နှစ်ဘက်သွားဓားဖြင့် ဖြတ်တောက်ခံရခြင်
နှစ်ဘက်သွားဓားဖြင့် ဖြတ်တောက်ခံရခြင်း
ရခိုင်ဒေသသည် အချက်အလက်သိပိုင်ခွင့် (Right to Know) ဆုံးရံှုးနေသည်မှာ ကာလတစ်ခုရှိခ့ဲပြီဖြစ်သည်။ ထိုပြင် ရခိုင်ဒေသ၏ အပြင်ဘက်သို့ သွားလာခွင့် (Right to Leave) ကိုလည်း ထပ်မံဆုံးရံှုးခံထားရသည်။အချက်အလက်သိပိုင်ခွင့်အား ဆုံးရံှုးခြင်းနှင့် ရခိုင်ဒေသ၏ အပြင်ဘက်သို့ သွားလာခွင့်အား ဆုံးရံှုးခြင်းတို့နှင့် ပတ်သက်၍ ရခိုင်ဒေသ၏ လူမှုစီးပွားအပေါ် ထိခိုက်မှုမှာ မေးခွန်းထုတ်စရာမလိုအောင်ကို ရှိပါသည်။ ရခိုင်ဒေသ၏ အင်တာနက်ပြတ်တောက်မှု၊ တယ်လီဖုန်းဆက်သွယ်ရေးပြတ်တောက်မှု၊ ရခိုင်ပြည်၏ ပြင်ပသို့ ထွက်ခွာခွင့်အား ပိတ်ဆို့ဖြတ်တောက်ခံရမှု တို့သည် "စစ်ရေး" အခြေအနေကြောင့် ဖြစ်လာသော အခင်းအကျင်းများ ဖြစ်သည်။
ရခိုင်ဒေသ၏ အင်တာနက်ပြတ်တောက်မှု၊ တယ်လီဖုန်းဆက်သွယ်ရေးပြတ်တောက်မှုများကို ကြည့်ပါက (2019-20 )ခုနှစ်ကာလများတွင် မြန်မာစစ်တပ်ဘက်က ဖြတ်တောက်ခ့ဲသော်လည်း 2024 ခုနှစ် နောက်ပိုင်းကာလများတွင် ဖြတ်တောက်သူမှာ ULA/AA ကိုယ်တိုင်ပင်ဖြစ်သည်။ ဤအခြေအနေက ရခိုင်ဒေသ၏ အင်တာနက်ဖြတ်တောက်မှုအား စစ်ရေးအတွက် အသုံးချမှုမှာ အုပ်စုနှစ်ခုစလုံးတွင်ရှိနေသည်ကို ပြနေသည်။
အင်တာနက်တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုနှင့် စစ်ရေး
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုကြောင့် စစ်ရေးတွင်အနိုင်ရနိုင်ပါ၏လော။ အနိုင်ရနိုင်သောရာခိုင်နှုန်းမည်မျှရှိပါသနည်း။
စစ်ပွဲဆင်နွဲနေသူများ (Warring Parties) များသည် ဆန့်ကျင်ဘက်အုပ်စုများ၏
-တည်ရှိမှုကို ထိုးနှက်ရန်
-စုရုံးမှုကို ထိုးနှက်ရန်
-လှုပ်ရှားမှုကို ထိုးနှက်ရန်
-အမိန့်စီးဆင်းမှု ထိုးနှက်ရန်
-ဝါဒဖြန့်မှုကို ထိုးနှက်ရန်
-သတင်းအချက်အလက်များမှားယွင်းစေရန်
-သတင်းအချက်အလက်စီးဆင်းမှု နောက်ကျစေရန်
စသည့်အချက်များကိုရည်ရွယ်၍ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းကို ဖြတ်တောက်ကြသည်။ ထိုပြင် စစ်ပွဲဆင်နွဲနေသူများ (Warring Parties) များသည် ကိုယ်တိုင်ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးဖိဖျောက်ဖျက်လို၍လည်းကောင်း၊ နိုင်ငံတကာမှ အာရုံစိုက်မှုမရှိစေရန်အတွက်လည်းကောင်း အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းကို ဖြတ်တောက်ကြသည်။ ဤအချက်များသည် တနိုင်ငံနှင့် တနိုင်ငံ (သို့မဟုတ်) အုပ်ချုပ်ရေးစနစ် နှင့် အခြေခံအဆောက်အအုံစံနှုန်းသီးခြားရှိသော နယ်မြေတစ်ခုနှင့် တစ္ခု ကြား စစ်ပွဲများတွင် တွေ့ရသော ယေဘူယျ အချက်အချို့ဖြစ်သည်။
