ကြိုးနီ (Red Tape) နှင့် ဗြူရိုကရက် စုန်း၊ ကေဝမ်ား
ကြိုးနီ (Red Tape) နှင့် ဗြူရိုကရက် စုန်း၊ ကေဝမ်ား ဗြူရိုကရေစီနှင့် အချုပ်အခြာအာဏာ နိုင်ငံတည်ဆောက်ခြင်း (State Building )သည် အချုပ်အခြာအာဏာအား တည်ဆောက်ခြင်းဖြစ်သည်။ အချုပ်အခြာအာဏာတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်အရ တည်ဆောက်ရခြင်းဖြစ်သည်။ လူ့ဘောင်တစ်ခုတွင် အချုပ်အခြာအာဏာအားတည်ဆောက်ခြင်းနှင့် အချုပ်အခြာအာဏာမှ ဝန်ဆောင်မှုပေးခြင်းတို့သည် ဒွန်တွဲနေသည်။ အချုပ်အခြာအာဏာမှ ပြည်သူလူထုအားဝန်ဆောင်မှုပေးခြင်းတွင် သက်ဆိုင်ရာလုပ်ငန်းနယ်ပါယ်များအလိုက် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနများကို ဖွဲ့စည်းကြသည်။ ထိုဝန်ကြီးဌာနများတွင် လုပ်ငန်းခေါင်းစဉ်အလိုက် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရန် တာဝန်ခွဲဝေထားသော ဌာနများရှိသည်။ တာဝန်ခွဲဝေထားသော ဌာနမ်ား၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များမှာလည်း တစ်ခုနှင့်တစ်ခုမတူညီတတ်ကြပေ။ ထိုက့ဲသို့ တာဝန်ခွဲဝေထားသော ဌာနမ်ား၏ လုပ်ငန်းစဉ်များတွင် ပါဝင်နေသူများကို "ဌာနဆိုင်ရာဝန်ထမ်းများ"များဟုခေါ်သည်။ သို့ဖြစ်၍ "ဌာနဆိုင်ရာဝန်ထမ်း"ဟူသည် ပြည်သူလူထုအားဝန်ဆောင်မှုပေးရန်အတွက် လုပ်ငန်းနယ်ပါယ်အလိုက် ခွဲဝေထားသောတာဝန်များကို ထမ်းဆောင်နေသူများသာဖြစ်သည်။ ပ...