ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်

 ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်

ဤ စာတမ်း၌ ဆိုရှယ်ဒီမိုက ရေစီ၏ သ ဘောကို အနည်းအကျဉ်းမိတ်ဆက်ထားပါသည်။ ဤ စာတမ်း၌ အပိုင်းနှစ်ခုပါဝင်ပါသည်။ ပထမအပိုင်းတွင် 

1-နိဒန်း၊ 

2-ဆိုရှယ်ဒီမိုက ရေစီနှင့် လက်ဝဲ၊ လက်ယာ အယူဝါဒ

3-ဆိုရှယ်ဒီမိုက ရေစီတွင်ပါဝင်နေ သောအချက်အချို့

a- Participatory democracy (ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကေရစီ)

b- Deliberative democracy (ကန့်သတ်ပိတ်ပင်ခွင့်ရ ဒီမိုကေရစီ) 

c- Consultative democracy (အကြံပြု ဉာဏ်ပြု ဒီမိုကေရစီ)

d- The Occupy Movement (သိမ်းပိုက်ရန် လှုပ်ရှားမှု)

e- Market Intervention (ဈေးကွက်အား အစိုးရမြ ဝင်ရောက်စွက်ဖက်ခြင်း)

f- Economic Intervention (စီးပွားရေးအရ ဝင်ရောက်စွက်ဖက်ခြင်း)

4-ဆိုရှယ်ဒီမိုကရေစီ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခွင့်အရေးနှင့် ထောက်ပံအတည်ပြုခံရ သော အခွင့်အရေး (Constitutional Rights and Affirmative Rights)

စသည့် အချက်များကို အနည်းအကျဉ်းမိတ်ဆက် ဖေါ်ပြထားပါသည်။ ဒုတိယ ပိုင်းတွင် နှိုင်းယှဉ်ချက်များပါဝင်ပါသည်။ ယခု ဆောင်းပါးသည် စာတမ်း၏ ပထမပိုင်းအား ဖေါ်ပြထားခြင်းဖြစ်ပါသည်။

1- ဆိုရှယ်ဒီမိုကရေစီ (Social Democracy)


နိဒန်း


ဆိုရှယ်ဒီမိုကရေစီ စနစ်သည် နိုင်ငံရေးဒီမိုကရေစီ၊ စီးပွားရေး ဒီမိုကေရစီ၊ တ ဖြေးဖြေးပြုပြင်ပြောင်းလဲရေး (gradualist)၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး(reformist)နှင့် ဒီမိုကေရစီ စံတန်းဖိုးများကို ဦးတည်သော အကန်အသတ်ရှိ ဆိုရှယ်လစ်စနစ်ဘောင် (limited socialism)ထဲမွ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာအတွေးအခေါ်ဖြစ်သည်။ ဆိုရှယ်ဒီမိုကရေစီအား လက်ရှိခေတ်ကာလ ကျင့်သုံးမှုတွင် အရင်းရှင်စနစ် စီးပွားရေးပုံစံ ကျင့်သုံးကြသည်။ အရှင်းရှင်စနစ် စီးပွားရေးကျင့်သုံးသော ဆိုရှယ်ဒီမိုကရေစီတွင် အလုပ်သမားများ ပါဝင်၍ရင်းနှီးမြုပ်နှံမှုရှိသော အရှင်းရှင်စနစ် (welfare capitalism)၊ စီးပွားရေးနယ်ပါယ်တွင် အစိုးရမွ ဝင်ရောက်မှု (economic intervention) ၊ အချို့တဝက် ပြည်သူပိုင်စနစ် (partial public ownership)၊ လူမှုစီးပွားရေးအား နိုင်ငံမှ ထောက်ပံမှု (welfare state)၊  လူတန်းစားညီမျှရေးမူဝါဒ (social equality)၊ လုံလောက်သော ဝင်ငွေရရှိမှု (equitable distribution of income) တို့ပါဝင်သည်။


ဆိုရှယ်ဒီမိုကရေစီတွင် ကိုယ်စားပြုဒီမိုကရေစီ (representative democracy) နှင့် တိုက်ရိုက်ပါဝင်ပတ်သက်ခွင့် ဒီမိုကေရစီ (participatory democracy) ကိုကျင့်သုံးကြသည်။ ကိုယ်စားပြုဒီမိုကရေစီကိုသာမက လူထုမွ တိုက်ရိုက်ပါဝင်ပတ်သက်ခွင့်ရှိသော ဒီမိုကေရစီကို ကျင့်သုံးရခြင်းမှာ မညီမျှမှုကို ချေဖျက်ရန်၊ အရေးပေးမခံရသော အုပ္စုမ်ားကို ဖိနှိပ်ခံရမှုမှ ချေဖျက်ရန်၊ ပိုင်ဆိုင်မှု ဆုံးရံှုးသူများ၏ အခွင့်အရေးကို မပျောက်ဆုံးရန် ဖြစ်သည်။ ထို့ပြင် လူမှုရေးရာဝန်ဆောင်မှုများ ဖြစ်သော ကလေးသူငယ်စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ ပညာရေးနှင့် အလုပ်သမားများအတွက် နစ်နာကြေး ဆိုင်ရာ ကိစ္စရပ်များတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခွင့်ရရန်အတွက် တိုက်ရိုက်ဒီမိုကရေစီကိုပါ ကိုယ်စားပြုဒီမိုကရေစီနှင့် ရောစပ် ကျင့်သုံးခြင်းဖြစ်သည်။ စီးပွားရေးအရ ဆိုရှယ်ဒီမိုကရေစီသည် ဝင်ငွေကို ထပ္မံ ဖြန့်ဖြူးပေးခြင်း (income redistribution)၊ ပြည်သူ့ အကျိုးစီးပွားဆိုင်ရာ ကိစ္စများတွင် စီးပွားရေးပုံမှန် လည်ပတ်မောင်းနှင်နိုင်ရန် အားထုတ်ခြင်း တို့ကိုပါ ဆောင်ရွက်သည်။


ဆိုရှယ်ဒီမိုကရေစီသည် အလုပ်သမားအဖွဲ့အစည်းများ၊ ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ခိုင်မာရှည်လျားလှသော ဆက်စပ်မှုရှိသည်။ ပိုမိုကြီးမားဖွံ့ဖြိုးသော ဒီမိုကရေစီကျသည့် ဆုံးဖြတ်ချက်များကို ပူးတြဲ ဆုံးဖြတ်ခြင်း (co-determination)အပါအဝင်၊ အလုပ်သမားများ၏ အခွင့်အရေးများအတွက်လည်းကောင်း၊ အလုပ်ရှင်များ၏ ပိုင်ဆိုင်မှုပိုများလာစေရန်လည်းကောင်း၊ အခြားအကျိုးစီးပွားပါဝင် ပတ်သက်သူများနှင့်လည်းကောင်း စသည့်အချက်များကို စီးပွားရေးရပ်ဝန်းထဲတွင် ဖြစ်ထွန်းလာစေရန် ပံပိုးကူညီပေးသည်။



Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)