ကြိုးနီ (Red Tape) နှင့် ဗြူရိုကရက် စုန်း၊ ကေဝမ်ား

 


ကြိုးနီ (Red Tape) နှင့် ဗြူရိုကရက် စုန်း၊ ကေဝမ်ား


ဗြူရိုကရေစီနှင့် အချုပ်အခြာအာဏာ


နိုင်ငံတည်ဆောက်ခြင်း (State Building )သည် အချုပ်အခြာအာဏာအား တည်ဆောက်ခြင်းဖြစ်သည်။ အချုပ်အခြာအာဏာတည်ဆောက်ရာတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်အရ တည်ဆောက်ရခြင်းဖြစ်သည်။ လူ့ဘောင်တစ်ခုတွင် အချုပ်အခြာအာဏာအားတည်ဆောက်ခြင်းနှင့် အချုပ်အခြာအာဏာမှ ဝန်ဆောင်မှုပေးခြင်းတို့သည် ဒွန်တွဲနေသည်။ 

အချုပ်အခြာအာဏာမှ ပြည်သူလူထုအားဝန်ဆောင်မှုပေးခြင်းတွင်  သက်ဆိုင်ရာလုပ်ငန်းနယ်ပါယ်များအလိုက် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနများကို ဖွဲ့စည်းကြသည်။ ထိုဝန်ကြီးဌာနများတွင် လုပ်ငန်းခေါင်းစဉ်အလိုက် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရန် တာဝန်ခွဲဝေထားသော ဌာနများရှိသည်။ တာဝန်ခွဲဝေထားသော ဌာနမ်ား၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များမှာလည်း တစ်ခုနှင့်တစ်ခုမတူညီတတ်ကြပေ။ ထိုက့ဲသို့ တာဝန်ခွဲဝေထားသော ဌာနမ်ား၏ လုပ်ငန်းစဉ်များတွင် ပါဝင်နေသူများကို "ဌာနဆိုင်ရာဝန်ထမ်းများ"များဟုခေါ်သည်။ သို့ဖြစ်၍ "ဌာနဆိုင်ရာဝန်ထမ်း"ဟူသည် ပြည်သူလူထုအားဝန်ဆောင်မှုပေးရန်အတွက် လုပ်ငန်းနယ်ပါယ်အလိုက် ခွဲဝေထားသောတာဝန်များကို ထမ်းဆောင်နေသူများသာဖြစ်သည်။ ပြည်သူလူထု၏ လိုအပ္ခ်က္ကို ဖြည့်ဆည်းရန်အတွက် "ဌာနဆိုင်ရာဝန်ထမ်း"များအပေါ်တွင် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များသည် အမြဲတန်းချမှတ်ပေးနေရသည်။ ထိုသို့ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များကိုချမှတ်ရာတွင် ယေဘူယျအားဖြင့် ပုံစံနှစ်မျိုးရှိသည်။ "မည်သည့်ကိစ္စရပ်အား မည်သို့လုပ်ဆောင်ရမည်" ဆိုသောပုံစံနှင့် "မည်သို့ရှင်သန်လည်ပတ်ရမည်" ဆိုသောပုံစံ တို့ဖြစ်သည်။ တနည်းအားဖြင့် "ဌာန၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အားချမှတ်ခြင်း" နှင့် "ဌာန၏ ယန္တယား၊ ဝန်ထမ်းယန္တယားအား လည်ပတ်ရန်ချမှတ်ခြင်း" တို့ဖြစ်သည်။ 


သို့ဖြစ်၍ ဗြူရိုကရေစီ ဆိုသည်မှာ "ပြည်သူလူထု၏ လိုအပ္ခ်က္ကို ဖြည့်ဆည်းရန်အတွက် "ဌာနဆိုင်ရာဝန်ထမ်း"များအပေါ်တွင် 

1-"မည်သည့်ကိစ္စရပ်အား မည်သို့လုပ်ဆောင်ရမည်"  

2- "ဌာန၏ ယန္တယား၊ ဝန်ထမ်းယန္တယားအား မည်သို့ရှင်သန်လည်ပတ်ရမည်" ကို လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များအား အမြဲတန်းချမှတ်ပေးခံရမှုအောက်တွင် ရှိနေရသည့် ဝန်ဆောင်မှုလုပ်ငန်းစဉ်ဆိုင်ရာ အင်စတီကျူးရှင်းဖြစ်သည်။


