ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
အရှေ့တီမော၏ အခင်းအကျင်းအားလေ့လာခြင်း-3
*အတွင်းပဋိပက္ခနှင့် ဇတ်တူသားမစားခ့ဲကြသော နိုင်ငံရေး
အရှေ့တီမော၏ လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း နိုင်ငံရေးအုပ်စုများကိုကြည့်ပါက အဓိကအားဖြင့် အုပ်စုလေးငါးစုကိုတွေ့ရမည်ဖြစ်သည်။
1- ဖရက်တလင် (Feritilin)
ဖရက်တလင် (Feritilin)သည် ပေါ်တူဂီဘာသာစကားဖြင့် (Frente Revolucionria do Timor-Leste Independente) ၏ အတိုကောက်အမည်ဖြစ်သည်။ လွတ်လပ်သော အရှေ့တီမောဆိုင်ရာ တော်လှန်ရေးတပ်ဦး (Revolutionary Front for an Independent East Timor) ဟုအဓိပ္ပါယ်ရသည်။ 1974 ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပေါ်တူဂီထံမှ လွတ်လပ်ရေးကိုတောင်းဆိုတိုက်ပွဲဝင်ရန် ဖွဲ့စည်းခ့ဲသည်။ အင်ဒိုနီးရှားလက်အောက်သို့ကျရောက်သောအခါ ဖရက်တလင်သည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ တိုက်ပွဲဝင်ခ့ဲသည်။ ဖရက်တလင်၏ ခေါင်းဆောင်ပိုင်းတွင် ဇာနာနာ ဂြစ္မို ( Xanana Gusmo)၊ ဂျိုးစ် ရာမိုစ် ဟိုတာ (Jos Ramos-Horta) တို့မှာထင်ရှားသည်။
2- Timorese Democratic Union (UDT)
တီမောရစ် ဒီမိုကရက်တစ်ယူနီယံ (UDT) သည် ပေါ်တူဂီနှင့် ဆက်လက်ပူးပေါင်းလိုသော အုပ်စုဖြစ်သည်။ ဖရတ်တလင်နှင့် နိုင်ငံရေးအယူအဆချင်းလည်းမတူပေ။ ဖရက်တလင်က ထိုအချိန်က လက်ဝဲဘက်ကို ပိုယိမ်းသည်။ UDT နှင့် ဖရတ်တလင်ကြားတွင် ကာလတို ပြည်တွင်းစစ်အထိဖြစ်ခ့ဲပြီး ပြည်တွင်းစစ်တွင် ဖရတ်တလင်က အနိုင်ရခ့ဲသည်။ UDT အဖွဲ့ဝင်များ အင်ဒိုနီးရှားသို့ ထွက်ပြေးခ့ဲပြီးနောက်တွင် အင်ဒိုနီးရှားနှင့် ပူးပေါင်းရန် နိုင်ငံရေးလမ်းစဉ်ကိုချခ့ဲသည်။ အင်ဒိုနီးရှားကို ထောက်ခံသော လက်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်လှုပ်ရှားခ့ဲသည်။
3- Timorese Popular Democratic Association (APODETI)
တီမောရစ် ပြည်သူ့ဒီမိုကရေစီအဖွဲ့ (APODETI) သည် အင်ဒိုနီးရှားနှင့် ပေါင်းလိုသောအဖွဲ့ဖြစ်သည်။
4- The Clandestine Front (Frente Clandestina)
ကလန်ဒီစတိန်း တပ်ဦးသည် အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲသော လွတ်လပ်ရေးကို ထောက်ခံသည့်အဖွဲ့ဖြစ်သည်။ ကနဦးပိုင်းတွင် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် လူထုအလွှာပေါင်းစုံမှ တက်ကြွလှုပ်ရှားသူများပါဝင်လာသည်။ ကလန်ဒီစတိန်းသည် အရှေ့တီမော လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း လက်နက်ကိုင်နိုင်ငံရေးနှင့် လူထုကြားပေါင်းကူးပေးသောအဖွဲ့ဖြစ်လာသည်။ အထူးသဖြင့် ပြင်ပ ကမ်ဘာ၏ ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်သော အဖွဲ့ဖြစ်သည်။
6- Student and Youth Organizations
