အရှေ့တီမော၏ အခင်းအကျင်းအားလေ့လာခြင်း-2
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
အရှေ့တီမော၏ အခင်းအကျင်းအားလေ့လာခြင်း-2
*အပြင်ပဋိပက္ခနှင့် အတွင်းပဋိပက္ခ
အရေ့တီမော၏ အပြင်ပဋိပက္ခကိုပြောရလျှင် စင်ကာပူဆောင်းပါးတွင် ဖော်ပြခ့ဲသည့် Greater Malay မဟာမေလးဝါဒကို ပြောရမည်ဖြစ်သည်။ မဟာမလေးဝါဒသည် အင်ဒိုနီးရှားသို့ ရောက်လာသောအခါ မဟာအင်ဒိုဝါဒ (Greater Indonesia)ဘက်ကိုရောက်သွားသည်။ မဟာအင်ဒိုဝါဒီများက မလေးရှားပြည်ထောင်စုကိုပင် ဥေရာပ ကိုလိုနီမ်ား၏ စနက်အဖြစ်မြင်သည်။ ထိုအတူ အင်ဒိုနီးရှားပြည်ထောင်စုကိုလည်း ဥေရာပ ကိုလိုနီမ်ား၏ စနက်အဖြစ်မြင်သည်။ ပြည်ထောင်စုစနစ်သည် အိန္ဒိယသမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်တို့နှင့် ဆက်စပ်နေသော လူဦးရေများပြားသည် မလေးအနွယ်များကို စိတ်ဝမ်းကွဲစေသည်၊ မလေးပဒေသရာဇ် စူလတန်အချင်းချင်းမညီညွှတ်၍ ဥေရာပ ကိုလိုနီလက်အောက်ကျခ့ဲရသည် ဟုရှုမြင်သည်။ ဥေရာပ ကိုလိုနီမ်ားက မေလးအုပ္စုမ်ားကို ပြည်ထောင်စုလုပ်ခိုင်းကာ လွတ်လပ်ရေးယူခိုင်းခြင်းသည် ရိုးသားမှုမရှိဟု ရှုမြင်သည်။ ထိုအမြင်ကပင် အင်ဒိုနီးရှားအား ပြည်ထောင်စုနိုင်ငံဘဝမှ တပြည်ထောင်နိုင်ငံဘက်ကို ပြန်လှည့်စေခ့ဲခြင်းဖြစ်သည်။ မလေးရှားဒေသရှိ စူလတန္မ်ားက မဟာမေလးဝါဒ၏ ဆွဲဆောင်မှုကိုခံရသော်လည်း မဟာအင်ဒိုဝါဒကိုတော့ ကြောက်ကြသည်။ အင်ဒိုနီးရှားအနေဖြင့် ဆာဘတ်၊ ဆာရာဝတ်၊ ဘရိုနိုင်းစူလတန်များကိုလည်း မရလိုက်၊ မလေးရှားကလည်း ပြည်ထောင်စုဖွဲ့တော့သည်။ မလေးရှားပြည်ထောင်စုဖွဲ့သည်ကို အင်ဒိုစူလတန်များအားကျလာပါက အင်ဒို၏ အမျိုးသား ညီညွှတ်ရေးပျက်သွားနိုင်သည်။ သို့ဖြစ်၍ ဆူဟာတိုလက်ထက်တွင် ဗာလီကျွန်းလူထုမှ ကန့်ကွက်သည့်ကြားမှ တပြည်ထောင်ဘက်ကိုပြောင်းလဲတော့သည်။ အစ္စလမ်မဟုတ်သည့် ဘာလီကျွန်းသားများအား ၎င်းတို့၏ ဒေသပညတ် (Desa Prakama) အောက်တွင် အကန်အသတ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကိုပေးကာနှစ်သိမ့်ထားလိုက်သည်။ အင်ဒိုနီရှားအနေဖြင့် ဆန္ဒကျွန်းစုကြီးများ (Greater Sunda Islands)များတွင်ထိုသို့ပြုလုပ်ပြီးနောက် ဆန္ဒကျွန်းစုငယ် (Lesser Sunda Islands)များဘက်ရှိ ဆွေမျိုးတူ မလေးအနွယ်များဘက်သို့ မျက်နှာမူရပြန်သည်။ ဆန္ဒကျွန်းစုငယ်များ၏ အရှေ့ဘက်အစွန်းဆုံးကျွန်းအား "အရှေ့ကျွန်း သို့မဟုတ် နေထွက်အရပ်တွင်ရှိသောကျွန်းဟု"ခေါ်သည်။ အရှေ့ဘက်အစွန်းတွင်ရှိသောကျွန်းအား ေဩာ်စတရိုနီးရှန်းဘာသာစကား၏ လက်ခွဲဖြစ်သော မေလးယို- ပိုလီနီးရှင်းမလေးဘာသာဝေါ်ဟာရဖြင့် "တီမော" (Timol) ဟုခေါ်ကြသည်။
