ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီနှင့် ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက်-1
ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
ဆွေမျိုးစု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီနှင့် ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက်-1
အီရီထရီးယား (သို့မဟုတ်) အပြင်းစားဆိုရှယ်ဒီမိုကရေစီ
အီရီထရီးယား (Eritrea)သည် အီသီယိုပီးယား၏ မြောက်ဘက်ပိုင်းတွင်တည်ရှိသည်။ အီရီထရီယားကား 1890 ခုနှစ်မှ 1941 ခုနှစ်အထိ အီတလီ၏ ကိုလိုနီနယ်မြေဖြစ်သည်။ အီသီယိုပီးယားကား တမျိုးတဘာသာ၊ ပဒေသရာဇ်ခေတ်ကာလ 1896 ခုနှစ် ဘုရင် မန်နီလက်ခ် ( Emperor Menelik II) လက်ထက် အဒ္ဒီဝါ တိုက္ပြဲ (Battle of Adwa) တွင် အီတလီတပ်ဖွဲ့များကို နိုင်ခ့ဲသည်။ အဒ္ဒီဝါတိုက်ပွဲကား အီသီယိုပီးယားသမိုင်းအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ခ့ဲသည်။ ယင်းနောက် အီသီယိုပီးယားသည် ကာလရှည် ကိိုလိုနီသိပ်ဖြစ်ခ့ဲသည်တော့မဟုတ်။ 1936 ခုနှစ်မှ 1941 ခုနှစ်အထိ ငါးနှစ်ကာလ ဖက်ဆစ်အီတလီက သိမ်းယူခ့ဲသော်လည်း ဗြိတိန်၏ အကူအညီဖြင့် အီတလီကို 1941 ခုနှစ်တွင် တွန်းလှန်နိုင်ခ့ဲပြီး ဘုရင် ဟိုင်းလေး ဆီလစ္စီ (Emperor Haile Selassie) က ပြန်လည်စိုးစံခ့ဲသည်။ 1942 ခုနှစ်တွင် ဗြိတိန်က အီသီယိုပီးယား၏ လွတ်လပ်ရေးကို တရားဝင် အသိအမှတ်ပြုပေးခ့ဲသည်။ 1944 ခုနှစ် အင်္ဂလို- အီသီယိုပီးယန်း သေဘာတူညီခ်က္က အချုပ်အခြာအာဏာကို ပိုခိုင်မာစေခ့ဲသည်။
အီရီထရီးယားကား ထိုသို့မဟုတ်ပေ။ အီတလီလက်အောက်တွင် နှစ်ပေါင်း 50 လောက်ထိ ဆက်တိုက်နေလာခ့ဲသည်။ အီတလီများအုပ်ချုပ်စဉ်ကာလ အတွင်း အီရီထရီယားအနေဖြင့် အုပ်ချုပ်ရေး၊ စက်မှုဖွံဖြိုးမှု၊ အခြေခံအဆောက်အအုံနှင့် အစိုးရယန္တယားတွင် အီသီယိုပီးယားထက်တော့ သာလွန်ခ့ဲသည်။ ဒုတိယကမ်ဘာစစ်တွင် အီတလီမ်ား စစ်ရှုံးခ့ဲပြီးနောက် အီရီထရီယားကား ကုလသမဂ္ဂ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိလာခ့ဲသည်။ ကုလသမဂ္ဂအနေဖြင့် အီရီထရီးယား၏ ကံကြမ္မာကို ဆုံးဖြတ်ရန်အတွက် အီရီထရီးယားလူထုထံမွ သဘောထားဆန္ဒကို တောင်းခံရန် ကော်မရှင်တရပ် စေလွတ်ခ့ဲသည်။ အီရီထရီးယားအနေဖြင့် လုံးဝလွတ်လပ်ရေးယူမည် သို့မဟုတ် အီသီယိုပီးယား၏ အစိတ်အပိုင်းအနေဖြင့်နေမည် သို့မဟုတ် အီသီယိုပီးယားနှင့် ပြည်ထောင်စုဖွဲ့မည် စသဖြင့် သဘောထားအမြင်သုံးခုအောက်တွင် အခြေအတင်ဆွေးနွေးရတော့သည်။ အမှန်တော့ အီရီထရီးယားနှင့် အီသီယိုပီးယားတို့မှာ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုကရှိသည်။ အီသီယိုပီးယား၏ ကုန်းမြင့်နေ လူမျိုးများနှင့် အီရီထရီးယား