ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီနှင့် ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက်-3

 ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်


အပိုင်း-2


နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ


ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီနှင့် ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက်-3


ဆိုမာလီလန်အနေဖြင့် (1991) ခုနှစ်တွင် လွတ်လပ်ရေးကြေငြာသောအခါ ဆိုမာလီလန်၏ လွတ်လပ်ရေးအား နိုင်ငံတကာမှအသိအမှတ်မပြုခ့ဲပေ။ ဆိုမာလီလန်၏ လွတ်လပ်ရေးအပေါ် အသိအမှတ်မပြုသော်လည်း 1993 ခုနှစ် အီရီထရီးယား၏ လွတ်လပ်ရေးကြေငြာချက်အပေါ်တွင်လည်းကောင်း၊ 2002 ခုနှစ် အရှေ့တီမော၏ လွတ်လပ်ရေးကြေငြာချက်အပေါ်တွင်လည်းကောင်း နိုင်ငံတကာနှင့် UN သည်အဘယ်ကြောင့် အသိအမှတ်ပြုခ့ဲရပါသနည်း။ အာဖရိကသား ပညာရှင် ဒေါက်တာဟူစိန်မိုဟာမက်အေဒင်ကတော့ သူ၏ Formation and Recognition of News States: Somaliland in Contrast to Eritrea စာတမ်းတွင် " အာဖရိက သမဂ္ဂ၏ ပဋိညာဉ် ပုဒ္မ 3 ၏ အပိုဒ္ခြဲ 3" ကိုထောက်ပြသည်။ ထိုအပိုဒ်ခွဲငယ် (3) တွင် "အာဖရိက သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးရပြီးစတွင် တည်ရှိသော အချုပ်အခြာ အာဏာနှင့် နယ်မြေကို အသိအမှတ်ပြုသည်" ဆိုသောအချက်ပါဝင်နေသည်။ "ဆိုမာလီယာ လွတ်လပ်ရေးရပြီးစတွင် တည်ရှိသော အချုပ်အခြာအာဏာနှင့် နယ်မြေကို အသိအမှတ်ပြုသည်" ဟုဆိုခြင်းမှာ "လက်ရှိ ဆိုမာလီယာ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို အပြောင်းအလဲဖြစ်စေသောကိစ္စရပ်ကိုလက်မခံဆိုသည့် သဘောဖြစ်သည်။ သို့သော် အာဖရိကသမဂ္ဂ၏ ပဋိညာဉ် အပိုဒ် (20) တွင်မူ "မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ လူသားတိုင်းတွင် ကိုယ်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့်ရှိကြောင်း၊ အဖိနှိပ်ခံ၊ ကိုလိုနီပြုခံနေရသောလူသားတိုင်းတွင် ကန့်သတ်လွမ်းမိုးခံရသည့်အရာများမှ နိုင်ငံတကာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ လွတ်မြောက်ခွင့်ရှိကြောင်း စသဖြင့်ပြဌာန်းထားပြန်သည်။ ဆိုလိုချင်သည်က 1981 ခုနှစ်တွင်အတည်ပြု၍ 1986 ခုနှစ်တွင် အသက်ဝင်လာသော အာဖရိကသမဂ္ဂ၏ ပဋိညာဉ်တွင် ကိုယ့်လုပ်ချင်လည်း လုပ်၍ရသည်။ မလုပ်ချင်လည်း မလုပ်ဘဲနေ၍ရသည် ဆိုသည့်သဘောကို ထောက်ပြလိုရင်းသာဖြစ်သည်။ ဆိုမာလီလန်၏ လွတ်လပ်ရေးကို အသိအမှတ်အပြုသော်လည်း အီရီထရီးယား၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခြင်းသည်လည်း ထိုသဘောပင်ဖြစ်သည်။


နိုင်ငံတကာတွင် ဖြစ်နေသောပုံစံအရ လက်ရှိကာလတွင် လွတ်လပ်ရေးကြေငြာခြင်းအား နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းကို ရခြင်း၊ မရခြင်းကိစ္စသည် "ပင်ရင်းနိုင်ငံ (parent state)" အသိအမှတ်ပြုမှုက ပို၍အရေးကြီးလာသည့်အချက်ပင်ဖြစ်သည်။ အီရီထရီးယား၏ လွတ်လပ်ရေးကို အီသီယိုပီးယားမွ အသိအမှတ်ပြုပေးခ့ဲသည်။ ဆိုမာလီလန်၏ လွတ်လပ်ရေးကို ဆိုမာလီယာမွ အသိအမှတ်မပြုခ့ဲပေ။ ဤအချက်ကြောင့် အီရီထရီးယားက နိုင်ငံတကာအသိအမှတ်ပြုခံရပြီး ဆိုမာလီလန္က နိုင်ငံတကာအသိအမှတ်ပြုမှုကို မရခြင်းဖြစ်သည်။


လက်ရှိတွင် ဆိုမာလီလန်အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုမခံရသော်လည်း မြေပြင်တွင် ကိုယ်ပိုင်ငွေကြေးစနစ်နှင့် ကိုယ်ပိုင်နယ်မြေထိန်းချုပ်ကာကွယ်နိုင်မှုနှင့် ထိန်းချုပ်ထားသောနယ်မြေပေါ်တွင် ဒီမိုကရက်နိုင်ငံရေးစနစ်ကို ထည်ဆောက်ထားနိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် ဆိုမာလီလန်တွင် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်ခ့ဲသည်။ အာဖရိကသားပညာရှင် ဒေါက်တာ ဟူစိန်မိုဟာမက်အေဒင်က ဆိုမာလီလန်၏ နိုင်ငံရေးပုံစံအား "ဆွေမျိုးစု အခြေပြု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီအဖြစ်" ချဉ်းကပ်ခ့ဲသည်။ 


