ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီနှင့် ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက်-2

 ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်


အပိုင်း-2


နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ


ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီနှင့် ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက်-2


ဆိုမာလီလန်အား ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီအဖြစ်လည်းကောင်း၊ အီရီထရီးယားအား အပြင်းစား ဆိုရှယ်ဒီမိုကရေစီအဖြစ်လည်းကောင်း ချဉ်းကပ်မှုသည် အာဖရိကသား ပညာရှင် ဒေါက်တာ ဟူစိန် မိုဟာမက် အေဒင်၏  နိုင်ငံအသစ်များအသိအမှတ်ပြုခံရခြင်းနှင့် တည်ဆောက်ခြင်း (ဆိုမာလီလန်နှင့် အီရီထရီယားအား နှိုင်းယှဉ်ချက်) စာတမ်းငယ်ထဲမှ ချဉ်းကပ်မှုဖြစ်ပါသည်။ ဒေါက်တာ ဟူစိန် မိုဟာမက် အေဒင်က အဆိုပါစာတမ်းထဲတွင် ဆိုမာလီလန်အပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းမခံရမှုကို ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားပေါ်မှ ချဉ်းကပ်ဆန်းစစ်ထားသည်။


နိုင်ငံတကာ အသိအမှတ်ပြုခံရသော အီရီထရီးယားကို ကြည့်ပါက ဦးဆောင်နိုင်ငံရေးအဖွဲ့ အီရီထရီးယား ပြည့်သူလွတ်မြောက်ရေး တပ်ဦး (Eritrea People Liberation Front- EPLF) သည် လွတ်လပ်ရေးရပြီးနောက်တွင် ပြည်သူ့ ဒီမိုကရေစီနှင့် တရားမျှတမှု တပ်ဦး (People Front for Democracy and Justice- PFDJ) အဖြစ်ပြောင်းလဲလိုက်ပြီး အီရီထရီယား၏ အာဏာကိုချုပ်ကိုင်ထားသည်။ EPLF ၏ သမိုင်းကိုကြည့်လျှင် ပညာတတ်လူငယ် (33) ဦးသည် တရုတ်ကိုသွားကာ စစ်ပညာသင်ကြားကြပြီး အီရီထရီယား လွတ်မြောက်ရေးတပ်ဦး (Eritrea Liberation Front- ELF) နှင့်ပူးပေါင်းကြသည်။ ယင်းနောက်တွင်တော့ ELF မွ ခြဲထြက္ကာ EPLF ကိုတည်ထောင်ကြသည်။ အီသီယိုပီးယား၌လည်း ဘုရင် ဟိုင်းလေး ဆီလစ္စီ (Emperor Haile Selassie) ကိုဖြုတ်ချကာ ဒါရ်(ဂျ်) (Derg) စစ်ကောင်စီက (1974 ခုနှစ်မှ 1991 ခုနှစ်အထိ) အုပ်ချုပ်လာသည်။ ဒါရ် (ဂျ်) စစ်ကောင်စီသည် မက်စ်-လီနင် လက်ဝဲအယူအဆဘက်ကို ယိမ်းသည်။ ဒါရ် (ဂျ်) စစ်ကောင်စီအား ဆိုဗီယက်များက အထောက်အပံပေးခ့ဲသည်။ အမွန္က EPLF ၏ မူလနိုင်ငံရေးအယူအဆသည်လည်း မက်စ်-လီနင်ဝါဒီများဖြစ်သည်။ ဒါရ် စစ်ကောင်စီ၏ ဖိနှိပ်အုပ်ချုပ်မှုကို မခံနိုင်၍လည်း အီသီယိုပီးယား၌ လက်နက်ကိုင်အသီးသီးပေါ်လာခ့ဲပြန်သည်။ ထိုလက်နက်ကိုင်များထဲတွင် EPLF သည် စနစ်အကျဆုံးဟု ဆိုကြသည်။ 


