ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်

 2- ဆိုရှယ်ဒီမိုကရေစီ နှင့် လက်ဝဲ၊လက်ယာ ဝါဒ


ဆိုရှယ်ဒီမိုကရေစီသည် စီးပွားရေးနယ်ပါယ်နှင့် နိုင်ငံရေးနယ်ပါယ်တွင် ဒီမိုကရေစီကိုကျင့်သုံးသည်။ စီးပွားရေးနယ်ပါယ်၌ ကျင့််သုံးမှုမှာ လွတ်လပ်သော ဈေးကွက်ပြိုင်ဆိုင်မှုကိုကျင့်သုံးသော်လည်း ဆိုးဝါးသောအခြေအနေတစ်ခုအောက်တွင် ရှိနေပါက အစိုးရမွ ဈေးကွက်အားထိန်းချုပ်ရမည်ဟု ဆိုသည်။ နိုင်ငံရေးနယ်ပါယ်၌ ကျင့်သုံးမှုတွင် လူ့အခွင့်အရေးအခြေခံစံတန်ဖိုးများကို အလေးထားပြီး အားလုံးပါဝင်သော ဒီမိုကရက်တန်ဖိုးမြင့်သော လူ့အဖွဲ့အစည်းတရပ်ကို ဦးတည်သည်။ ဆိုရှယ်ဒီမိုကရေစီသည် ဆိုရှယ်လစ်စနစ်၏ တန်ဖိုးများဖြစ်သည့် အစိုးရမွ လူမှုရေးရာကိစ္စဖြစ်သော ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ပညာရေး၊ ကျမ်းမာရေး၊ အရင်းအနှီးများထောက်ပံမှု၊ လူမှုဖူလုံရေး စသည့်နယ်ပါယ်များတွင် အစိုးရမွ အလုံးစုံတာဝန်ယူသည်။ သို့သော် အရင်းရှင်စနစ်၏ တန်ဖိုးများဖြစ်သော လွတ်လပ်သော ဈေးကွက်၊ ပုဂ္ဂလိကပိုင်ဆိုင်မှု တို့ကိုလည်း လက်ကိုင်ထားပြီး ဒီမိုကရက်တန်ဖိုးများဖြစ်သော တစ်သီးပုဂ္ဂလအခွင့်အရေး၊ လြတ္လပ္စြာ ထုတ်ဖေါ်ပြောကြားပိုင်ခွင့်၊ အာဏာနယ်ပါယ်တွင် ပါဝင်ပတိသက်ပိုင်ခွင့် စသည့်အချက်များကိုလည်း ကျင့်သုံးသည်။


ဆိုရှယ်ဒီမိုကရေစီသည် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်ကို ပေါင်းစပ်ကျင့်သုံးမှုဖြစ်သည်။ ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့သည် လားရာဦးတည်ရာ ကွဲပြားသည်။ ဆိုရှယ်လစ်စနစ်သည် လက်ဝဲဝါဒဖြစ်ပြီး အရင်းရှင်စနစ်သည် လက်ယာဝါဒဖြစ်သည်။ 


