ပြန်လည်ရှင်သန် ထ မြောက်ခွင့်အား ပိတ်ပင်ခြင်း

ပြန်လည်ရှင်သန် ထ မြောက်ခွင့်အား ပိတ်ပင်ခြင်း


ရခိုင့်လူ့ဘောင်သည် ယခုအချိန်ကာလ၌ စစ်ဒဏ်သင့်နေ သော လူ့ဘောင်တစ်ခုဖြစ်သည်။ လက်ရှိရခိုင်လူ့ဘောင်၏ ဦးဆောင်သူနေရာကို ယူထားသော ULA/AA သည် တိုက်ပွဲကိုလည်းတိုက်နေရသည်။ နိုင်ငံတော် တည်ဆောက်ရေး (State Building) ကိုလည်း အ ကောင်အထည်ဖော်နေရသည်။ ULA/AA ဖြင့် တိုက်ပွဲနှင့် တည်ဆောက်ရေးကို တချိန်တည်းတွင် ပြုလုပ်နေရသည်။ 


တိုက်ပွဲကို ပြီးအောင်အရင်တိုက်ပြီးခါမှ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့ကို အ ကောင်အထည်ဖော်နေခြင်းမဟုတ်ဘဲ တပြိုင်နက်တည်း အ ကောင်အထည်ဖော်နေခြင်းဖြစ်သည်။ အလြန္ တရာရှုပ်ထွေးလှ သော လုပ်ငန်းစဉ်များကို တပြိုင်တည်း လျှောက်လှမ်းနေရချိန်၌  အ ကောင်အထည်ဖော်မှု အပိိုင်းတွင် လစ်ဟာမှုများ၊ အားနည်းချက်များလည်း ရှိနေမည်မှာ ဓမ္မတာဖြစ်သည်။ 


ဤ အ ခြေအ နေများ၌ စစ်၏ သ ဘောတရားနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်၏ သ ဘောတရား နှစ်ခုကြားတွင် ဒွိဟ ဖြစ်စေ သော အချက္များလည်း ပေါ်လာမည်မှာ မလွဲပေ။ 


သေဘာတရားဆိုင်ရာ ဒွိဟ ပုံစံများ


1-သ ဘောတရားအရ တိုက္ပြဲ တွင် သတင်းအချက်အလက်လုံခြုံရေးသည် အရေးကြီးသည်။ ရဲဘော်များ၏ တိုက်ခိုက်လိုစိတ်ရှိမှုသည် အ ရေးကြီးသည်။ 

2-တည်ဆောက်ရေး လုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး များတွင်တော့ လူထု၏ အကျိုးစီးပွား နှင့် အခွင့်အ ရေးကို ဖော်ဆောင်မှုသည် အ ရေးကြီးသည်။ လူထု၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို ဖော်ဆောင်မှုတွင် " လူထု မွ ပြန်လည်ထိန်းကျောင်းမှု" သည် အရေးပါသည်။ 


အထက်ပါ စံနှုန်းနှစ်ခု၏ သဘောတရားဆိုင်ရာ ဒွိဟ မွာ "ULA/AA အဖွဲ့ဝင်များ၏ စည်းကမ်းဖောက်ဖျက္မှု၊ အာဏာပြမှုများကို လူထုမွ ထိန်းကျောင်းမှုများ လက်ရှိ တော်လှန်ရေး၊ စစ်ရေးကာလတွင် မလုပ်သင့်။ လုပ်ပါက ရဲဘော်များ၏ တိုက္ ခိုက္လိုစိတ္ကို ထိခိုက်သွားနိုင်သည်။ ရဲဘော်များ၏ တိုက္ ခိုက္လိုစိတ္ကို ထိခိုက္မှုကြောင့် တိုက်ပွဲ၏ ရလဒ္ကို ထိခိုက်နိုင်သည်" ဆိုသည်အမြင်မျိုး ပေါ်ထွက်လာသည်။


ဒွိဟများအပေါ် ပြန်လည်ဆန်းစစ်မှု


စစ်ရေးနှင့် အုပ်ချုပ်ရေးကို တပြိုက်နက် တည်ဆောက်နေသည်ကို ULA/AA ထိပ်ပိုင်းမှ အများပြည်သူသိအောင် ချပြထားပြီးဖြစ်သည်။ ထို လုပ်ငန်းနှစ်ခုကို တပြိုက်နက် အ ကောင်အထည်ဖော်နေချိန်တွင် ULA/AAသည် အင်စတီကျူးရှင်း သ ဘောအရ ကောင်းမွန်သည့် အစဉ်အလာဖြစ်စေရန်  တိုက်ခိုက်ရေးနှင့် အုပ်ချူပ်ရေးကို ရောထွေးမထားဘဲ သီးခြား အကန့်ခွဲကာ တပ်နိုင်သမျှ ထားသည်။ ထိုသို့ သီးခန့်ခွဲကာ ထားခြင်းသည် အမ်ား၏ အငုံစိတ်တွင် စိုးရိမ်နေသည့်  "စစ်ပုံသွင်းခံထားရသော အနာဂတ်ရခိုင့် လူ့ဘောင်မျိုးမဟုတ်ဘဲ ဒီမိုကရက်လူ့ဘောင်ဘက်ကို တက်လှမ်းပုံဖော်ရာတွင် အထောက်အကူ" ဖြစ်စေလို၍ ဖြစ်သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (12) ကြိမ်မြောက် တပ်တော်နေ့ မိန့်ခွန်း သဝဏ်လွှာတွင် "တော်လှန်ရေးတစ်ရပ်ကို အောင်မြင်အောင်ဆင်နွဲနိုင်ရန် ပြည်သူတစ်ရပ်လုံး ညီညွှတ်ဖို့လိုကြောင်း၊ စစ်သားတစ်မျိုးတည်းဖြင့် တိုင်းပြည်ကို တည်ဆောက်၍ မရကြောင်း၊ ကဏ္႑အသီးသီးတွင် ဒေါင့်စေ့အောင်တည်ဆောက်ရကြောင်း၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်သောအခါ ကိုယ့်ကဏ္႑နဲ့ကိုယ် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးတွင် အပြန်အလှန်လေးစားတန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ "မိမိကသာ စစ်တိုက်ရသူ၊ တောထဲမှာ အပင်ပန်းခံနေရသူဟု ဆိုကာ ပြည်သူကို အနိုင်ပိုင်းပြောဆိုမှုများ၊ ကိုယ့်တာဝန်နဲ့မဆိုင်ရေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာ ကိစ္စများတွင် ဝင်ရောက်ချယ်လှယ်မှုများကို လုံးဝမပြုလုပ်ရန်လိုကြောင်း၊ အခြေအနေအရ မဖြစ်မနေဝင်ပါရန် လိုအပ်လျှင် နည်းလမ်းတကျ မှန်မှန်ကန်ကန် သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသာ တင်ပြလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ စစ်ဖက် အရပ်ဖက် ဟန္ခ်က်ညီညီလက္တြဲကာ ပြည်သူတစ်ရပ်လုံးနှင့် စည်းလုံးညီညွှတ်စွာတိုင်းပြည်အကျိုးကို ထမ်းရွက်ရန်လိုကြောင်း" ကို သတိပေးပြောဆိုထားသည်။


တည်ဆောက်ရေး လုပ်ငန်းစဉ်ဖြစ်သည့် အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ဖြစ်စဉ်များတွင် လူထုမွ ထိန်းကျောင်းရန် လိုအပ်ချက်ကိုလည်း ULA/AA ခေါင်းဆောင်ပိုင်းမှ သ ဘောပေါက်ထားပုံရသည်။ သို့ဖြစ်၍ ULA/AA အဖွဲ့ဝင်များ မတရားပြုလုပ်ပါက တိုင်တန်းနိုင်သော ယန္တယားများကိုလည်း အ စောပိုင်းကာလများကပင် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ULA/AA အဖွဲ့ဝင်များ ကျင့်ဝတ်စည်းကမ်းချိုးဖောက်ပါက အချိန်မဆိုင်းဘဲ တိုင်ကြားရန် မေတ္တာရပ်ခံထားကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် က မၻာသိ ပြောဆိုထားသည်။ 


"အာဏာပိုင်တစ်ရပ်သည် ပြည်သူများကို အကာအကွယ်ပေးရမည် ဖြစ်ကြောင်း၊ ULA အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း အကာအကြယ္ကို လူမျိုးဘာသာမရွေး လူ့အသိုက်အဝန်းအားလုံးကို ပေးနေကြောင်း၊ အကယ်၍ ULA ဘက် မတရားဖိနှိပ်မှုတွေလုပ်နေလျှင် အထောက်အထားတွေနဲ့ မိမိတို့ကို ပေးဖို့လိုကြောင်း၊  အကယ်၍ ULA ဘက္ က မတရားပြုနေပါက ကျေးဇူးပြု၍ အချိန်မဆိုင်းဘဲ မိမိတို့ကို အကြောင်းကြားစေလိုကြောင်း" ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The New Humanitarian သတင်းဌာနနှင့်  အင်တာဗျူး (Arakan army responds rohingya abuse accusations myanmar) တွင် ပြောကြားထားသည်။ 