အရှေ့ဘက်အရပ်အား ပေါ်တူဂီများက ၎င်းတို့ဘာသာ ဝေါ်ဟာရဖြင့် "လစ္စတေ" (Leste)ဟုခေါ်ကြသည်။ တီမောကျွန်း၏ အရှေ့ဘက်ခြမ်းအား ပေါ်တူဂီများက သိမ်းပို်က်ပြီး အနောက်ဘက်ခြမ်းအား ဒက်(ချ်)မ်ားက သိမ်းပိုက်ထားခ့ဲသည်။ ပေါ်တူဂီတို့သိမ်းပိုက်ထားသော အရှေ့ဘက်ကျွန်းတွင် ရိုမန်ကတ်သလစ်ခရစ်ယန်ဘာသာထဲသို့ ဒေသခံ မလေးအနွယ်များကူးပြောင်းသွားကြသည်။ ဒက္ခ်္မ်ား သိမ်းပိုက်ထားသည့် အနောက်ဘက်ခြမ်းရှိ ဒေသခံများက ပရိုတက်စတင်ခရစ်ယန်ဘာသာထဲသို့ ရောက်ရှိသွားကြပြီး အစ္စလမ်ဦးရေအချို့တဝက်သာကျန်ခ့ဲသည်။ တီမောကျွန်းသည် ရှည်မျောမျောပုံရှိသော (Elongated) ပုံစံရှိသည်။ တီမောကျွန်း၏ (Elongated) ပုံစံသည် ဗီယက်နမ်က့ဲသို့ တောင်မြောက် (North- to- South) မဟုတ်ဘဲ အရှေ့အနောက် (East-to-West) သာဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ (Elongated) မ်ား၏ ဗီဇထုံးစံအတိုင်း ဗီယက်နမ်တွင် တောင်ပိုင်း၊ မြောက်ပိုင်း အားပြိုင်သက့ဲသို့ တီမောကျွန်းတွင်လည်း အရှေ့ပိုင်း၊ အနောက်ပိုင်း အားပြိုင်ကြတော့သည်။ တီမောကျွန်းသားများအချင်းချင်း ထိုသို့အားပြိုင်မှုအား ဒက်(ချ်)- ပေါ်တူဂီ အားပြိုင်မှုက ပို၍အရှိန်မြင့်ပေးသည်။ ထိုမ်ွမက ကတ်သလစ်- ပရိုတက်စတင့် ဂိုဏ်းကွဲမှုကလည်း မီးထိုးပေးသည်။ ဤသို့ဖြင့် တီမောကျွန်းသားအချင်းချင်း အရှေ့ပိုင်း၊ အနောက်ပိုင်း ဇာတိမာန်ပြနေကြတော့သည်။ လူမှုစီးပွားအရလည်း အရှေ့ပိုင်းရှိ တီမောများအဖို့ အရှေ့ဘက်တွင်ပင်လယ်ပြင်သာရှိသည်။ အနောက်ဘက်တွင် သူနှင့် အစေးမကပ်သည့် အနောက်ဘက်သားများရှိသည်။ အနောက်ပိုင်းရှိ တီမောများအတွက်တော့ ကူးလူဆက္ဆံစရာ အင်ဒိုနီရှားနယ်မြေများရှိနေသည်။ ဤသို့ဖြင့် အနောက်ပိုင်းသားများက အင်ဒိုနီးရှားနယ်မြေများနှင့် လူမှုစီးပွားကူးသန်းမှုက အရှေ့ပိုင်းသားများထက်ပိုရှိသည်။
