ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်
3-ဆိုရှယ်ဒီမိုကရေစီတွင်ပါဝင်နေသော အချက်အချို့
a- Participatory democracy (ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကေရစီ)
ဆိုရှယ်ဒီမိုကရေစီတွင် ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကေရစီ (Participatory democracy) စံနှုန်းများလည်းပါဝင်သည်။ Participatory drmocracy (ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကေရစီ)ကို အခြားအခေါ်အဝေါ်အရ (participant democracy ၊participative democracy) ဟုလည်းခေါ်ကြသည်။ အထူးသဖြင့် (semi-direct democracy) တဝက်တပျက် တိုက်ရိုက်ဒီမိုကရေစီ ဟုလည်းခေါ်ကြသည်။ ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကေရစီ၏ ရည်ရွယ်ချက်မှာ - ရွေးကောက်တင်မြောက်လိုက်သော ဥပဒေပြုရေး ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးကိုယ်စားလှယ်များအနေဖြင့် ဥေပဒ၊ အစိုးရမူဝါဒများနှင့် အဆိုပါမူဝါဒ ဖြစ်စဉ်တိုင်းတွင် နိုင်ငံသားတစ်ဦးချင်းစီကို ပါဝင်ဆုံးဖြတ်ခိုင်းသည့် ပုံစံဖြစ်သည်။ ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကရေစီတွင် တိုက်ရိုက်ဒီမိုကရေစီနှင့် ကိုယ်စားပြုဒီမိုကရေစီအား ရောစပ်ကာ ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သည်။
b- Deliberative democracy (ကန့်သတ်ပိတ်ပင်ခွင့်ရ ဒီမိုကေရစီ)
ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကရေစီသည် (Participatory Democracy)သည် ကန့်သတ်ပိတ်ပင်ခွင့်ရ ဒီမိုကေရစီ (Deliberative democracy or discursive democracy) အမျိုးအစားဖြစ်သည်။ လူထုသည် မိမိတို့ဆန္ဒမဲဖြစ် ရွေးကောက်တင်မြောက်လိုက်သော ဥပဒေပြုရေး ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေး ကိုယ္စားလွယ္မ်ားကို ဥေပဒ၊ မူဝါဒမ်ား၊ မူဝါဒဖြစ်စဉ်များတွင် အလုံးစုံ အာဏာလွဲမထားချေ။ ထိုသို့ လွဲမထားခြင်းမှာ မိမိရွေးချယ်လိုက်သော ကိုယ်စားလှယ်များသည် ဖောက်ပြန်ပြောင်းလဲ မည်ကို စိုးရိမ်၍ ဖြစ်သည်။ သို့ဖြစ်၍ မူဝါဒမ်ား၊ မူဝါဒဖြစ်စဉ်များ တွင် လူထုက ပါဝင်ဆုံးဖြတ်ခွင့်ကိုပါ ပေးထားခြင်းဖြစ်သည်။ ရွေးကောက်တင်မြောက်လိုက်သော ကိုယ္စားလွယ္မ်ားကို အာဏာကုန်လွဲအပ်ထားခြင်းမရှိသောကြောင့် (ကန့်သတ်ပိတ်ပင်ခွင့်ရ ဒီမိုကေရစီ) ဟု ခေါ်ရခြင်းဖြစ်သည်။
c- Consultative democracy (အကြံပြု ဉာဏ်ပြု ဒီမိုကေရစီ)
ပါဝင်ပတ်သက်ခွင့်ရဒီမိုကရေစီနှင့် ပိတ်ပင်ကန့်သတ်ခွင့်ရ ဒီမိုကေရစီအား ဆိုရှယ်ဒီမိုကရေစီတွင် ကျင့်သုံးရခြင်းမှာ အကြံပြု ဉာဏ်ပြုဒီမိုကရေစီ (Consultative democracy) အတွက်ဖြစ်သည်။ မူဝါဒ၊ ဥေပဒတစ္ခုကို ဘာကြောင့် ပြဌာန်းရသည်ဆိုသည်ကို လူထုကို ပိုမိုသိရှိနားလည်သဘောပေါက်စေရန် ဖြစ်သည်။ ဆွေးနွေးငြင်းခုံ၍ နောက်ဆုံးတွင် အပြန်အလှန် သဘောပေါက်နားလည်နိုင်သော အခင်းအကျင်းမျိုးကို ရည်ရွယ်လိုရင်းဖြစ်သည်။
d- The Occupy Movement (သိမ်းပိုက်ရန် လှုပ်ရှားမှု)
