပြင်ပြောင်းလဲလာသည်။ နိုင်ငံပိုင်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးရန် အားထုတ်ရာတွင် ပြည်တွင်း ပြည်ပ ပုဂ္ဂလိကပိုင်ဆိုင်မှုကိုအားပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်းများ၊ ကုမ္ပဏီများ ထူထောင်မှုကို အထောက်အကူပေးခြင်း၊ ထိုလုပ်ငန်းများက စီးပွားရေးအရှိန်အဟုန်တိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်သည်။ အခြားနိုင်ငံများမှ စီးပွားရေးဝင်ရောက်စွက်ဖက်မှုကို လက်ခံမှုတွင် နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုကို တံခါးဖွင့်ပေးခြင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးတွင် ဝင်ရောက်ခြင်း၊ မိမိကိုယ်တိုင်ကလည်း အခြားနိုင်ငံများ၏ စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်နိုင်ရန်အားထုတ်ခြင်း၊ အထူးစီးပွားရေးဇုန်များကို တည်ဆောက်ခြင်း တို့ပါဝင်သည်။ 1980 ပြည့်လွန်ကာလများတွင် တရုတ်သည် ဘုံပိုင်လယ်ယာမြေစနစ်အား ဖျက်သိမ်းကာ မိသားစုအလိုက် လယ်ယာမြေအား တာဝန်ယူရသောစနစ်ကို ပြုလုပ်လာခ့ဲသည်။ မိသားစုအလိုက် လယ်ယာမြေ ဝေခြမ်းပေးကာ လယ်မှထွက်လာသောအကျိုးအမြတ်ကို မည်သူ့ကိုမှ ခွဲဝေပေးစရာမလိုဘဲ တိုက်ရိုက်ခံစားခွင့်ပြုပေးခ့ဲသည်။ ကိုယ်လုပ်သမျှ ကိုယ်ခံစားခွင့်ရှိသောမူဖြင့် မက်လုံးပေးသောကြောင့် စိုက်ပျိုးရေးထုတ်ကုန်များတိုးတက်လာကာ ကျေးလက်ဒေသဝင်ငွေများရှိလာသည်။ 


ဤအချက်များကို ဆောင်ရွက်ရာ၌ တရုတ်၏ အာဏာယန္တယားများကိုယ်တိုင်ပင် ဗဟိုချုပ်ကိုင်မှုစနစ်တွင် အသားကျနေကော အောက်ခြေမှ တာဝန်ယူတာဝန်ခံသော အလေ့အကျင့်မျိုး မရှိခြင်းက အားနည်းချက် ဖြစ်လာသည်။ အမှန်တရားအတွက် အောက်ခြေမှ အထက်သို့ တင်ပြတောင်းဆိုနိုင်မှုကို ပိတ်ပင်ထားခြင်းက အထက္ဖား အောက်ဖိဓလေ့နှင် အုပ်စုဖွဲ့ဓလေ့များကို အားကောင်းစေသည်။ နဂိုကပင် အထက္ဖား၊ အောက်ဖိ ငါရလျှင့်ငါစား ပုံစံကရှိနေပြီးသားတွင် လုပ်ပိုင်ခွင့်ကိုပါ ထပ်ပေးလိုက်သည့်အချိန်တွင် " လာဘ်ပေး လာဘ်ယူအဂတိတရားများ" ကအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတော့သည်။ တရုတ်၏ ဗဟိုချုပ်ကိုင်မှုလျော့ချရေးတွင် အဟန့်အတားမှာ လာဘ်စားမှုနှင့် အဂတိတရားများဖြစ်သည်။ အဂတိအမှုကို ကိုင်တွယ်မှုသည် တရုတ်ကွန်မြူနစ်ပါတီအတွင်း အုပ်စုအားပြိုင်မှု၏ နိုင်ငံရေးလက်နက်လည်းဖြစ်လာသည်။ အဂတိလိုက္စား လာဘ်ယူ၍ အရာရှိ၊အရာထမ်းများကို သေဒဏ်ပေးသည် ဆိုသည်ဇတ်ကွက်များမှာ တရုတ်နိုင်ငံရေးဇတ်ခုံပေါ်တွင် ရှိနေဆဲဖြစ်သည်။ သေဒဏ်ပေးလိုက်သဖြင့် အာဏာရပ်ဝန်းမှ အဂတိ လာဘ်ပေးလာဘ်ယူများ ကင်းသွားသလားဆိုလျှင်လည်း မဟုတ်ပေ။ ရှိနေဆဲ ဖြစ်နေဆဲသာပင်။