ရခိုင်ဒေသ (သို့မဟုတ်) မြန်မာနိုင်ငံ၏ နေရာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် "အုပ်ချုပ်ရေးစနစ် နှင့် အခြေခံအဆောက်အအုံသီးခြားစံနှုန်းရှိသော နယ်မြေတစ်ခုနှင့် တစ်ခုကြား စစ္ပြဲမ်ား" မဟုတ်ပေ။ အခြေခံအဆောက်အအုံစံနှုန်းတစ်မျိုးတည်းရှိသောနယ်မြေတစ်ခုတွင် "ရှိနေသော အုပ်ချုပ်ရေးစနစ်ကို အစားထိုးရန်" အတွက် ဖြစ်ပွားနေသောစစ်ပွဲများသာဖြစ်သည်။ အခြေခံအဆောက်အအုံစံနှုန်းတစ်မျိုးတည်းဆိုရာတွင် ပညာရေး၊ ကျမ်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေး စသည့် စနစ်များတမျိုးတည်း လည်ပတ်နေသော အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။ သို့ဖြစ်၍ ပြည်သူလူထုမှီခိုနေရသော "အာဏာအမာစက်ဝန်း" မဟုတ်သော၊ စစ်ဘက်ပစ်မှတ်မဟုတ်သော အခြေခံ အဆောက်အအုံများ ထိခိုက်ပါက ထိုထိခိုက်မှုအား လက်ငင်းခံံရသူမှာ "ပြည်သူလူထု" သာဖြစ်သည်။ ထိုသို့ ပြည်သူလူထု၏ ထိခိုက်မှုအား ယာယီကုစားပေးရန် အစီအမံမ်ား မပါပါက ထိုလုပ်ရပ်မှာ "အပစ်မ့ဲပြည်သူများအတွက် ထည့်သွင်းစဉ်းစားချက်" မပါသော မျက်နှာလွဲခဲပစ် လုပ်ရပ်သာဖြစ်သည်။ ရခိုင်ဒေသ (သို့မဟုတ်) မြန်မာနိုင်ငံ၏ နေရာများတွင် ဖြစ်ပွားနေသော တိုက္ပြဲမ်ားမွာ "အုပ်ချုပ်ရေးစနစ် နှင့် အခြေခံအဆောက်အအုံသီးခြားစံနှုန်းရှိသော နယ်မြေတစ်ခုနှင့် တစ်ခုကြား စစ္ပြဲမ်ား" မဟုတ်သဖြင့် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း အပါအဝင် လူထုမှီခိုအားထားနေရသော အခြေခံအဆောက်အအုံများကို တိုက္ခိုက္သူ (Warring Parites) များအတွက် "နှစ်ဖက်သွားဓား" ကိုကိုင်ထားရသူနှင့် တူသည်။ မိမိ၏ ရန်သူလည်း ထိခိုက္သလို ကိုယ့်ကိုကိုယ်လည်း ပြန်ထိခိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထု၏ ထိခိုက်မှုအား ယာယီအစားထိုးကုသရန် အကောင်အထည်ဖော်နိုင်မှုလည်းမရှိလျှင် "ပြည်သူလူထု၏ ငြိုငြင်မှု" ကိုခံလာရတော့သည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် တိုက်ပါသည်ဟု ခံယူကြလျှင် အဆိုပါ စစ်ပွဲဆင်နွဲသူ (Warring Parties)များသည် မည်သို့ပင် အကြောင်းပြချက်ပေးနေစေကာမူ "ပြည်သူလူထု၏ ဝန်ထုတ်ဝန်ပိုး" အား ထမ်းပိုးရမည့် တာဝန်ရှိနေသည်။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းပြတ်တောက်မှုက ပြည်သူလူထုအတွက်
- အရေးပေါ်ကျမ်းမာရေးကိစ္စများအတွက် အဆက်အသွယ်များ ခက်ခဲစေခြင်း
- အရေးပေါ် အကူအညီလိုအပ်မှုများအတွက် အဆက်အသွယ်များ ခက်ခဲစေခြင်း