Consociationalism (ကွန်ဆိုရှယ်ရှင်နယ်လစ်ဇင်) ဆိုသည်အခြားတော့မဟုတ်ပေ။ မတူညီသောအုပ်စုများကြား အသီးသီးပါဝင့်ခွင့်ရစေရန် အချိုးအစားခွဲဝေပေးသည့် အယူအဆဖြစ်သည်။ ဆိုမာလီယာ၏ အာဏာရှင် ဆီယညဒ် ဘာရ်ရီအား တော်လှန်ကြသည့် ဆွေမျိုးစုတော်လှန်ရေးအုပ်စုအသီးသီးတွင် 1991 ခုနှစ်မှစတင်ကာ ကျင့်သုံးကြသည့် အလေ့အထတစ်ခုရှိသည်။ ထိုအေလ့အထအား ဆိုမာလီယာပုံစံ (4.5) သီအိုရီဟုလည်းခေါ်ကြသည်။ ဆိုမာလီယာ၏ တော်လှန်ရေးသည် ဆွေမျိုးစုအပေါ်တွင် အခြေခံသည်ဖြစ်၍ တော်လှန်ရေးအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ချနိုင်သောနေရာပေါ်တွင် အဓိကလူမျိုးစု လေးခုအား ညီတူညီမျှကိုယ်စားပြုစေသည်။ ကျန်သောသေးငယ်သည့် ဆွေမျိုးစုငယ်များအား စုပေါင်းကာ (.5) အဖြစ်ရာခိုင်နှုန်းသတ်မှတ်လိုက်သည်။ ဆိုမာလီယာ၏ အဓိကလူမျိုးစု (5) ခုတွင် အီဆားတ်ဆွေမျိုးစုက ဆိုမာလီလန်အတွက်သာ တိုက်ပွဲခြင်းဖြစ်ပြီး ကျန်လေးခုက ဖက်ဒရယ်အတွက် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆိုမာလီယာ၏ တော်လှန်ရေးတွင် အီဆားတ်ဆွေမျိုးစုကိုဖယ်၍ ကျန်လူမျိုးစုလေးခုကသာ အဓိကကျနေခြင်းဖြစ်သည်။ (4.5) သီအိုရီတွင် (4) က အဓိက ဆွေးမျိုးစုလေးခုကို ကိုယ်စားပြုပြီး (.5) က ဆွေမျိုးစုငယ်များကို ကိုယ်စားပြုခ့ဲသည်။ အဓိကရည်ရွယ်ချက်မှာ အစိုးရဖွဲ့ခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်က့ဲသို့ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်များတွင် ဆွေမျိုးစုကြီးငယ်မဟူပါဝင်ခွင့်ရှိစေရန်နှင့် ဆွေမျိုးစုကြီးငယ်ကြားထဲတွင် ပဋိပက္ခမဖြစ်စေရန်ဖြစ်သည်။


ဆိုမာလီယာ (4.5) သီအိုရီ ဇယား (ပုံ 1-A)၊ (ပုံ 1-B)


ဆိုမာလီလန်အနေဖြင့် ကွန်ဆိုရှယ်ရှင်နယ်ဇင်အား အစိုးရဖွဲ့စည်းပုံတွင် တရားဝင်ကျင့်သုံးသလားဆိုလျှင်တော့ ထိုသို့ကျင့်သုံးရန်အတိအကျပြဌာန်းမထားပေ။ ဆိုမာလီလန်၏ အချုပ်အခြာအာဏာအား ဖွဲ့စည်းပုံတွင် ဆိုမာလီလန်၏ ရိုးရာအစဉ်အလာအုပ်ချုပ်ပုံနှင့် ခေတ်သစ်ဒီမိုကရက်အုပ်ချုပ်မှုကို ပေါင်းစပ်ထားသည့် ကပ်ပြားစနစ် (Hybrid) ပုံစံကိုကျင့်သုံးထားသည်။ ဆိုမာလီလန်၏ ရိုးရာအစဉ်အလာအုပ်ချုပ်ပုံတွင် ဂူးအာရ္တီ (Guurti)ဟု ခေါ်သော ဆွေမျိုးစုခေါင်းဆောင်များလွတ်တော် ရှိသည်။ ခေတ်သစ်ဒီမိုကရက်စံအရ လူထုကရွေးကောက်သည့် လူထုလွတ်တော်ရှိသည်။ ဆိုမာလီလန်သည် တပြည်ထောင်စနစ်နှင့် လွတ်တော်နှစ်ရပ်ပုံစံကျင့်သုံးသည်။ သမ္မတကို ရွေးကောက်ပွဲဖြင့် ရွေးချယ်သည်။ ဂူးအာရ္တီ ဆွေမျိုးစုခေါင်းဆောင်များလွတ်တော်သည် ဆိုမာလီလန်ရိုးရာအစဉ်အလာ ထုံးထမ်း (Xeer) ခီး(အီး)ယား အစဉ်အလာကိုလည်း ကျင့်သုံးတတ်သည်။ ( Xeer) အစဉ်အလာဖြင့် ဆွေမျိုးစုအချင်းချင်းကြား ပုံမှန်မဟုတ်သည့် ဆွေးနွေးပွဲများ၊ ဆုံးဖြတ်ချက်များ ချရာတွင် (4.5) သီအိုရီကိုလည်း လိုအပ်ချက်အရ ကျင့်သုံးလေ့ရှိတတ်သည်။ ကွန်ဆိုရှယ်ရှင်နယ်ဇင် ၏ ဝိသေသများထဲတွင် မဟာမိတ်ဖွဲ့ခြင်း (Grand Coalition)၊ မဟာမိတ်ထဲတွင်ပါဝင်သော အုပ်စုတစ်ခုချင်းစီတွင် ဗီတိုအာဏာရှိခြင်း (Mutual Veto)၊ အာဏာလုပ်ပိုင်ခွင့် အခွင့်အရေးတာဝန်တို့နှင့်ပတ်သက်၍ အချိုးအစားခွဲဝေခြင်း (Proportionality)၊ အဖွဲ့ဝင်တစ်ခုချင်းစီတွင် ကိုယ်ပိုင်အာဏာရှိခြင်း (Segmental Autonomy) တို့ပါဝင်သည်။ ဆိုမာလီလန်၏နိုင်ငံရေးတွင် ရိုးရာအစဉ်အလာအုပ်ချုပ်ရေး၊ ဓလေ့ထုံးတမ်းများထဲမှ ကောင်းသည့်အချက်များကို ဆွဲထုတ်ယူသည်။ ထိုကောင်းသော အစဉ်အလာများတွင် ကွန်ဆိုရှယ်ရှင်နယ်လစ်ဇင် စံတန်းဖိုးများကိုပေါင်းစပ်ကျင့်သုံးသည်။ ထိုအချက်များဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြန်အလှန်ကျားကန်တည်ဆောက်သည်။ ဆိုမာလီလန်သည် အာဖရိကအရှေ့ပိုင်းတွင် ဒီမိုကရက်စံနှုန်းခိုင်မာသော နိုင်ငံရေးတည်ငြိမ်သော နေရာဒေသတစ်ခုဖြစ်နေသည်။