ဗြူရိုကရေစီသည် အချုပ်အခြာအာဏာမဟုတ်ပေ။ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည့်အရာလည်းမဟုတ်ပေ။ ပြည်သူလူထုသာလျင် အချုပ်အခြာအာဏာ၏ ပိုင်ရှင်ဖြစ်သည်။ အချုပ်အခြာအာဏာသည် ပြည်သူလူထုကို အလုပ်အကျွေးပြုရသည်။ အလုပ်အကျွေးပြုရန်လည်း ပြည်သူလုထုမှ လုပ်ပိုင်ခွင့်ကို ပေးအပ်ထားခြင်းဖြစ်သည်။ ဗြူရိုကရေစီသည် ပြည်သူလူထုအားအလုပ်အကျွေးပြုရန်အတွက် အချုပ်အခြာအာဏာမှ စေခိုင်းနေသော ယန္တယားသာဖြစ်သည်။ ဤအချက်များမှာ ဗြူရိုကရေစီ၊ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု ကြားက ကွဲပြားချက်လည်းဖြစ်သည်။


ဗြူရိုကရေစီသည် ဥပေဒအား ရေးဆွဲထုတ်ပြန်ပိုင်ခွင့် အပြည့်အဝရှိသော ယန္တယားလည်းမဟုတ်။ အမိန့်အာဏာများနှင့် စီရင်ဆုံးဖြတ်မှုများကို အပြည့်အဝ ကျင့်သုံးခွင့်ရှိသော ယန္တယားလည်းမဟုတ်။ 

သို့သော် ဗြူရိုကရေစီအား ဥပေဒ၊ အမိန့်အာဏာ များကိုလည်း ထုတ်ပြန်ခွင့်အား ဘောင်အကန့်အသတ်ဖြင့် (Quasi Power)အနေဖြင့် ပေးထားရသည်။ 

1- ထိုဗြူရိုကရေစီမှ ထုတ်ပြန်သော ဥပေဒ၊ အမိန့်အာဏာများသည် ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အကန့်အသတ်အား ကျော်လွန်ခြင်းရှိ၊ မရှိ 

2- ထိုဥပေဒ၊ အမိန့်အာဏာများကြောင့် ထိခိုက်နစ်နာမှုများရှိ၊ မရှိ

3- ထိုဥပေဒ၊ အမိန့်အာဏာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်အပါအဝင် အခြားပင်မဥပဒေများကိုကျော်လွန်မှုရှိ၊မရှိ တို့ကို တရားစီရင်ရေးမဏ္႑ိုင်၊ ဥပဒေပြုရေးမဏ္႑ိုင်များက ဝင်ရောက်ဆုံးဖြတ်နိုင်သည်။ 


ဗြူရိုကရေစီ ဆိုသည်မှာ "ပြည်သူလူထု၏ လိုအပ္ခ်က္ကို ဖြည့်ဆည်းရန်အတွက် "ဌာနဆိုင်ရာဝန်ထမ်း"များအပေါ်တွင် 

1-"မည်သည့်ကိစ္စရပ်အား မည်သို့လုပ်ဆောင်ရမည်"  

2- "ဌာန၏ ယန္တယား၊ ဝန်ထမ်းယန္တယားအား မည်သို့ရှင်သန်လည်ပတ်ရမည်" ကို လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များအား အမြဲတန်းချမှတ်ပေးမှုအောက်တွင် ရှိနေရသည့် ဝန်ဆောင်မှုလုပ်ငန်းစဉ်ဆိုင်ရာ အင်စတီကျူးရှင်းသာ ဖြစ်သည်။ 