အမှန်တကယ်လည်း EPLF အနေဖြင့် တော်လှန်ရေးကနဦးပိုင်းတွင် အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ ကျမ်းမာရေးစသည့်နယ်ပါယ်များ၌ လေးစားစရာလုပ်ရပ်များရှိခ့ဲသည်။ ခေါင်းဆောင်များကလည်း ခေတ်ပညာတတ်များဖြစ်ကြသည်။ ဒီမိုကေရစီ၊ လွတ်လပ်ခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဈေးကွက်စီးပွားရေး တို့ကို တော်လှန်ရေးကာလတစ်လျှောက် ကြွေးကြော်ခ့ဲကြသည်။ အီသီယိုပီးယား စစ်အာဏာရှင်လက်အောက်တွင် မခံနိုင်၍ တော်လှန်ကြသော တော်လှန်းရေးအဖွဲ့အသီးသီးကိုလည်း ဖေးမကူညီခ့ဲသည်။ ELPF အနေဖြင့် အီရီထရီးယား၏ လွတ်လပ်ရေးကို ရှေးရှူခ့ဲသော်လည်း ဖက်ဒရယ်ကိုတောင်းဆိုသည့် လူမျိုးစုတော်လှန်ရေးအဖွဲ့များကို ကူညီခ့ဲသည်။ အီရီထရီးယား၏ ELPFသည်လည်းကောင်း၊ ဆိုမာလီလန်၏ SNM သည်လည်းကောင်း တော်လှန်ရေးကာလတလျောက် ၎င်းတို့နှင့် ခေတ်ပြိုင် ဖက်ဒရယ်ကိုအကောင်အထည်ဖော်ချင်သည့် တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်စပ်ခ့ဲရသည်ပင်။


အီရီထရီယား လွတ်လပ်ရေးရသောအခါ EPLF ကိုကြည့်၍ အာဖရိက၌ သစ်လွင်သော ဒီမိုကရေစီနိုင်ငံတစ်ခု ပေါ်လာလိမ့်မည်ဟု ထင်ကြေးပေးခံခ့ဲရသည်။ သို့သော် PFDJ အဖြစ်ပြောင်းလဲ၍ နိုင်ငံကိုတည်ဆောက်သောအခါ 1993 ခုနှစ်မှလွဲ၍ ယခု 2025 ခုနှစ်အထိ ရွေးကောက်ပွဲဆိုသည်မှာလည်းမရှိတော့ပေ။ PFDJ ၏ ပါတီတွင်း ညီလာခံ၊ အစည်းအဝေးဆိုသည်မှာလည်း 2002 ခုနှစ်မှလွဲ၍ မရှိတော့ပေ။ EPLF မွ ပြောင်းလဲလိုက်သည့် PFDJ သည် ဆိုရှယ်ဒီမိုကရက်တစ် စံနှုန်းကိုလက်ကိုင်ထားသော နိုင်ငံရေးအစုအဖွဲ့ဖြစ်သည်။ ဤမ်ွေလာက္ထိ လာခြင်းကောင်းသော အဖွဲ့အစည်းတစ်ခုသည် ယခုအခါ အဘယ်ကြောင့် အာဏာရှင်ပုံစံဘက်ကို ရောက်ရှိသွားရပါသနည်း။ EPLF/PFDJ ၏ ထုတ်ပြန်ကြေငြာခ့ဲသော ကြေငြာချက်များတွင် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်ခြင်း၊ ဒီမိုကေရစီ၊ ညီညွှတ်ရေး စသည့် ချိုမြိန်သော ဝေါဟာရများသည် အလြန္တရာမွ ပနံတင့်ခ့ဲပါ၏။ သို့သော် အီထရီးယား လူ့ဘောင်မှာ ထိုချိုမြိန်သော ဝေါဟာရများ၏ အနစ္သာရကို ယခုအချိန်ထိ စားသုံးခွင့်မရသေးပေ။


EPLF/PFDJ နှင့် အီရီထရီးယားလူ့ဘောင် ဤသို့ဖြစ်ရခြင်းအပေါ် ရိုးရှင်းသောနမူနာ ပြရလျှင် "လှေကြီး နမူနာ "နှင့် ပြရပါလိမ့်မည်။ ဟိုဘက်ကမ်း ဒီဘက်ကမ်း လူသြားလူလာ အင်မတန်များသော ဆိပ်ကမ်းတစ်ခုပေါ်တွင် သွားလာနေသော လူမ်ားအား တစ်ယောက်သောသူက "မိတ်ဆွေတို့.. မိမိသွားလိုသော ခရီးကိုရောက်ခြင်းကသာ ပဓာနဖြစ်သည်။ သို့ဖြစ်၍ လှေ အများကြီးလည်းမလို၊ ဆိပ်ကမ်းနှင့် ရေကြောင်းအခြေအနေကလည်း လှေ များများဝင်ထွက်လုပ်၍မရ၊ သို့ဖြစ်၍ ကိုယ်စီးမည့် လှေ တစ္စီးထဲကိုသာ ဤ ဆိပ်ကမ်း၌ထားကြမည်။  ကျန်လှေများကို မထားနှင့်တော့၊ သူတစ္စီး ကိုယ်တစ်စီးဆိုလျှင် လူစုလည်းကွဲနိုင်သည်။ ရေကြောင်းနှင့် ဆိပ်ကမ်းကလည်း ကျဉ်းမြောင်းတော့ လှေ အချင်းချင်းလည်း ထိခိုက်မိနိုင်သည်။ သူတစ္စီး ကိုယ်တစ်စီးဖြစ်နေပါက လှေ ပေါ်တွင် အခက်အခဲဖြစ်လျင်လည်း အပြန်အလှန် အကူအညီယူရန်ခက်မည်။ တစ်စီးထဲတွင် အတူတူ ညီညီညွှတ်ညွှတ်နှင့် သွားကြပါက ပိုကောင်းမည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့မောင်းနှင်မည့် လှေတစ်စီးကိုသာ အားလုံးတက်ကြ၊ ကျွန်ုပ်တို့ လှေကား ဤဆိပ်ကမ်း၌ အကြီးဆုံးဖြစ်သည့်အပြင် လှိုင်းကြမ်းလေကြမ်းတွင် ဖြတ်လာသော လှေ ဖြစ်သည်" ဟုပြောခြင်းနှင့်တူပါသည်။