ဒက္ခ်္မ်ားက အင်ဒိုနီးရှားအား 1945 ခုနှစ်တွင် လွတ်လပ်ရေးပေးသည့်အခါ အနောက်တီမောသည်လည်း အင်ဒိုနီးရှားနယ်မြေထဲပါသွားသည်။ 1974 ခုနှစ်တွင် ပေါ်တူဂီ၌လည်း အာဏာရှင်ကိုဖြုတ်ချသည့် ဇော်မွှားပန်းတော်လှန်ရေး (Carnation Revolution) ဖြစ်လာပြီး ပေါ်တူဂီကိုလိုနီများကို လွတ်လပ်ရေးပေးရန်ပြင်ဆင်လာတော့သည်။ ဤသို့ဖြင့် ပေါ်တူဂီလက်အောက်ရှိ တီမောကျွန်း၏ အရှေ့ပိုင်းသည်လည်း လွတ်လပ်ရေးရရန်ဖြစ်လာသည်။ ဤတွင် ဆန္ဒကျွန်းစုကြီးများရှိ ဆာဘတ်၊ ဆာရာဝတ်၊ ဘရိုနိုင်း တို့ကိုမစည်းရုံးနိုင်ခ့ဲသော မဟာအင်ဒိုဝါဒသည် တီမောကျွန်းအရှေ့ပိုင်းကို ရိုက်ခတ်လာတော့သည်။ တီမောအရှေ့ပိုင်းတွင်ပင်တခါ အင်ဒိုနီးရှားထဲတွင်ပါဝင်သင့်သည်ဟု ယူဆသည့် နိုင်ငံရေးအုပ်စုများပေါ်လာတော့သည်။ သို့သော် ဖရက်တလင် (Feritilin)က့ဲသို့ နိုင်ငံရေးအုပ်စုများက သီးသန့်လွတ်လပ်ရေးကိုသာယူချင်သည်။ ဤသို့ဖြင့် တီမောအရှေ့ပိုင်းတွင် နိုင်ငံရေးအယူအဆပိုင်း အားပြိုင်မှုက ဖြစ်လာတော့သည်။ ထိုအချိန်က ဖရက်တလင်အုပ်စုကလည်း လက်ဝဲဘက်ကို ပိုယိမ်းသည်။ အင်ဒိုနီးရှားကလည်း လက်ဝဲကွန်မြူနစ်စနစ်ကိုကြောက်သည်။ တီမောသာ လွတ်လပ်သွားလျှင် အင်ဒိုနီးရှားရှိ နေရာဒေသအချို့ကလည်း လွတ်လပ်ရေးတောင်းလာနိုင်သည်။ ဤသို့ဖြင့် အင်ဒိုနီးရှား၏ အချုပ်အခြာအဏာကို ထိခိုက်နိုင်စေသည်ဟုမြင်သည်။ 1975 ခုနှစ်တွင် ပေါ်တူဂီက တီမောအရှေ့ပိုင်းအား လွတ်လပ်ရေးပေးလိုက်တော့သည်။ လွတ်လပ်ရေးရပြီ လပိုင်းအကြာတွင် အင်ဒိုနီးရှားက တီမောအရှေ့ပိုင်းအား ဝင်တိုက်တော့သည်။ ဤသို့ဖြင့် တီမောအရှေ့ပိုင်းသားများ အင်ဒိုနီးရှား၏ ကျူးကျော်မှုကို 24နှစ်ကြာအောင် ပြန်လည်တွန်းလှန်ကြကာ အရှေ့တီမော အဖြစ် လွတ်လပ်ရေးကို ရယူနိုင်ခ့ဲတော့သည်။ အနောက်တီမောမှာ အင်ဒိုနီးရှားနှင့်သာ ပေါင်းသွားခ့ဲပြီး လွတ်လပ်ရေးတိုက်ပွဲတွင် မပါခ့ဲပေ။
အနောက်တီမောနှင့် အရှေ့တီမော မြေပုံ ကိုးကား Wekipedia
ဒေသန္တရ ရပ်ရွာပြည်သူလူထုအတွင်းရှိ ပဋိပက္ခ
အရှေ့တီမောတွင်လည်း ရပ်ရွာဒေသန္တရအစွဲများက ပြင်းထန်သည်။ "တီမောကျွန်းတွင် ဘာသာရေးကို အခြေပြုမှုနှင့် အုပ်ချုပ်သူကိုလိုနီမတူညီမှုတို့ကြောင့်" "အရှေ့တီမောနှင့် အနောက်တီမော"ဟူ၍ ကွဲကြသည်။ "အရှေ့တီမောဟူသော သီးသန့် အစိတ်အပိုင်းထဲတွင်ပင်ထပ်၍ "အရှေ့ပိုင်းသားနှင့် အနောက်ပိုင်းသားဟုတခါ" ထပ်ကွဲကြသည်။" အရှေ့တီမောတွင် ဒေသန္တရလေယူလေသိမ်းကွဲပြားမှု (32) မျိုးကျော်ရှိသည်။ အရှေ့တီမော၏ အရှေ့ပိုင်းသားများက