ကျောင်းသား လူငယ်အဖွဲ့အစည်းများထဲတွင် National Resistance of East Timorese Students (RENETIL) က့ဲသို့အဖွဲ့အစည်းများသည် လွတ်လပ်ရေးကို ထောက်ခံခ့ဲကြသည်။ ရီနီတလ် (RENETIL ) က့ဲသို့အဖွဲ့အစည်းသည် အင်ဒိုနီးရှားတွင် ပညာသင်ယူနေသော တီမောကျောင်းသားများပါဝင်သည့် အဖွဲ့ဖြစ်သည်။ စစ်အာဏာရှင်ကို မကြေနပ်သော အင်ဒိုကျောင်းသားများနှင့် ခြိတ်ဆက်နိုင်ခြင်းက နောင်တချိျန်တွင် အင်ဒိုနီးရှား ဒီမိုကရက်တိုက်ဇေးရှင်းနှင့် အရှေ့တီမော လွတ်လပ်ရေးလှုပ်ရှားမှုကို ခြိတ်ဆက်လာနိုင်ခ့ဲသည်။
UDT နှင့် APODETI တို့သည် အင်ဒိုနီးရှားကို ထောက်ခံသော အဖွဲ့များဖြစ်သည်။ APODETI ဆိုလျှင် အနောက်တီမောက့ဲသို့ အရှေ့တီမောအား အင်ဒိုနီးရှား၏ လက်အောက်ခံအဖြစ်နေလိုသော အဖွဲ့အစည်းဖြစ်သည်။ ဖရတ်တလင် အဖွဲ့က UDT ကိုမောင်းထုတ်ကာ 1975 ခုနှစ် နိုဝင်ဘာ (28) ရက်နေ့တွင် လွတ်လပ်ရေးကြေငြာခ့ဲသည်။ UDT နှင့် APODETI တို့က ဘာလီဘို ကြေငြာချက် (Balibo Declaration) ကိုထုတ္ကာ အင်ဒိုနီးရှားအား အရှေ့တီမောအား လာသိမ်းရန် တောင်းဆိုခ့ဲတော့သည်။ ဤသို့ဖြင့် အင်ဒိုနီးရှားစစ်တပ်သည် အရှေ့တီမောအား 1975 ခုနှစ် ဒီဇင်ဘာလတွင် ဝင်ရောက်ကာ သိမ်းယူတော့သည်။ အာဏာရှင်ဟူသည် ဖိနှိပ်ရာတွင် ဘက်မလိုက်တတ်ပေ။ အင်ဒိုအာဏာရှင်များသည် အရှေ့တီမောလူထုကိုလည်း နှိပ်စက်ဖိနှိပ်သည်၊ အင်ဒိုလူမျိုးကို နှိပ်စက်ဖိနှိပ်သည်၊ ပြီးလျင်ပါးစပ်က မဟာမလေးအနွယ်ကောင်းစားရေးကို အော်ပြသည်။ အင်ဒိုနီးရှား အာဏာရှင်စနစ်၏ ဆိုးဝါးမှုက UDT နှင့် APODEIT တို့အတွက်တော့ ထင်သလိုမဖြစ်လာခ့ဲပေ။ အင်ဒိုနီးရှားလူထုကိုယ်၌ကပင် အင်ဒိုနီးရှားအာဏာရှင်ကို ဆန့်ကျင်နေခ့ဲပြီ။
အင်ဒိုနီးရှားအာဏာရှင်အား ပင့်ဖိတ်သူ UDT နှင့် APODETI တို့တွင် UDT က ဦးစြာ အင်ဒိုနီးရှား အာဏာရှင်ကို စွန့်ခွာတော့သည်။ ဖရတ်တလင်၊ UDT နှင့် အခြားလူပုဂ္ဂိုလ်များပါသော အမျိုးသားကောင်စီ (CNRM) National Council of Maubere Resistance ကို 1980 ပြည့်လွန် နှောင်းပိုင်းကာလများတွင် ဖွဲ့စည်းနိုင်ခ့ဲတော့သည်။ UDT ပါဝင်လာပြီးနောက်တွင် အရှေ့တီမော၏ လွတ်လပ်ရေးတောင်းဆိုမှုသည် ပို၍ ညီညွှတ်သောနိုင်ငံရေးပုံရိပ်ဖြင့် အားကောင်းလာတော့သည်။ အင်ဒိုနီးရှားစစ်အာဏာရှင်များ၏ လုပ်ရပ်ဒဏ်ကို နောက်ပိုင်းတွင် APODEIT လည်းမခံနိုင်တော့ပေ။ ဤသို့ဖြင့် ဖရတ်တလင်၊ UDT နှင့် APODEIT တို့သည် တီမော ခုခံတွန်းလှန်ရေးအမျိုးသားကောင်စီအား National Council of Timorese Resistance (CNRT) 1998 ခုနှစ်တွင် ဖွဲ့စည်းကာ လွတ်လပ်ရေးကို တောင်းဆိုတော့သည်။
