ယခုနှစ်အတွင်း တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာသန်းလေးထောင်ကျော် ဘင်္ဂလားဒေရ့ှ်ယူရန် မသေချာနိုင်သေး
ယခုနှစ်အတွင်း တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာသန်းလေးထောင်ကျော် ဘင်္ဂလားဒေရ့ှ်ယူရန် မသေချာနိုင်သေး ဆောင်းပါးရှင် - Saiffudin Saif တရုတ်နိုင်ငံမှ ဘင်္ဂလားဒေရ့ှ်အား ကမ်းလှမ်းထားသော ချေးငွေ အမေရိကန်ဒေါ်လာ 4.06 ဘီလီယံ အပေါ် ကာလသတ်မှတ်ချက်၊ ငွေကြေးရွေးချယ်မှုနှင့် အတိုးနှုန်းများအပေါ် နှစ်ဦးနှစ်ဘက်ကြား သဘောတူညီချက်မရနိုင်ဘဲ ကြန့်ကြာမှုများရှိနေကြောင်း ဘင်္ဂလားဒေရှ် စီးပွားရေးဆက်ဆံမှုဌာန (Economic Relations Division- ERD) တာဝန်ရှိသူများက ဆိုသည်။ တရုတ်၏ ကြွေးမြီပုံသေသတ်မှတ်ချက်အား ပြောင်းလဲရန်ကြိုးစားမှု ကုန်ခ့ဲသည့်(2) နှစ်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ ကြွေးမြီပုံသေအတိုးနှုန်းသတ်မှတ်ချက်အား ဒေါ်လာကိုအခြေခံကာ ပုံသေသတ်မှတ်မှုပုံစံမှ အခြားပုံစံသတ်မှတ်မှုပုံစံသို့ပြောင်းလဲရန် ပြောဆိုခ့ဲရာ ဘင်္ဂလားဒေရ့ှ်နှင့် ကြွေးမြီကိစ္စရပ်အပေါ် ဆွေးနွေးချက်မှာ ရှေ့ဆက်မတိုးနိုင်ဖြစ်နေခ့ဲသည်။ တရုတ်ဘက်မှ " ကြွေးမြီ အတိုးနှုန်းအား အမေရိကန်ဒေါ်လာကို အခြေခံကာ ပုံသေနှုန်းထားသတ်မှတ်ထားရာ" မွ " (1). ဒေါ်လာ၏ ဈေးကွက်ပေါက်ဈေးကို အခြေခံကာ ပုံသေနှုန်းထားသတ်မှတ်ရန်"၊ (2)." ထိုသို့မဟုတ်ပါက ဘင်္ဂလားဒေရ့ှ်အနေ...