- ဒီဂျစ်တယ်ငွေကြေးစီးဆင်းမှုကို ခက်ခဲစေခြင်း
- လူသားချင်းစာနာမှုအကူအညီများအတွက် အဆက်အသွယ်များ ခက်ခဲစေခြင်း
- လူမှုစီးပွားဘဝများအတွက် ခက်ခဲစေခြင်း
- မိသားစုများနှင့် အဆက်အသွယ်များ ခက်ခဲစေခြင်း
- ပညာရေး၊ ဖွံ့ဖြိုးမှု၊ဝင်ငွေ၊ အခွင့်အလမ်းများ ပြတ်တောက်သွားခြင်း
- အသက်ရှင်သန် ရပ်တည်မှု ခက်ခဲစေခြင်း
စသည့် ဝန်ထုတ်ဝန်ပိုးများကို ဖြစ်လာစေသည်။ ထိုဝန်ထုတ်ဝန်ပိုးများပိနေခြင်း အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုဘက်မှ "အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်သူ"ကို မကျေနပ်ဖြစ်လာမည်ဖြစ်သည်။ ပြည်သူလူထု၏ မကျေနပ်မှုဟူသည် အမိန့်အာဏာ၊ လက်နက်ကိုသုံးကာ အကြောက်တရားဖြင့် သတ်၍ သေသည့်အရာမဟုတ်။ ဖွဲ့မီးသက့ဲ တမြေ့မြေ့တငွေ့ငွေ့ဖြင့် ထုတည်ကြီးလာတတ်သော အရာဖြစ်သည်။ ထိုသို့ ထုတည်ကြီးလာသောအခါ အခက်တွေ့တော့သည်။ ဤသည်ကား "နှစ်ဖက်သွားဓားဖြင့် ကိုယ့်ကိုပြန်ထိခြင်း" လည်းဖြစ်သည်။ နောက်တချက်က မိမိ၏ ရန်ဘက်မှ ပြည်သူလူထုအား အင်တာနက်မက်လုံးဖြင့် ပြန်လည်စည်းရုံးခွင့်ရရှိနေခြင်းပင်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်ခြင်းကြောင့် စစ်ရေးတွင် လုံးဝအနိုင်ရနိုင်ပါသလား ဆိုလျှင်တော့ အဖြေမှာ "အနိုင်ရမည်ဟု တပ်အပ်မပြောနိုင်" ဟုသာဖြေရမည်ဖြစ်သည်။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုကြောင့် စစ်ရေးကာလအတွင်း "ပြည်သူလူထု ဘေးအန္တရာယ်ကင်းပါသလား" ဆိုလျှင်လည်း အဖြေမှာ "ကင်းသည်ဟု တပ်အပ်မပြောနိုင်" ဟုသာ ဖြေရမည်ဖြစ်သည်။ တပ်အပ်ပြောနိုင်သည်က အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုမှာ "နှစ်ဖက်သွားဓား" နှင့်တူသည်ဟူ၍သာ။ ပြည်သူလူထုကိုတော့ ထိခိုက်သည်ဟူ၍သာ။
အထက်ပါကောက်ချက်နှစ်ခုနှင့် ပတ်သက်၍ သက်သေပြနိုင်သည့် မြေပြင်ပကတိအရှိတရားများက ရခိုင်မြေတွင် သိပ်မရှားပေ။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်ခြင်းကြောင့် စစ်ရေးတွင် အနိုင်ရရန် သေချာမှုမရှိကြောင်းကို "NLD အစိုးရလက္ထက္ကာလ မြန်မာစစ်တပ်နှင့် အေအေ တို့၏တိုက်ပွဲကာလတလျောက် ရခိုင်ဒေသ အင်တာနက်ဖြတ်တောက်ခြင်းက သက်သေပင်ဖြစ်သည်။ ထိုကာလက ဖြတ်တောက်သူ မြန်မာစစ်တပ်မှာ အထိနာခ့ဲသည်။ ထိုကာလတွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ပြည်သူလူထုထိခိုက်နိုင်မှုကို စိုးရိမ်ကြောင်း ULA/AA ဘက္က ကြေငြာချက်ထုတ်ပြန်ခ့ဲသည်။ (24-6-2019)ရက်နေ့ ULA/AA ကြေငြာချက်၊ 14/2019၊ စာမျက်နှာ (1)၊ အပိုဒ် (1)၊ (2) တို့တွင် "......တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ၌ ဆက်သွယ်ရေးဆိုင်ရာ (Data)၊ အင်တာနက်များကို 2019ခုနှစ်၊ဇွန် (21) ရက်နေ့မှ ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဖြတ်တောက်ထားကြောင်း၊...................တိုက်ပွဲဧရိယာအတွင်းရှိ ပြည်သူလူထု၏ အသက်အန္တရယ်အတွက် စိုးရိမ်ပူပန်ကြောင်း၊ မြန်ဆန်စွာစီးဆင်းနေသော သတင်းမီဒီယာခေတ်တွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသော ပကတိဖြစ်ရမှန်များကို သတင်းအမှောင်ချရရန်နှင့် ၎င်းတို့ကျူးလွန်မည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု မိမိတို့မှယုံကြည်ကြောင်း" စသဖြင့် ဖော်ပြထားခ့ဲသည်။ ထိုပြင် (11) ကြိမ်မြောက်၊ (10-4-2020) တပ်တော်မွေးနေ့ တပ်မှုးချုပ်မိန့်ခွန်း စာမျက်နှာ (4) အပိုဒ် (4)၊ စာမျက်နှာ (5) တွင်လည်း "အမွန္တရားမ်ားကို ဖျောက်ဖျက်ရန်၊ စစ်ရာဇဝတ်မှုများကို ကမ်ဘာကြီးက မကြား၊ မမြင်နိုင်ရန် အင်တာနက်ကို ဖြတ်တောက်၊ သတင်းမီဒီယာများကို ပိတ်ဆို့အမှောင်ချကာ ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများ၊ စစ်ရာဇဝတ်မှုများအား မြန်မာစစ်တပ်နှင့်အတူ ဒီမိုကေရစီ အမည်ခံ အစိုးရကပါ ပါဝင်နေကြောင်း၊ မြန်မာစစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကေလးသူငယ်များ၊ အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ သက်ကြီးရွယ်အိုများ သေဆုံးရသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ ထိုဖြစ်စဉ်များကို သေချာတိကျစွာ မှတ်တမ်းယူကာ နိုင်ငံတကာဥပဒေဖြင့် အရေးယူနိုင်ရန် တဖက္က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း" စသဖြင့် ဖော်ပြထားသည်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုကြောင့် ပြည်သူလူထုသည် ဘေးကင်းမှုမည်မျှရှိပါသနည်း။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုကြောင့် ပြည်သူလူထုသည် ဘေးကင်းမှုမရှိ၊ လုံခြုံမှုမရှိသည်ကို အကောင်းဆုံးသက်သေပြချက်မှာ ULA/AA ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ညိ့ှနှိုင်းရေး (HDCO) ရုံးမှ (24-4-2025)ရက်နေ့ သတင်းထုတ်ပြန်ချက်ပင်ဖြစ်သည်။ ထိုကြေငြာချက်တွင် ငလျင်နောက်ပိုင်း စကစ၏ ရခိုင်ဒေသအပေါ် လေကြောင်းမှ တိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုပေါင်း (409)ကြိမ် ခန့်ရှိသည်ကို ဖော်ပြထားသည်။ ထိုကြေငြာချက် မထွက်ပေါ်ခင်ကပင် ရခိုင်ဒေသ၏ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ULA/AA ကိုယ်တိုင်ဖြတ်တောက်ထားပြီးပြီလည်းဖြစ်သည်။ ရခိုင်လူထုအား အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ဖြတ်တောက်ထားပြီးနောက်ပိုင်းတွင် စကစ၏ လေကြောင်းအန္တရာယ်ကို ရင်ဆိုင်နေရမှုသည် ဆက်ရှိနေသည်။