လက်ဝဲဝါဒ

လက်ဝဲဝါဒတွင် ဓနပစ္စည်းဥစ္စာအား တသီးပုဂ္ဂလ ပိုင်ဆိုင်မှုမရှိချေ။ "လူတိုင်းတန်းတူညီမျှသည်" ဆိုသော သေဘာသဘာဝကို အကောင်အထည်ဖေါ်ရန်အတွက် "တသီးပုဂ္ဂလ ပိုင်ဆိုင်မှု" ကို ခွင့်မပြုပေ။ ပုဂ္ဂလိက ပိုင်ဆိုင်မှုပေးလိုက်ပါက ဓနဥစ္စာရှိသူက ရှိသွားပြီး ဓနဥစ္စာမရှိသူက မရှိဖြစ်နေမည်။ ထိုအခါ လူတန်းစားကွာဟမှုရှိလာမည်။ ဓနဥစ္စာမရှိသူသည် ဓနဥစ္စာရှိသူထံ သြား၍ အလုပ်လုပ်ကြရသည်။ ဓနဥစ္စာမရှိသူများ၏ လုပ်အား၊ ချွေး၊ အချိန် စသည့်ပေးဆပ်ရသည့် တန်ဖိုးများကြောင့် ဓနဥစ္စာရှိသူမှာ ကြွယ်ဝသည်ထက် ကြွယ်ဝလာသည်။ ထိုကြွယ်ဝမှုကို တည်ဆောက်ရာတွင် ပါဝင်သော ဓနဥစ္စာမရှိသူများအနေဖြင့် မေဝရစာ အသပြာလောက်သာ ရကြသည်။ ထိုအခါ ဓနဥစ္စာမရှိသူများနှင့် ဓနဥစ္စာရှိသူများကြားတွင် ပဋိပက္ခဖြစ်လာပြီး လူ့အဖွဲ့အစည်းသည် နေထိုင်ရန်မလုံခြုံသော အခြေအနေများကိုဖြစ်လာသည်။ သို့ဖြစ်၍ တသီးပုဂ္ဂလ ပစ္စည်းပိုင်ဆိုင်မှုကို ခွင့်မပြုဘဲ အားလုံး ဘုံဆိုင်၊ ဘုံပိုင် ပြည်သူပိုင်သိမ်းယူကာ လူတိုင်း လုံလောက်စွာ တန်းတူညီမျျှရရှိရမည်။ ထိုသို့ လူတိုင်းလုံလောက်စွာ တန်းတူညီမျှစွာရရှိရန်အတွက် စီမံခန့်ခွဲရန် ပြည်သူလူထုသည် အာဏာပိုင်အဖွဲ့အစည်းတရပ်ကို တည်ဆောက်ရမည်ဟု လက်ဝဲဝါဒက ရှူမြင်သည်။ ထိုအာဏာပိုင်အဖွဲ့အစည်းသည် ပြည်သူလူထုအား စားဝတ်နေရေး၊ ပညာရေး၊ကျမ်းမာရေး အပါအဝင် အရာခပ်သိမ်းသော ကိစ္စရပ်ကို ပြည့်စုံအောင်ဖန်တီးပေးရမည်။ ယင်းသို့ဆိုပါက လူ့ဘောင် သုခဘုံ ယူတိုးပီးယား (Utopia) တစ်ခုပေါ်ထွန်းလာမည် ဖြစ်သည်။ လက်ဝဲဝါဒ၏ အဆုံးစွန်သော အဆင့်သည် ကွန်မြူနစ်စနစ်ဖြစ်သည်။ 