UDT သည်လည်းကောင်း၊ APODEIT သည်လည်းကောင်း တချိန်က သမိုင်းတွင် လုပ်ရပ်သည် လွဲခ့ဲသည်။ UDTဆိုလျှင် ဖရတ်တလင်နှင့် ပြည်တွင်းစစ်အထိပါဖြစ်ခ့ဲသည်။ APODIET ကား အင်ဒိုနီးရှားအုပ်ချုပ်နေစဉ်အတွင်း အစိုးရနေရာများတွင်ပါယူခ့ဲသည်။ "ဘာလီဘို" ကြေငြာချက်က့ဲသို့ အရှေ့တီမော၏ သမိုင်းအတွက် ရုပ်ဆိုးသောလုပ်ရပ်များအတွက်တော့ သမိုင်းတရားခံဖြစ်ခ့ဲသည်။ အင်ဒိုနီးရှားအုပ်ချုပ်စဉ်ကာလအတွင်း ဖိနှိပ်ညှင်းပန်းနှိပ်စက်ခံ၊ အသက်နှင့်ဘဝများစွာ စေတးခံရေသာ ကိစ္စများအတွက် ဖရတ်တလင်ဘက်မှကြည့်လျှင် UDT နှင့် APODEIT တို့သည် "အမျိုးသားသစ္စာဖောက်များ" ပင်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်တော့ UDT သည်လည်းကောင်း၊ APODEIT သည်လည်းကောင်း အရှေ့တီမော၏ လွတ်လပ်ရေးကို တောင်းဆိုတိုက်ပွဲဝင်ရာတွင် အရေးပါသော နေရာမှပြန်ပါလာပြီး "သမိုင်းအမဲစက်ကို ပြန်လည်လျှော်ဖွတ်" ခ့ဲပြန်သည်။
UDT နှင့် APODEIT တို့ သမိုင်းအမဲကိုပြန်လျှော်ဖွတ်နိုင်ရန် လမ်းခင်းပေးသူမှာ ၎င်းတို့၏ တွေ့ရာသင်္ခိျုင်းဓားမဆိုင်းပြိုင်ဘက် ဖရတ်တလင်အုပ်စုနှင့် ဇန္နာနာ ဂွါစ်မိုဖြစ်သည်။ အမွန္က ဖရတ်တလင်နှင့် ဇန်နာနာဂွါစ်မိုတို့အတွက် အရှေ့တီမော၏ လူထုထောက်ခံမှု ကရှိနေပြီးသားဖြစ်သည်။ ဖရတ်တလင်ဘက်က UDT နှင့် APODEITအား အပြတ်ရှင်းလျှင်လည်း အရှေ့တီမောလူထုက ဖရတ်တလင်ဘက်ကသာ ရပ်တည်မည်ဖြစ်သည်။ သို့သော် ဖရတ်တလင်အုပ်စု၏ ခေါင်းဆောင်များက ထိုသို့မလုပ်ခ့ဲပေ။ မိမိနှင့် မတည့်သောသူကိုလည်း တိုင်းပြည်အလှည့်အပြောင်းတွင် ပါဝင်ပေးရန်လမ်းဖွင့်ထားခ့ဲသည်။ ထိုသို့ ဖရတ်တလင်အုပ်စု၏ လုပ်ရပ်က UDT နှင့် APODEIT အပေါ် shock ရစေသည်။ လူထုအသံကိုနားထောင်ရန်နှင့် မိမိကိုယ့်ကိုပြန်လည်သုံးသပ်ရန် ဖြစ်လာစေခ့ဲသည်။ UDT နှင့် APODEIT တို့၏ ကောင်းကွက်မှာ လူထုအသံကို တန်ဖိုးထားခြင်း၊ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်နိုင်ခြင်း၊ ပြောင်းလဲရန်ဆုံးဖြတ်ချက်ချရဲခြင်းပင်ဖြစ်သည်။ ဖရတ်တလင်၏ ကောင်းကွက်မှာ အင်အားကြီးသလောက် နိုင်ငံရေးသဘောထားကြီးခြင်းဖြစ်သည်။ ဤသို့ရင်ကြားစေ့နိုင်ခ့ဲမှုသည် လွတ်လပ်ရေးပြီးစ ကာလအရှေ့တီမော၏ ဒီမိုကရေစီဖြစ်စဉ်အပေါ် များစွာအကျိုးပြုခ့ဲသည်။ လက်ရှိအချိန်ထိလည်း UDT နှင့် APODEIT တို့သည် ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးဘက်က ရပ်တည်နေခ့ဲပြီဖြစ်သည်။
*နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ပေးရခြင်း
အရှေ့တီမော၏ နိုင်ငံရေးဖြစ်စဉ်သည် နိုင်ငံတကာမှ တောက်လျှောက်ဝင်ရောက်စွက်ဖက်ခ့ဲရသော နိုင်ငံရေးဖြစ်စဉ်လည်းဖြစ်သည်။ အရှေ့တီမောအား နိုင်ငံတကာမှဝင်ရောက်မှုများကို ဖော်ပြရလျှင်
1- 1999 ခုနှစ် ဇြန္လ မွ အောက်တိုဘာလအထိ လူထု၏ သေဘာထားကို ရယူရန် အတွက် UNAMET
2- 1999ခုနှစ် အောက်တိုဘာလမှ 2002 ခုနှစ်မေလ အထိ လူထုသေဘာထားအရ ဆန္ဒခံယူပွဲလုပ်ရန်၊ ကြားကာလ အုပ်ချုပ်စီမံရန်၊ လွတ်လပ်ရေးကိုအတည်ပြုပေးရန်အတွက် UNTEAT
3- 1999ခုနှစ် စက်တင်ဘာလမှ 2000 ခုနှစ် ဖေဖော်ဝါရီလအထိ UNAMET ကိုအကာအကွယ်ပေးရန်၊ UNTEAT လက်အောက်ခံ ကုလသမဂ္ဂတပ်များမလာခင် လုံခြုံရေးပေးရန်အတွက် INTERFET