ဤတွင် "မည်သည့်ကိစ္စရပ်အား မည်သို့လုပ်ဆောင်ရမည်" ဆိုသည့် အပိုင်းသည် မူဝါဒ အပိုင်းဖြစ်သည်။ ထိုအပိုင်းကို ပြည်သူလူထုမှ ရွေးချယ်ထားသော အစိုးရအဖွဲ့မှ များသောအားဖြင့် ချမှတ်လေ့ရှိသည်။ ထို မူဝါဒအား အကောင်အထည်ဖော်ရန် ဌာန၏ ယန္တယား၊ ဝန်ထမ်းယန္တယားအား မည်သို့ရှင်သန်လည်ပတ်ရမည်" ကို လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ လုပ်ငန်းစဉ်များအားချမှတ်မှုတွင်လည်း များသောအားဖြင့် အစိုးရအဖွဲ့မှ ချမှတ်ကြသည်။ ထိုသို့ချမှတ်ရာတွင် ဥပဒေအဖြစ် ပြဌာန်းခြင်း၊ ဥပဒေသဘောသက်ရောက်ခြင်း တို့တွင် ပြည်သူလူထုမှ ရွေးချယ်ပေးထားသော ဥပဒေပြုရေးအာဏာအား ကျော်လွန်၍မရသက့ဲသို့ အမိန့်အာဏာ၊ တရားစီရင်ရေးသဘောသက်ရောက်ခြင်းတို့တွင်လည်း တရားစီရင်ရေးအာဏာကို ကျော်လွန်၍မရပေ။ ဤကား ဗြူရိုကရေစီ၏ သဘောသဘာဝဖြစ်သည်။


ဗြူရိုကရေက် သို့မဟုတ် ဌာနဆိုင်ရာဝန်ထမ်းများ၏ သေဘာသဘာဝအရ ၎င်းတို့သည် မိမိ၏ လုပ်ငန်းနယ်ပါယ်နှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိသည်။ မိမိ၏ လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းအထာကို သာမန်လူထက်ပိုသိသည်။ မိမိလုပ်ငန်းနှင့် ပတ်သက်၍ မူဝါဒမ်ား၊ ဥပေဒမ်ား၊ အမိန့်များ၊ စည်းကမ်းများကိုလည်း သာမန်လူထက်ပိုသိသည်။ မိမိက့ဲသို့ အသိအမြင်ရှိသော အဝိုင်းအဝန်း လူမှုဝန်းကျင်လည်းရှိသည်။ ၎င်းတို့သည် မိမိ၏ လုပ်ငန်းနယ်ပါယ်တွင် ပရိုဖက်ရှင်နယ်လစ်ဇင် သဘောကိုလည်းသိကြသည်။ ၎င်းတို့သည် မိမိ၏ လုပ်ငန်းနယ်ပါယ်ထဲတွင် သာမန်လူများထက် ဘဝ၏ အချိန်များကို ပေးထားသည်။ သို့ဖြစ်၍ ၎င်းတို့သည် ၎င်းတို့၏ လုပ်ငန်းနယ်ပါယ်များတွင် ဇုဏ (စုန်း/ ပါဠိစကားအရ- ပညာသည်/ပညာတတ်) များဖြစ်ကြသည်။ ပညာရှင် ကဝိ (ကေဝ/ ပါဠိစကားအရ- ပညာရှင်) များလည်းဖြစ်ကြသည်။ အခြားနည်းဖြင့်ပြောရပါက ၎င်းတို့သည် ကိုယ်လုပ်ရမည့်တာဝန်ကို လုပ်နိုင်သော နည်းလမ်းများကို ကျွမ်းကျင်သူ ( technical expert for for efficient implementation) များလည်းဖြစ်သည်။ ၎င်းတို့သည် အလုပ်ဖြစ်ရန် အတွက် ပညာရပ်ဆိုင်ရာ အသိအမြင်ကိုလည်းသုံးတတ်သည်။ အာဏာပါဝါကိုလည်း သုံးတတ်သည်။ 


အသိအမြင်ရှိမှု၊ လုပ်ငန်းသဘောသဘာဝကို ကျွမ်းကျင်မှု၊ ပါဝါအာဏာကို အသုံးချတတ်မှုတို့က ဗြူရိုကရက်များ၏ စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်များသည် ကျင့်ဝတ်နှင့် တရားမျှတမှုတွင် အခြေတည်ပါက ကောင်းသည်။ ထိုသို့ ကျင့်ဝတ်နှင့် တရားမျှတမှုတွင် အခြေမတည်ဘဲ ပါးနှပ်စွာ ကိုယ်ကျိုးရှာလိုပါကလည်း ရှာနိုင်ကြသည်။ ၎င်းတို့တွင် "အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ကို အခြေခံ၍ လှည့်စားနိုင်သော စွမ်းရည်" များလည်းရှိကြသည်။ 