HDCO ၏ (24-4-2025) ရက်နေ့ သတင်းထုတ်ပြန်ချက်ပုံ (No-1)
ULA/AA ကိုယ်တိုင် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ဖြတ်တောက်မှုနှင့်ပတ်သက်၍ ဒွိဟဖြစ်စရာများတော့ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ULA/AA သည် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ပြတ်တောက်ခြင်းမရှိသေးချိန် 1027 စစ်ဆင်ရေး ပထမပိုင်းကာလ၊ ရခိုင်စစ်ရေးစတင်သော (13-11-2023)ရက်နေ့ နောက်ပိုင်း ရခိုင်မြောက်ပိုင်း မြို့နယ်များကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခ့ဲသည်။ ရခိုင်တောင်ပိုင်းဒေသ သံတွဲအားတိုက်ခိုက်သည့် (13-4-2024)ရက်နေ့ အချိန်တွင်လည်း အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းပြတ်တောက်ခြင်း မရှိခ့ဲသေးချေ။ ထိုအချက်များက စကစ၏ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်ခံရခြင်း၊ မခံရခြင်းတို့မှာ ULA/AA ၏ စစ်ရေးတွင် သက်ရောက်မှုရှိပုံမရကြောင်းကို ဖော်ပြနေသည်။ ULA/AA ဘက်မှ ရခိုင်ဒေသအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုမှာ (16-11-2024) ရက်နေ့မှ စတင်သည်။ ထိုက့ဲသို့ ဖြတ်တောက်ခ့ဲသော (16-11-2024) ရက်အချိန်ကာလတွင် ULA/AA ဘက်မှ ရခိုင်စစ်မျက်နှာစာ၌ အသာစီးရနေချိန်ဖြစ်သည်။ ဆိုလိုချင်သည်က (13-11-2023) ရက်မှ (16-11-2024) ရက်အထိ အချိန်ကာလများတွင် ရခိုင်ဒေသ၌ အင်တာနက်နှင့် ဆက်သွယ်ရေးများ ပြတ်တောက်ခ့ဲခြင်းမရှိခ့ဲပေ။ ထိုအချိန်ကာလအတွင်းတွင် ULA/AA ၏ စစ်ရေးသည် ရခိုင်တွင် အသာစီးရနေခ့ဲသည်။
သို့ဖြစ်၍ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုမှာ ULA/AA အဖို့ စစ်ရေးနယ်ပါယ်လိုအပ်ချက်ထက် အုပ်ချုပ်ရေး၊ တည်ဆောက်ရေးနယ်ပါယ်များမှ တိုက်တွန်း ဆော်သြော်မှုလည်း ဖြစ်တန်ရာရှိသည်။
2025 ခုနှစ် ဇြန္နဝါရီ ကျိမ်စာ သို့မဟုတ် အစုလိုက်အပြုံလိုက် အပစ်ပေးခံရပုံပမာ
စစ်ပွဲဆင်နွဲနေသူ (Warring Parties) များအနေဖြင့် မိမိတို့၏ လှုပ်ရှားမှုများအား မိမိတို့၏ ရန္သူထံ မပေါက်ကြားစေရန် အရေးကြီးသည်မှာ အခြေခံနိယာမတရားတစ်ခုပင်ဖြစ်သည်။ မိမိတို့၏ သတင်းအား ယိုစိမ့်မှုမဖြစ်စေရန် ရန်သူထံသတင်းပေးများကိုလည်း ဟန့်တားကြမည်ဖြစ်သည်။ ခက်သည်က ပြည်သူလူထုအားလုံးသူသည် ရန်သူထံသတင်းပေးများတော့ မဟုတ်ကြပေ။ ရန္သူထံ သတင်းအချက်အလက်ပေးပို့ခြင်းက့ဲသို့ စစ်မှုရေးရာကိစ္စများကို ပြည်သူလူထုတိုင်းသည် ကျွမ်းကျင်သူ အထူးအေဂျင့်များလည်း မဟုတ်ကြပေ။ 2025 ခုနှစ် နှစ်ဦးစအချိန်တွင် ရခိုင်ဒေသ၏ ULA/AA ထိန်းချုပ်ရာ (14) မြို့နယ်မှာ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ပြတ်တောက်သွားခ့ဲပြီဖြစ်သည်။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း သုံးခွင့်ရနေသောသူများမှာ ULA/AA အုပ်ချုပ်ရေးပိုင်းဘက်က ပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့် နီးစပ်သူများသာ ဖြစ်နေသည်။
ဤတွင် ဖြစ်ပျက်ခ့ဲသော အချိန်ကာလ နေ့စွဲများကို ပြန်ဆန်းစစ်ပါက ကောက်ချက်တစ်ရပ်ကို ရှင်းလင်းစွာ ချနိုင်လာပါသည်။
1- ULA/AA ဘက်မှ ရခိုင်ဒေသအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ဖြတ်တောက်မှုမှာ (16-11-2024) ရက်နေ့တွင် ဖြစ်သည်။
2- သို့ဖြစ်၍ 2024 ခုနှစ်၏ ဒီဇင်ဘာလ တစ်လျောက်လုံးသည် ရခိုင် လူထုအတွက် အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်း သုံးခွင့်မရတော့သော ကာလဖြစ်သည်။ MEC ကဒ်များရသည်ဟု ဇောဒကတက်လိုလျှင်လည်း ထိုကဒ္မ်ားမွာ လှိုင်းမိသည့်နေရာတွင်သာ မိတော့သည်။ ဘယ်နေရာတွင် ဘယ်ဖုန်းလိုင်းမိသည်၊ ဘယ်သူနှင့် ဘယ်သူဘယ်လိုဆက်သွယ်သည်၊ ဘာအကြောင်းကို ပြောကြသည် ဆိုသည်မှာလည်း ULA/AA ၏ မျက်စိရှေ့တွင် ရှိနေပြီးသားကိစ္စသာဖြစ်လာသည်။
3- 2025 ခုနှစ် နှစ်ဦးစအချိန်တွင် ရခိုင်ဒေသ၏ ULA/AA ထိန်းချုပ်ရာ (14) မြို့နယ်မှာ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ပြတ်တောက်သွားခ့ဲပြီဖြစ်သည်။
4- အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း သုံးခွင့်ရနေသောသူများမှာ ULA/AA အုပ်ချုပ်ရေးပိုင်းဘက်က ပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့် နီးစပ်သူများသာ ဖြစ်သည်။
ဤသို့ဆိုပါလျှင် သာမန်ပြည်သူလူထု အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်း သုံးခွင့်မရနိုင်သော၊ ရသောကဒ်မှာလည်း ULA/AA ၏ စောင့်ကြည့်မှုအောက်တွင်ရှိနေသော အခြေအနေအောက်တွင်
- (31-12-2024) ရက်နေ့ ပုဏ္ဏားကျွန်း၊ ယိုးတယုတ်ရွာ ရခိုင်အချုပ်အခြာအာဏာ အောက်မေ့ခြင်း အခမ်းအနားအား နေရာအချိန်အတိအကျသိ၍ စကစမွ ဗုံးလာကြဲ၍ (5) ဦးသေဆုံးရခြင်းသည်လည်းကောင်း
- (5-1-2025) ရက်နေ့ ပုဏ္ဏားကျွန်း၊ အင်ဇုံပြင်ကျေးရွာအနီး ဖုန်းလိုင်းမိသော နေရာကို ဗုံးလာကြဲ၍ (4) ဦးသေဆုံးရခြင်းသည်လည်းကောင်း
- (8-1-2025) ရက်နေ့ ရမ်းဗြဲ၊ ကျောက်နီမော်အား ဗုံးကြဲ၍ လူ (26) ဦးသေဆုံးရခြင်းသည်လည်းကောင်း