စက်မှုလုပ်ငန်းများတိုးတက်လာရန်အားထုတ်ခြင်း၊ ထိုစက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုအားကောင်းစေရန် အားထုတ်ခြင်းတို့တွင် တရုတ်သည် စက်ရုံများ အလုပ်ရုံများကို တည်ဆောက်ရသောအခါ အခြေခံအချက်များတွင် ပြည်သူလူထုကို အလုပ်အကိုင်ပေးနိုင်ရေးသည်လည်း တစ်ခုအဖြစ်ပါဝင်သည်။ ကွန်မြူနစ်စနစ်မှလာသော ဘုံပိုင်၊ ဘုံလုပ်အားအလေ့အထ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည့် လူပိုလူလ်ွံ ဖြစ်စဉ်ကို တရုတ်လူ့အဖွဲ့အစည်းသည် ရင်ဆိုင်ခ့ဲရသည်။ ဘုံပိုင်ဘုံဆိုင်စနစ်တွင် လူအားအလုပ်လုပ်ခိုင်းသော်လည်း မိမိအလုပ်မှ အကျိုးအမြတ်ကို မခံစားရ၍ အလုပ်လုပ်ချင်စိတ်မရှိတော့ပေ။ ကွန်မြူနစ် အာဏာပိုင်များကို ကြောက်၍ မတတ္သာ၍သာ အလုပ်ထဲသွားနေရသော်လည်း ရေသာခိုမည်ဖြစ်သည်။ ဤသို့ ရေသာခိုအကျင့်စွဲမြဲနေသည့် စရိုက်သည် လူပိုလူလျှံဖြစ်စေသည်။ လူပိုလူလျှံဆိုသည်မှာ တဖက်တွင် အလုပ်လက်မ့ဲဟူ၍လည်း အဓိပ္ပါယ်ရသည်။ ထိုသို့ ပမာဏကြီးလွန်းလှသော လူပိုလူလ်ွံမ်ားကို အလုပ်အကိုင်များပေးရမည်။ တဖက်တွင် ဗဟိုချုပ်ကိုင်မှုစနစ်နှုင့် ဆင်းရဲငတ်ပြတ်ခြင်းတို့ ပေါင်းဆုံသောအခါ လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်သိက္ခာထက်၊ ငါရလျင်ငါစားဟူသော အယူအဆသာ အထိုင်ကျနေသည့် အကျင့်ကြောင့်လည်း တရုတ်၏ စီးပွားရေးလုပ်ငန်းများသည် ကျင့်ဝတ်သိက္ခာအပေါ် အလေးထားမှုနည်းပါးကြသည်။ ပတ်ဝန်းကျင်အပေါ် ကိုယ်ချင်းစာစိတ်နည်းကြသည်။ မည်သို့ပင် ဆိုစေ တရုတ်စက်ရုံအလုပ်ရုံများသည် လူပိုလူလ်ွံမ်ားကို ကြီးမားသော အလုပ်သမားအုပ်စုအဖြစ် ပြောင်းလဲနိုင်ကြသည်။