4- 2000 ခုနှစ်မှ 2005 ခုနှစ်အထိ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုရန် အတွက် နိုင်ငံတကာဖက်စပ်ခုံရုံး (SPSC)
5- 2002ခုနှစ်မေလမှ 2005 ခုနှစ် မေလအထိ State Building၊ Institution Building အတွက် အကူအညီပေးရန် အတွက် UNMISET
6- 2005 ခုနှစ်မှ 2006 ခုနှစ်အထိ တရားဥပဒေစိုးမိုးရေးအတွက် UNOITL
7- 2006 ခုနှစ်မှ 2013 ခုနှစ်အထိ ပဋိပက္ခတည်ငြိမ်ရေးအတွက် (ISF) ခေါ် Operation Astute
8- 2006 ခုနှစ်မှ 2012 ခုနှစ်အထိ တည်ငြိမ်ရေးနှင့် အစိုးရဖွဲ့စည်းရေးကို ဆောင်ရွက်ရန် UNMIT
စသဖြင့် ရှိကြသည်။
လက်ရှိအချိန်ထိ အရှေ့တီမောသို့ စစ်ရေးနှင့် လုံခြုံရေးအတွက် လက်နက်ကိုင်နိုင်ငံတကာတပ်ဖွဲ့များ ဝင်ရောက်ပေးရမှုသည် နှစ်ကြိမ်ရှိခ့ဲသည်။ ပထမဆုံးအကြိမ်ဝင်ရောက်မှုသည် 1999 ခုနှစ်တွင်ဖြစ်ပြီး INTERFET ဟုအမည်တွင်ခ့ဲသည်။ INTERFET ကြောင့်ပင် အရှေ့တီမော ဆန္ဒခံယူပွဲကျင်းပနိုင်ရန် အစပြုနိုင်ခြင်းဖြစ်သည်။ 2006 Crisis က နောက်တကြိမ် သြစတေးလျ ဦးဆောင်သော နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးတပ်ဖွဲ့ (ISF- International Stabalization Forces)က Operation Astute အနေဖြင့် အရှေ့တီမောသို့ အကြိမ်ဝင်ရောက်လာခ့ဲရပြန်သည်။ ကုလသမဂ္ဂမှလည်း အရှေ့တီမောဆိုင်ရာ မစ်ရှင် (UNMIT- United Nations Integrated Mission in Timor- Leste) ကိုစေလွတ်ကာ ငြိမ်ချမ်းရေးရအောင်ကြိုးပမ်းပေးခ့ဲရသည်။ 1999 ခုနှစ်တွင် ဩစတေးလျဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့ကို (INTERFET- International Forces for East Timol) တွင် ကုလလုံခြုံရေးကောင်စီ၏ တိုက်ရိုက် အသိအမှတ်ပြုမှုပါသော်လည်း "ISF သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်ရိုက် ဆုံးဖြတ်ချက်နှင့် ဝင်ရောက်လာခြင်းမဟုတ်ပေ။" သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တိုက်ရိုက်အတည်ပြုချက်ပါသော (UNMIT) မစ်ရှင်ကို အကာအကွယ်ပေးရန်ဝင်ရောက်လာခြင်းဖြစ်သည်။ ဆိုလိုချင်သည်က "နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုများသည် UNSC၏ ဗီတိုငါးနိုင်ငံ၏ အတည်ပြုချက်ကိုရမှ ဖြစ်လာသည်မဟုတ်ပေ။" နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအရ ဘောင်ဝင်အောင် ကျော်၍ခွ၍ ရသောကိစ္စလည်းဖြစ်သည်။ အရှေ့တီမောဖြစ်စဉ်တွင် နိုင်ငံတကာမှ ဝင်ရောက်စွက်ပေးရမှုပေါင်းသည် စစ်ရာဇဝတ်မှုများကို ကိုင်တွယ်သည့် SPSC အပါအဝင်စုစုပေါင်း (8) ခုရှိသည်။ ထို (8) ခုအား ပုံဖြင့်ဖော်ပြထားပါသည်။
ပုံ (1) source AI
ပုံ (2) source AI
ပုံ (3) source AI
*အိမ်နီချင်းများ၏ ဒေသတွင်း သြဇာ