- (11-1-2025) ရက်နေ့ ကျောက်တော်မြို့အား သုံးကြိမ်တိုင်တိုင် ဗုံးကြဲခံရ၍ အရပ်သား (10) ဦးသေဆုံးရခြင်းသည်လည်းကောင်း
ထိုဖြစ်ရပ်များက အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်း ဖြတ်တောက်ခံထားရသော ပြည်သူလူထု ကြောင့် ဖြစ်ပါသလား။ ဘယ်ပြည်သူလူထုက မိမိခေါင်းပေါ်တည့်တည့်လာကျရန်၊ မိမိရပ်ရွာ ဆွေမျိုးများ သေဆုံးရန် သတင်းပေးပါမည်နည်း။ သတင်းပေးရန်အတွက်ကော သူ့တွင် အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်း ဘယ္က ရပါမည်နည်း။ အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်းရသောနေရာများသည် ULA/AA ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်မဟုတ်လော။ ထိုအခြေအနေအောက်တွင် ဒလန်သတင်းပေးရှိခ့ဲလျှင်လည်း ပေါ်လာမည်သာဖြစ်သည်။ ပြည်သူလူထုတိုင်းသည် ဒလန်များတော့မဟုတ်ပေ။ "သာလီစြပါ ဂိုးသျေှ၊ ဂါဝရပါ ဂိုးသျေှ" ဟု ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ဂရုများဖွဲ့၍ အာချောင် တတ်သော ULA အဖွဲ့ဝင်များမှာ နည်းပညာလုံခြုံရေး၌ တဖက်ကမ်းကျွမ်းကျင်သူများ မဟုတ်သည်ကိုလည်း မျက်ကွယ်မပြုသင့်ချေ။ ULA အဖွဲ့ဝင်များကိုယ်တိုင် နည်းပညာဗဟုသုတအားနည်းမှုကြောင့် သတင်းယိုစိမ့်မှုမှာလည်း ဖြစ်နိုင်သည်ပင်။ မိမိတို့ဖာသာ သတင်းယိုစိမ့်မှုအား ဘာမှမသိသော ပြည်သူလူထုအပေါ် လက်ညိုးထိုး အပစ်ပုံမချသင့်ပေ။ စတားလင့်များသည်ပင်လျှင် ရေဒီယိုလှိုင်း၊ အပူချိန်လှိုင်း၊ တည်နေရာ တို့နှင့်ပတ်သက်၍ ထောက်လှမ်းခံရနိုင်ချေလည်း ရှိတတ်သည်ပင်။
စကစ အနေဖြင့် နည်းပညာကြောင့်သော်လည်းကောင်း၊ အခြားသော စစ်ရေးဆိုင်ရာ ခန့်မှန်းချက်များကြောင့်လည်းကောင်း၊ အင်တာနက် တယ်လီကွန်မြူနီကေးရှင်း သုံးခွင့်ရနေသော ULA/AA အဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်နီးစပ်သူ အခွင့်ထူးခံများ၏ နည်းပညာ အသိအမြင်အားနည်းမှုမှ သတင်းယိုစိမ့်မှုကြောင့်လည်းကောင်း လေကြောင်းတိုက်ခိုက်မှုကို လုပ်နိုင်ပါသည်။ ထိုအချက်များကို ULA/AA ဘက်မှလျစ်လျူရှူ၍ ပြည်သူလူထုအားလုံးအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုမှာ ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် အပစ်ပေးထားခြင်းနှင့်တူပါသည်။ အပြစ်မရှိသောပြည်သူလူထု၏ အခွင့်အရေးအတွက် ယာယီအစားထိုးကုစားမည့် အစီအမံများလိုအပ်ချက်ကိုလည်း ULA/AA ဘက်မှ ထည့်သွင်းစဉ်းစားသင့်သည်။