လှေ နမူနာကို ဆန်းစစ်ကြည့်လျှင် "ဦးတည်ရာ တစ်ခုတည်းကို စုစုစည်းစည်းနှင့် သွားကြခြင်း (သို့မဟုတ်) ညီညွှတ်ခြင်း"သည် ကောင်းသည်။ သို့သော် "ဦးတည်ရာတူတိုင်းလည်း လူတစ်ယောက်ခြင်းစီ၏ တောင့်တမှု၊ ကြောင့်ကြမှု၊ အာသာဆန္ဒသည် တူသည်မဟုတ်ပေ"။ "ခရီးသွားမည့်သူအားလုံး တပြိုင်တည်း တခါတည်း ရောက်ရှိနိုင်ခြင်း" သည် တဖက်တွင် "မိမိသွားချင်သည့်အချိန်တွင် သွားလိုခြင်း" ဆိုသည့် လူတစ်ယောက်ခြင်းစီ၏ ရွေးချယ်ခွင့်ကို ကန့်သတ်ရာလည်း ရောက်သည်ကို သတိပြုရန်လိုသည်။ "မိမိသွားချင်သည့် အချိန်တွင် သွားလာနိုင်ခြင်း" ဆိုသည့် အခွင့်အရေးနှင့် "လှေ ကြီးထွက်မှ ခရီးရောက်လိမ့်မည်" ဆိုသည့် ပေးထားချက်သည် မတူပေ"၊ လှေ ကြီးမထွက်လျင်တောင် မိမိသွားချင်သည့် အချိန်တွင် သွားလာနိုင်သော အခင်းအကျင်းသည် လူ့ဂုဏ်သိက္ခာ ပိုရှိသည်။ ထိုက့ဲသော လူ့ဂုဏ်သိက္ခာရှိသော အခင်းအကျင်းမျိုးကိုဖြစ်စေရန် ရေကြောင်းနှင့် ဆိပ်ကမ်းကို မည်သို့ စီမံခန့်ခွဲသည် ၊ မည်သည့် အချိန်တွင်မဆို ခရီးစဉ်တလျောက် ဘေးအန္တရာယ်ကင်းအောင် စီမံခန့်ခွဲထားနိုင်သည်၊ လှေ အချင်းချင်း ပဋိပက္ခမဖြစ်အောင် မည်သို့စီမံခန့်ခွဲသည် ဆိုခြင်းကသာ အဖြေဖြစ်သည်။ 