ကုန်မြင့်နေ လူမျိုးများမှာ ဆက်နွယ်မှုရှိသည်။ အီရီထရီးယားအနေဖြင့် အီသီယိုပီးယားနှင့် ပေါင်းပါက အီသီယိုပီးယား၏ ကျယ်ပြန့်သော လူဦးရေဈေးကွက်ကို ရရှိမည်ဖြစ်ပြီး အီသီယိုပီးယားအနေဖြင့်လည်း အီရီထရီးယား၏ မာဆာဝါ (Massawa) နှင့် အစ်ဘတ် (Assab) ပင်လယ်ဆိပ်ကမ်းများကို အသုံးပြုနိုင်ကာ ကုန်းတွင်းပိတ်ဘဝက လွတ်မည်ဖြစ်သည်။ ကုလသမဂ္ဂနှင့် အမေရိကန်တို့က ပြည်ထောင်စုမူကို ပို၍ ထောက်ခံပေးကြသည်။ အီရီထရီးယား၏ လုံးဝလွတ်လပ်ရေးယူမည့်အုပ်စုနှင့် အီသီယိုပီးယားနှင့် ပေါင်းချင်သည့် အုပ်စုကြား ဆွေးနွေးကြရာ ပြည်ထောင်စုမူသည် နှစ်ဖက်လက်ခံနိုင်သော ရလဒ်ဖြစ်လာသည်။ အီရီထရီးယားအနေဖြင့် အီသီယိုပီးယားပြည်ထောင်စုတွင် ကိုယ်ပိုင်အချုပ်အခြာအာဏာရှိသည်။ ပြည်ထောင်စုအနေဖြင့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ငွေကြေး၊ ဘဏ္႑ာရေး၊ ပြည်ထောင်စုတွင်း ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးစသည့် လုပ်ပိုင်ခွင့်များကို ကိုင်ထားမည်ဖြစ်သည်။ ဤသို့ဖြင့် အီရီထရီးယားသည် 1952 ခုနှစ် ကုလသမဂ္ဂ၏ ရီဆော်လူးရှင်း 390 (V) အရ အီသီယိုပီးယားနှင့် ပြည်ထောင်စုဖွဲ့ခ့ဲသည်။ သို့သော် အီသီယိုပီးယားက အီရီထရီးယားကို တန်းတူရည်တူ မပေးချင်။ အီရီထရီယား၏ အချုပ်အခြာအာဏာကို အမျိုးမျိုးကန့်သတ်လာသည်။ ကန့်သတ်လာယုံဖြင့်အားမရ အီသီယိုပီးယားဘုရင် ဟိုင်းလေ ဆီလစ္စီက 1962 ခုနှစ်တွင် ပြည်ထောင်စုမူအား တဖက်သတ်ဖျက်သိမ်းကာ အီရီထရီးယားအား သိမ်းယူတော့သည်။
အီရီထရီးယားအား သိမ်းယူပြီးနောက် အီသီယိုပီးယားဘက္က အီရီထရီးယား၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဖိနှိပ်သည်။ အာရပ်ဘာသာစကားနှင့် တီဂရီညာ (Tigrinya) ဘာသာစကားမ်ားကို ကျောင်းတွင် ပိတ်ပင်သည်။ အီရီထရီးယား သရုပ်လက္ခဏာကိုလည်း ပိတ်ပင်ဖိနှိပ်တော့သည်။ ဤသို့ဖြင့် အီရီထရီးယားသည် လက်နက်ကိုင်လမ်းစဉ်ကိုစွဲကိုင်ရတော့သည်။ အီရီထရီးယား လွတ်လပ်ရေးတပ်ဦး (Eritrea Liberation Front- ELF)ကို ဖွဲ့စည်းကာ လွတ်လပ်ရေးကို တောင်းဆိုတော့သည်။ နောက်ပိုင်းတွင် အီရီထရီးယားပြည်သူ့ လွတ်လပ်ရေးတပ်ဦး (Eritrea People Liberation Front- EPLF) ကပို၍ ပီပြင်လာသည်။ 1991 ခုနှစ်တွင် အီသီယိုပီးယားတပ္မ်ားကို တိုက်ထုတ်နိုင်လာခ့ဲပြီး 1993 ခုနှစ်တွင် အီရီထရီးယားက လွတ်လပ်ရေးကိုရယူနိုင်ခ့ဲသည်။
ဆိုမာလီလန် (သို့မဟုတ်) ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကေရစီ
အာဖရိက၏ အဘီစ်ဆင်နီးယား (Abyssinia) အင်ပါယာသည် 1270 ခုနှစ်လောက်မှ 1974 ခုနှစ်အထိ နှစ်ပေါင်း 500 လောက်နီးပါးတည်တံခ့ဲသည်။ အဘီစ်ဆင်နီးယားအား အီသီယိုပီးယားအင်ပါယာဟုလည်း ခေါ်ကြသည်။ အဆိုပါ အီသီယိုပီးယားအင်ပါယာ၏ နောက်ဆုံးဘုရင်မှာ အထက်တွင်ဖော်ပြခ့ဲသော ဘုရင် ဟိုင်းလေး ဆီလစ္စီ (Emperor Haile Selassie) ဖြစ်သည်။ အီသီယိုပီးယား အင်ပါယာ၏ အရှေ့ဖက်တွွင် ကြံဦးချိုနှင့် အလားသဏ္႑ာန်တူသော နယ်မြေ၌ ဆိုမာလီယာလူမျိုးစုများနေထိုင်ကြသည်။ ကြံဦးချိုနှင့် အလားသဏ္႑ာန်တူသော နယ်မြေအား အာဖရိက ဦးချို (Horn of Africa) ဟုလည်း ခေါ်ကြသည်။ အီသီယိုပီးယားသည်လည်းကောင်း၊ ဆိုမာလီယားသည်လည်းကောင်း ဥေရာပ၊ အာရတ်နှင့် အာဖရိကယဉ်ကျေးမှုတို့ ပေါင်းဆုံသည်နေရာများဖြစ်သည်။ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ မွအစ ဂုဏ်ရောင်ထွန်းပြောင်ခ့ဲသော နယ်မြေများဖြစ်သည်။ ဆိုမာလီယာများအနေဖြင့် အီသီယိုပီးယားအင်ပါယာ၏ အမြဲတန်းလက်အောက်ခံမဟုတ်ဘဲ၊ အီသီယိုပီးယားများသည်လည်း ဆိုမာလီယာ၏ အမြဲတန်းလက်အောက်ခံမဟုတ်ကြပေ။
အဘီစ်ဆင်နီးယားအင်ပါယာနှင့် မဟာဆိုမာလီယာမြေပုံ (ပုံ-1)
ဆိုမာလီယားလူမျိုးစုများ နေထိုင်ကြသော အာဖရိကဦးချိုဒေသအား "မဟာဆိုမာလီယာ" (Greater Somalia) ဟုလည်းခေါ်ကြသည်။ အဆိုပါ မဟာဆိုမာလီယာနယ်မြေများအားလုံးသည် အုပ်ချုပ်မှုတစ်ခုတည်းအောက်တွင်တော့ရှိနေသည်မဟုတ်ခ့ဲပေ။ 9 ရာစုမွ စတင်ကာ ဆိုမာလီယား ဆူလတန်အဆက်ဆက်က မဟာဆိုမာလီးယား နယ်မြေအသီးသီးတွင် ထီးပြိုင်နန်းပြိုင် အုပ်ချုပ်ကြသည်။ 13 ရာစုမွ 16 ရာစုအထိ တည်တံခ့ဲသော အာဂျူရန် ဆူလတန်နိတ် (Ajuran Sulatanate)မ်ား လက်ထက်တွင် မဟာဆိုမာလီးယားနယ်မြေများ၏ အစိတ်အပိိုင်းတော်တော်များများကိုစုစည်းအုပ်ချုပ်နိုင်ခ့ဲသည်။ အာဂျူရန် ဆူလတန်နိတ်နောက်ပိုင်းတွင်တော့ အုပ်ချုပ်သည့် ဆူလတန်နိတ်များ၏ နယ်မြေသည် မကျယ်ဝန်းတော့ပေ။ အဆိုပါ ဆူလတန်နိတ်များသည်လည်း အီသီယိုပီးယား (အဘီစ်ဆင်းနီးယား)အင်ပါယာ၏ ဆော်လမွန်မင်းဆက်နှင့် ခေတ်ပြိုင် ယှဉ်ပြိုင်ဘက်များအဖြစ် ရပ်တည်နိုင်သူများပင်ဖြစ်သည်။ 19 ရာစုနောက်ပိုင်းတွင်တော့ ဆိုမာလီဆူလတန်နိတ်များ၏ နယ်မြေများကို ဥေရာပသားမ်ားက သိမ်းကာ ကိုလိုနီပြုတော့သည်။ ဤသို့ဖြင့် မဟာဆိုမာလီးယားနယ်မြေသည် ဖရဲသီးစိတ်သက့ဲသို့ အစိတ်စိတ်အပိုင်းပိုင်း အဖဲ့ခံရတော့သည်။ လက်ရှိကင်ညာနိုင်ငံ၏ အရှေ့မြောက်ဘက်တွင်ရှိသော နေရာဒေသအချို့သည်လည်း မဟာဆိုမာလီယာနယ်မြေများပင်ဖြစ်သည်။ ထိုနယ်မြေများကို ့မြောက်ဘက်နယ်မြေစီရင်စုများ (North Friontier District- NFD) များဟုခေါ်သည်။ ထိုမြောက်စီရင်စုများကိုလည်း ဗြိတိန်မှ (1888ခုနှစ်မှ 1910 ခုနှစ်ထိ) သိမ်းယူခ့ဲပြီး 1960 ခုနှစ်တွင် လွတ်လပ်ရေးပေးသော်အခါ ဆိုမာလီယာထဲတွင် ထည့်သွင်းရန်စီစဉ်ခ့ဲသော်လည်း နောက်ပိုင်းတွင် ဗြိတိန်များက ကင်ညာနိုင်ငံထဲထည့်သွင်းလိုက်တော့သည်။ ဤသို့ဖြင့် မဟာဆိုမာလီးယာနယ်မြေ၏ အိုဂါဒင်နယ်မြေများမှာ အီသီယိုပီးယားထဲပါသွားပြီး မြောက်စီရင်စုနယ်မြေများမှာ ကင်ညာနိုင်ငံထဲပါသွားခ့ဲသည်။ ပြင်သစ်သိမ်းယူထားသော ဂျေဘုတ်တီနယ်မြေအား ပြင်သစ်က သီခြားလွတ်လပ်ရေးပေးလိုက်၍ လက်ရှိဂျေဘုတ်တီနိုင်ငံဖြစ်လာသည်။ သို့ဖြစ်၍ လက်ရှိ ဆိုမာလီယာ၏နယ်မြေသည် အီတလီသိမ်းယူခ့ဲသော မိုဂါဒစ်ရှူးနှင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေနေရာများနှင့် ဗြိတိန်သိမ်းယူခ့ဲသော ဟာဂျီဆာနှင့် အေဒင်ပင်လယ်ကွေ့ကမ်းခြေနေရာများလောက်သာဖြစ်တော့သည်။
ဟာဂျီဆာနှင့် အေဒင်ပင်လယ်ကွေ့ကမ်းခြေနယ်မြေများကို ဗြိတိန်က 1960 ခုနှစ် 6 လပိုင်း 26 ရက်နေ့တွင်လွတ်လပ်ရေးပေးလိုက်ပြီး ဆိုမာလီလန်နိုင်ငံဖြစ်လာသည်။ မိုဂါဒစ်ရှူးနှင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေနယ်မြေများအား အီတလီမွ 1960 ခုနှစ် 7 လပိုင်း 1 ရက်နေ့တွင် လွတ်လပ်ရေးပေးလိုက်ရာ ဆိုမာလီယာနိုင်ငံဖြစ်လာသည်။ အီတလီ လွတ်လပ်ရေးပေးလိုက်သည့် 1960 ခုနှစ် 7 လပိုင်း 1 ရက်နေ့တွင်ပင် ဆိုမာလီလန်နယ်မြေနှင့် ဆိုမာလီယာနယ်မြေတို့သည် ပေါင်းစည်းကာ ဆိုမာလီယာသမ္မတနိုင်ငံဖြစ်လာသည်။ ဤသို့ပေါင်းစည်းကြခြင်းသည် "မဟာဆိုမာလီယာ" အယူအဆကြောင့်ဖြစ်သည်။ အီတလီ ကိုလိုနီဆိုမာလီယာနယ်မြေ၌ 1943 ခုနှစ် မေလ 15 ရက်နေ့တွင် ပေါ်ပေါက်လာသော ဆိုမာလီ လူငယ်အဖွဲ့အချုပ် (Somali Youth League- SYL)သည်လည်းကောင်း၊ ဗြိတိန်ကိုလိုနီ ဆိုမာလီလန်နယ်မြေတွင် ပေါ်ပေါက်လာသော ဆိုမာလီအမျိုးသားအဖွဲ့ချုပ် (Somali National League- SNL) သည်လည်းကောင်း "မဟာဆိုမာလီယာ" အယူအဆကိုကိုင်စွဲခ့ဲကြသည်။ SYL နှင့် SNL တို့၏ "ခေတ်သစ်မဟာဆိုမာလီ" အယူအဆကား ရှေးခေတ် ဆိုမာလီ ဆူလတန်နိတ်နယ်မြေများအားလုံးကို စုစည်းကာ ညီညွှတ်စွာဖြင့် တိုးတက်အေးချမ်းသော ဆိုမာလီယာလူ့ဘောင်ကို တည်ဆောက်မည့်အယူအဆဖြစ်သည်။ သို့သော် အထက်တွင်တင်ပြခ့ဲသည့်အတိုင်း မဟာဆိုမာလီယာ နယ်မြေအားလုံးသည် လက်ရှိဆိုမာလီယာနိုင်ငံထဲတွင် မပါဝင်နိုင်ခ့ဲပေ။
ကိုလိုနီလက်အောက်တွင်ရှိခ့ဲသော မဟာဆိုမာလီယာနယ်မြေ (ပုံ-2)၊(ပုံ-2A ဇယား) နှင့် (ပုံ- 2B ဇယား)
မဟာဆိုမာလီအယူအဆဖြင့် ပေါင်းစည်းကြသည့် ဆိုမာလီလန်နှင့် ဆိုမာလီယာ တို့တွင်ပင်လျင် ပြဿနာ ပေါင်းသောင်းခြောက်ထောင်က သပွတ်အူလိုက်နေတော့သည်။ ဆိုမာလီယာ၏ ပြဿနာသည်ကား အုပ်စုစွဲပြင်းထန်မှုပင်ဖြစ်သည်။ ဆိုမာလီယာဆိုသော လူ့ဘောင်ထဲတွင် ဆွေမျိုးစု (Clan) များရှိကြသည်။ ဆွေမျိုးစုအုပ်စုများမှာ ဆိုမာလီယာ သမိိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတူကြသော်လည်း ဒေသန္တရ လေယူလေသိမ်းနှင့် နေရာဒေသအလိုက်ကွဲပြားမှုကရှိကြသည်။ ဆွေမျိုးစုများတွင်လည်း ဆူလတန်နိတ်အဆင့်ထိ တက်လှမ်းကာ မိမိနယ်မြေပေါ်တွင် ထွန်းပြောင်ခ့ဲသော သမိုင်းနောက်ခံများက ကိုယ်စီကိုယ်စီရှိကြသည်။ လူပြိန်းနားလည်အောင်ပြောရလျှင် ဆွေမျိုးစုအချင်းချင်း အပြန်အလှန် အကြောမခံလိုကြသော ဗီဇကရှိသည်။ အားလုံးသော ဆွေမျိုးစုများတွင် "မဟာဆိုမာလီယာ" အယူအဆကို နှစ်ခြိုက်သော်လည်း ဆွေမျိုးစုများကြီးငယ်မရွေး တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အကောင်အထည်ဖော်မှုတွင်တော့ ပြဿနာ ရှိလာတော့သည်။ လူဗီဇအရ "ကောင်းသော အယူအဆ အောက်တွင် ကိုယ်ကတမူးအပိုရှူခံချင်လိုသော ဆန္ဒ" ကရှိကြစမြဲပင်ဖြစ်သည်။ ထိုဗီဇကို ပညာဉာဏ်နှင့် တရားမျှတမှုဖြင့်သာ ထိန်းကွပ်ယူရသည်။ ထိန်းကွပ်ယူရန် နယ်ပါယ်အသီးသီးတွင် ခေါင်းဆောင်သူများ၌ တာဝန်ရှိသည်။ မထိန်းကွပ်နိုင်ပါက ပြဿနာကြီးသည်။ လွတ်လပ်ပြီးစ ဆိုမာလီယာတွင် ထိုပြဿနသည် သပွတ်အူလိုက်တော့သည်။ဂျေဘုတ်တီနယ်မြေကတော့ ကိုယ့်ဖာသာကို ပြင်သစ်လက်အောက်မှ လွတ်လပ်ရေးယူကာ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေ၍ "မဟာဆိုမာလီယာ" ပြဿနာထဲကတော့လွတ်သွားခ့ဲသည်။
ဂျေဘုတ်တီ၊ အီရီထရီးယားနှင့် ဆိုမာလီလန် မြေပုံ (ပုံ-3)
လွတ်လပ်ပြီးစ ဆိုမာလီယာတွင် ဆွေမျိုးစုအုပ်စုအချင်းချင်းကြား တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် အပြန်အလှန်နားလည်မှုကို တည်ဆောက်ရန် ခက်ခဲခ့ဲသည်။ မတူညီသော ကိုလိုနီအုပ်ချုပ်မှုများက ဥပေဒ၊ တရားစီရင်ရေး၊ အခြေခံအဆောက်အအုံနှင့် အေလ့အထမ်ားကို ကွဲပြားစေခ့ဲသည်။ ဆွေမျိုးစုအယူအဆအားကောင်းမှု၊ မတူညီသော အုပ်ချုပ်ရေးအလေ့အထ နှင့် "တမူးအပိုရှူခံလိုသော ဆန္ဒ" တို့က နိုင်ငံတည်ဆောက်ရေးတွင် ပြဿနာများဖြစ်စေတော့သည်။ ဤသို့ဖြင့် ဆိုမာလီယာလူ့ဘောင်သည် အာဏာရှင် ဆီယာဒ် ဘာရ်ရီ (Siad Barre)၏ အုပ်ချုပ်မှုလက်ထဲသို့ရောက်ရှိခ့ဲတော့သည်။ ပြိုကွဲလုလုဖြစ်နေသော ဆိုမာလီယာကို ထိန်းသိမ်းရန်အလို့ငှါ အာဏာသိမ်းရသည်ဆိုသော "ဆီယာဒ် ဘာရ်ရီ" အနေဖြင့် ဆိုမာလီယာလူ့ဘောင်အား မတူကွဲပြားမှုများကို ဉာဏ်ပညာနှင့် တရားမျှတမှုဖြင့် ဖြေရှင်းနိုင်သည့်လူ့ဘောင်ဖြစ်ရန် တည်ဆောက်ရမည်အစား ကြမ်းကြုတ်ရက်စက်မှုဖြင့်သာ ဆိုမာလီယာ ညီညွှတ်ရေး၊ မပြိုကွဲရေးကို ဆောင်ရွက်တော့သည်။ ဆီယာဒ် ဘာရ်ရီ၏ အမြင်တွင် ဆိုမာလီယာလူ့ဘောင် မညီညွှတ်ရခြင်းမှာ ဆွေမျိုးစုအုပ်စုအယူအဆပြင်းထန်မှုကြောင့်ဟုမြင်သည်။ ဆွေမျိုးစုအုပ်စုအယူအဆသည် ဒေသန္တရ Identity ကိုအခြေခံသည်ဟုမြင်သည်။ ထိုကြောင့် ကွဲပြားခြားနားစေသော အချက်များကို ဖယ်ရှားရမည်ဟုမြင်သည်။ ထိုအယူအဆကို လက်နက်ဖြင့် ဖိနှိပ်တော့သည်။ နဂိုကပင် ကိုယ့်ဒေသန္တရ စရိုက်လက္ခဏာနှင့် သမိုင်းကြောင်းကိုသာယာနေတတ်သော၊ အပြန်အလှန်ခေါင်းဆိတ်မခံလိုကြသော ဆွေမျိုးစုများကို လက်နက်ကိုင်ကြမ်းကြုတ်သည့်နည်းလမ်းဖြင့် ဖိနှိပ်သည့်အခါ တန်ပြန်တော်လှန်ရေးများကသာ ထပ်ဖြစ်လာပြီး ဆိုမာလီယာလူ့ဘောင်သည် သွေးရောင်လွမ်းခ့ဲတော့သည်။