တရုတ်စက်ရုံများ အလုပ်ရုံများ၏ ကနဦးအစပိုင်းကုန်ထုတ်လုပ်မှုကိုကြည့်ပါက အေပါစား လူသုံးကုန်ပစ္စည်းများသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  အခြားသောထုတ်ကုန်များတွင်  ယှဉ်ပြိုင်နိုင်မှု မရှိနိုင်သေးသောကြောင့်ဖြစ်သည်။ အေပါစား လူသုံးကုန်များကို ဈေးပေါပေါဖြင့်ထုတ်ကာ များများရောင်းနိုင်ရေးသည် တရုတ်၏ ဦးတည်ချက်ပင်ဖြစ်သည်။ တရုတ်စက်ရုံ အလုပ်ရုံများမှ ထုတ်သော ထုတ္ကုန္ကို တရုတ်ပြည်တွင်းမှ ဝယ်ယူသုံးစွဲရန် လိုအပ်ချက်ထက် များစွာပိုထုတ်နိုင်သည်။ အလုပ်သမားထုတည်အား ထိန်းချုပ်ရန် တရုတ်ကွန်မြူနစ်ပါတီသည် အကြောက်တရားကို အသုံးပြုကာ ထိန်းချုပ်နေရသေးသည်။


တရုတ်၏ စီးပွားရေးအရ အခြေခံ အဆောက်အအုံများတွင် အလုံးအထည်ဖြင့် ရင်းနှီးမြုပ်နှံခြင်းကိုကြည့်ပါက ကုန်စည်ကူးသန်းရောင်းဝယ်စီးဆင်းမှုလွယ်ကူလျင်မြန်စေရန် သယ်ယူပို့ဆောင်ရေးနှင့် သွားရေးလာရေးအပေါ်တွင် အလုံးအထည်ဖြင့် ရင်းနှီးမြှပ်နှံပေးခြင်းဖြစ်သည်။ ယခုကား ပြည်တွင်းသာမက ကမ်ဘာပတ်ပိုးလမ်းမအထိပါချဲ့ထွင်နေတော့သည်။ကနဦးပိုင်းကာလ ပြုပြင်ပြောင်းလဲရေးတွင် တရုတ်အဖို့ စီးပွားရေးအမြင်က လုံခြုံရေးနှင့်ကာကွယ်ရေးအမြင်ကို လွမ်းမိုးထားသည်။ 


နည်းပညာကိုအခြေခံသည် ကုန်ထုတ်လုပ်မှုအတွက် အဓိကအစိတ်အပိုင်းဖြစ်သည့် သုတေသနနယ်ပါယ်တွင် တရုတ်သည် ငွေသုံးသည်။ သုတေသန နယ်ပါယ်တွင် ရင်းနှီးမြုပ်နှံမှုဆိုသည်မှာ ပညာရေးကိုလမ်းဖွင့်ပေးရခြင်းလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ပိုင်းခြားဝေဖန်ဆန်းစစ်မှုနှင့် တီတွင်ဆန်းသစ်ဖောက်ထွက်စဉ်းစားမှုကို တရုတ် ပညာရေးသည် လမ်းဖွင့်ပေးလာရသည်။ ကွန်မြူနစ်ပါတီ၏ ပြောသမျှနားထောင်ပုံစံ ပညာရေးမဟုတ်တော့ပေ။ ဤသို့ဖြင့် ပညာတတ်လူလတ်တန်းစားများ ပေါ်ပေါက်လာတော့သည်။ ပညာတတ်လူလတ်တန်းစားများအား လူပိုလူလ်ွံမ်ား၊ ထုနှင့်တည်နှင့်ရှိသော အလုပ်သမားများဟု မြင်နေ၍မရတော့ချေ။ ပညာတတ်လူလတ်တန်းစားများက ဉာဏ်ပညာနှင့် အခွင့်အရေးကို ပို၍ခုံမင်သည်။ ပညာဉာဏ်အပေါ်တွင် ဂုဏ်ယူမှုမာနသည်ရှိသည်။ ထိုဂုဏ်ယူမှုမာနသည် တဖက်တွင့် ပရိုဖက်ရှင်နယ်လစ်ဇင် ကျင့်ဝတ်ဘက်ကို ပြန်သွားစေတတ်သည်။ တရုတ် ပညာတတ်လူလတ်တန်းစားများအနေဖြင့် အနည်းဆုံးတော့ မိမိဝယ်ယူလိုက်သော ပစ္စည်း၏အရည်အသွေးအပေါ်တွင်တော့ Complaint လုပ်တတ်လာသည်။ ငွေပေါပေါဖြင့် များများထုတ်၊ မြန်မြန်သုံး၊ မြန်မြန်ပျက်၊ မြမြန်ဝယ် ဆိုသည့်စနစ်တွင် ကုန်ပစ္စည်းတစ်ခု၏ အရည်အသွေး အာမခံချက်ဆိုသည်မှာမရှိသည့် အလေ့အထနှင့် တရုတ် လူလတ်တန်းစားပညာတတ်များကြားတွင် ပဋိပက္ခဖြစ်လာသည်။ ဤသို့ဖြင့် စားသုံးသူဗဟိုပြုဝါဒနှင့် စားသုံးသူအခွင့်အရေး ယန္တယားများကို တရုတ်အစိုးရသည် တည်ထောင်ပေးလာရသည်။