ထိုပြင် " က မၻာကြီးရှိ အ ျခား ပရိုဖက်ရှင်နယ်လက်နက်ကိုင် တပ်ဖွဲ့များတွင်ပင်လျှင် အေသးစား ကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက္မှုများ ရှိကြောင်း၊ AA တွင်လည်း ထိုက့ဲသို့ အသေးစားကျင့်ဝတ် ချိုးဖောက္မှုများရှိကြောင်း၊ ရှိလာပါက ပြင်းပြင်းထန်ထန် အရေးယူကြောင်း၊ မိမိတို့အဖွဲ့ဝင်များ၏ ချိုးဖောက္မှုများကို အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပေးပို့မှုကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ထိုက့ဲသို့ဖြစ်စဉ်များကို မိမိတို့ အဖွဲ့အစည်း၏ စည်းမျဉ်း ဥပဒေများနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း" ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် The Diplomat သတင်းဌာန၏ အင်တာဗျူး (Arakan army commander in chief twan mrat naing on the future of rakhine state) တွင် ပြောကြားထားသည်။


လက်ရှိတွင် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်အရ အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် လူထုအနေဖြင့် ULA/AA ၏ ယန္တယားများကို တိုင်ကြားရန်မှာ အဟန့်အတားများ ဖြစ်နေသည်။  တိုင်တန်းနိုင်သော ယန္တယားများတည်ဆောက်ထားစေကာမူ စစ်ရေးသ ဘောတရားအရ အင်တာနက်ကို ဖြတ်တောက်ခံရချိန်တွင် လူထုထံမွ အသံသည် တိုးတိတ်သွားရသည်။ လူထု၏ အသံ တိုးတိတ်နေမှုသည် အခွင့်အရေးသမားများ နှင့် သေဘာတရားကို နားလည်မှုအားနည်းသော သာမန် အောက်ခြေ အဖွဲ့ဝင်များ၏ အာဏာပြမှုများအတွက် ရေခံ မြေခံ ကိုဖြစ်စေသည်။ ဤ အချက္များက ULA/AA အ ပေါ် လူထု၏ ယုံကြည်မှုကို ထိခိုက်စေသည်။ လူထု၏ ယုံကြည်မှုကို ထိခိုက်ပါက စစ်ရေးကို ထိခိုက်သည်။ ဤသို့ဖြင့် ဆိုးကြော့သံသရာ ဘက္ ကို ရောက်သွားနိုင်သည်။ 


ဆန်းစစ်မှုမှ ရလာသော သုံးသပ်ချက်


ULA/AA အဖွဲ့ဝင်များ၏ စည်းကမ်းဖောက်ဖျက္မှု၊ အာဏာပြမှုများကို လူထုမွ ထိန်းကျောင်းမှုများ လက်ရှိ တော်လှန်ရေး၊ စစ်ရေးကာလတွင် မလုပ်သင့်။ လုပ်ပါက ရဲဘော်များ၏ တိုက္ ခိုက္လို စိတ္ကို ထိခိုက်သွားနိုင်သည် ဆိုလျှင် အခွင့်အရေးသမားများ နှင့် သေဘာတရားကို နားလည်မှုအားနည်းသော သာမန် အောက်ခြေ အဖွဲ့ဝင်များ၏ အာဏာပြမှုများရှင်သန်ရန် ရေခံ မြေခံ ကိုဖြစ်စေမှု​ေၾကာင့္ ULA/AA အ ပေါ် လူထု၏ ယုံကြည်မှုကို ထိခိုက်စေမှုက ကော  စစ်ရေးကို မထိခိုက်တော့ပြီလားဟု ပြန်၍ မေးခွန်းထုတ်စရာရှိနေသည်။


လုပ်ငန်းနှစ်ခုကို တပြိုက်နက် အ ကောင်အထည်ဖော်နေချိန်တွင် ULA/AAသည် အင်စတီကျူးရှင်း သ ဘောအရ ကောင်းမွန်သည့် အစဉ်အလာဖြစ်စေရန်  တိုက်ခိုက်ရေးနှင့် အုပ်ချူပ်ရေးကို ရောထွေးမထားဘဲ သီးခြား အကန့်ခွဲကာ တပ်နိုင်သမျှ ထားမှုသည် အလကားဖြစ်နေပြီလား။ 


"ကျင့်ဝတ်ပျက္မှုသည် ရေရှည်တွင် ခိုင်မာသောရလဒ်ကို ဖြစ်လာရန် အ ကြောင်းမရှိပေ။"

"လူထု၏ ထိန်းကျောင်းမှုကြောင့် ကျင့်ဝတ် အားကောင်းနေ သော အဖွဲ့အစည်းသည် အခက်အခဲများကို ဖြတ်ကျော်ရာတွင် မ အောင်မြင်စရာအ ကြောင်းမရှိပေ။"