EPLF/PFDJ သည် အီရီထရီးယားလူ့ဘောင်အတွက် " တော်လှန်ရေး လှိုင်းကြမ်း လေကြမ်းတွင် ဖြတ်သန်းခ့ဲသော အကြီးဆုံးလှေ ကြီးဖြစ်သည်။" ခက်သည်က " မိမိတို့မှလွဲ၍ နောက်လူမရှိရဟူသော အမူအကျင့်" ဖြစ်သည်။ "မိမိတို့မှလွဲ၍ နောက်လူမရှိရဟူသော အမူအကျင့်" သည် PFDJ  အနေဖြင့် အာဏာရယူပြီးစတွင် ချက်ချင်းပေါ်ထွက်လာသည့်မဟုတ်ပေ။ PFDJ အနေဖြင့် အီရီထရီးယားလူ့ဘောင်အား တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကေရစီ၊ ညီညွှတ်မှုဆိုသည့် စံတန်ဖိုးများဖြင့် တိုးတက်သော လူ့ဘောင်တရပ်အဖြစ်တည်ဆောက်လိုသည်။ ထိုသို့တည်ဆောက်ရာတွင် အီထရီးယားလူ့ဘောင်အတွင်းမှ လူမျိုးစုအသီးသီး၊ ဘာသာစကားအသီးသီး၊ ဘာသာရေးယုံကြည်မှုအသီးသီးတို့အပေါ် လိုက်၍ ခွဲခြားဆက်ဆံမှုမှာ အဟန်အတားဖြစ်စေသည်။ သို့ဖြစ်၍ ထိုမတူကွဲပြားခြားနားသော အသိုက်အဝန်းများထဲတွင် ခွဲခြားဆက်ဆံမှုကင်းရှင်းစေရန်လိုသည်။ လွတ်လပ်ပြီးစ အီရီထရီးယား လူ့ဘောင်အနေဖြင့် အဆိုပါ ခွဲခြားဆက်ဆံမှုကင်းစေရန် စောင့်ရှောက်ပေးနိုင်မည့်အရိပ်သည်လိုသည်။ ထိုအရိပ်အား PFDJ ကသာပေးနိုင်သည်။ PFDJ သည် အီထရီးယားလူ့ဘောင်အတွက် ပေးဆပ်အနစ်နာခံကာ လှိုင်းကြမ်းလေကြမ်းကို ဖြတ်ကျော်လာခ့ဲသည်။ လူထုထောက်ခံမှုမြင့်မားသည်။ ခေါင်းဆောင်များမှ ငယ်ရွယ်၍ ပညာတတ်သည်။ ဩဇာကြီးသည်။ မတူကွဲပြားသော လူမှုအသိုက်အဝန်းများအားလုံးသည် PFDJ အောက်၌ လာ၍ပူးပေါင်းကြ။ PFDJ ၌ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုမရှိ၊ အားလုံးကို တံခါးဖွင့်ထားသည်။ PFDJ သည် EPLF များလောက်သာ ပါဝင်ရမည့်လှေမဟုတ်၊ ရှိရှိသမျှသော အီရီထရီးယားတိုင်းအတွက် ပါဝင်နိုင်သော လှေ ဖြစ်သည်။ ထိုလှေသည် တိုးတက်ဖွံ့ဖြိုးသော ကမ်းတဘက်ကို ဦးတည်နေသည့်လှေဖြစ်သည်။ လက်ရှိအနေအထားတွင် ရေစီးကြောင်းနှင့် ဆိပ်ကမ်းဟူသော ဒေသတွင်းနိုင်ငံရေးဖြစ်စဉ်နှင့် မြေပြင်ပကတိအရှိတရားအရ PFDJ သာ စိတ်အချရဆုံး လှေဖြစ်သည်။ အခြားလှေများကို မတည်ဆောက်နှင့်၊ အခြားလှေများကို တည်ဆောက်ပါက လှေဆောက်နေသည့်နေရာတွင် လုပ်အား၊ အချိန်ကုန်ဆုံးမည်။ ရေစီးကြောင်းနှင့် ဆိပ်ကမ်းအနေအထားအရ လှေအချင်းချင်း ထိခိုက်မိလျှင် လှေအသစ်ရော၊ လှေအဟောင်းပါ ထိခိုက်ပြီး စီးနင်းလာသူ အီထရီးယားမ်ားသာ ဒုက္ခရောက်မည်။ သို့ဖြစ်၍ တည်ဆောက်ပြီးသား PFDJ လှေတွင်သာ ချက်ချင်းလိုက်ပါ၍ ကမ်းတဖက်ကို မြန်မြန်ရောက်အောင်သွားကြမည် ဆိုသော အတွေးအမြင်သည် အီရီထရီးယားလူ့ဘောင်နှင့် PFDJ တွင် အားကောင်းလာခ့ဲသည်။ ထိုအမြင်က အခြားတဖက်တွင်  PFDJ လှေမဟုတ်ဘဲ အခြားလှေတစ်စီး ဖြစ်တည်ခြင်းကိုပင် အပြစ်တစ်ခုအဖြစ် တရားသေ မှတ်ယူလိုက်ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် PFDJ နှင့် အီရီထရီးယား လူ့ဘောင်တွင် "မိမိတို့မှလွဲ၍ နောက်လူမရှိရဟူသော အမူအကျင့်" နှင့် "  "စစ်ဘက်အင်အားကို ကိုင်စွဲခြင်း အေလ့အထ" က အားကောင်းလာတော့သည်။ PFDJ အနေဖြင့် ဆိုရှယ်ဒီမိုကရက်မဆန်တော့ဘဲ၊ ကွန်မြူနစ်ပါတီဆန်လာတော့သည်။ 