သမိုင်းအရ ဇာတိမာန်ပြင်းသည်ဟုဆိုရမည်။ လွတ်လပ်ရေးတိုက်ပွဲကာလတစ်လျှောက် အရှေ့ပိုင်းဘက်မှ စစ်မှုထမ်းသူများသည်။ အနောက်ပိုင်းသားများကိုမူ အရှေ့ပိုင်းသားများလောက် ဇာတိမာန်မရှိဟု မြင်ကြသည်။ အနောက်တီမောနှင့် ပထဝီဝင်ချင်းနီးကပ်နေသည့် အနောက်ပိုင်းသားများအဖို့ အရှေ့ပိုင်သားများလောက်တော့ မစွာနိုင်။
အရှေ့တီမောတွင် 2006 ခုနှစ် အရှေ့ပိုင်း၊ အနောက်ပိုင်းပဋိပက္ခဖြစ်ရခြင်းအပေါ် ပညာရှင်များက တရားဥပဒေစိုးမိုးရေး အင်စတီကျူးရှင်းများ အားနည်းမှုကို အဓိကအချက်အဖြစ်ထောက်ပြကြသည်။ လွတ်လပ်ပြီးစ (4) နှစ်ကျော်အကြာ 2006 ခုနှစ် အရှေ့တီမော၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် လုပ်ငန်းသဘောသဘာဝကို မကျွမ်းကျင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေခြင်း၊ အပြန်အလှန် အထိမ်းအကျောင်း သဘောအားမကောင်းခြင်းများရှိနေသည်။လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျခြင်း၊ မတော်တရော်
လုပ်ရပ်များရှိနေခြင်းများသည် တရားမျှတမှုကို ပျက်
စေသည်။ တရားမျှတမှုပျက်သည်ဟု ခံစားလာရသည့်
အခါ မကြေနပ်ချက်က များလာသည်၊ ယုံကြည်မှုက ပျက်လာသည်။ ထိုသို့ဖြင့် ပဋိပက္ခဆီကိုဦးတည်သွားတော့သည်။
အာရက္ခလူ့ဘောင် အခြေအနေနှင့် ဆန်းစစ်ခြင်း
အာရက္ခလူ့ဘောင်သည်လည်း အရှေ့တီမောက့ဲသို့ပင် လွတ်လပ်သော တရားစီရင်ရေးစနစ်အတွက် စိန်ခေါ်ချက်များ၊ အားနည်းချက်များရှိနေသည်။ အရှေ့တီမောအနေဖြင့် ဒေသန္တရဓလေ့ထုံးတမ်းများကို အမှုအခင်းပြသနာများတွင် ဖြန့်ဖြေရေးနှင့် ရင်ကြားစေ့နိုင်ရေးအတွက် အသုံးချသည်။ လက်ရှိအခြေအနေအထိ အာရက္ခလူ့ဘောင်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆသည်အားမကောင်းပေ။ အင်စတီကျူရှင်းများ၌ နယ်ပါယ်အလိုက် ကျွမ်းကျင်သူများ လိုအပ်ချက်ရှိနေမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဓေ အယူအဆ အားမကောင်းခြင်းက အဂတိနှင့် တရားမျှတမှုမှ သွယ်ဖယ်သော ကိစ္စများကို ထိန်းရန်ခက်အခဲကို ဖြစ်စေသည်။ ပြည်သူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ အသိပညာပေးမှုများ၊ public defender ဖြစ်သည့် ရဲဌာန၊ ဥပဒေရုံးက့ဲသို့ ဆိုင်ရာနယ်ပါယ်များက အခြေခံအခွင့်အရေးများကို အသိပေးဖြန့်ဝေပို့ချသည့် ဝန်ဆောင်မှုများကိုလည်း