ဆိုမာလီလန်၏ (4.5) သီအိုရီ ဇယားပုံများ  (2-A)၊ (2-B)

ဆိုမာလီလန်၏ Consociationalism ဇယားပုံများ (3-A)၊ (3-B)၊ (3-C)၊ (3-D)


အီရီထရီးယားက့ဲသို့ ဆိုမာလီလန်တွင်လည်း နိုင်ငံတည်ဆောက်ရေးတွင် " စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် အင်စတီကျူရှင်းများတွင် လိုအပ်ချက်များရှိနေသည်။ ဆိုမာလီလန် အနေဖြင့် အီရီထရီးယားထက် ပို၍အကြပ်အတည်းက "မိမိ၏ လွတ်လပ်ရေးကို နိုင်ငံတကာမှ အသိအမှတ်မပြုခြင်း" ပင်ဖြစ်သည်။ အီရီထရီးယားနှင့် အီသီယိုပီးယား နယ်နိမိတ်ပြဿနာတက်ပါက မည်သို့ပင်ဆိုစေကာမူ အီရီထရီးယားသည် အီသီယိုပီးယားနှင့် အစိုးရအချင်း (Government to Government) စကားပြော၍ရသည်။ ဆိုမာလီလန်တွင်တော့ ထိုသို့မဟုတ်။ သံခင်းတမန်ခင်းနှင့် စီးပွားရေးတွင် အီရီထရီးယားလောက်ပေးထားချက် မကောင်းခ့ဲပေ။ အီရီထရီယားက " နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ အင်စတီကျူးရှင်းများ၏ လိုအပ်ချက်များနှင့် နယ်နိမိတ်ပြဿနာကို လက်ညိုးထိုးကာ ဒီမိုကေရစီကို ငြင်းဆန်ခ့ဲသည်။ ဆိုမာလီလန္က ထိုပြဿနာများထဲမှပင် ဒီမိုကေရစီကို တည်ဆောက်ခ့ဲသည်။


နိုင်ငံတည်ဆောက်စ ဆိုမာလီလန်ရင်ဆိုင်ခ့ဲရသောပြဿနာသည် အီရီထရီးယားရင်ဆိုင်ခ့ဲရသော ပြဿနာထက် မလျော့ပေ။ နိုင်ငံတကာအသိအမှတ်ပြုမှုပိုင်းတွင် ဆိုမာလီလန္က အီရီထရီးယားထက္ပို၍ အခြေအနေဆိုးခ့ဲသည်။ လွတ်လပ်ရေးယူရန်အတွက်ပင် အီဆားတ် ဆွေမျိုးစုကိုအခြေတည်သော (SNM) သည် ၎င်းတို့နှင့် ဆန့်ကျင်ဘက် အာဏာရှင် ဆီယာဒ် ဘာရ်ရီနှင့် ပူးပေါင်းခ့ဲသော အီစ္ဆာ (Issa)၊ ဂါဒါဘာရ္စီ ( Gadabursi)၊ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli)ဆွေမျိုးစုများနှင့် ဆွေးနွေးစည်းရုံးခ့ဲရသည်။ ထိုဆွေမျိုးစုများကို စည်းရုံးနိုင်ပြီးခါမှ ဆူလ် ( Sool)၊ ဆန်နားဂျ် (Sanaag)၊ အော်ဒလ် (Awdal)၊ ဝိုကူးယီ ဂဲလ်ဘီးဒ် ( Woqooyi Galbeed) နှင့် (တိုဂျီးယား (Togdheer) စသည့်ဒေသများမှ ဆွေမျိုးစု ဆူလတန် (17) ဦးမွ လွတ်လပ်ရေးကြေငြာခ့ဲခြင်းဖြစ်သည်။ 


ဆိုမာလီလန်၏ လွတ်လပ်ရေးကြေငြာစာတမ်းပုံ (4-A)၊ (4-B)


ဆိုမာလီလန်၏ ဒေသနယ်မြေ (ပုံ-5)


ဆိုမာလီလန်၏ အရှေ့ဘက်တွင် ဆိုမာလီယာ၏ ပါတ်လန်နယ်မြေ (Puntland)တည်ရှိသည်။ အဆိုပါ ပါတ်လန်နယ်မြေအား ထိန်းချုပ်ထားသည့်အဖွဲ့မှာ ဒါရုဒ်အုပ်စုခွဲဖြစ်သော မာဂျီးတင်း ဆွေမျိုးစု (Majeeteen Clan) မ်ား၏ (Somali Salvation Democratic Front -SSDF)ဖြစ်သည်။ SSDF က မြင့်မားသော ကိုယ်ပိုင်အချုပ်အခြာအာဏာအဆင့်အတန်းကို လက်ကိုင်ထားပြီး ဖက်ဒရယ်အယူအဆကိုကိုင်စွဲထားသော အဖွဲ့အစည်းဖြစ်သည်။ ဆိုမာလီလန်၊ ပါတ်လန်နယ်မြေနှင့် ဆိုမာလီယာစသည့်သုံးပွင့်ဆိုင်တွင် နယ်မြေအငြင်းပွားမှုပြဿနာသည်ရှိသည်။ ဆိုမာလီလန်နှင့် ပါတ်လန်နယ်မြေကြားတွင်လည်းကောင်း၊ ဆိုမာလီလန်နှင့် ဆိုမာလီယာကြားတွင်လည်းကောင်း၊ ဆိုမာလီယာနှင့် ပါတ်လန်နယ်မြေကြားတွင်လည်းကောင်း ပြဿနာများရှိသည်။ ထိုပဋိပက္ခများမှ တခါတရံလက်နက်ကိုင်တိုက်ပွဲများအထိရောက်ရှိသွားကြသည်။ ယခုအချိန်ထိုပြဿနာများမှာရှိနေသည်။ ထိုက့ဲသို့ ပြဿနာများကြားတွင်ပင် ဆိုမာလီလန်သည် ဒီမိုကရက္စံတန္ဖိုးကို အီရီထရီးယားက့ဲသို့ မပစ်ပါယ်ခ့ဲချေ။ 