လက်ရှိ တရုတ်ပြည်၏ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်သည် အလုပ်ဖြစ်လျှင်ပြီးရောဆိုသည့် "ကြောင်ဝါဒ" နှင့် လူလတ်တန်းစားပညာတတ်တို့၏ ပရိုဖက်ရှင်နယ်လစ်ဇင်ကြားတွင် လွန်ဆွဲနေသည်။ အုပ်ချုပ်သူ "ကြောင်ဝါဒ" အာဏာကိုင် (power holders) များအဖို့ ထိအန်နင်မင်ရင်ပြင်အရေးအခင်းက့ဲသို့ ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲမျိုး ဖြစ်လာမည်ကို ခြောက်ခြားနေဆဲဖြစ်သည်။ ထမင်းငတ်နေခ့ဲသော အချိန်က "နိုင်ငံတည်ဆောက်ရေးသည် ထမင်းဝဝစားရရေးလောက်နဲ့ နှစ်သိမ့်ပေးထား၍ရသည်။" ယခုတရုတ်များအဖို့တော့ ပညာမာနနှင့် လူရာဝင်မှု၊ လူကြီးလူကောင်းဆန်မှုဖြင့် အကျိုးစီးပွါးတည်ဆေါက်မှုကိုပါ အာသာငမ်းလာကြပြီ။ အဆိုပါ လူမှုဘဝဖြစ်စဉ် အတွေးအမြင် ပြောင်းလဲ တိုးတက်မှုကို ခုသာခံသာစေရန် လက်ရှိ တရုတ်အာဏာပိုင်များက " တရုတ်ကို တရုတ်နည်းတရုတ်ဟန် ချမ်းသာကြွယ်ဝ လွတ်လပ်သော လူ့ဘောင်" အဖြစ်ကိုသွားမည်ဟု ဆိုကြသည်။ တရုတ်နည်း တရုတ်ဟန် တရုတ်စံ ဆိုလာသည်နှင့် ယခင်က ဖ်က္ဆီးကာ မီးပုံရှို့ခ့ဲသည် ယဉ်ကျေးမှုအစဉ်အလာများကို ပြန်လည်ဖော်ထုတ်ပြလာတော့သည်။ တရုတ်၏ နိုင်ငံပိုင်မီဒီယာများမှ ရိုက်ကူးလာသည့် စိတ်ကူးယဉ် မှော်ဆန်ဆန် ရာဇဝင်ဇတ်လမ်းတွဲများ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုနှင့် ခေတ်ပေါ်အနုပညာဆန်းသစ်မှုများ စသည့်အင်တာတိန်းမင့်များ ယနေ့တရုတ်လူ့ဘောင်တွင် ခေတ်စားနေသည်မှာလည်း လူလတ်တန်းစားပညာတတ်များကို အာသာပြေစေရန် ကြောင်ဝါဒ အာဏာကိုင်သူများ၏ အစီအစဉ်သာဖြစ်သည်။ တဖက်တွင်တော့ အဆိုပါ ကြောင်ဝါဒ အာဏာပိုင်များမှ ပြည်သူလူထုအပေါ် စောင့်ကြည့်မှု၊ အွန်လိုင်းအပေါ် ဆင်ဆာဖြတ်တောက်မှုများကို လုပ်ဆောင်နေသည်။ တရုတ်လူလတ်တန်းစားပညာတတ်များနှင့် ကြောင်ဝါဒ အာဏာပိုင်များကြား မည်သည့်အချိန်တွင် နှောင်ဂျိမ် ကြမည်တော့မသိ။ လူထုအုံကြွမှု ဖြစ်တန်ရာများသော ရပ်ဝန်းများထဲတွင် တရုတ်လူ့ဘောင်သည်လည်းပါနေပါသည်။ 