ဆိုမာလီယာ၏ ဆွေမျိုးစုများတည်နေရာမြေပုံ ပုံ (4) နှင့် ပုံ (5)
ဆိုမာလီယာလူ့ဘောင်တွင် ဒီရ် ဆွေမျိုးစု (Dir Clan)၊ အီဆားတ် ဆွေမျိုးစု (Isaaq Clan)၊ ဒါရုဒ် ဆွေမျိုးစု (Darood Clan)၊ ဟာဝီယီး ဆွေမျိုးစု (Hawiye Clan) နှင့် ရာဟင်ယွင် ဆွေမျိုးစု (Rahanweyn Clan) ဟူ၍ အဓိက အုပ်စုကြီးငါးခုရှိသည်။ ထိုပင်မ ငါးစုထဲမွ အုပ်စုခွဲများအသီးသီးရှိနေကြသည်။ အာဏာရှင် ဆီယာဒ် ဘာရ်ရီ၏ ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်မှုအပေါ်တန်ပြန်တွန်းလှန်ကြသော အီဆားတ် ဆွေမျိုးစု (Isaaq Clan) မ်ား၏ (Somali National Movement- SNM) သည်လည်းကောင်း၊ ဒါရုဒ်အုပ်စုခွဲဖြစ်သော မာဂျီးတင်း ဆွေမျိုးစု (Majeeteen Clan) မ်ား၏ (Somali Salvation Democratic Front -SSDF)သည်လည်းကောင်း၊ ဟာဝီယီး ဆွေမျိုးစုတို့၏ (United Somali Congress- USC)သည်လည်းကောင်း ထင်ရှားကြသည်။ ဒါရ် ဆွေမျိုးစုနှင့် ရာဟင်ယွင် ဆွေမျိုးစုတို့မှာ SNM နှင့် USC တို့တွင်ပူးပေါင်းကြသက့ဲသို့ ဒါရ္အုပ္စုခြဲ ဂါဒါဘူးရ္ဆီ အုပ္စု ( Gadabuursi) များကလည်း (Somali Democratic Alliance -SDA) ကိုတည်ထောင်ကာ အာဏာရှင်ကို ဆန့်ကျင်သည်လည်းရှိသည်။ အာဏာရှင် ဆီယာဒ် ဘာရ်ရီပြုတ်ကျပြီးနောက်တွင် ရာဟင်ယွင်ဆွေမျိုးစုသည်လည်း (Somali Demoratic Movement- SDM) ကိုတည်ထောင်ရာ မိမိတို့ရပိုင်ခွင်အတွက် တိုက်ပွဲဝင်ကြသည်။ အာဏာရှင် ဆီယာဒ် ဘာရ်ရီသည် ဒါရုဒ် ဆွေမျိုးစုအုပ်စုခွဲဖြစ်သော မာရီဟန် (Marehan) အုပ်စုထဲမှဖြစ်သည်။ ဆီယာဒ် ဘာရ်ရီနှင့် မဟာမိတ်များသည် ဒါရုဒ် ဆွေမျိုးစုအုပ်စုခွဲဖြစ်သည့် မာရီဟန် (Marenhan)၊ အိုဂါဒင် (Ogaden) နှင့် ဒူလ်ဘာဟန်တ့် (Dulbahante) အုပ်စုများဖြစ်သည်။ ထို ဆီယာဒ် ဘာရ်ရီ၏ အုပ်စုများကိုအတိုကောက် (MOD) ဟုလည်းခေါ်ကြသည်။ ဒါရုဒ်ဆွေမျိုးစုထဲမှ မာဂျီးတင်းအုပ်စုကား အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်သည့်အုပ်စုဖြစ်သည်။
-ဆီယာဒ် ဘာရ်ရီ၏ မဟာမိတ်ဆွေမျိုးစုများနှင့် တော်လှန်ရေးဆွေမျိုးစုဇယား (ပုံ-6)
-တော်လှန်ရေးဆွေမျိုးစုများနှင့် ရည်မှန်းချက်များပြ ဇယား (ပုံ-6A) နှင့် ပုံ (6 B)
- ဒီရ် ဆွေမျိုးစု၏ တော်လှန်ရေး ဇယား (ပုံ-6C)
- အီဆားတ် ဆွေမျိုးစု၏ တော်လှန်ရေး ဇယား (ပုံ-6D)
- ဒါရုဒ် ဆွေမျိုးစု၏ နိုင်ငံရေး ဇယား (ပုံ-6E)