PFDJ အနေဖြင့် အီရီထရီးယား လူ့ဘောင်အား "တောင့်တမှု၊ ကြောင့်ကြမှု" ကင်းလိုသော လူ့ဘောင်တစ်ခုအဖြစ် အလုပ်အကျွေးပြုချင်သော စေတနာက ရှိသည်။ ဆိုရှယ်ဒီမိုကရက်တစ်စံအရလည်း အစိုးရသည် လူထု၏ စားဝတ်နေရေးအစစ အရာရာကို တာဝန်ယူဖြေရှင်းပေးရမည်။ အီရီထရီးယားလူ့ဘောင်က ရှိရှိသမျှ PFDJ က ဖြေရှင်းပေးလိမ့်မည်ဟု အားကိုးယုံကြည်ကြသည်။ ဤအခ်က္က အီရီထရီးယားလူ့ဘောင်သည် မိမိပြဿနာအား မိမိဖာသာကိုင်တွယ်ဖြေရှင်းတတ်သည့် လူ့ဘောင်ဘက်ကို မရောက်ဘဲ အစိုးရကိုချည်းသာ အားကိုးချင်သည်လူ့ဘောင်ဘက်ကို ရောက်သွားပြန်သည်။ ဤအချက်ကလည်း PFDJ အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေပြန်သည်။


တပါတီပုံစံဖြစ်နေမှုက အထက္ဖား အောက်ဖိလုပ်တတ်သော အခွင့်အရေးသမားများအတွက် လမ်းပွင့်စေသည်။ အထက္ဖား အောက်ဖိအုပ်စုများလာလေ ကျင့်ဝတ်စံတန်ဖိုးကို ကိုင်စွဲသူများ နေရာပျောက်လာပင်ဖြစ်တတ်၏။ ဤသို့ဖြင့် ဆုံးဖြတ်ချက်ချမှတ်သော ခေါင်းဆောင်များအတွက် အောက်တွင် ဖိထောင်းခံရသော လူထု၏ ပကတိအသံကို မကြားရတော့ပေ။ ထိုအခါ အီရီထရီးယားလူ့ဘောင်သည် လူဖြစ်ရကျိုးမနပ်သည့် ဖိနှိပ်ထောင်းခံ လူဘောင်တရပ်ဘက်ကို ပြန်ရောက်လာတော့သည်။

1991 ခုနှစ်တွင် အီရီထရီးယားတွင် အီသီယိုပီးယားတပ္မ်ားကို မောင်းထုတ်နိုင်ခ့ဲပြီး 1993 ခုနှစ်တွင် လွတ်လပ်ရေးကို ကြေငြာခ့ဲသည်။ 1993 ခုနှစ်တွင်ပင် အမျိုးသားညီလာခံအတွက် ကိုယ်စားလှယ် 75 ဦးကို ရွေးကောက်ပွဲဖြင့် ရွေးချယ်ခ့ဲပြီး က်န္ကိုယ္စားလွယ္မ်ားကို ခန့်အပ်ခ့ဲသည်။ 1994 ခုနှစ်တွင် ကိုယ္စားလွယ္မ်ားက အမျိုးသားညီလာခံတရပ်ခေါ်ယူခ့ဲပြီး လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်တရပ်အဖြစ် ပြောင်းလဲရန် EPLF အား PFDJ အဖြစ်ပြောင်းလဲလိုက်သည်။ ထိုညီလာခံမွ PFDJ အား နိုင်ငံရေးဖြစ်စဉ်ကိုအကောင်အထည်ဖော်ရန်နှင့် ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံတစ်ခုဖြစ်လာရန်အတွက် ကြားကာလအစိုးရအဖြစ် တာဝန်ပေးလိုက်သည်။ တရုတ်ပြည်တွင် စစ်သင်တန်းသွားတက်ကာ EPLF အားတည်ထောင်သူများထဲတွင်ပါဝင်သော အိုင်ဆက် အဖ်ဝေါကီ ( Isaias Afewerki) အား PFDJ ခေါင်းဆောင်အဖြစ်တင်မြောက်လိုက်တော့သည်။


EPLF/PFDJ အလံ (ပုံ-1)

PFDJ တံဆိပ် (ပုံ-2)