အာရက္ခလူထုသည် သိမြင်ကြားသိခွင့်မရသေးချေ။ လက်ရှိအခြေအနေတွင် တရားမျှတမှုလမ်းကြောင်းမှ သွယ်ဖယ်သလိုဖြစ်နေသော အင်စတီကျူရှင်းဆိုင်ရာကိစ္စရပ်များကို စတုတ္တမဏ္႑ိုင် မီဒီယာများနှင့် လူထုဘက်မှ အပြန်အလှန်ထိန်းကျောင်းမှုမျာကိုတောင်မှ ရန်ရှာလာကြသည်။ ဤက့ဲသို့ အနေအထားမျိုးဖြင့် အာရက္ခလူ့ဘောင်၏ ငြိမ်းချမ်းမှုသာတူညီမျှမှုကို မည်သို့တည်ဆောက်နိုင်ပါမည်နည်း။ လူ့အဖွဲ့အစည်းတစ်ရပ်သည် မောင်းနှင့်နေသော ယဉ်နှင့်အလားသဏ္႑ာန်တူပါသည်။ မောင်းနှင်နေသောယဉ်တစ်စီးအတွက် ထိန်းကျောင်းမှု "တက်မ" သည်လိုသည်။ မည်မျှပင်အရှိန်ရနေပါစေ တက်မအား လြတ္ထား၍မရေပ။ အာရက္ခလူ့ဘောင်ထဲရှိ ဒေသန္တရဘာသာစကားကွဲပြားသူများ၊ လူမျိုးစုများ၊ မတူကွဲပြားသည့် ဘာသာရေးအသိုက်အဝန်းများကြား စည်းလုံးညီညွှတ်မှုသည် တရားမျှတမှုရှိမှသာ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။ တရားမျှတမှုသည် အဓိကဇစ်မြစ်ဖြစ်သည်။ ထိုတရားမျှတအတွက်ပင် အုပ်ချုပ်ရေးယန္တယားထဲရှိ တရားနည်းလမ်းမကျမှုများကို ထိန်းကျောင်းမှုသည် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ သို့မှသာ လူထုသည်အထိအခိုက်နည်းမည်ဖြစ်သည်။ လူထု၏ ထိန်းကျောင်းမှုရှိသော အုပ်ချုပ်ရေးစနစ်တရပ်သည် အုပ်ချုပ်သူများအတွက်လည်း ဂုဏ်သိက္ခာပင်ဖြစ်သည်။
လူထုတွင် ထောက်ပြရန်တာဝန်ရှိသည် ( https://bnanews.net/articles/4001/)
လက်ရှိတွင်တော့ ULA/AA သည် လူမျိုးစုများ၊ ဘာသာရေးအုပ်စုများ၊ ရပ်ရွာများတွင် လူထုအခြေပြု အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နေပြီဖြစ်သည်။ မတူကွဲပြားသည် ယဉ်ကျေးမှုဘာသာစကားဆိုင်ရာ အုပ်စုများအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ဖော်ဆောင်ရာတွင် အာရက္ခလူ့ဘောင်၌ လက်ရှိအချိန်ထိ မူဝါဒလေဟာနယ်မှာ ဖြစ်နေဆဲပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသံ တိတ်ဆိတ်ခြင်း၊ ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးနေရခြင်းနှင့် မူဝါဒလေဟာနယ်ဖြစ်ပေါ်ခြင်းတို့က လူထုအခြေပြု အုပ်ချုပ်ရေးအဝိုင်းအဝန်းများတွင် အားနည်းချက်များရှိနေမည်ဖြစ်သည်။
လူမျိုးစုများရပ်ရွာကိုယ်တိုင်အုပ်ချုပ်ရေးနှင့် မူဝါဒပိုင်းဆိုင်ရာ လေဟာနယ် ( https://bnanews.net/articles/4405/ )