အီဆာ (Issa) နှင့်ဂါဒါဘာရ်စီ ( Gadabursi) ဒီရ် ဆွေမျိုးစုအုပ်စုမှဖြစ်သည်။ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli) တို့သည် ဒါရုဒ် ဆွေမျိုးစုအုပ်စုဖြစ်သည်။ ( ဆိုမာလီယာ၏ ဆွေမျိုးစု နိုင်ငံရေးပြဿနာအား အပိုင်း (1) တွင် ပြန်ဖတ်ကြည့်ပါက ဆိုမာလီလန်၏ ပြဿနာအား ပို၍ရှင်းလင်းစွာ သဘောပေါက်ပါလိမ့်မည်)အာဏာရှင် ဆီယာဒ် ဘာရ်ရီသည် ဒါရုဒ် ဆွေမျိုးစုအုပ်စုခွဲဖြစ်သော မာရီဟန် (Marehan) အုပ်စုထဲမှဖြစ်သည်။ ဆီယာဒ် ဘာရ်ရီနှင့် မဟာမိတ်များသည် ဒါရုဒ် ဆွေမျိုးစုအုပ်စုခွဲဖြစ်သည့် မာရီဟန် (Marehan)၊ အိုဂါဒင် (Ogaden) နှင့် ဒူလ်ဘာဟန်တ့် (Dulbahante) အုပ်စုများဖြစ်သည်။ ထို ဆီယာဒ် ဘာရ်ရီ၏ အုပ်စုများကိုအတိုကောက် (MOD) ဟုလည်းခေါ်ကြသည်။ ဒါရုဒ်ဆွေမျိုးစုထဲမှ မာဂျီးတင်းအုပ်စုကား အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်သည့်အုပ်စုဖြစ်သည်။ အာဏာရှင် ဆီယာဒ် ဘာရ်ရီ၏ ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်မှုအပေါ်တန်ပြန်တွန်းလှန်ကြသော အီဆားတ် ဆွေမျိုးစု (Isaaq Clan) မ်ား၏ (Somali National Movement- SNM) သည်လည်းကောင်း၊ ဒါရုဒ်အုပ်စုခွဲဖြစ်သော မာဂျီးတင်း ဆွေမျိုးစု (Majeeteen Clan) မ်ား၏ (Somali Salvation Democratic Front -SSDF)သည်လည်းကောင်း၊ ဟာဝီယီး ဆွေမျိုးစုတို့၏ (United Somali Congress- USC)သည်လည်းကောင်း ထင်ရှားကြသည်။ ဒါရ် ဆွေမျိုးစုနှင့် ရာဟင်ယွင် ဆွေမျိုးစုတို့မှာ SNM နှင့် USC တို့တွင်ပူးပေါင်းကြသက့ဲသို့ ဒါရ္အုပ္စုခြဲ ဂါဒါဘူးရ္ဆီ အုပ္စု ( Gadabuursi) များကလည်း (Somali Democratic Alliance -SDA) ကိုတည်ထောင်ကာ အာဏာရှင်ကို ဆန့်ကျင်သည်လည်းရှိသည်။ အာဏာရှင် ဆီယာဒ် ဘာရ်ရီပြုတ်ကျပြီးနောက်တွင် ရာဟင်ယွင်ဆွေမျိုးစုသည်လည်း (Somali Demoratic Movement- SDM) ကိုတည်ထောင်ရာ မိမိတို့ရပိုင်ခွင်အတွက် တိုက်ပွဲဝင်ကြသည်။


ဆိုမာလီလန်၏ အဓိကဆွေမျိုးစု  ပုံ (6)

ဆိုမာလီယာ၏ အဓိကဆွေမျိုးစု 5 စု ပုံ (7)


ဒီရ်ဆွေမျိုးစုထဲတွင်ပါဝင်သော အီဆာ (Issa) နှင့် ဂါဒါဘာရ္စီ (Gadhabursi) မ်ား၏ေဒသ အော်ဒလ်(Awdal)နယ်မှာ ဂျေဘုတ်တီနိုင်ငံနားတွင်တည်ရှိသည်။ ဒါရုဒ် ဆွေမျိုးစုထဲတွင်ပါသော ဝါဆမ်ဂျီလီ (Warsangeli)အုပ္စုမွာ ဆန်နားဂျ်နယ်မြေ (Sanaag)၏ အရှေ့ဘက်နှင့် ဆူလ် နယ်မြေ(Sool)၏ အရှေ့မြောက်စွန်းနေရာများတွင် နေထိုင်ကြသည်။ နောက်ဒါရုဒ် ဆွေမျိုးစုထဲတွင်ပါသော ဒူလ်ဘာဟန်တ့် (Dhulbahante)တို့မှာ ဆူလ် (Sool) နယ်မြေထဲတွင် သုံးပုံနှစ်ပုံရှိပြီး တိုဂျီးယား (Togdheer) နယ်မြေ၏ ကာယင် (Cayn) နေရာတွင်နေထိုင်ကြသည်။ ကာယင် (Cayn) နေရာသည် တိုဂျီးယားဒေသ၏ လေးပုံတစ်ပုံ ဧရိယာရှိသည်။ အဆိုပါ ဒါရုဒ်ဆွေမျိုးစုဖြစ်သော ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli) တို့နေထိုင်ရာ ဒေသများသည် ဒါရုပ်ဆွေမျိုးစုဝင် မာဂျီးတင်းအုပ်စု (Majeeteen) ၏ ပန်တ်လန် (Puntland) နှင့်နီးကပ်သည်။ 