ကျင့်ဝတ်နှင့် တရားမျှတမှုမပါသော ပညာရှင် (ဇုဏ/ကဝိ)များသည် လူ့အဖွဲ့အစည်းအတွက် အမှောင်ကိုခွင်းပေးသူများတော့မဟုတ်ပေ။ လူ့အဖွဲ့အစည်းအတွက် ကယ်တင်ရှင်၊သူရဲကောင်းများလည်းမဟုတ်ပေ။ ကျင့်ဝတ်မရှိ၊ တရာမျှတမှုမရှိသော ထိုသူများသည် လူ့အဖွဲ့အစည်းအတွက် "သွေးစုတ်ကောင်"များသာဖြစ်သည်။ 


ဗြူရိုကရက်များအတွက် အသိအမြင်ပညာနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိသော်လည်း အမိန့်အာဏာအောက်တွင် ဆောင်ရွက်ရသည်ဖြစ်၍ ၎င်းတို့တွင် "လွတ်လပ်သော အတွေးအမြင်"နှင့် "ဖောက်ထွက်သော ဆန်းသစ်တီတွင်မှု" တို့သည် အားနည်းသည်။ သီးခြားလွတ်လပ်သော ပညာရှင်များနှင့် ဗြူရိုကရက်များတွင် လုပ်ငန်းနယ်ပါယ်တူသော်လည်း သေဘာသဘာဝမွာ ထိုသို့ခြားနားသေးသည်။ ဗြူရိုကရက်များအတွက် အမိန့်အာဏာတစ်ခုသည် တရားမျှတမှုမည်မျှရှိသည်ကို ဝေဖန်ဆန်းစစ်နေစရာလည်းမလိုချေ။ ၎င်းတို့အတွက် ထိုအမိန့်အာဏာအား အကောင်အထည်ဖော်ပေးလျင်ရပြီဖြစ်သည်။


သာမန်ပြည်သူလူထုသည် ဗြူရိုကရက်များထက်စာလျှင် "ဆိုင်ရာလုပ်ငန်းနယ်ပါယ်များ၏ သဘောသဘာဝများနှင့် မူဝါဒမ်ား၊ ဥေပဒမ်ား၊ အမိန့်များ၊ စည်းကမ်းများကို မသိကြပေ။ သာမန်ပြည်သူလူထုအတွက် ထိုကိစ္စရပ်များတွင် ဘဝ၏ အချိန်များကို ပေးထားသည်မဟုတ်ချေ။ ထိုသို့ ပေးမထားသည့်အတွက်လည်း ပြည်သူလူထုသည် အချုပ်အခြာအာဏာကို ဖန္တီးကာ မိမိတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အချုပ်အခြာအာဏာအား လုပ်ပိုင်ခွင့်အား ပေးအပ်ထားခြင်းဖြစ်သည်။ ဗြူရိုကရေစီသည် ပြည်သူလူထုအားအလုပ်အကျွေးပြုရန်အတွက် အချုပ်အခြာအာဏာမှ စေခိုင်းနေသော ယန္တယားသာဖြစ်သည်။ ဗြူရိုကရက်များမှာ ထိုယန္တယားထဲမှ အလုပ်သမားများသာဖြစ်သည်။


ဗြူရိုကရက်များအတွက် သက်ဆိုင်ရာလုပ်ငန်းနယ်ပါယ်၏ သေဘာသဘာဝအား သာမန်လူထုထက်ပို၍သိသည်။ ထိုလုပ်ငန်းနယ်ပါယ်ပေါ်တွင် သာမန်လူထုထက်လည်း ဘဝ၏ အချိန်များကိုပေးထားသည်။ ထို့ကြောင့် နှိုင်းယှဉ်မှုအရ ဗြူရိုကရက်များမှ သာမန်ပြည်သူလူထုအား "မိမိတို့လောက် ဤနယ်ပါယ်တွင် ဘဝ၏ အချိန်ကို ပေးမထားသူများ"၊ "မိမိတို့လောက် မပေးဆပ်သူများ"၊ "မိမိတို့လောက် အနစ္နာမခံသူမ်ား"ဟူ၍ မိမိတို့၏ ပရိုဖက်ရှင်နယ်ကျင့်ဝတ်ကို မျက်ကွယ်ပြုနေ၍မရချေ။ ဥပမာ- ဆရာဝန်သည် ရောဂါဖြစ်သူများကို ဆေးကုရမည့်အလုပ်ကို လုပ်ရမည်ဖြစ်သည်။ အျခားသူမ်ား ဆရာဝန်ဖြစ်လိုခြင်း၊ မဖြစ်လိုခြင်းမှာ အျခားသူမ်ား၏ ဆန္ဒနှင့် အခွင့်အရေးဖြစ်သည်။ ရောဂါဖြစ်သူများကို ဆရာဝန္က "မိမိလောက် ဆေးပညာနယ်ပယ်တွင် ဘဝနှင့် အချိန်ကို ပေးဆပ်မထားသူများ"၊ "သို့ဖြစ်၍ ဆေးပညာအကြောင်းနားလည်ရန် မိမိဆေးခန်းတွင် သူနာပြုလာလုပ်ကြရန် အားလုံးတွင် တာဝန်ရှိသည်" ဟူ၍ သွားပြောနေ၍မရချေ။ 