လက်ယာဝါဒ

အရင်းရှင်စနစ်တွင် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို ဦးတည်သည်။ကုန်ထုတ်လုပ်နိုင်မှုများလေလေ ဈေးကွက်တွင် ရောင်းလိုအား များလာလေဖြစ်သည်။ ရောင်းလိုအားများလာသည်နှင့်အမျျှ ဈေးနှုန်းသက်သာလာလေဖြစ်သည်။ ဈေးနှုန်းသက်သာလေ ဝယ်လိုအားများလေဖြစ်သည်။ ဝယ်လိုအားများလေ များများထုတ်လုပ်ရလေဖြစ်သည်။ များများထုတ်လုပ်ရလေ လူများအလုပ်အကိုင်ရလေ၊ ဝင်ငွေတိုးလေဖြစ်သည်။ ဝင်ငွေတိုးလေ များများဝယ်နိုင်လေဖြစ်သည်။ များများဝယ်နိုင်လေ ကုန်ထုတ်လုပ်မှုတိုးတက်လေဖြစ်သည်။ ဤသို့ဖြင့် လူတိုင်း ပေါ်များကြွယ်ဝသော လူ့ဘောင်တစ်ခုဖြစ်လာမည်ဟု လက်ယာဝါဒက ရှူမြင်သည်။ ကုန်ထုတ်လုပ်ရန် အရင်းအနှီးလိုသည်။ အရင်းအနှီးသည် လူသားမ်ား၏ ကာယ၊ ဉာဏ္ဏ လုပ်အားများ၊ သဘာဝ အရင်းအမြစ်များဖြစ်သည်။ အရင်းအနှီးမလုံလောက်သောအခါ အခြားနိုင်ငံမှ အရင်းအနှီးများကိုရှာလာရသည်။ ရှာလာသောအခါ ထိုနိုင်ငံများကို သိမ်းပိုက် ကိုလိုနီပြုရသည်။ ဤသို့ဖြင့် ကိုလိုနီရှိသော အရင်းရှင်နိုင်ငံနှင့် ကိုလိုနီမရှိသော အရင်းရှင်နိုင်ငံဟု နှစ်မျိုးရှိလာသည်။ ကိုလိုနီမရှိသော အရင်းရှင်နိုင်ငံများက ကိုလိုနီနယ်များရှာလာသောအခါ ကိုလိုနီရှိသော အရင်းရှင်နိုင်ငံများနှင့် ထိပ်တိုက်တွေ့လာသည်။ ထိုပြင် ကိုလိုနီရှိသော အရင်းရှင်နိုင်ငံအချင်းချင်း ကိုလိုနီနယ္မ်ားကို အပြန်အလှန်လုမှုဖြစ်လာသည်။ ဤသို့ဖြင့် ပထမကမ်ဘာစစ်ဖြစ်လာသည်။ ဖက်ဆစ်ဝါဒသည် အရင်းရှင်စနစ်၏ အဆုံးစွန်သော အဆင့်ဖြစ်သည်။ အခြားသူဘာပင်ဖြစ်ဖြစ် မိမိတို့နိုင်ငံကောင်းစားလျှင် ပြီးပြီ ဆိုသည့် သဘောမျိုးဖြစ်သည်။ အရင်းရှင်စနစ်သည် ဒီမိုကေရစီ ကို စည်ပင် ရှင်သန်စေသည်။ သို့သော် ဖက်စစ်ဝါဒ ဖြစ်လာသောအခါ အရင်းရှင်စနစ်တွင် ဒီမိုကရေစီဆိတ်သုန်းသွားတော့သည်။


လက်ဝဲဝါဒ၏ အဆုံးစွန် ကွန်မြူဝါဒ၏ အားနည်းချက်မှာ- လူမ်ားအား ပစ္စည်းဥစ္စာပိုင်ဆိုင်မှုမပေးသည့်အခါ လူများသည် အလုပ်လုပ်ရာတွင် အားစိုက်မှုနည်းလာသည်။ အားစိုက်မှုနည်းလာသည့်အတွက် ကုန်ထုတ်လုပ်မှုကျဆင်းလာသည်။ အားကောင်းသော ဗဟိုအာဏာပိုင်တစ်ရပ်ကို ထူထောင်ထားသဖြင့် ဗဟိုချုပ်ကိုင်မှုတင်းကြပ်သည်။ ဗဟိုချုပ်ကိုင်မှုတင်းကြပ်သဖြင့် ကြိုးနီစနစ်ပေါ်လာသည်။ ကြိုးနီစနစ် ပေါ်လာသဖြင့် အဂတိ တရားများပေါ်လာသည်။ ဤသို့ဖြင့် မှောင်ခိုဈေးကွက် အားကောင်းလာသည်။ အဂတိတရားခိုကပ်ရလွယ်သော ကြိုးနီစနစ်တွင် အာဏာပိုင်များက ပြည်သူထံမှ အခွင့်အရေးများကို ၎င်းတို့၏ အိပ်ထဲသို့ထည့်လာသည်။ ထိုသို့ ထည့်လာမှုကြောင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း ဖြစ်လာသည်။ တချိန်တည်းတွင် အာဏာပိုင်များက ပြည်သူ့၏ လြတ္လပ္စြာ ဖေါ်ထုတ်ခွင့်ကို တင်းကြပ်တော့သည်။ လြတ္လပ္စြာ ဖေါ်ထုတ်ခွင့် မရှိသောအခါ ဗဟိုအာဏာပိုင်သည် ပြည်သူနှင့် ကင်းကွာလာသည်။ ထိုသို့ဖြင့် ကွန်မြူနစ်ဝါဒမှာ ပြိုပျက်လာသည်။ 