ဆိုမာလီလန်၌ အီးဆာတ် ဆွေမျိုးစု (Isaaq Clan) မ်ား တိုက်ပွဲဝင်နေချိန်တွင် ကျန်အုပ်စုများဖြစ်သော အီစ္ဆာ (Issa)၊ ဂါဒါဘာရ္စီ ( Gadabursi)၊ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli) အုပ်စုတို့သည် ရန်သူနှင့် ပူးပေါင်းခ့ဲသည်။ သို့သော် 1991 ခုနှစ်တွင် အပြန်အလှန်ယုံကြည်မှုတည်ဆောက်၍ လွတ်လပ်ရေးကြေငြာခ့ဲသော်လည်း သမိုင်းကြောင်းအရ ထိုသို့ရှိထားခ့ဲသည်။ ပြောရလျှင် ဆိုမာလီလန်၌ အီဆာတ် (Isaaq Clan) မ်ားက တမူးအပိုရှူသလိုဖြစ်နေသည်။ တဖက်တွင် ဒါရုဒ်အနွယ် ပန်တ်လန်နယ်မြေမှ မာဂျီတင်းများကလည်း မိမိတို့ဆွေမျိုး ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli) တို့ကို ပန်တ်လန်နယ်မြေနှင့် ပူးပေါင်းရန် စည်းရုံးသည်။ ဆီဆာတ် (Isaaq)ဆွေမျိုးစုများက ထိုအခ်က္ကို မကြိုက်ပေ။ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli)တို့ကလည်း အီဆားတ် (Isaaq) မ်ား တမူးအပိုရှူနေသည်ကိုမကြိုက်ပေ။ ဤသို့ဖြင့် ပဋိပက္ခဖြစ်တော့သည်။ လက်နက်ကိုင်တိုက်ပွဲများအထိ ဖြစ်ကြတော့သည်။ ထိုပဋိပက္ခသည် (2022-23)ခုနှစ်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လော့အနော့တ် ပဋိပက္ခ (Los Anod Conflict) ဟူလည်းခေါ်ကြသည်။ လော့အနော့တ် (Los Anod) မွာ ဆူလ်နယ်မြေ (Sool)၏ မြို့တော်ဖြစ်သည်။ လက်ရှိတွင်တော့ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli) အုပ်စုတို့နေထိုင်သော ဆန်နားဂျ်နယ်မြေ (Sanaag)အစိတ်အပိုင်းများ၊ ဆူလ် (Sool) နယ်မြေ အစိတ်အပိုင်းများနှင့် တိုဂျီးယားနယ်မြေ၏ ကာယင် (Cayn) နေရာများကို ခါတူမို (Khatumo) နေရာဟုအမည်ပေးကာ ဆိုမာလီယာ ဖက်ဒရယ်၏ နယ်မြေအဖြစ်ကြေငြာထားသည်။ ခါတူမို နေရာအား ဆန်နားဂျ် (Sanaag)၊ ဆူလ် (Sool) နှင့် ကာယင် (Cayn) နေရာများ၏ အတိုကောက်အဖြစ် (SSC- Khatumo) ဟုလည်းခေါ်ကြသည်။ ဒါရုဒ်ဆွေမျိုးစုအချင်းချင်းဖြစ်သည့် မာဂျီးတင်းနှင့် ဒူလ်ဘာဟန်တ့် တို့သည်လည်း အာဏာရှင် ဆီယာဒ်ဘာရ်ရီလက်ထက်က ဆန့်ကျင်ဘက်များဖြစ်သည်။ 2025 ခုနှစ်အစောပိုင်းကာလအထိတော့ ခါတူမို (SSC-Khatumo) ဒေသသည် ဆိုမာလီလန်နှင့် ခွာပြဲကာ ဆိုမာလီယာဘက်တွင် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ မည်သည့်အချိန်တွင် မာဂျီးတင်းနှင့် ဒူလ်ဘာဟန်တ့်အုပ်စုတို့ ပြဿနာဖြစ်ကြမည်မသိနိုင်ချေ။ 


ပဋိပက္ခဖြစ်ပွားသောခါမိုတူဒေသ (SSC- Khatumo) ပုံ (8)

ဆိုမာလီယာဘက်သို့ ပေါင်းစည်းသွားသော ခါမိုတူဒေသ ပုံ (9)

လက်ရှိ ဆိုမာလီလန် မြေပုံ (11)၊ (12)


ဆိုမာလီလန်၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်ကိုကြည့်ပါက အိမ်နီးချင်း အီသီယိုပီးယား၏ အခြေအနေကလည်း ရိုက်ခတ်မှုရှိသည်ကိုတွေ့ရပြန်သည်။ အီသီယိုပီးယားထဲတွင် ဒါရုဒ်ဆွေမျိုးစုဝင် အိုဂါဒင်အုပ်စုများနေထိုင်ကြသည်။ ရှေ့အပိုင်းများတွင်တင်ပြခ့ဲသည့်အတိုင်း အီသီယိုပီးယားနှင့် ဆိုမာလီယာသည် ရှေးသမိုင်းအစဉ်အလာကပင် ခေတ်ပြိုင်များဖြစ်သည်။ အီသီယိုပီးယားနှင့် ဆိုမာလီယာကြားတွင် ပဋိပက္ခသည်ရှိသည်။ အီရီထရီးယား လွတ်လပ်ရေးကြေငြာသွားပြီးနောက်တွင် အီသီယိုပီးယားအနေဖြင့် ပင်လယ်ထွက်ပေါက်ပိတ်ခ့ဲသည်။ လက်ရှိအချိန်တွင် အီသီယိုပီးယားသည် ပင်လယ်ထွက်ပေါက်ကိုလိုအပ်နေသည်။ အီသီယိုပီးယားအနေဖြင့် အီရီထရီးယားနှင့်လည်းကောင်း၊ ဆိုမာလီလန်နှင့်လည်းကောင်း၊ ဆိုမာလီယာနှင့်လည်းကောင်း၊ ပါန်တ်လန်နှင့်လည်းကောင်း ထိတွေ့ဆက်ဆံရာတွင် ပြောနေရသောခေါင်းစဉ်တစ်ခုမှာ "အီသီယိုပီးယားအနေဖြင့် ဆိပ်ကမ်းအသုံးပြုပိုင်ခွင့်" ဖြစ်သည်။ အီရီထရီးယား၏ လက်ရှိအုပ်ချုပ်သူ အိုင်ဆက်အဖ်ဝေါကီတို့ကလည်း အီသီယိုပီးယားကိုလက်ညိုးထိုး၍ အပြစ်တင်ကာ ကိုယ့်ကိုကိုယ်သူတော်ကောင်းပုံရိပ်ကိုယူ၍ အမြဲတန်းအသုံးချနေသူဖြစ်၍ အီသီယိုပီးယားအတွက် အီရီထရီးယား၏ ဆိပ်ကမ်းကို အသုံးချခွင့်ရရေးအာမခံချက်က မေသခ်ာ။ ဆိုမာလီယာနှင့်လည်း အိုဂါဒင်အုပ်စုများ၏ ပြဿနာမျိုးကရှိထားသည်။ ပါန်တ်လန်ရှိ မာဂျီးတင်းအုပ်စုကလည်း အိုဂါဒင်အုပ်စုများနှင့် မတည့်သော်လည်း နှစ်ခုစလုံးသည် ဒါရုဒ်ဆွေမျိုးစု၏ အစိတ်အပိုင်းများဖြစ်ကြသည်။ 