ဗြူရိုကရေစီသည် အချုပ်အခြာအာဏာမဟုတ်ပေ။ ဗြူရိုကရေစီသည် အချုပ်အခြာအာဏာ၏ ပိုင်ရှင်လည်းမဟုတ်ပေ။ "လူ့ဘောင်တစ်ခုလုံးအား ဗြူရိုကရေစီ အောက်ထဲသို့ သွပ်သွင်း၍လည်းမရပေ"။ ဗြူရိုကရေစီသည် အချုပ်အခြာအာဏာ၏ အခိုင်းခံယန္တယားသာဖြစ်သည်။


ဗြူရိုကရက်များအတွက် အမိန့်အာဏာတစ်ခုသည် တရားမျှတမှုမည်မျှရှိသည်ကို ဝေဖန်ဆန်းစစ်နေစရာလည်းမလိုချေ။ ၎င်းတို့အတွက် ထိုအမိန့်အာဏာအား အကောင်အထည်ဖော်ပေးလျင်ရပြီဖြစ်သည်။ သို့သော် ပြည်သူလူထုတွင်တော့ အမိန့်အာဏာတစ်ခုမှာ မိမိတို့အတွက် တရားမျှတမှုမည်မျှရှိသည်ကို ဝေဖန်ဆန်းစစ်ရမည့် မူလအာဏာနှင့် မူလတာဝန်သည်ရှိသည်။ ဗြူရိုကရက်များအတွက် "လူ့အခွင့်အရေးနှင့် ဒီမိုကေရစီ"သည် မလိုအပ်သောအရာ၊ နားခါးစရာအဖြစ် ရှိကောင်းရှိနေမည်။ သို့ရာတွင် "ပြည်သူလူထုအတွက်တော့ "ဒီမိုကရေစီနှင့် လူ့အခွင့်အရေး"သည် အမြဲတန်းချိုမြိန်နေမည်ဖြစ်သည်။ 


ဗြူရိုကရေက် သို့မဟုတ် ဌာနဆိုင်ရာဝန်ထမ်းများ၏ သေဘာသဘာဝအရ ၎င်းတို့သည် မိမိ၏ လုပ်ငန်းနယ်ပါယ်နှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိသည်။ မိမိ၏ လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းအထာကို သာမန်လူထက်ပိုသိသည်။ ဤသဘောသည် အမှန်တွင်တော့ ပြည်သူလူထုနှင့် အသေးစိတ် မဆိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဌာနဆိုင်ရာဝန်ထမ်းတစ်ယောက်၏ လုပ်ငန်းကျွမ်းကျင်မှုသည် ၎င်းဌာနဆိုင်ရာနှင့်သာ တိုက်ရိုက်သက်ဆိုင်သော ကိစ္စဖြစ်နေ၍ဖြစ်သည်။ ဗြူရိူကရက်များသည် ၎င်းတို့၏ လုပ်ငန်းနယ်ပါယ်များတွင် ဇုဏမ်ား၊ ကဝိများလည်းဖြစ်ရာ ၎င်းတို့တွင် "အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ကို အခြေခံ၍ လှည့်စားနိုင်သော စွမ်းရည်" များလည်းရှိကြသည်။ 


ကြိုးနီ (Red Tape)


ဗြူရိုကရက်တစ်ယောက်သည် ၎၏ အကျိုးစီးပွားအတွက် သူ၏ "အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှု" တို့ကို အသုံးချရန်အတွက် ပထမဦးစြာ ပြည်သူလူထုအနေဖြင့် "ဆိုင်ရာလုပ်ငန်းနယ်ပါယ်များ၏ သဘောသဘာဝများနှင့် မူဝါဒမ်ား၊၊ ဥေပဒမ်ား၊ အမိန့်များ၊ စည်းကမ်းများ" ကို မသိစေရန်လိုအပ်သည်။ ပွင့်လင်းမြင်သာမှုကို ဖျောက်ဖျက်ရန်လိုအပ်သည်။ ပွင့်လင်းမြင်သာမှုအားနည်းသွားသောအခါ " ၎င်းတို့၏ အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ကို အခြေခံ၍ လှည့်စားနိုင်သော စွမ်းရည်" မ်ားကို အသုံးချကြတော့သည်။ မူဝါဒတစ္ခု၊ အမိန့်တစ်ခု၊ ဥပဒေတစ်ခုသည် ကောင်းသောရည်ရွယ်ချက် ဖြင့် ထုတ်ပြန်လိုက်သည်မှာ မှန်သော်လည်း "ဌာန၏ ယန္တယား၊ ဝန်ထမ်းယန္တယားအား မည်သို့ရှင်သန်လည်ပတ်ရမည်" ဆိုသော အပိုင်းတွင် ဗြူရိုကရက်များ၏ ဇုဏဉာဏ်၊ ကဝိဉာဏ်များသည် ကွန့်မြူးကြတော့သည်။ ဤသို့ဖြင့် " ကြိုးနီ (Red Tape)"  မ်ားကို ထုတ်သုံးကြတော့သည်။ ပြည်သူလူထုတစ်ယောက် ကိစ္စတစ်ခုဖြင့် ဌာနတစ်ခုသို့သွား၍ ချက်ချင်းလက်ငင်းအဆင်ပြေသွားသည်ဆိုပါက ကုသိုလ်ကံကောင်းပါသည်။ အနည်းဆုံးတော့ ဘာအချက်အလက်၊ ညာအချက်အလက်လိုအပ်သည်၊ ဘယ်လိုခက်ခဲသည် ဟုသည့်အချက်ကို တော့ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ အချို့သော လုပ်ငန်းသဘောသဘာဝအရ "ကြိုးနီ (Red Tape)" များလိုအပ်ပါသည်။ သို့ရာတွင် ကြိုးနီ (Red Tape) သည် ပြည်သူလူထုအား ရစ်နိုင်သမျှရစ်ပြီး တိတ်တိတ်နေရန် ပညာပြခံနေရသော "ရစ်တိတ်" များဖြစ်လာကြခြင်းပင်။


Good Rules Gone Bad & Bad Rules Born


ဤသို့ဖြင့် ဗြူရိုကရက် ဇုဏ/ကဝိ မ်ား၏ လက်ထဲတွင်  ကောင်းသောစည်းမျဉ်းတစ်ခုသည် ဆိုးဝါးသွားမှု (Good Rules Gone Bad) အဖြစ်ရှိသွားတော့သည်။ ထိုအချက်များကို ထိန်းကျောင်းမှုမပြုနိုင်ပါက (Bad Rules Born) ဆိုးဝါးသော စည်းမျဉ်းစည်းကမ်းများ ဖြစ်ပေါ်လာတော့သည်။ 


ဗြူရိုကရေစီသည် အချုပ်အခြာအာဏာမဟုတ်ပေ။ အချုပ်အခြာအာဏာ၏ အခိုင်းခံသာဖြစ်သည်။ အချုပ်အခြာအာဏာတည်ဆောက်မှုသည် ဖွဲ့စည်းပုံအခြေခံဥအဒေ လူမှုပဋိညာဉ်ပြဌာန်းရသည့် ကိစ္စရပ်ဖြစ်သည်။ ဗြူရိုကရေစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်ကို ကျော်လွန်နေ၍မရပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်မဖြစ်ပြီး ဗြူရိုကရေစီသည် အကိုင်းအခက်များထဲမှ အကိုင်းခွဲများသာဖြစ်သည်။