- ဟာဝီယီး ဆွေမျိုးစု၏ တော်လှန်ရေး ဇယား (ပုံ-6F)
- ရာဟင်ယွင် ဆွေမျိုးစု၏ တော်လှန်ရေး ဇယား (ပုံ-6G)
အီးဆားတ် ဆွေမျိုးစုများသည် ဆိုမာလီယာ၏ အဓိက ဆွေမျိုးစုကြီး 5 ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့်အလျောက် သမိုင်းဇာတိမာန်ကကြီးသည်။ အီးဆားတ် ဆူလတန်နိတ်နယ်မြေသည် အေဒင်ပင်လယ်ကွေ့ကမ်းခြေတလျောက်တွင် 1749 ခုနှစ်မှ 1884 ခုနှစ်အထိ နှစ်ပေါင်း 135 နှစ်ကျော်တည်တံခ့ဲသော မဟာဆိုမာလီယာနယ်မြေထဲမှ ထီးပြိုင်နန်းပြိုင်နယ်မြေတစ်ခုဖြစ်သည်။ ဟာဂျီဆာနှင့် အေဒင်ပင်လယ်ကွေ့ကမ်းခြေများသည် ဆီးဆာတ်ဆွေမျိုးစုများ၏ နေရာဖြစ်သည်။ ထိုနယ်မြေကို ဗြိတိသျှတို့ကသိမ်းယူပြီးခ့ဲပြီး လွတ်လပ်ရေးပေးသောအခါ ဆိုမာလီလန် နယ်မြေဖြစ်လာတော့သည်။ ဆိုမာလီလန်အနေဖြင့် ဗြိတိသျှအုပ်ချုပ်ရေးစနစ်ပေါ်တွင် နေသားကျနေခ့ဲပြီး ဆိုမာလီယာအနေဖြင့် အီတလီ အုပ်ချုပ်ရေးအင်စတီကျူးရှင်းများဖြင့်နေသားကျနေခ့ဲသည်။ ဆိုမာလီလန်နှင့် ဆိုမာလီယာတို့ "မဟာဆိုမာလီယာ" အယူအဆအောက်တွင် ပေါင်းစည်းသည့်တိုင်အောင် ဒေသန္တရ ဆွေမျိုးစုအစွဲ၊ အထိုင်ကျနေသည့် အုပ်ချုပ်ရေးအလေ့အထနှင့် "တမူအပိုရှူချင်သည့်ဆန္ဒ" တို့ကြောင့် အမြီးအမောက်က သိပ်မတည့်ကြပေ။ ဤသို့ဖြင့် အာဏာရှင် ဆီယာဒ် ဘာရ်ရီ လက်ထက်တွင် အီးဆာတ်ဆွေမျိုးစုသည်လည်း အပြင်းအထန်ဖိနှိပ်ခံရတော့သည်။ ထို့ကြောင့် အီးဆာတ်ဆွေမျိုးစုများက Somali National Movement - SNM) ဆိုသည့် ဆိုမာလီအမျိုးသားလှုပ်ရှားမှုကိုဖွဲ့စည်းကာ အာဏာရှင် ဆီယာဒ် ဘာရ်ရီကို ပြန်လည်တွန်းလှန်တော့သည်။ အထက်တွင် တင်ပြထားသည့်အတိုင်း ကျန်ဆွေမျိုးစုများကလည်း တွန်းလှန်သောအခါ ဆီယာဒ် ဘာရ်ရီလည်း ပြုတ်ကျသွားတော့သည်။ 1991 ခုနှစ်တွင် SNM က ဆိုမာလီလန်၏ လွတ်လပ်ရေးကိုကြေငြာကာ ဆိုမာလီယာထဲမွ ခွဲထွက်တော့သည်။
အီရီထရီးယားနှင့် ဆိုမာလီလန် အပေါ်နှိုင်းယှဉ်ချက်
ဆိုမာလီလန် အတွက် SNM သည် 1991 ခုနှစ်တွင် လွတ်လပ်ရေးကြေငြာခ့ဲပြီး အီရီထရီးယားအတွက် EPLFက 1993 ခုနှစ်တွင် လွတ်လပ်ရေးကြေငြာခ့ဲသည်။ လက်ရှိတွင် အီရီထရီးယား၏ လွတ်လပ်ရေးကြေငြာမှုကို နိုင်ငံတကာက အသိအမှတ်ပြုခ့ဲသော်လည်း အီရီထရီးယားထက် နှစ်နှစ်လောက်စောစီးစွာ လွတ်လပ်ရေးကြေငြာခ့ဲသော ဆိုမာလီလန်မှာ ယခုအချိန်ထိ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုမရသေးချေ။ သို့သော် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတွင်တော့ ဆိုမာလီလန်သည် အီရီထရီးယားထက်သာလွန်နေပြီဖြစ်သည်။ အီရီထရီးယား၏ EPLF သည် ဆိုရှယ်ဒီမိုကရေစီအပြင်းစား အယူအဆကို ကိုင်စွဲထားသော်လည်း လက်ရှိတွင် အာဏာရှင်ပုံစံဘက်ကို ရောက်လာပြီဖြစ်သည်။ လက်ရှိ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုမရသေးသော ဆိုမာလီလန်တွင်တော့ ဒီမိုကေရစီ အလေ့အထဖြင့် နိုင်ငံရေးက တည်ငြိမ်နေပြန်သည်။