ဤသို့ဖြင့် ဆိုမာလီလန်၏ ဆိပ်ကမ်းများအား အသုံးပြုခွင့်ရပါက ဆိုမာလီလန်၏အချုပ်အခြာအာဏာအား အီသီယိုပီးယားမွ အသိအမှတ်ပြုပေးမည်ဟု အသံထွက်လာလျှင် အီသီယိုပီးယားသည် ဆိုမာလီယာ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ရသည်။အီသီယိုပီးယားအား ဆိုမာလီလန်၏ ဆိပ်ကမ်းကိုမသုံးစေလျှင် ဆိုမာလီယာနှင့် ပါန်တ်လန်၏ ဆိပ်ကမ်းများကိုအသုံးပြုခွင့်ပေးမည်လားဆိုလျှင်လည်း အိုဂါဒင်ပြဿနာကရှိနေပြန်သည်။ အီသီယိုပီးယားသည်လည်းကောင်း၊ ဆိုမာလီယားသည်လည်းကောင်း မိမိ၏ ပြည်သူများအပေါ် တန်းတူညီမျှမှု၊ လွတ်လပ်အေးချမ်းမှု၊ တိုးတက်မှုတို့ကို ဖော်ဆောင်ရာတွင် လက်ရှိအခြေအနေထိ ရုန်းကန်နေရဆဲဖြစ်သည်။ ထိုနိုင်ငံနှစ်ခုစလုံးသည် မိမိတို့နှင့် ဆီလျော်မည့် ဖက်ဒရယ်စနစ်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ ပါန်တ်လန်က့ဲသို့နယ်မြေမျိုးက ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖက်ဒရယ်ဘောင်ထဲမှ ပို၍မြင့်မြင့်မားမားရလိုသည်။ ဆိုမာလီယာ၏ ဖက်ဒရယ်ဖြစ်စဉ်သည် အခွင့်အရေးပိုမယူသည့်ယူနစ်များနှင့် အခွင့်အရေးပိုတောင်းဆိုထားသည့် ပါန်တ်လန်က့ဲသို့ယူနစ်များကြားတွင် ဆိုမာလီယာနှင့်ကိုက်ညီသော "အချိုးမညီဖက်ဒရယ်စနစ်" ကိုအကောင်အထည်ဖော်ရသည့်ဖြစ်စဉ်မျိုးဖြစ်သည်။ ထိုက့ဲသို့ အိမ်နီးချင်းများ၏ အရေးကိစ္စသည် ဆိုမာလီလန်အပေါ်တွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ရိုက်ခတ်လာသည်ချည်းသာဖြစ်သည်။ ဤအချက်များကြောင့်လည်း ဆိုမာလီလန်၏ ဒီမိုကရေစီသည် နောက်ဆုတ်မသွားပေ။ အီရီထရီးယားကိုကြည့်ပါက ထိုက့ဲသို့ အိမ်နီးချင်းများ၏အခြေအနေများက မိမိတို့ပြည်တွင်းရေးအား ရိုက်ခတ်မှုကိုမှုကို လက်ညိုးထိုး၍ ဒီမိုကရက္စံကို အကောင်အထည်မဖော်ခ့ဲပေ။


လူ့ဘောင်တစ်ခုအတွက် ဒီမိုကေရစီကို တက်လှမ်းခြင်း၊ မလှမ်းခြင်း၏ ရလာဒ်သည် 

1- အိမ်နီးချင်းနိုင်ငံများ၏ လွမ်းမိုးမှုအကျိုးစီးပွားကြောင့် မိမိ၏ပြည်တွင်းရေးကို ရိုက်ခတ်နေမှုကြောင့်ဟုလည်းကောင်း၊ 

2- မိမိ၏ ပြည်တွင်းရေးတွင် လိုအပ်ချက်များစွာ၊ အားနည်းချက်များစွာရှိနေသည့်အတွက်ကြောင့်ဟုလည်းကောင်း