1994 ခုနှစ်တွင် အိုင်ဆက် အဖ်ဝေါကီ က ကိုယ်စားလှယ် 150 နှင့် ကြားကာလ အမျိုးသားညီလာခံတစ်ရပ်ခေါ်ယူခ့ဲသည်။ ထိုကြားကာလညီလာခံမှ PFDJ အတွက် အထွေထွေအတွင်းရေးမှုးကိုရွေးချယ်ခ့ဲပြီး အိုင်ဆက် အဖ်ဝေါကီအား အီရီထရီးယား၏ သမ္မတအဖြစ်တင်မြောက်ပေးလိုက်သည်။ ထိုညီလာခံမှပင် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနှင့် ရွေးကောက်ပွဲ ကိစ္စရပ်များကို ဆိုင်းငံထားလိုက်တော့သည်။ အိုင်ဆက် အဖ်ဝေါကီက အစိုးရဖွဲ့လိုက်သည်။ 1997 ခုနှစ်တွင် ကြားကာလအမျိုးသားညီလာခံမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံရွေးကောက်ပွဲကို အတည်ပြုလိုက်သည်။ သို့သော် အစိုးရအဖွဲ့သည် ထိုကိစ္စရပ်များအတွက် လမ်းခင်းပေးခြင်းမရှိခ့ဲပေ။ PFDJ ၏ ပါတီ ညီလာခံကိုလည်း 2002 ခုနှစ်မှစတင်ကာ မခေါ်ယူတော့ပေ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတရပ်တွင် အီရီထရီးယားအတွက် ရွေးကောက်ပွဲဆိုသည်မှာ 1993 ခုနှစ်မှလွဲ၍ မရှိတော့ကြောင်း၊ ရပ်ရွာဒေသန္တရ ရွေးကောက်ပွဲများမှာလည်း 2003-4 ခုနှစ်ကပင်မရှိတော့ကြောင်း ဖော်ပြထားသည်။ 2008 ခုနှစ် အယ္ဂ်ာဇီးယား သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် သမ္မတ အိုင်ဆက် အဖ်ဝေါကီက " အီရီထရီးယားအနေဖြင့် ရွေးကောက်ပွဲတစ်ခုကျင်းပရန် နောက်ထပ်ဆယ်စုနှစ် သုံး၊လေးခု လည်းကြာနိုင်သည်။ ထိုထက်လည်းပိုကြာချင်ကြာနိုင်သည်။ ဘယ်အချိန် ရွေးကောက်ပွဲလုပ်မည်ကို ဘယ်သူမှမသိနိုင်ဟု" ပြောခ့ဲသည်။ 



အိုင်ဆက် အဖ်ဝေါကီသည် အီရီထရီးယား လွတ်လပ်ရေးတိုက်ပွဲအတွက် ထူးချွန်ပြောင်မြောက်ခ့ဲသူဖြစ်သည်။ သို့သော် အီထရီးယားလူ့ဘောင်အား အာဏာရှင်စနစ်အောက်တွင် ပိတ်လှောင်သူဖြစ်သွားခ့ဲပြီဖြစ်သည်။ 2001 ခုနှစ်တွင် ဒီမိုကရေစီအတွက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခ့ဲသော အီရီထရီးယား 15 ဦးကိုလည်း ဖမ်းဆီးခ့ဲသည်။ တရားစွဲဆိုခြင်းလည်းမပြုဘဲ ဖမ်းဆီးထားခြင်းဖြစ်သည်။ အီရီထရီးယားတစ်ယောက်အတွက် " ဘာသာရေးယုံကြည်မှုအပေါ် မှတ်ပုံတင်ရန်ပျက်ကွက်လျှင်"၊ " အီထရီးယားနယ်မြေထဲမှ ထွက်ပြေးရန်ကြိုးစားလျှင်"၊ " စစ်မှုထမ်းရန်ပျက်ကွက်လျင်" အဖမ်းခံရမည်ဖြစ်သည်။ 2009 ခုနှစ်တွင် နှိပ်စက်ခံရသော၊ စနစ်တကျသတ်ဖြတ်ခံရသော နိုင်ငံရေးအကျဉ်းသားပေါင်း (10,000) ဝန်းကျင်နှင့် (30,000) ဝန်းကျင်ခန့်ရှိသည်။ ထိုအထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ နာမကျန်းဖြစ်နေသူများလည်းပါဝင်သည်။


အိုင်ဆက် အဖ်ဝေါကီပုံ (ပုံ-3)