မြန်မာလူ့ဘောင်အဖို့ ဗြူရိုကရက် ဇုဏ/ကဝိမ်ား၏ "ရစ်တိတ်"ဒဏ္ကို ကျောကော့အောင်ကို ခံဖူးပြီဖြစ်သည်။ မြန်မာလူ့ဘောင်အတွက် ဗြူရိုကရေစီသည် ဝန်ဆောင်မှုပေးသောယန္တယားမဟုတ်၊ ဖိနှိပ်သည့် ယန္တယားသာဖြစ်နေခ့ဲသည်။ ဗြူရိုကရက်များအဖို့ ပြည်သူလူထု၏ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်တို့က နားခါးစရာပင်။ ပြည်သူလူထုသည် လုပ်ငန်းဆိုင်ရာနယ်ပါယ်များတွင် စည်းကမ်းကိုမသိသူ၊ လုပ်ငန်းအထာကို မသိသူ  နတ်လပိန်းတုံးများဟု ဗြူရိုကရက်များကမြင်၏။ ၎င်းတို့၏ ဇုဏဉာဏ်၊ ကဝိကေဝဉာဏ္မ်ားက "အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ကို အခြေခံ၍ လှည့်စားနိုင်သော စွမ်းရည်" လည်းရှိကြသည်ပင်။


ရခိုင်လူ့ဘောင်သည်လည်း မြန်မာ့လူ့ဘောင်နှင့် ဆက်စပ်နေခ့ဲ၍ ဗြူရိုကရက်များ၏ "ရစ်တိတ်" မ်ားဒဏ္ကို ကျောကော့အောင်ခံဖူးသော အစဉ်အလာရှိပါသည်။  ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်တို့အားကောင်းသော အုပ်ချုပ်ရေးစနစ်မျိုးကို ရခိုင်လူ့ဘောင်သည် အားကောင်းမောင်းသန် ဖြတ်သန်းခ့ဲရသည်တော့မဟုတ်ပေ။ ရခိုင်လူ့ဘောင်အနေဖြင့်  ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်တို့အား တောင်းဆိုနေရသည့် လမ်းကြောင်းပေါ်တွင်သာ ဖြတ်သန်းနေခ့ဲရပါသည်။ State Building က့ဲသို့ ကိစ္စရပ်မျိုးတွင် ကျင့်ဝတ်နှင့် တရားမျှတမှုကို အခြေတည်သော ဗြူရိုကရက်များကို လိုအပ်နေပါသည်။ ဤတွင် ဆိုင်ရာဆိုင်ရာလုပ်ငန်းနယ်ပါယ်များကို တာဝန်ယူလာရသော လူများ၌လည်း တဖြေးဖြေးနှင့် ဗြူရိုကရက်အမြင်များလွမ်းမိုးလာသည်ကိုလည်း တွေ့လာရသည်။ အရင်းအမြစ်များနည်းပါးသည့်ကြားမှ လတ္တေလာ လုပ်ငန်းပြီးမြောက်မှု၊ လုပ်ငန်းအကောင်အထည်ဖော်မှုကိုသာ ဦးတည်လာသောအခါ ထိုသူများကိုယ်တိုင် "ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား" မျက်ကွယ်ပြုလာကြသည်ကို တွေ့နေရသည်။ ရခိုင်လူထုဘက်မှ ကြည့်လျင်လည်း ဌာနဆိုင်ရာများထံမှ ဝန်ဆောင်မှုများကို အပြည့်အဝမရသေးချေ။ ထိုသို့အပြည့်အဝ မရနိုင်သေးသော အခြေအနေတွင် မိမိတို့၏  "ဒီမိုကရေစီနှင့် လူ့အခွင့်အရေး"ကိုပါ အမိုက်ပုံးထဲ လွင့်ပစ်ခံထားရသလို ထပ်ဖြစ်လာတော့သည်။ 