ဆိုရှယ်ဒီမိုကရက်စံနှုန်းဖြင့် တရုတ်၏ စီးပွားရေးအပြောင်းအလဲကိုချဉ်းကပ်ခြင်း


လက်ရှိတရုတ်သည် ဆိုရှယ်ဒီမိုကရက်တစ်လည်းမဟုတ်၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဇင်လည်းမဟုတ်ပေ။လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုသည်မှာလည်း တရုတ်ပြည်၏ ဖွဲ့စည်းပုံအခြေခံပုဒ်မ အခန်း (2) ၏ပုဒ္မ (24)ခုထဲ ဖော်ပြထားသော်လည်း လက်တွေ့တွင်အိပ်ပျော်နေသည်မှာ ကြာခ့ဲပြီဖြစ်သည်။ သို့သော် ကရုတ်ပြည်၏ စီးပွားရေးတိုးတက်ပြောင်းလဲမှုများတွင် ဆိုရှယ်ဒီမိုကရေစီစံနှုန်းများကတော့ တစ်စိတ်တစ်ပိုင်းပါနေပါသည်။ ဗဟိုချုပ်ကိုင်မှုကိုလျော့ချပေးခြင်း၊ အရင်းအနှီးမရှိသော လူထုကို အရင်းအနှီးများထူထောင်ပေးခြင်း၊ အစိုးရမွ အနစ္နာခံကာ စီးပွားရေးကဏ္႑ကိုမြင့်တင်ခြင်း၊ လွတ်လပ်သောဈေးကွက်စီးပွားရေးကို အာမခံပေးခြင်း၊ လိုအပ်ပါက အစိုးရမွ အနစ္နာခံကာ ဝင်ရောက်ထိန်းညိ့ှပေးခြင်း စသည့် ပုံရိပ်များသည် တရုတ်ပြည်၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွင် ရှိနေပါသည်။ တရုတ် ကြောင်ဝါဒ အာဏာကိုင်များက နိုင်ငံရေးကွဲပြားမှုတွင် သည်းမခံသော်လည်း စီးပွားရေးတွင် မတူကွဲပြားမှုကို သည်းခံကြသည်။


အာရက္ခလူ့ဘောင်နှင့် တရုတ်နမူနာကို ချိန်ထိုးကြည့်ခြင်း


အာဏာရှင်စနစ်အောက်တွင် ထုထောင်းခံကာ နေလာခ့ဲသော အာရက္ခလူ့ဘောင်သည်လည်း တရုတ်လူ့ဘောင်က့ဲသို့ တာဝန်ယူ၊ တာဝန်ခံတတ်သော အလေ့အထအားမကောင်းခ့ဲပါ။ လုပ်ပိုင်ခွင့်အာဏာအောက်တွင် အေပးအယူလုပ္ကာ အုပ်စုဖွဲ့တတ်သော အလေ့အထသည်လည်း ရှိနေသည်။ ဆင်းရဲကြပ်တည်းမှုကလည်း ဆယ်စုနှစ်များစွာရှိနေသည်။ တရုတ်လူထုအပေါ် ကွန်မြူနစ်ပါတီက ဖိနှိပ်၍ ငြိမ်ဝပ်သလောက် အာရက္ခလူ့ဘောင်ကတော့ ဒီမိုကရေစီနှင့် ဇာတိမာန်စိတ်တွင် အာသာငမ်းငမ်းရှိနေသည်။ မည်သည့် ဖိနှိပ်မှုကမှ အာရက္ခလူ့ဘောင်၏ ဒီမိုကရေစီနှင့် ဇာတိမာန်အား ငုတ်လျိုးအောင်လုပ်၍မရပေ။ ကွန်ဖြူရှပ်အတွေးအခေါ်အခြေတည်သော တရုတ်လူ့ဘောင်သည် အမိန့်သြဇာကိုနာခံမှုနှင့် အမိန့်သြဇာအား ခွဲခြမ်းစိတ်ခြာသလိုမျိုး  အာရက္ခလူ့ဘောင်ကို မြင်နေ၍တော့မရချေ။ ဖိနှိပ်သည်ဟုခံစားရလျှင် ပြန်လည် ခံတုတ်တတ်သော လူမှုဗီဇသည် အာရက္ခလူ့ဘောင်ထဲ၌ လူမျိုးစုကြီးငယ်၊ က်ားမ မရွေးရှိသည်။ ဇာတိမာန်စိတ်တွင် "သီလ ကိုယ်ကျင့်တရားစံ" ကိုဂုဏ်ယူတတ်၍သာ ခုသာခံသာရှိနေခြင်းဖြစ်သည်။ တရုတ်လူ့ဘောင် ရင်ဆိုင်ခ့ဲရသော 