အဘယ်ကြောင့် အီရီထရီးယား၏ လွတ်လပ်ရေးကို ဆောင်ကျဉ်းသူသည် ထိုသို့ အာဏာရှင်ဖြစ်သွားရပါသနည်း။ အိုင်ဆက် အဖ်ဝေါကီ၏ အကြောင်းပြချက်ထဲတွင် အီသီယိုပီးယားကို လက်ညိုးထိုးသည်။ အီသီယိုပီးယားနှင့် အီရီထရီးယားကြားတွင် 1998 ခုနှစ်မှ (2000) ခုနှစ်အထိ  (2) နှစ်ကျော် (3) နှစ်နီးပါး ပြဿနာတက်ခ့ဲသည်။ အိုင်ဆက် အဖ်ဝေါကီနှင့် ၎င်းကိုထောက်ခံသော အထက္ဖား အောက်ဖိအုပ်စုများက အီရီထရီးယားလူထုအား အီသီယိုပီးယားမွ လာသိမ်းလျှင် ခက်မည် ဟူသော စကားလုံးဖြင့် အကြောင်းပြကြသည်။ သို့သော် အီသီယိုပီးယားသည် အီရီထရီးယား၏ လွတ်လပ်ရေးကို ချက်ချင်းအသိအမှတ်ပြုခ့ဲသော နိုင်ငံဖြစ်သည်။ ဆိုမာလီလန်၏ လွတ်လပ်ရေးအား ဆိုမာလီယားဘက် အသိအမှတ်မပြုသည့် ပုံစံမျိုးလည်းမဟုတ်ပေ။ အီသီယိုပီးယား၏ အာဏာကိုရယူလာနိုင်သော အာဏာရှင်ဆန်ကျင်ရေး တော်လှန်ရေးအဖွဲ့များနှင့် EPLF ကြားတွင် ဖေးမမှုကရှိခ့ဲကြသည်။ အမွန္ကေတာ့ အိုင်ဆက် အဖ်ဝေါကီ ကိုယ်တိုင်က အာဏာကိုယစ်မူးသွားခြင်းသာဖြစ်သည်။ 


(တည်ဆောက်စ အီရီထရီးယားနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် အင်စတီကျူရှင်းများတည်ဆောက်ရေးတွင် လိုအပ်ချက်များရှိနေသည်ကို အကြောင်းပြ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံခြင်း၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ဆိုင်းငံထားခြင်းကိုပြုသည်ဆိုပါကလည်း ကမ်ဘာပေါ်ရှိ တည်ဆောက်စနိုင်ငံများတွင် ထိုက့ဲသို့ ပြည်တွင်းပြဿနာများက ရှိနေသည်သာဖြစ်သည်။) ထိုပြည်တွင်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် " ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကေရစီ" မွာ လိုအပ်သည်။ အိုင်ဆက် အဖ်ဝေါကီအုပ်စုက ပြောင်းပြန် "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကေရစီ" ကိုမျက်ကွယ်ပြုထားသည်။ ထိုသို့မျက်ကွယ်ပြုထား၍ နိုင်ငံတည်ဆောက်ရေးကို အထောက်အကူမဖြစ်သည့်အပြင် ပို၍ဆိုးသွားသည်။ ထိုသို့ ဆိုးဝါးသည့် အခြေအနေကို လက်ညိုးထိုးကာ " ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်မှုနှင့် ပါတီစုံရွေးကောက်ပွဲ"ကို ဟန့်တားသည်။ 