ဤသို့ ဒွိဟဆန်သော အခြေအနေတရပ်သည် လက်ရှိ အာဖရိကတိုက်တွင် တည်ရှိနေပါ၏။
အဘယ်ကြောင့် ရုန်းကန်မှုခြင်းတူညီသော အီရီထရီးယားနှင့် ဆိုမာလီလန်တို့တွင် အီရီထရီးယား၏ လွတ်လပ်ရေးကို နိုင်ငံတကာမှ အသိအမှတ်ပြုပြီး ဆိုမာလီလန်၏ လွတ်လပ်ရေးကို နိုင်ငံတကာမှ အသိအမှတ်မပြုသနည်း။
နိုင်ငံတကာ၏ အသိအမှတ်ပြုခံရသော အီရီထရီးယားကား လူ့သားအရင်းအမြစ်ဖွံ့ဖြိုးမှုနောက်ကျကာ အာဏာရှင်စနစ်တွင် တဖန်လုံးချာလည်လိုက်နေရသနည်း။
နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုမခံရသော ဆိုမာလီလန္ကား အဘယ်ကြောင့် လူ့သားအရင်းအမြစ်ဖွံ့ဖြိုးမှုရှိနေရသနည်း။
အီရီထရီးယား၏ လွတ်လပ်ရေးဦးဆောင်အဖွဲ့ EPLF ၏ ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆအား အကောင်အထည်ဖော်ရာတွင် အခက်အခဲကားအဘယ်နည်း။ အဘယ်ကြောင့် EPLFသည် ဆိုရှယ်ဒီမိုကရေစီအပြင်းစားအယူအဆမှ အာဏာရှင်ပုံစံဘက်ကို ရောက်ရှိလာရသနည်း။
ဆိုမာလီလန်၏ နိုင်ငံတကာအသိအမှတ်ပြုခံရရေး ဆက်လက်ရုန်းကန်နေရမှုတွင် အခက်အခဲကားအဘယ်နည်း။ ထိုအခက်အခဲအောက်တွင် ဆွေမျိုးစုအခြေပြု ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကေရစီအား မည်သို့အကောင်အထည်ဖော်ထားသနည်း။ (မှတ်ချက်- ဆိုရှယ်ဒီမိုကရေစီသည်လည်းကောင်း၊ ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကရေစီသည်လည်းကောင်း သူ့အရပ်၊ သူ့ဇတ်နှင့်သူကောင်းမွန်ကြပါ၏။ဤမေးခွန်း၌ ကွန်ဆိုရှယ်ရှင်နယ်ဇင် ဒီမိုကေရစီက ဆိုရှယ်ဒီမိုကရေစီထက် ပိုကောင်းသည်ဟုလည်း ဆိုလိုသည်မဟုတ်ပေ။ သူ့အရပ်နှင့် သူ့ဇတ်အရ ကောင်းမွန်အောင်အသုံးချမည်ဆိုပါက ခ်၍ရေသာ အယူအဆများသာဖြစ်ပါသည်။ ကိုယ့်နှင့်အကိုက်ညီဆုံးဖြစ်အောင် မည်သို့မည်ပုံအသုံးချကြသည်၊ ထိုသို့အသုံးချရာတွင် အခက်အခဲကဘာဖြစ်သည်ကို ဆန်းစစ်လိုရင်းသာဖြစ်ပါသည်။)
အာရက္ခလူ့ဘောင်အနေဖြင့် အီရီထရီးယားနှင့် ဆိုမာလီလန် ဖြစ်စဉ်နှစ်ခုမှ မည်သည့်အတွေ့အကြုံများကို အကောင်းဆုံးအသုံးချနိုင်ပါမည်နည်း။
အပိုင်း -2 အားဆက်လက်ရှူစားပါရန်
ကိုးကားလင့်
https://www.bbc.com/news/world-africa-14094503.amp
ဟာဂီ်ဆာ (Hargeisa) နှင့် အေဒင်ပင်လယ်ကွေ့ကမ်းခြေနေရာများအား ဗြိတိန်မှလည်းကောင်း၊ မိုဂါဒစ်ရှူးနှင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေမေရာများကို အီတလီမှလည်းကောင်း၊ အိုဂါဒင်ဒေသဝန်းကျင်ကို အီသီယိုပီးယားမှလည်းကောင်း၊ ဂျေဘုတ်တီနယ်မြေအားပြင်သစ်မှလည်းကောင်း စသဖြင့် အစိတ်စိတ်ပိုင်းခံရတော့သည်။
Comments
Post a Comment