စသဖြင့် အကြောင်းတရားများကို "ဆင်ခြေပးနေပါက ထိုအကြောင်းပြချက်သည် လုံးဝအဓိပ္ပါယ်မရှိပေ။" "အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းတရားနှင့် လွတ်သောနိုင်ငံမျိုး ကမ်ဘာပေါ်တွင် မရှိသေး၍ဖြစ်သည်။" ထိုအကြောင်းတရားများသည် ကမ်ဘာပေါ်ရှိ နိုင်ငံတိုင်းရင်ဆိုင်နေရသော ကိစ္စများဖြစ်သည်။ အာဏာရှင်နိုင်ငံဖြစ်စေ၊ တပါတီစနစ်နိုင်ငံဖြစ်စေ၊ ဒီမိုကရေစီနှင့် ပါတီစုံစနစ်ရွေးကောက်ပွဲကိုကျင့်သုံးနေသောနိုင်ငံဖြစ်စေ ထိုအကြောင်းတရားများကို ရင်ဆိုင်နေရသည့် နိုင်ငံများသာဖြစ်သည်။ ထိုအကြောင်းတရားများကို ရင်ဆိုင်ရာတွင် "မိမိပြည်သူများအတွက် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးမှု၊ အေးချမ်းမှု၊ စိုးရိမ်ကြောင့်ကြကင်းမှု၊ တိုးတက်မှု" စသည့်အချက်များ ပေါ်ထွက်လာရန်အတွက် အထိအခိုက်အနည်းဆုံးစနစ်သည် " တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့ကို အာမခံပေးထားသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် နှင့် ဒီမိုကေရစီ ပါတီစုံရွေးကောက်ပွဲစနစ်" သာဖြစ်သည်။ သို့ဖြစ်၍ " တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့ကို အာမခံပေးထားသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် နှင့် ဒီမိုကေရစီ ပါတီစုံရွေးကောက်ပွဲစနစ်" ကို အကောင်အထည်ဖော်၏၊ မဖော်၏ ဆိုသည့် အဓိက အကြောင်းရင်းခံမှာ " ဦးဆောင်သူများ၏ နိုင်ငံရေးစိတ်ဆန္ဒနှင့် စွမ်းရည်သာ" ဖြစ်သည်။ ဤလူ့ဘောင်သည် မည်သို့၊ မည်ပုံဖြစ်နေ၍ "ဒီမိုကေရစီ၊ နိုင်ငံရေးအခွင့်အရေးများ၊ လူ့အခွင့်အရေးများ"ကို ပေး၍မရသေးဟု ပြောဆိုလာပါက ထိုပြောဆိုသူကိုယ်တိုင်ပင်လျှင် ထိုအခွင့်အရေးများကို ဖော်ဆောင်လိုသော " နိုင်ငံရေးစိတ်ဆန္ဒနှင့် စွမ်းရည်"မရှိဟုသော အဓိပ္ပါယ်ပင်ဖြစ်သည်။


စင်ကာပူသည်လည်းကောင်း၊ အရှေ့တီမောသည်လည်းကောင်း လွတ်လပ်ပြီးစတွင် နိုင်ငံတည်ဆောက်ရေး၌ အစိုးရဌာနဆိုင်ရာများ၏ အရည်အသွေးများ၊ လူထု၏ အရည်အသွေးများတွင် လိုအပ်ချက်များ အင်မတိ၊ အင်မတန်များခ့ဲသည်။ ဒေသတွင်းနိုင်ငံများ၏ အခြေအနေကိုလည်း ရိုက်ခတ်ခံရသည်။ သို့သော် ထိုနိုင်ငံများသည် ဒီမိုကေရစီ ပါတီစုံရွေးကောက်ပွဲကို မပစ်ပယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပစ်ပယ်ခ့ဲပေ။ အီရီထရီးယားကား ထိုနိုင်ငံများနှင့် ပြောင်းပြန် လုပ်ရပ်ကိုသွားခ့ဲသည်။ ဆိုမာလီလန်ဆိုလျှင် စင်ကာပူ၊ အရှေ့တီမော၊ အီရီထရီးယားက့ဲသို့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို နိုင်ငံတကာက အသိအမှတ်ပြုမှုကိုတောင်မရနိုင်ခ့ဲ။ သို့သော် "ဒီမိုကရေစီနှင့် ပါတီစုံရွေးကောက်ပွဲကို မပစ်ပယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မပစ်ပယ်ခ့ဲပေ။"


အီရီထရီးယားနှင့် ဆိုမာလီလန်တို့၏ နိုင်ငံရေး၊ စီးပွားရေး လက်ရှိအနေအထားကိုကြည့်ပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။ 


နိုင်ငံရေး


ဆိုမာလီလန်သည် အချုပ်အခြာအာဏာအား နိုင်ငံတကာက အသိအမှတ်ပြုမခံရပေ။ အီရီထရီးယားသည် အချုပ်အခြာအာဏာအား နိုင်ငံတကာမှ အသိအမှတ်ပြုခံရသည်။ ဆိုမာလီလန်သည် ပါတီစုံဒီမိုကရေစီကိုကျင့်သုံးပြီး ပုံမှန်ရွေးကောက်ပွဲများရှိကာ နိုင်ငံရေးမှာတည်ငြိမ်သည်။ အီရီထရီးယားသည် အာဏာရှင်အပြင်းစားဖြစ်နေပြီး ရွေးကောက်ပွဲလည်းမရှိ၊ PFDJ ကသာ တစ်ပါတီစနစ်ပုံစံဖြစ်နေသည်။ ဆိုမာလီလန်တွင် နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာ၌ လူမျိုးစုအချင်းချင်း အောက်ခြေမှ အထက်သို့ ရင်ကြားစေ့ရေးပုံစံဖြင့်ဖြေရှင်းသောကြောင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် ပြည်သူလူထုတွင် လုံခြုံငြိမ်းချမ်းမှုရှိသည်။ အီရီထရီးယားတွင် မတူကွဲပြားမှုများအားဖိနှိပ်ခြင်း၊ စောင့်ကြည့်ခြင်းတို့ကြောင့် နိုင်ငံရေးတည်ငြိမ်နေသလိုဖြစ်နေသော်လည်း ပြည်သူလူထုတွင် လုံခြုံအေးချမ်းမှုမရှိပေ။ ဆိုမာလီလန်၌ နိုင်ငံရေး၊ အုပ်ချုပ်ရေးပြဿနာများကိုကိုင်တွယ်ရာတွင် ဆုံးဖြတ်ချက်သည် အောက်ခြေမှအထက်သို့ သွားသော်လည်း အီရီထရီးယားတွင် အထက်မှ အောက်သို့သွားသည်။ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ဆိုမာလီလန်တွင် ဝေဖန်စရာများရှိသော်လည်း ယေဘူယျအားဖြင့် ဆိုမာလီယာထက်ပိုကောင်းမွန်သည်။ အီရီထရီးယား၏ လူ့အခွင့်အရေးအခြေအနေသည်ကား ကမ်ဘာပေါ်တွင် အဆိုးဝါးဆုံးစာရင်းထဲတွင်ပါဝင်ပြီး "ပါးစပ် ဥပေဒ၊အာဏာ" အေလ့အထက အားကောင်းနေပြီး ဌာနဆိုင်ရာများ၏ မူဝါဒ၊ ဥပေဒ၊ လမ်းညွှန်ချက်များကို လူထုသည်ရေရေရာရာမသိချေ။ ဌာနဆိုင်ရာ အာဏာရှိသူများ၏ မတရားစြပ္စြဲကာ ဖမ်းဆီးချုပ်နှောင်မှု၊ ညင်းပန်းနှိပ်စက်မှုများဒဏ်ကို အီရီထရီးယားလူထုမွာ ခံစားနေရသည်။ 