The Occupy Movement (သိမ်းပိုက်ရန် လှုပ်ရှားမှု)သည် နိုင်ငံတကာတွင် လူကြိုက်များသည် လူမှုနိုင်ငံရေးလှုပ်ရှားမှုဖြစ်သည်။ အဆိုပါ လူမှုနိုင်ငံရေးလှုပ်ရှားမှုပေါ်ပေါက်လာရခြင်းမှာ လူမှုစီးပွားရေးဆိုင်ရာ မညီမျှမှုနှင့် ဒီမိုကေရစီ ဆုတ်ယုတ်လာမှုကို ဆန့်ကျင်ရန်အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကွဲပြားခြားနားသည့် ဒီမိုကရေစီပုံစံနှင့် လူမှု စီးပွားရေးတွင် တရားမျှတမှုဖြစ်ထွန်းစေရန်မှာ The Occupy Movement ၏ ရည်ရွယ်ချက်ဖြစ်သည်။ လူနည်းစုများအတွက် ချိုးဖေါက်မျက်ကွယ်ပြုခံနေရသော ကိစ္စများ၊ ဒီမိုကေရစီ ဆုတ်ယုတ်နေမှုများ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေသော အခြေအနေများအတွက် လူထုသည် လူထုညီလာခံ၊ လူထုအစည်းအဝေး က့ဲသို့ အရာမ်ားကို ပြုလုပ်ကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ဖြစ်စဉ်များကို တွန်းအားပေးသည့် လှုပ်ရှားမှုများဖြစ်သည်။ ထိုလူထုအစည်းအဝေး၊ လူထုညီလာခံမြ ဆုံးဖြတ်ချက်များကို ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့ဘက်မှ အကောင်အထည်ဖေါ်ပေးရသည်။ ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကရေစီသည် The Occupy Movement မ်ားကို အားပေးသည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များအား လူထုက ပြန်လည်ထိန်းချုပ်သည့် သဘောဖြစ်နေ၍လည်း The Occupy Movement ဟုခေါ်ခြင်းဖြစ်သည်။
e- Market Intervention (ဈေးကွက်အား အစိုးရမွ ဝင်ရောက်စွက်ဖက်ခြင်း)
အရင်းရှင်စနစ် စီးပွားရေးအရ ဈေးကွက်အား လွတ်လပ်စွာယှဉ်ပြိုင် ရောင်းချ ဝယ်ယူခွင့်ပေးထားခြင်းသည် ကောင်းသော ကျင့်ဝတ်ဖြစ်သည်။ သို့သော် ယှဉ်ပြိုင်ရင်း ဈေးကွက်အား တဦးတည်းက အပိုင်သိမ်းချုပ်ကိုင်သွားသော သဘောမျိုး၊ ကုန်ဈေးနှုန်းများ မတန်တဆတက်လာသည့် သဘောမျိုး၊ ကုန်ထုတ်လုပ်မှုထိခိုက်လာသည့် သဘောမျိုး၊ စားသုံးသူအား လုံးဝထိခိုက်နစ်နာစေသည့် သဘောမျိုး ဖြစ်လာလျှင် အစိုးရသည် ဈေးကွက်အား ပြန်လည်သဟဇာတဖြစ်စေရန်၊ တရားမျှတမှု ဖြစ်စေရန်၊ ဈေးကွက် ပျက်မသွားစေရန် ဝင်ရောက်ထိန်းသိမ်းပေးရသည်။ ထိန်းသိမ်းပေးမှုကြောင့် ဈေးကွက်၏ လြတ္လပ္စြာ ယှဉ်ပြိုင်ရောင်းချ ခွင့်အား ထိခိုက်စေ၍မရပေ။
f- Economic Intervention (စီးပွားရေးအရ ဝင်ရောက်စွက်ဖက်ခြင်း)
ဈေးကွက်အား ဝင်ရောက်စွက်ဖက်ခြင်းနှင့် စီးပွားရေးအရ ဝင်ရောက်စွက်ဖက်ခြင်းသည် ဆက်စပ်နေသည်။ ဥပမာ 2008 ခုနှစ်က အမေရိကန် A.I.G ဘဏ်ပြိုလဲချိန်တွင် အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘုရ့ှ် အစိုးရက ဘဏ်အတွက် လိုအပ်သော ငွေကို ထုတ်ချေးကာ ဘဏ်အား ကျားကန်ပေးခ့ဲသည်။ နောက် ဥပမာ တစ္ခုမွာ ဒေါ်လာဈေး တက်လာသဖြင့် အစိုးရက ဒေါ်လာငွေများကို ထုတ်ရောင်းပေးခြင်း သဘောမျိုးဖြစ်သည်။ ထိုဖြစ်စဉ်မျိုးများအား အစိုးရမွ စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဟု ခေါ်သည်။
အထက်တွင်ဖေါ်ပြထားသော စံနှုန်းအချက်များသည် ကျင့်သုံးပါက မရှိမကောင်း၊ ရှိမကောင်း သော ကိစ္စများဖြစ်ပါသည်။ ကျင့်သုံးပါက ဆိုးခြင်းနှင့်ကောင်းခြင်းက ဒြန္ တြဲ ရှိနေတတ်သည်။ မကျင့်သုံးပါက "ပို၍ ဆိုးသော အခြေအနေ" ကို တွန်းပို့တတ်ပြန်သည်။ မရှိမကောင်း၊ ရှိမကောင်း ဖြစ်၍ တဖက်စွန်း အသေဆုတ်ကိုင်ထားလျှင် ကောင်းခြင်းထက် ဆိုးခြင်းကသာ ပိုများနိုင်သော ကိစ္စများဖြစ်သည်။ သို့ဖြစ်၍ မည်သည့်စံနှုန်းကို မည်သည့်အချိန်တွင် မည်မျှအတိုင်းအတာထိ အကောင်အထည်ဖေါ်ခြင်းသည် မိမိတို့ လူ့အဖွဲ့အစည်းအတွက် အဆင်ပြေမည် ဆိုသည်ကိုသာ ဉာဏ္ပညာ၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု၊ တရားမျှတမှု၊ ဒီမိုကေရစီ အနှစ်သာရ၊ ကျင့်ဝတ် စံနှုန်းများနှင့်အညီ ပုံဖေါ်ယူရမည့် အချက်များ ဖြစ်သည်။
Comments
Post a Comment