အီရီထရီးယား၏ နိုင်ငံရေး အချက်အလက်များ ဇယား


အီရီထရီးယား လူ့ဘောင်အနေဖြင့်လည်း "လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတရပ်" ပေါ်တွင် ပုံအောပစ်ခ့ဲသည်။ လွတ်လပ်ရေးတိုက်ပွဲကာလက "ဦးဆောင်မှုတစ်ခုတည်းအောက်တွင် ညီညွှတ်စွာ" တိုက်ပွဲဝင်နိုင်ခြင်းသည် တိုက်ပွဲကာလအတွက် လိုအပ်သည်။ ခက်သည်က အီရီထရီးယား၏ လွတ်မြောက်ရေးတိုက်ပွဲမှာ ကာလရှည်ခ့ဲ၍ ထို တိုက္ပြဲကာလ အလေ့အကျင့်ကလည်း အစွဲပါနေတော့သည်။ " ဦးဆောင်မှုတစ်ခုတည်းအောက်တွင် ညီညွှတ်စွာ" ဆိုသည့်အနေအထားသည် နိုင်ငံတည်ဆောက်ရေးဘက်သို့ ရောက်လာသောအခါ "မိမိတို့ လှေတစ်စင်းသာထားမည်၊ နောက်လှေမရှိရ" ဟူသောဘက်ကိုရောက်စေတော့သည်။ PFDJ အား နိုင်ငံရေးအစုအဖွဲ့မဟုတ်၊ အီရီထရီးယားပြည်သူတိုင်းပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်တစ်ခုအဖြစ်မည်မျှပင် ပုံဖော်နေစေကာမူ PFDJ တွင် ဆုံးဖြတ်ချက်ချနိုင်သော အုပ္စုတစ္ခုကသာ အာဏာကိုယူထားသည်။ ဌာနဆိုင်ရာတစ်ခုချင်း၊ အုပ်ချုပ်မှုအဆင့်ဆင့်အလိုက် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်းများ၊မူဝါဒများဆိုသည်ကလည်း ရှင်းရှင်းလင်းလင်းမရှိ။ လူထုကို ချလည်းမချပြ၊၊ ဤသို့ချမပြထား၍ လူထုက မည်သို့တိုင်းတာထိန်းကျောင်းရမည်ကိုလည်း မသိ။ လုပ်ပိုင်ခွင့်ရှိသူတစ်ယောက်၏ ပါးစပ်မှ ထွက်သည့်အရာသည် ဥပဒေက့ဲသို့ဖြစ်လာသည်။ အစိုးရ၏ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များ၊ မူဝါဒမ်ား၊ လုပ်ထုံးလုပ်နည်းများကို မချပြနိုင်မှုက အစိုးရယန္တယားကို "ပါးစပ် အာဏာ"ဖြင့်သာ လည်ပတ်ခြင်းဘက်ကို ရောက်လာတော့သည်။ အဂတိတရားမ်ားကို မြင့်တက်စေသည်။ ဤသို့ဖြင့် အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုသည် "ပြည်သူအား ဖိနှိပ်သည့် တရားမျှတမှုကင်းသည့် အဝိုင်းအဝန်း" ဘက္ကို ရောက်သွားတော့သည်။ နေစရာမကောင်းသည့် နေရာတွင် မည်သည့်လူသားမှ နေချင်မည်မဟုတ်တော့ပေ။ မနေနိုင်၍ ထွက်ခွာပါကလည်း အုပ်ချုပ်သူများသည် လူထုကို ထွက်ခွာခွင့်မပေး။


ဤသို့အကြောင်းတရားများကိုပင် လက်ညိုးထိုးပြကာ "ထိုက့ဲသို့ ပြဿနာများရှိနေ၍ ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံအသက်ဝင်မှုကို လုပ်လို့မရသေး" ဟု အိုင်ဆက် အဖ်ဝေါကီတို့ PFDJ အုပ္စုက အီရီထရီးယားလူ့ဘောင်အား ဝါဒဖြန့်ပြန်သည်။ ဤသို့ဖြင့် အီရီထရီယားသည် ပြည်သူတိုင်းပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်" အဖြစ်မှ " လူတစ္စုသာ ဆုံးဖြတ်ချက်ချနေသော နိုင်ငံရေးဖြစ်စဉ်" အဖြစ်သို့ ရောက်ရှိသွားတော့ကာ အာဏာရှင်ဖြစ်လာတော့သည်။ ဘင်္ဂလားဒေရ့ှ် နိုင်ငံအခြေစိုက် The Bussiness Standard သတင်းစာတွင်ပင်လျှင် အီရီထရီးယားအား "အာဖရိက၏ မြောက်ကိုးရီးယား" ဟုသမုတ်ခ့ဲတော့သည်။


ဤအချက်များသည် အီရီထရီးယား၏ လွတ်လပ်ရေးဦးဆောင်အဖွဲ့ EPLF ၏ ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆအား အကောင်အထည်ဖော်ရာတွင် အခက်အခဲကားအဘယ်နည်း ဆိုသောမေးခွန်းနှင့် အဘယ်ကြောင့် EPLFသည် ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆမှ အာဏာရှင်ပုံစံဘက်ကို ရောက်ရှိလာရသနည်း ဆိုသည့်မေးခွန်းအတွက် အဖြေလည်းဖြစ်ပါသည်။



ဆက်လက်ဖော်ပြပါမည်။


ကိုးကား

https://en.m.wikipedia.org/wiki/Eritrean_People%27s_Liberation_Front

https://en.m.wikipedia.org/wiki/People%27s_Front_for_Democracy_and_Justice


https://www.google.com/amp/s/www.tbsnews.net/thoughts/eritrea-why-it-called-north-korea-africa-251047%3fampfamp





Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)