စီးပွားရေး


ဆိုမာလီလန်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ သို့သော် လွတ်လပ်ရေးအားနိုင်ငံတကာအသိအမှတ်ပြုမခံရ၍ ပြည်ပရင်းနှီးမြုပ်နှံမှုများတွင် အကန့်အသတ်များရှိသည်။ အကန့်အသတ်များရှိနေ၍ ပြည်ပအစိုးရများနှင့် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးဖြင့် လွတ်လပ်သောဈေးကွက်စီးပွားရေးကို ဦးတည်နေသည်။ ပုဂ္ဂလိကဂဏ္႑များကို အရှိန်မြင့်နေသည်။ အီရီထရီးယားတွင်ကား စီးပွားရေးအား အမိန့်ပေး ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့်ထားကာ နိုင်ငံတော်မှ စီးပွားရေးတွင် လွမ်းမိုးနေသည်။ ပြည်ပဝင်ငွေကို ဆိုမာလီလန်သည် မွေးမြူရေးထုတ်ကုန်များ၊ ဖုန်း အင်တာနက်ဆက်သွယ်ရေး၊ ဆိပ်ကမ်းနှင့် နိုင်ငံခြားတွင်အလုပ်သွားလုပ်နေသည့် နိုင်ငံသားများထံမှ ပို့ငွေတို့ကို မှီခိုနေရသည်။ အီရီထရီးယားကား သတ္တုသယံဇာတကို ထုတ်ရောင်းသည်။ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပြည်ပရောက်နိုင်ငံသားများထံမှ ပို့ငွေကို မှီခိုနေရသည်။ ဆိုမာလီလန္က နိုင်ငံတကာအသိအမှတ်ပြုမခံရ၍ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အထောက်အပံများရယူနိုင်ရန် အခက်အခဲရှိသည်။ အီရီထရီးယားကား ပုဂ္ဂလိက ဂဏ္႑ကိုပိတ်ပင်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အကျင့်ပျက်ခြစားမှု အဂတိတရားများရှိခြင်း၊ နိုင်ငံတကာတွင် ကိုယ်ဖာသာကိုယ်လူရာမဝင်ခြင်းတို့်ကြောင့် အကန့်အသတ်ရှိနေသည်။ ဆိုမာလီလန်အနေဖြင့် အကန့်အသတ်များရှိပြီး ဆင်းရဲသော်လည်း တိုးတက်မှုလက္ခဏာကပြနေသည်။ ပုံမှန်စီးပွားရေးလည်ပတ်မှုရှိသည်။ အီရီထရီးယားကာ အုပ်ချုပ်သူလူတန်းစားများက ငါသာသိ၊ ငါသာတတ်ပုံစံအောက်တွင် လူထုမြာ ဆင်းရဲမွဲတေမှုအောက်ပိတ်မိနေသည်။ ဆိုမာလီလန်တွင် စီးပွားရေးအား မထိခိုက်အောင် အသေးစိတ်ကျသည့် အခွန်အခစနစ်များရှိသည်။ မြေပြင်ပကတိအနေအထားနှင့် ကိုက်ညီသည့်မူဝါဒရှိသည်။ အီရီထရီးယားတွင်တော့ ဘာစာရင်းဇယားမှ အခိုင်အမာကိုးကားပြစရာမရှိ။ လူတစ်ဦးချင်းဝင်ငွေမှာလည်း အင်မတန်နှိမ့်ကျသည်။ မြေပြင်နှင့် ကိုက်ညီသော စာရင်းဇယားများမရှိမှုက စီးပွားရေးဆိုင်ရာအစီအမံများကိုချမှတ်ရာတွင် အမှန်တကယ်လိုအပ်ချက်များကို ရရှိရန် အခက်အခဲကိုဖြစ်စေသည်။


ဆိုမာလီလန်နှင့် အီရီထရီးယား နှိုင်းယှဉ်ချက်ဇယား ပုံ (13)၊ (14)



ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်-နိဂုံး


သမိုင်းကိုပြောကြခြင်း ပြဿနာကိုဖြေရှင်းရာ၌ အသိအမြင်ရှိစေရန်အတွက် ပြောကြခြင်းဖြစ်သည်။ ဤစာတမ်းသည် ဆိုရှယ်ဒီမိုကရေစီ၏ သေဘာသဘာဝကို အနည်းငယ်မိတ်ဆက်ယုံမျှသာဖြစ်သည်။ နိုင်ငံအချို့၏ ဖြစ်စဉ်များတွင် တစိတ်တပိုင်းပါဝင်သော ဆိုရှယ်ဒီမိုကရေစီ၏ သေဘာသဘာဝမ်ားထဲမွ အချက်အလက်အနည်းငယ်အား ချပြခြင်းသာဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်စံကို ကိုင်စွဲထားသော အရှေ့တီမော၏ ဖရတ်တလင် (FERITILIN) နှင့် အီရီထရီးယား၏ (EPLF/PFDJ) အဖွဲ့အစည်းများ၏ နိုင်ငံရေးလားရာမတူမှုကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ဆိုရှယ်ဒီမိုကရေစီစံနှုန်းအပြည့်အဝရှိသော Nordic နိုင်ငံများ၏ ဖြစ်စဉ်များကိုတော့ ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် စာတမ်းတွင်မဖော်ပြဖြစ်ခ့ဲသေးပါ။ နောက်ပိုင်းတွင်တော့ အလျဉ်းသင့်သလို ဖော်ပြပေးပါမည်ဟုတင်ပြရင်း ဤဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်စာတမ်းငယ်အား နိဂုံးချုပ်ပါသည်။






Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?