လက်ယာဝါဒ အရင်းရှင်စနစ်၏ အားနည်းချက်မှာ- "တသီးပုဂ္ဂလ ပိုင်ဆိုင်မှု" ရှိသော်လည်း  ဓနဥစ္စာရှိသူက ရှိသွားပြီး ဓနဥစ္စာမရှိသူက မရှိဖြစ်နေသည်။ ထိုအခါ လူတန်းစားကွာဟမှုရှိလာတော့သည်။ ဓနဥစ္စာမရှိသူသည် ဓနဥစ္စာရှိသူထံ သြား၍ အလုပ်လုပ်ကြရသည်။ ဓနဥစ္စာမရှိသူများ၏ လုပ်အား၊ ချွေး၊ အချိန် စသည့်ပေးဆပ်ရသည့် တန်ဖိုးများကြောင့် ဓနဥစ္စာရှိသူမှာ ကြွယ်ဝသည်ထက် ကြွယ်ဝလာသည်။ ထိုကြွယ်ဝမှုကို တည်ဆောက်ရာတွင် ပါဝင်သော ဓနဥစ္စာမရှိသူများအနေဖြင့် မေဝရစာ အသပြာလောက်သာ ရကြသည်။ ထိုအခါ ဓနဥစ္စာမရှိသူများနှင့် ဓနဥစ္စာရှိသူများကြားတွင် ပဋိပက္ခဖြစ်လာပြီး လူ့အဖွဲ့အစည်းသည် နေထိုင်ရန်မလုံခြုံသော အခြေအနေများကိုဖြစ်လာသည်။ ပဋိပက္ခကြောင့် တရားဥပဒေစိုးမိုးရေး ပျက်လာသည်။ ကုန်ထုတ်လုပ်မှုက ကျဆင်းလာသည်။ ကျဆင်းလာသောကြောင့် အလုပ်လက်မ့ဲများလာသည်။ အလုပ်မရှိသော ကြောင့် ဝင်ငွေ မရဖြစ်လာသည်။ ယင်းသို့ဖြင့် အရင်းရှင်စနစ်သည် အဆိုးသံသရာထဲတွင် လည်နေတတ်ပြီး ဒီမိုကေရစီကို ပျက်သုန်းစေပြန်သည်။ တဖက်တွင် ဖက်ဆစ်ဝါဒ ခေါင်းထောင်မှုကလည်း ရှိနေတတ်ပြန်သည်။


လက်ယာဝါဒနှင့် လက်ဝဲဝါဒ နှစ်ခုစလုံးတွင် တဖက်စွန်းရောက်လွန်းပါက အန္တရာယ်များသည်။ လက်ယာအယူအဆနှင့် လက်ဝဲအယူအဆ တို့ကို ပစ်ပါယ်၍လည်း မရနိုင်ချေ။ လက်ယာဝါဒနှင့် လက်ဝဲဝါဒ နှစ်ခုကြားတွင် ဒီမိုကေရစီ၊ တန်းတူညီမျှမှု၊ လွတ်လပ်တရားမှု၊ လူမှုစီးပွားဘဝ ဖူလုံမှု တို့ဖြစ်ထွန်းစေသည့် အခြေအနေမျိုးကိုသာ ပေါင်းစပ်ကျင့်သုံးကြရသည်။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း