ရခိုင်လူဘောင့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်ဆိုင်ရာ ကတိကဝတ်များသည် ဘယ်အချိန်တွင်မှ ရှိလာမည်ကိုမသိနိုင်ပေ။ ဖွဲ့စည်းပုံ အခြေခံ လူမှုပဋိညာဉ် ကတိကဝတ်များ ပျောက်ဆုံးနေသည့် ကာလ (ပင်မပျောက်၍ အကိုင်းအခက်ကို စည်ပင်အောင်ပြုလုပ်နေသော ကာလ) တွင်  "ဒီမိုကေရစီ၊ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်" တို့အား မျက်ကွယ်ပြုထားသည့် အုပ်ချုပ်ရေးအဖွဲ့၊ တရားရုံး စသည့် ဗြူရိုကရက်ယန္တယားများကို တည်ဆောက်နေသည့်အချက်က ရခိုင်လူ့ဘောင်အပေါ် မည်မျှဟန်ချက်မျှစေမည်ကိုတော့ မသိနိုင်ပါ။ လက်ရှိ ရခိုင်လူ့ဘောင်တွင် "ဒီမိုကေရစီ၊ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်"ဟု ပြောပါက စစ်ရေးအခြေအနေကိုသာ လက်ညိုးထိုး၍ ပယ်ချနေကြသည်ကများပါသည်။ ခက်သည်က ရခိုင်လူ့ဘောင်သည် စစ်ရေးအခြေအနေတစ်ခုတည်းကို ဦးတည်နေခြင်းမဟုတ်ဘဲ state building ကိုပါတခါတည်းလျောက်လှမ်းနေသည်ဟုလည်း ဟစ်ကြွေးထားပါသည်။ ထိုသို့ဆိုလျှင် စစ်ရေးနှင့်မသက်ဆိုင်သော နယ်ပါယ်များတွင် "ဒီမိုကေရစီ၊ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်" တို့အား ဖော်ဆောင်၍ရနိုင်သလောက် ဖော်ဆောင်ရန် ဆိုသည်မှာလည်း သိပ္မေရရာလွေပ။ အရင်းအမြစ်နည်းပါးမှု၊ စတင်အခြေတည်ရမှု၊ လုပ်ငန်းဆိုင်ရာအသိအမြင်များလိုအပ်မှုတို့ကြားတွင် ဘဝ၏ အချိန်များကို ပေးနေရသူများအနေဖြင့်လည်း တဖြေးဖြေးနှင့် အသိအမြင်ရှိလာကာ အာဏာပါဝါ၏ အရသာကိုလည်း မြည်းစမ်းခွင့်ရလာပြီဖြစ်သည်။ ဘဝ၏ အချိန်များကို ပေးထားသည့်အတွက် သာမန်ပြည်သူလူထုအား "မိမိတို့လောက် ဤနယ်ပါယ်တွင် ဘဝ၏ အချိန်ကို ပေးမထားသူများ"၊ "မိမိတို့လောက် မပေးဆပ်သူများ"၊ "မိမိတို့လောက် အနစ်နာမခံသူမ်ား"ဟူ၍ မိမိတို့၏ ပရိုဖက်ရှင်နယ်ကျင့်ဝတ်ကို မျက်ကွယ်ပြုကာ နှိုင်းယှဉ်နေ၍လည်း မရကောင်းချေ။ ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည်ကိုလည်း မမေ့ကြရန်လိုသည်။ မိမိတို့သည် ပြည်သူလူထု၏ အချုပ်အခြာအာဏာအား ပြည်သူကိုပြန်ပေးရန်အတွက် ကိုယ်စွမ်းရှိသလောက် ဆောင်ရွက်နေသူများဖြစ်သည်ဆိုသော "ပရိုဖက်ရှင်နယ်ကျင့်ဝတ်" ကိုလည်း မမေ့ရန်လိုသေးသည်။ ပြည်သူလူထုသည် ဗြူရိုကရေစီ၏ အနှိုင်းခံများမဟုတ်ပေ။ ဗြူရိုကရေစီရပ်ဝန်း၏ ပြဌာန်းခံများလည်းမဟုတ်ပေ။ 


ကျင့်ဝတ်နှင့် တရားမျှတမှုကို မျက်ကွယ်ပြုသည့် ဗြူရိုကရက် ဇုဏ/ကဝိ ဘက္ကို တဖြေးဖြေးဆန်လာမှုကြောင့် Good Rules Gone Bad သို့မဟုတ် Bad Rules Born မ်ား၏ ဒဏ်မှ သက်သာစေရန်အတွက် "ဒီမိုကေရစီ၊ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်၊ သိပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်" တို့သည်လိုအပ်ပါသည်။ ထိုအချက်များရှိပါက "ကျင့်ဝတ်နှင့် တရားမျှတမှု"ကို ကိုင်စွဲသော သူများအတွက် ပြောရေးဆိုခွင့်ရှိလာမည်ဖြစ်သည်။ မိမိတို့လူ့ဘောင်အဖွဲ့အစည်းအတွင်း Good Rules Gone Bad သို့မဟုတ် Bad Rules Born များရှိနေခြင်းသည် "ကျင့်ဝတ်နှင့် တရားမျှတမှု"ကို ကိုင်စွဲသော သူမ်ားအား ပါးစပ်ပိတ်နေရန် သံလှောင်ချိုင် (Iron Cage) အခင်းအကျင်းမျိုးများရှိနေခြင်းကြောင့် ဖြစ်သည်ကိုလည်း သတိပြုရန်လိုပါသည်။



















Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)