"ဗဟိုချုပ်ကိုင်မှုစနစ်တွင် အသားကျနေကော အောက်ခြေမှ တာဝန်ယူတာဝန်ခံသော အလေ့အကျင့်မျိုး မရှိခြင်းများ၊ အမှန်တရားအတွက် အောက်ခြေမှ အထက်သို့ တင်ပြတောင်းဆိုနိုင်မှုကို ပိတ်ပင်ထားခြင်များ၊ အထက္ဖား အောက်ဖိဓလေ့နှင် အုပ်စုဖွဲ့ဓလေ့များ၊ လာဘ်ပေး လာဘ်ယူအဂတိတရားများ၊ နယ်ပါယ်အသီးသီးတွင် တပ်သိပညာရှင်နည်းပါးမှုများကို အာရက္ခလူ့ဘောင်၏ နိုင်ငံတည်ဆောက်ရေးတွင် ရင်ဆိုင်ရနိုင်သည်။ ကွာခြားချက်မှာ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် လုပ်သားအင်အားအများအပြားရှိသော်လည်း အာရက္ခပြည်တွင် လူသားအရင်းအမြစ်မှာနည်းနေမည်ဖြစ်သည်။ တရုတ်တို့ ပြန်လည်ပြုပြင်တည်ဆောက်ရေး ပြုလုပ်နေသည့်ကာလတွင် ဆိုဗီယက်နှင့် အဆင်မပြေခြင်းက တရုတ်အတွက် နိုင်ငံတကာအားပြိုင်မှု ဖိအားများအောက်တွင် အသက်ရှူပေါက်ရနေသေးသည်။ အာရက္ခပြည်၏ အေနအထားက ထိုသို့မဟုတ်ပေ။ အာရက္ခပြည်၏ တည်ဆောက်ရေးသည် နိုင်ငံတကာအားပြိုင်မှုနှင့် မျက်စိအောက်မှ လုပ်ဆောင်ရမည့် ပုံစံတွင်ရှိနေသည်။ တရုတ်သည် အချုပ်အခြာအာဏာပိုင်ဘဝမှ စီးပွားရေးပြန်လည်တည်ဆောက်မှုကို ဆောင်ရွက်နိုင်ခ့ဲသော်လည်း အာရက္ခပြည်အတွက်တော့ နိုင်ငံတကာ အသိအမှတ်ပြုခံရရန် ကြိုးစားရင်းအခြေအနေအောက်မှ တည်ဆောက်ရေးကို ဆောင်ရွက်ရမည့် သဘောမျိုးသာ ရှိနေသည်။ အာရက္ခလူ့ဘောင်အနေဖြင့်  တရုတ်တို့၏ ဆောင်ရွက်ချက်အား ပုံသေကားချ ကူးယူရန် မဖြစ်နိုင်သော်လည်း  အစိုးရမွ စီးပွားရေးတွင် အရင်းအနှီးများမတည်ပေးမှု၊ ဗဟိုချုပ်ကိုင်မှုလျော့ချရေးနှင့် ဈေးကွက်အားလွတ်လပ်ခွင့်ပေးခြင်းတို့က နမူနာယူစရာအဖြစ်ရှိနေပါသည်။







Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?