အရှေ့တီမော၏ နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှု INTERFET နှင့် ISF ခေါ် Operation Astute နှစ်ခုကိုကြည့်ပါက ဩစေတးလ်၊ နယူဇီလန်နှင့် မလေးရှားတို့က နှစ်ကြိမ်တိုင်းပါသည်ကိုတွေ့ရမည်ဖြစ်သည်။ ဩစေတးလ် နှင့် နယူဇီလန် အနေဖြင့် တောင်ဖစိဖိတ် သမုဒ္ဒရာပိုင်းဇုန်တွင် ဩဇာလွမ်းမိုးသော နိုင်ငံဖြစ်သည်။ မလေးရှားအနေဖြင့် ( Great Indonesia) အယူအဆအပေါ်အမြဲတန်း အောင့်သက်သက်ဖြစ်စေသည့် ခံစားမှုရှိသည်။ အရှေ့တီမောအနေဖြင့် အရှေ့တောင်အာရှနှင့် တောင်ဖစိဖိတ်ကြားက နိုင်ငံဖြစ်သည်။ ဤသို့ဖြင့် ထိုသုံးနိုင်ငံသည် အရှေ့တီမော ဖြစ်စဉ်တွင်အမြဲတန်းပါဝင်သည်။
*နိုင်ငံရေး အယူအဆပိုင်းဆိုင်ရာ အားပြိုင်မှု
အရှေ့တီမော၏ နိုင်ငံရေးအယူဆပိုင်းဆိုင်ရာ အားပြိုင်မှုသည် အင်ဒိုနီးရှားနှင့် နီးကပ်စွာနေမည် အယူအဆနှင့် အင်ဒိုနီးရှားထံမှ လုံးဝလွတ်လပ်ရေးယူရမည် အယူအဆ ကြားတွင် အားပြိုင်ခ့ဲသည်။ အရှေ့တီမော ရပ်ရွာ လူထုကြားထဲတွင်ပင် ဒေသန္တရအားပြိုင်မှုအစွဲကရှိသည်။ ပါတီစုံစနစ်ဖြစ်၍ ပါတီများကြားအားပြိုင်မှုကရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရှေ့တီမောသည် ပါလီမန်စနစ်နှင့် သမ္မတစနစ်ကို ရောစပ်ကျင့်သုံးသည်။ ဝန်ကြီးချုပ်နှင့် သမ္မတကြားတွင် လုပ်ပိုင်ခွင့်များသတ်မှတ်ထိန်းညိ့ှထားသည်။ ရောစပ်စနစ်တွင်လည်းအားသာချက်ရှိသက့ဲသို့ အားနည်းချက်များရှိသည်။အားနည်းချက်မှာ သမ္မတနှင့် ဝန်ကြီးချုပ်ကြားတွင် ပါဝါအားပြိုင်ကြမှုဖြစ်သည်။ အရှေ့တီမော၏ ပြဿနာသည် ထိုအချက်သုံးချက်တွင် တစ်ခုမဟုတ်၊ တစ်ခုနှင့်ဆက်နွယ်နေသည်။ သို့သော် အရှေ့တီမော၏ ပဋိပက္ခများသည် နိုင်ငံတကာ၏ ဝင်ရောက်ထိန်းသိမ်းမှုအောက်တွင် ရှိနေခ့ဲ၍ နိုင်ငံရေးဖြစ်စဉ်များ နောက်ပြန်မဆုတ်ခ့ဲချေ။ 1999 ခုနှစ် Referendum လုပ်ရာတွင် အင်ဒိုနီးရှားထောက်ခံသူများလက်နက်ကိုင်များ၏ တိုက်ခိုက်မှုမှလည်းကောင်း၊ Referendum အလွန် တိုင်းပြုပြည်ပြု အစည်းအဝေးအတွက် ကိုယ်စားလှယ်များရွေးကောက်ရာတွင် အင်ဒိုနီးရှားထောက်ခံသူ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုမှလည်းကောင်း၊ 2006 Crisis အရှေ့သား-အေနာက္သား အားပြိုင်မှုတွင်လည်းကောင်း၊ 2007 ခုနှစ် ရွေးကောက်ပွဲအကြမ်းဖက်မှုတွင်လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးအင်စတီကျူရှင်းများ မတည်ငြိမ်ချိန်ကာလ ဒေသန္တအချင်းချင်း ပဋိပက္ခများတွင်လည်းကောင်း နိုင်ငံတကာ၏ ဝင်ရောက်စွက်ဖက်ပေးမှုသည် အလွန်အရေးပါခ့ဲသည်။ နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှုကို ပြည်တွင်း အင်အားစုများ၊ အရှေ့သား- အေနာက္သားမ်ား၊ နိုင်ငံရေးအိုင်ကွန်များ၊ ဒေသန္တရ ရပ်ရွာခေါင်းဆောင်များက ရှောရှောရှူရှူလက်ခံခ့ဲသည်မှာလည်း SPSC က့ဲသို့ နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးမျိုးက 2000 ခုနှစ်ကပင် စစ်ရာဇဝတ်မှုများကို ကိုင်တွယ်နေခ့ဲသည့်ဖြစ်စဉ်၏ သက်ရောက်မှုကြောင့်လည်းဖြစ်သည်။ SPSC ဖြစ်စဉ်က အရှေ့တီမော၏ နိုင်ငံရေးအုပ်စုများနှင့် လက်နက်ကိုင်များကို လက်လွန်ခြေလွန်မဖြစ်စေရန် အထိန်းအကွပ်ဖြစ်စေခ့ဲသည်။