ရပ်ရွာ လူထုကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတွင် ဒေသန္တရဓလေ့ထုံးတမ်းအရ ဖြေရှင်းမှုဆိုရာတွင်လည်း ဥပဒေပိုင်းသဘောသဘာဝနှင့် မရင်းနှီးမှုသည် အာရက္ခလူ့ဘောင်အတွက် ပြဿနာ ဖြစ်သည်။ ရဲလုပ်ငန်းများ၊ တရားရုံးများနှင့် အုပ်ချုပ်ရေးတို့တွင် "ချင့်ချိန်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် တီထွင်ကြံဆမှု စွမ်းရည်"တို့ကလိုအပ်ကြောင်းကို ရှေ့တွင်တင်ပြခ့ဲပြီးပြီဖြစ်သည်။ စည်းဘောင်စံနှုန်းအား ချိုးဖောက်မှုကြောင့် အပြစ်ပေးခံရမှုသည် အထက်အမိန့်အပေါ် အကျိုးအကြောင်းဖြင့် ချင့်ချိန်၍ ပြန်တင်ပြရဲသော လုပ်ရပ်နှင့် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို နှိပ်ကွပ်ခြင်းမဟုတ်ကြောင်းလည်း ပြည်သူလူထုကို ချပြရဲရန်လိုသည်။ မူဝါဒ လေဟာနယ်ဖြစ်မှုသည် "ငါ့ပါးစပ္ကထြက္သမ်ွ ဥပေဒ" ဆိုသည့် သဘောကိုဖြစ်စေသည်။ မည်သို့ပင်ဆိုစေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၏ အခြေခံမူများဖြစ်သော "တရားမျှတမှု၊ အကျိုးအကြောင်းဆီလျော်မှု၊ ဖြောင့်မတ်မှန်ကန်မှု" တို့ကို အားပေးရန်လည်းလိုသည်။ "တရားမျှတမှု၊ အကျိုးအကြောင်းဆီလျော်မှု၊ ဖြောင့်မတ်မှန်ကန်မှု" တို့သည် အာရက္ခလူ့ဘောင်၏ ဒေသန္တရလေယူလေသိမ်းကွဲပြားသူများ၊ လူမျိုးစုများ၊ ဘာသာရေးအဝိုင်းအဝန်း အားရှင်သန်ထမြောက်စေသည့် အရာများလည်ဖြစ်သည်။
ပြန်လည်ရှင်သန်ထမြောက်ခွင့်အားပိတ်ပင်ခြင်း
https://bnanews.net/articles/4078/
အရှေ့တီမော၏ ဒေသန္တရ အရှေ့-အနောက်အားပြိုင်လွန်ဆွဲမှုနှင့် အာရက္ခဒေသ၏ တောင်-မြောက်အားပြိုင်လွန်ဆွဲမှုများကိုတော့ ထပ်တူပြု၍ရနိုင်သော အချက်များရှိနေသည်။ အရှေ့တီမောလွတ်လပ်ပြီးစ အခြေအနေတွင် စတင်လာခ့ဲသော ပဋိပက္ခသည် တရားမျှတမှုမရှိဟုခံစားချက်၊ ဒေသစွဲစိတ်ခံစားချက်၊ နိုင်ငံရေးအားပြိုင်မှု စသည့်အချက်များပေါင်းဆုံရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပကတိအရှိတရားကို ပွင့်ပွင့်လင်းလင်းပြောရလျှင် အာရက္ခဒေသတွင်လည်း တောင်-မြောက် ဒေသစွဲစိတ်ခံစားချက်များရှိသည်။ အာရက္ခဒေသ၏ နောင်လာမည့်အနာဂတ်ကာလတွင် အရှေ့တီမော၏ 2006 Crisis က့ဲသို့ ပြဿနာမျိုးကို ဖြစ်မလာရန် အာရက္ခလူထုသည် နိုင်ငံရေးရေချိန်မြင့်ရန်လိုအပ်သည်။ အရှေ့တီမောထံမှ သင်ခန်းစာထုတ်ရလျှင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် လုပ်ငန်းသဘောသဘာဝကို မကျွမ်းကျင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေခြင်း၊ အပြန်အလှန် အထိမ်းအကျောင်း သဘောအားမကောင်းခြင်း၊ အင်စတီကျူးရှင်းမျ၏ လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျခြင်း၊ မတော်တရော်လုပ်ရပ်များရှိနေခြင်း ကြောင့် တရားမျှတမပျက်သည်ဟု ခံစားလာရခြင်း၊ ထိုခံစားချက်ကြောင့် မကြေနပ်ချက်များ ဖြစ်ပေါ်လာခြင်း၊ မကြေနပ်မှုကြောင့် ယုံကြည်မှုက ပျက်လာခြင်း တို့သည် လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုကို ထိခိုက်စေတတ်ကြောင်း အချက်ပေးနေသည်။
အာရက္ခလူ့ဘောင်၏ သရုပ်လက္ခဏာကို ULA/AA က အာရက္ခဒေသရှိလူထုအားလုံးကို ရည်ညွှန်းမှုအဖြစ် သရုပ်ဖော်နိုင်ရန် ကြိုးစားအားထုတ်မှုများရှိထားသည်။ သိုဖြစ်၍ ရက္ခိုင့်တပ်တော်အမည်အား "အာရက္ခတပ်တော်" ဟုအမည်ပြောင်းလိုက်သည်။ ထိုသို့ လူမျိုးတစ်ခုကို အခြေပြုသည့် အမျိုးသားရေးဝါဒ (Ethnic Nationalism) ဘက်မှ ပြည်သူလူထုကို ဗဟိုပြုသည့် (Civic Nationalism) ဘက်သို့ မည်မျှပင်ရှေးရှူနေစေကာမူ မြေပြင်ပကတိအနေအထားတွင်တော့ ULA အဖွဲ့ဝင်တစ်ချို့တွင်ကော၊ AA အောက်ခြေအဖွဲ့ဝင်တစ်ချို့တွင်ပါ "ဒေသန္တရ လေယူလေသိမ်းကွဲပြားမှုအပေါ်တွင် သည်းခံလိုစိတ်နည်းနေသည်" ကိုတွေ့နေရသည်။ ရခိုင်တောင်ပိုင်းရှိ လေယူလေသိမ်းကွဲပြားသော ရပ်ရွာလူထုအပေါ် ဆက်ဆံရာတွင် " ခွဲခြားဆက်ဆံမှုကရှိနေသည်။" ရက္ခိလမ်းစဉ်အရ "အာရက္ခ"နယ်မြေရှိ ပြည်သူလူထုတိုင်းတွင် ၎င်းတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ က်ားမ အပေါ်လိုက်၍ ခွဲခြားဆက်ဆံခြင်းကို မပြုလုပ်ရ ဆိုသည့် ကျင့်ဝတ်ကိုလည်း အဆိုပါအဖွဲ့ဝင်အချို့သည်နားလည်ပုံလည်းမရပေ။ ၎င်းတို့၏ အမျိုးသားရေးအပေါ်နားလည်မှုအပိုင်းတွင် "အာရက္ခစိတ်ခံယူချက်" ကို ရခိုင်မြောက်ပိုင်းလေသံ ပြောမှုအဖြစ်လောက်သာ နားလည်နေပုံရသည်။ လက်ရှိအနေအထားထိ ထိုက့ဲသို့ ခွဲခြားဆက်ဆံမှုခံနေရသည့် "အောက်ချီးသံ" ဟု တံဆိပ္ကပ္ခံရေသာ ရပ်ရွာလူထုသည် ထိုကိစ္စနှင့်ပတ်သက်၍ နာကြင်မှုအား ထုတ်ဖော်ပြကြသေးပဲ အောင့်အီးကြိတ်မိတ်ခံနေဆဲဖြစ်သည်။ ဤသို့အခြေအနေမျိုးသည် တောင်၊ မြောက် ဒေသန္တရအားပြိုင်မှုကို ပို၍နက်ရှိုင်းစေသည်။ ထို့အတူ လူမျိုးစုများ၊ မတူညီသော ဘာသာရေးအဝိုင်းအဝန်းများအပေါ်တွင်လည်း "ခွဲခြားဆက်ဆံမှုအလေ့အထ အကျင့်ပါနေသော အဖွဲ့ဝင်အချို့သည် ရှိနေမည်ဖြစ်သည်။ ဤသို့သော ကိစ္စမျိုးကို လူမှုဝန်းကျင်တွင် အသံပူပူလောင်လောင်ထွက်လာချိန်မှ ကျူးလွန်မိသူ အဖွဲ့ဝင်များအား ပြစ်ဒဏ်ပေးအရေးယူဖြေရှင်းမှုမျိုးက့ဲသို့ ဆေးမြီးတိုကုစားနည်းဖြင့် ဖြေရှင်းပုံကလည်း ရေရှည်ထိ စိတ်မချရပေ။ အမှန်ပြုလုပ်သင့်သည်က အာရက္ခဟူသော တန္ဖိုး၏ အနစ္သာရအား ရပ်ရွာလူထုကို ထပ်တလဲလဲရှင်းပြ နိုးဆော်ပေးရမည်အလုပ်မျိုးကသာ ရေရှည်အတွက် ဖြေရှင်းနည်းဖြစ်သည်။
ထို့သို့ အာရက္ခစံတန်ဖိုးအား တန်းတူညီမျှ၊ တရားမျှတမှုအနှစ်သာရဖြင့် ခိုင်မာအောင်တည်ဆောက်ခြင်းသည် အရှေ့တီမော၏ 2006 Crisis က့ဲသို့ ပဋိပက္ခမျိုးကို လျော့နည်းစေမည့် နည်းလမ်းလည်းဖြစ်သည်။ အာရက္ခဒေသအတွင်း လေယူလေသိမ်းကွဲပြားမှု၊ ယဉ်ကျေးမှု ဘာသာစကားများစုံလင်ကွဲပြားမှု၊ ဘာသာရေးကွဲပြားမှုများသည် ပကတိအရှိတရားများလည်းဖြစ်သည်။ အာရက္ခဒေသတွင် ပကတိတရားအရ ရှိနှင့်နေပြီးသော မည်သည့် ဒေသန္တရ လေယူလေသိမ်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာရေးကွဲပြားမှုများအား ပပျောက်သွားစေရန် အားမထုတ်ကောင်းပေ။ ထိုအရှိတရားများကို တန်းတူညီမျှ၊ တရားမျှတမှုဖြင့်သာ ချဉ်းကပ်ရမည်ဖြစ်သည်။ တန်းတူညီမျှ၊ တရားမျှတမှုမ့ဲကာ ခွဲခြားဆက်ဆံရပါက ထိုအခြေအနေအား အမြတ်ထုတ်မည့်သူများက ရှိနေသည်ကိုလည်း မျက်ကွယ်မပြုသင့်ပေ။
2006 Crisis တွင် အရှေ့တီမောအတွက် စိတ်ရင်းစေတနာမှန်သည့် အိမ်နီးချင်း ဩစတေးလျက့ဲသို့ ဖွံ့ဖြိုးပြီးစက်မှုအရင်းရှင်နိုင်ငံများကရှိနေသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မရလျှင်တောင် ဩစတေးလျလိုနိုင်ငံမျိုးက ကိုယ်ထမင်းကိုယ်စား၍ နိုင်ငံစုံတပ်ဖွဲ့ဖွဲ့ကာ ပဋိပက္ခငြိမ်းအေးစေရန် ဝင်ရောက်စွက်ဖက် အကူအညီပေးခ့ဲသည်။ အာရက္ခလူ့ဘောင်၌သာ 2006 Crisis က့ဲသို့ ပြဿနာမျိုးဖြစ်ပေါ်လာပါက အားကိုးအားထားပြုနိုင်မည့် အိမ်နီးချင်းများလည်း ရှိနေမည်မဟုတ်ပေ။ အကယ်၍ အားကိုးရနိုင်သည့် အိမ်နီးချင်းရှိနေလျှင်တောင်မှ အရှေ့တီမောက့ဲသို့ အချုပ်အခြာပါဝါအရ တံခါးဖွင့်ပေးနိုင်သည့် နိုင်ငံရေးအဆင့်အတန်းတွင် အာရက္ခလူ့ဘောင် ရှိမနေသေးပါ။
အပိုင်း-3 အားဆက်လက်ဖတ်ရှူပါရန်
Comments
Post a Comment