"ဤသို့ဆိုလျှင် အဘယ်ကြောင့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ၌ လူထု၏ ထိန်းကျောင်းမှုကို လမ်းမဖွင့် ပေးချင်ရပါသနည်း။"


ဆုံးဖြတ်ချက်ချ နိုင်သူများဘက္မှ ဒွိဟ အ ပေါ်ကိုင်တွယ်မှု


သ ဘောတရားစံနှုန်းနှစ်ခုသည် တချိန်ထဲတွင် သူနည်းသူဟန်ဖြင့် မှန်နေပြီး အပြန်အလှန်လည်း ဒွိဟ ဖြစ်နေလျှင် ဆုံးဖြတ်ချက်ချရမည်သူသည် " တရားမျှတမှု၊ ကျိုးကြောင်းစီလျော်မှု၊ ဖြောင့်မတ်တည်ကြည်မှု" တို့ဖြင့်သာ ချင့်ချိန် ဆုံးဖြတ်ရသည်။ ထိုသို့ဆုံးဖြတ်ရသည်မှာလည်း သီအိုရီအရ အထူးအဆန်းမဟုတ်ဘဲ က မၻာ ပေါ်တွင်ကျင့်သုံးနေ သော တရားစီရင်ရေးစံနှုန်းသာဖြစ်သည်။


တည်ဆောက်ရေး လုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး များတွင် လူထု၏ အကျိုးစီးပွား နှင့် အခွင့်အ ရေးကို ဖော်ဆောင်မှုသည် အ ရေးကြီးသည်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတွင် သ ဘောသဘာဝအရ " ဖြောင့်မတ်တည်ကြည်မှု" မှာလိုအပ်သည်။ ဖြောင့်မတ်တည်ကြည်မှုသည် ကိုယ်ကျင့်သီလလည်းဖြစ်သည်။ လိုက်နာရမည့် ကျင့်ဝတ်လည်းဖြစ်သည်။ 


နိဂုံး


နိဂုံးချုပ်ရလျှင် လူထု ထိန်းကျောင်းမှုကို အဟန့်အတားဖြစ်စေ သော " တော်လှန်ရေးကာလ ဖြစ်၍ ULA/AA အဖွဲ့ဝင်အချို့၏ စည်းကမ်းဖောက်ဖျက္မှု၊ အာဏာပြမှုများကို မ ဖော်ထုတ်သင့် ဆိုသော အမြင် မွာ ဆိုးကြော့သံသရာကိုသာ ဖိတ်ခေါ် နေပါ၏။ (11) ကြိမ်မြောက် တပ်တော်နေ့ သဝဏ်လွှာတွင် တပ်မှုးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်မြင့်တင်ရန်တည်ထောင်ထားသော ရခိုင်ပြည်သူ့စစ်တပ်ဖြစ်ကြောင်း၊ ပြည်သူများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ဦးထိုက်ပန်ဆင်ရန် တာဝန်ရှိကြောင်း၊ ပြည်သူများနှင့်ဆက်ဆံရာတွင် လေးစားစွာဆက်ဆံရန်၊ စည်းကမ်းကျင့်ဝတ်နှင့်အညီ တသားတည်းလိုက်နာကျင့်ကြံရန်လိုကြောင်း" ကို သတိပေးပြောဆိုထားသည်။

" လူထုမွ ပြန်လည်ထိန်းကျောင်းခွင့်" ဟူသည် အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူများအတွက် အသုံးချတတ်လျှင် အင်မတန်မှ အသုံးဝင်သောအရာဖြစ်သည်။ ရခိုင့်လူ့ဘောင်၏ ပြန်လည်ထိန်းကျောင်းခွင့် အား အာဏာရှင် အဆက်ဆက္မှ ပိတ်ပင်ထားမှုမှာ ကာလမနည်းကြာခ့ဲပြီဖြစ်သည်။ ရခိုင့်လူ့ဘောင်အား ဆယ်စုနှစ်များစွာ ပိတ်ပင်ခံထားရသည့် လူထုမွ ပြန်လည်ထိန်းကျောင်းခွင့်အား ပြန်လည်ရှင်သန်ထ မြောက်ရန် အစပြုနေချိန်တွင်ပင်လျှင် အခွင့်အရေးသမားများနှင့် မသိနားမလည်မှုတို့က ထိုရှင်သန်ထ မြောက်ရန်အစပြုမှုကို မုဒိမ်းကျင့်ရန် ဈေးဆစ်ခြင်းခံနေရသည့် အ ခြေအနေမျိုးတွင် ရှိနေပါသေးသည်။


Comments