အရှေ့တီမော၏ ပဋိပက္ခ ဇယားပုံ (4) Source AI
အာရက္ခလူ့ဘောင်နှင့် နှိုင်းယှဉ်ခြင်း
အရှေ့တီမောက့ဲသို့ "ဇတ်တူသားမစားသည့် နိုင်ငံရေးအခင်းအကျင်းမျိုး" ကေတာ့ အာရက္ခလူ့ဘောင်တွင် ဖြစ်လာခ့ဲမည်ဆိုပါက မည်သူ့အတွက်မှ အကျိုးမယုတ်ပေ။ ဖြစ်လာနိုင်၏၊ မဖြစ်လာနိုင်ဆိုသည်မှာလည်း ကျိမ်းသေတွက်ဆထား၍ မရ။ အဘယ်ကြောင့်ဆိုသော် 1998 ခုနှစ်ဝန်းကျင်ကာလ နိုင်ငံတကာအခင်းအကျင်းက အရှေ့တီမောအတွက် " ဇတ်တူသားမစားသည့် နိုင်ငံရေးအခင်းအကျင်းမျိုး" ကိုမျက်နှာသာပေးခ့ဲသည်။ အာရက္ခလူ့ဘောင်၏ လက်ရှိပေးထားချက်ကိုကြည့်ပါက အရှေ့တီမော၏ CNRM လိုမျိုး CNRT လိုမျိုးက "လတ္တေလာ စစ်ရေးတည်ဆောက်မှုတွင်တော့ ဖြစ်လာစရာ မရှိပေ"၊ သို့သော် နိုင်ငံရေးနယ်ပါယ်ထဲ သက်သက်တွင်တော့ အခြေအနေကိုလိုက်၍ ဖြစ်လိုချင်စိတ်ရှိပါက ဖြစ်တန်ရာတော့ရှိပါသည်။ အရှေ့တီမောတွင်တော့ အတွေးအခေါ်၊ အယူအဆ၊ သမိုင်းနှင့်ချီသော အခဲမကျေမှုကို ဘေးဖယ်၍ ထီးရိပ္တစ္ခုကို ဖန်တီးနိုင်ခ့ဲသည်။ အာရက္ခလူ့ဘောင်တွင်တော့ "ထီးရိပ်မျိုးကို ဖန်မတီးလျင်တောင်"၊ အပြန်အလှန် "ဇတ္တူသား မစားကြသည့် အခင်းအကျင်းကိုတော့ ဖန္တီး၍ ရကောင်း ရနိုင်သည်"။ အာရက္ခလူ့ဘောင်၏ နိုင်ငံရေးဇတ်ကောင်များတွင် "အခြားအဝိုင်းအဝန်းများနှင့် ထီးရိပ်ဖန်တီးခြင်း" ထက် "မိမိအဝိုင်းအဝန်းအား အသွင်စုံဖြင့်တည်ဆောက်ခြင်း" ကိုသာ ပို၍အားကောင်းနေသလိုရှိသည်။ "မိမိ အဝိုင်းအဝန်းအား အသွင့်စုံဖြင့် တည်ဆောက်ခြင်း" မှတဆင့်သာ "သင်ပုန်းချေ၊ နားလည်မှုတည်ဆောက်ခြင်း"ကို အသံပစ်ကောင်းပစ်ကြမည်လားတော့မသိချေ။ သို့သော် အရှေ့တီမော၏ ထီးရိပ် (CNRT)ကြောင့်ပင်လျင် ကုလသမဂ္ဂ UNMAET ကြီးကြပ်မှူဖြင့် Pupular Consulting ကို သွေးထွက်သံယိုကင်းကင်းဖြစ် ဖော်ဆောင်လာနိုင်ခ့ဲသည်။ UNMAET ၏ Popular Consulting က နိုင်ငံတကာတပ်ဖွဲ့ INTERFET ကိုဖြစ်စေသည်။ INTERFET ကြောင့် Referendum က နိုင်ငံတကာ၏ စောင့်ရှောက်မှုအောက်တွင်ရှိခ့ဲပြီး အင်ဒိုနီးရှားနှင့် ပေါင်းချင်သည့်အုပ်စုများ၏ အန္တရာယ်မှ လွတ်ခ့ဲသည်။ အာရက္ခလူ့ဘောင်အတွက် ထိုသို့ Popular Consulting မျိုးကို အရှေ့တီမောက့ဲသို့ နိုင်ငံတကာတွင် တရားဝင်မှုရအောင်ပြုလုပ်ရန်မှာတော့ CNRT လိုမျိုးထီးရိပ်တစ်ခုက လိုလျှင်လည်း လိုကောင်းသည်။ CNRT လိုမျိုး ထီရိပ်တစ်ခုဖြစ်မလာလျှင်တောင် ကိုယ့်ဖာသာကိုယ်ရပ်တည်ကြရင်း လူထုကို ရှေ့ရှူသော " တူညီသော အသံ" မျိူးက ပေါ်လာနိုင်ကောင်းသည်။
နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ခြင်းနှင့် ပတ်သက်၍ အာရက္ခဒေသတွင် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာတရားရုံးများက ကိုင်တွယ်နေချိန်ဖြစ်သည်။ ICJ ၏ စီရင်ချက်အပေါ်တွင် UNSC ဘက္က ဗီတိုသုံးကာ ဟန့်တား၍မရပေ။ အာရက္ခလူ့ဘောင်၏ နိုင်ငံရေးအုပ်စုများ၊ လူမျိုးစုများနှင့် ဘာသာရေးအဝိုင်းအဝန်းကြားတွင် "ယုံကြည်မှုနှင့် သဟဇာတ" မှု ပီပြင်လာပါက နိုင်ငံတကာအခင်းအကျင်းကြားတွင် အာရက္ခလူ့ဘောင်သည် ကိုယ်ခံအားရှိရှိဖြင့် စိန်ခေါ်မှုကို အခွင့်အလန်းအဖြစ် ပြောင်းလဲနိုင်မည်။
*ထပ္တိုး အခြားစိန်ခေါ်ချက်များ
နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွင် အရှေ့တီမော၌ လွတ်လပ်ရေးခေတ် ခေါင်းဆောင်များ၏ ပုံရိပ်က လွန်းမိုးမှုကြီးမားသည်။ ဤအခ်က္က နိုင်ငံရေးတွင် အနာဂတ်မျိုးဆက်များအတွက် ဝင်တိုးယှဉ်ပြိုင်ရခက်စေသည်။ အားနည်းသော ဗြူရိုကရေစီစနစ်က လက်သင့်ရာစားတော်ခေါ် ကိုယ့်နဲ့နီးစပ်ရာ ဟင်းဖတ်ပါသည့် အေလ့အထဘက္ကို ရောက်စေသည်။ ထိုသို့ဟင်းဖတ်ပါ အလေ့ရှိနေသောကြောင့် မူဝါဒအသစ်ပြုပြင်ပြောင်းလဲရေးအတွက် ခက်ခဲနေသည်။
စီးပွားရေးဆိုင်ရာ စိန်ခေါ်ချက်တွင် အရှေ့တီမောသည် ပင်လယ်ပြင်ရေနံနှင့် သဘာသဓာတ်ငွေ့ကို အလွန်အကျွံမှီခိုနေရသည်။ မှီခိုနေရသော ပင်လယ်ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက်ပင် လည်ပတ်ရန် အရင်းအမြစ်၊ နည်းပညာ မလုံလောက်မှုကို လွတ်လပ်ပြီးစ အရှေ့တီမောသည်ရင်ဆိုင်ခဲ့ရသည်။ အရှေ့တီမောတွင်လည်း ပင်လယ်ပြင်ဆိပ်ကမ်းများရှိပါသည်။ ထိုဆိပ်ကမ်းများသည် အခြားသော နိုင်ငံများ၏ ဆိပ်ကမ်းအရည်အသွေးကို မှီရန် ရုန်းကန်နေရဆဲဖြစ်သည်။အရှေ့တီမော၌ အခြားစီးပွားရေးကဏ္ဍများလည်း မဖွံ့ဖြိုးနိုင်သေးပေ။ အခြားစီးပွားရေးကို ပြုလုပ်ရန်မှာလည်း လူထုအခြေအနေမှာ ပညာရည်မြင့်မားသော ကျွမ်းကျင်လုပ်သားထုမဟုတ်သေးချေ။ သို့ဖြစ်၍ အလုပ်လက်မဲ့များနေသော အနေအထားဖြစ်နေသည်။
* လက်ဝဲ စံမွ ဆိုရှယ်ဒီမိုကရေစီစံဘက်သို့
ဖရတ်တလင်သည် ယခင်က လက်ဝဲ ဆိုရှယ်လစ်ဖြစ်ခဲ့သော်လည်း ယခုအခါ ဆိုရှယ်ဒီမိုကရက်ဖြစ်နေသည်။ အရှေ့တီမော၏ နိုင်ငံတည်ဆောက်ရေးတွင် ဆိုရှယ်ဒီမိုကရက်စံသည် လွမ်းမိုးမှုများသည်။ အရှေ့တီမော၏ နိုင်ငံတည်ဆောက်ရေးတွင် ပြဿနာမှာလည်း အရှေ့တီမောလူ့ဘောင်၏ အလေ့အထနှင့် ဆိုရှယ်ဒီမိုကရေစီစံနှုန်းပင်ဖြစ်သည်။ အားသာချက်မှာလည်း ထိုအချက်များပင်ဖြစ်သည်။ ဒီမိုကရက်စံနှုန်း၊ ပါတီစုံစနစ်၊ ဆိုရှယ်ဒီမိုကရက်စံနှင့် အံကိုက်သည့် PR စနစ်တို့က နိုင်ငံရေးတွင် အားလုံးပါဝင်သည့် အခင်းအကျင်းဘက်ကို တွန်းပို့သည်။ မတူကွဲပြားမှုဟူသည် ဟန္ခ်က်ညီပါက ရောင်စုံဖြာသည့် အလင်းရောင်ကဲ့သို့ အင်အားကိုဖြစ်စေသည်။ အပြန်အလှန် သဘောထားမကြီး ငါတို့မှအမှန် ဆိုပါက အလုပ်ပြီးမြောက်မှုကို ထိခိုက်စေသည်။ အရှေ့တီမော အခင်းအကျင်းတွင် မတူကွဲပြားမှုဖြင့် ဟန်ချက်ညီမှုရှိသကဲ့ မတူကွဲပြားမှုကြောင့်ပင် အလုပ်မဖြစ်ဘဲ ထစ်ဆို့မှုများလည်းရှိနေသည်။ ဆိုရှယ်ဒီမိုကရက်စံအရ အစိုးရသည် ရှိရှိသမျှ ငါကိစ္စဖြစ်နေသည်။ အစိုးရအပေါ် ဝန်ထုတ်ဝန်ပိုးများသည်။ လူထုရေချိျန်ကလည်း နောက်လိုက်ရေချိန် ဖြစ်၍ ဘာမွ မဖန်တီးတတ်။ အရှေ့တီမောလူထုအတွက် အားလုံးကို ၎င်းတို့၏ လွတ်လပ်ရေးဖခင်များက ဖြေရှင်းပေးလိမ့်မည်ဟူသော အယူအဆက အားကောင်းသည်။ ပါလီမာန်ထဲတွင်လည်း ကာလာစုံ၊ ဆုံးဖြတ်ချက်တစ်ခုအတွက် ဆွေးနွေးငြင်းခုန်မှုက ကြာညောင်းစေသည်။ ဤသို့ဖြင့် မူဝါဒမ်ားက မြန်မြန်ဆန်ဆန်ထွက်မလာနိုင်၊ ပြုပြင်ပြောင်းလဲမှုများကို မြန်မြန်ဆန်ဆန်မချမှတ်နိုင်၊ ဆန်းသစ်တီထွင်နိုင်သည့် ပညာရေးရေချိန်မရှိနိုင်သေးသည့် လူထုဆီက အခွန်များများကလည်း ကောက်၍မရ စသဖြင့် အခက်အခဲများဖြစ်လာပြန်သည်။
*ဒီမိုကရေစီဖြင့် ဖြေရှင်းနေ
ဒီမိုကရေစီသည် စင်းလုံးချောစနစ်မဟုတ်ပေ။ သို့သော် က်န္စနစ္မ်ားက ဒီမိုကရေစီထက် ပိုဆိုးကြသည်။ အရှေ့တီမော၏ ဒီမိုကရေစီသည်လည်း စင်းလုံးချောမဟုတ်ပေ။ အရှေ့တီမော၏ ဆိုရှယ်ဒီမိုကရက်စံသည်လည်း Nordic နိုင်ငံများလောက် အဆင်မချောပေ။ အရှေ့တီမောသည် ပါတီစုံစနစ်နှင့် PR စနစ္ကို ကျင့်သုံးနေသေးသည့်တိုင်အောင် ရွေးကောက်ပွဲအကြိမ်တိုင်းလိုလိုသည် ဖရတ်တလင်ပါတီပါဝင်နေသော CNRT ကသာ နိုင်နေသည်က များပါသည်။ အရှေ့တီမော၏ နိုင်ငံရေးခေါင်းဆောင်များ၏ ပုံရိပ်သည် ဩဇာကြီးသည်။သမ္မတ နေရာနှင့် ဝန်ကြီးချုပ်နေရာကို ဇာနာနာ ဂြစ္မာအို နှင့် ရာမိုစ် ဟော်တာ တို့သာ တစ်ယောက်တစ်လှည့် ဖြစ်နေကြသည်။ ဒီမိုကရေစီစနစ်ဖြင့် အာဏာသက်တော်ရှည်ဖြစ်နေခြင်းက နိုင်ငံ၏ မူဝါဒမ်ားကို တည်တည်ငြိမ်ငြိမ် ဖော်ဆောင်နိုင်မှုကိုဖြစ်စေသည်။ သို့သော် ဤအခင်းအကျင်းက "နိုင်ငံရေးအခွင့်ထူးခံ အယူအဆ" ကို ဖြစ်လာစေပြီး လူငယ်များအဖို့ နိုင်ငံရေးတွင် ပါဝင်ယှဉ်ပြိုင်မှုကိုလည်း အဟန့်အတားဖြစ်စေပြန်သည်။ နိုင်ငံရေးခေါင်းဆောင်များ အသက်ကြီးလာချိန် နောက်မျိုးဆက်များ၏ အတွေးအမြင်များနှင့် အဆက်ပြတ်လာသည်။ ဤသို့ဖြင့် ဘင်္ဂလားဒေရှ့်တွင် ဟာဇီနာအစိုးရ ပြုတ်ကျခဲ့ရသည်။ အရှေ့တီမောတွင်တော့ မျိုးဆက်သစ်လူငယ်များ၏ အတွေးအမြင်မည်သို့မည်ပုံရှိသည်တော့မသိသော်လည်း မျိုးဆက်ဟောင်းများနှင့်တော့ အတွေးအမြင်ကွာဟချက် မြင့်တက်နေသည်။ လက်ရှိအချိန်ထိ အရှေ့တီမောတွင် ဗဟိုချုပ်ကိုင်မှုလျော့ချရေးသည် မပီပြင်နိုင်သေးပါ။ လူထု၏ အခြေအနေအရ ကနဦးကာလတွင် ဒီမိုကရေစီဖြင့် သြား၍မရ တည်ငြိမ်ခိုင်မာသည့်အစိုးရတစ်ရပ်လိုအပ်၍ တစ်ပါတီစနစ်ဖြင့် သွားရမည်ဟု ပြောနေပါကလည်း အန္တရာယ်ကများလွန်းပါသည်။ ထိုအပြောသည် စင်ကာပူနှင့် အရှေ့တီမော ဖြစ်စဉ်တို့၏ " ခေါင်းဆောင်များ၏ သြဇာလွမ်းမိုးမှုနှင့် ဒီမိုကရေစီစနစ်ကလည်း သက်တော်ရှည် အာဏာကို မွေးထုတ်တတ်သည်" ကိုမျက်ကွယ်ပြုနေ၍သာ ဖြစ်ပါလိမ့်မည်။
အရှေ့တီမော၏ ရွေးကောက်ပွဲ ဇယား ပုံ (5) source AI
Comments
Post a Comment