ရခိုင်ဒေသအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုမှာ ULA/AA ၏ စစ်ပွဲကာလအတွင်းလိုအပ်ချက်ကြောင့် ဖြတ်တောက်မှုဟုဆိုလျှင် အဆိုပါဖြတ်တောက်မှုကို "စစ်မက်ရေးရာဆောင်ရွက်မှု" အဖြစ် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL) အရ သတ်မှတ်နိုင်ပါသည်။ နိုင်ငံတကာလူသားချင်းစာနာမှုဥအဒေ (IHL)အရ "စစ်မက်ရေးရာဆောင်ရွက်မှု" တွင် "အချိုးအစား ညီမျှမှု (Proportionality)" စံနှုန်းရှိသည်။ "အချိုးအစား ညီမျှမှု (Proportionality)" ဆိုသည်မှာ "အနိုင်တမတ်ဖိုးအတွက် ဆုံးရံှုးမှုငါးပိဿာ မျိုးရှိအောင် မလုပ်ရခြင်းကို" ဆိုလိုခြင်းဖြစ်သည်။ အနိုင်နှင့် ပျက်စီးဆုံးရံှုးမှုကြား အချိုးအစားညီမျှမှု ရှိရမည်ကို ဆိုလိုရင်းဖြစ်သည်။ ရခိုင်ဒေသပြည်သူများ၏ အခင်းအကျင်းကိုကြည့်ပါက " အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းကို ဖြတ်တောက်ထားချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှုက ရှိချင်လျှင်လည်း ရှိနေသည်။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုကြောင့် လုံးဝ လေကြောင်းတိုက်ခိုက်မှုက ကင်းလွတ်သွားသည်ဟု၍လည်း အာမမခံနိုင်ပေ။ အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုက အခြားသော လူမှုစီးပွားဘဝ နယ်ပါယ်များကို ထိခိုက်နေကာ ပြည်သူလူထုအတွက် အကြပ်အတည်းကို ဖြစ်စေသည်။ သို့ဖြစ်၍ ရခိုင်လူထုအတွက် အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုက လုံးဝ ဘေးကင်းလိမ့်မည်ဟု အာမခံချက်မရှိသော်လည်း လူမှုစီးပွားဘဝ အကြပ်ရိုက်မှုကို ဖြစ်စေသည်ကတော့ သေချာပါသည်။ အနိုင်ထက် အဆုံးအရံှုးက ပိုများပါသည်။ ULA/AA အနေဖြင့် ထိုအချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
ICRC ၏ စစ်ပွဲများအတွင်း ကျင့်သုံးရမည့် (IHL) စံနှုန်းထုတ်ပြန်ချက် (No-2)
အစီရင်ခံစာများမှ ဖော်ပြချက်များ
- မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် (BWU)က 2025 ခုနှစ် မေလ အတွင်း စကစ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးတွင် အမျိုးသမီး 92 ဦးသေဆုံးခ့ဲကြောင်း၊ ရခိုင်ပြည်ထဲမှ (16) ဦးပါဝင်ကြောင်း (6-6-2025) ရက်နေ့တွင် ဖော်ပြချက်
-စကစ၏ လေကြောင်းတိုက်ခိုက်မှုခံရမှုအများဆုံးနေရာများတွင် ရခိုင်ဒေသလည်းပါဝင်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ (4-6-2025) ရက်နေ့ အစီီရင်ခံစာ
- (1-1-2025) ရက်နေ့မှ (31-5-2025) ရက်နေ့အထိ စကစ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသတွင် (68) ဦးသေဆုံးကြောင်း AAPP၏ (5-5-2025) ရက်နေ့ အစီီရင်ခံစာ
-မြန်မာနိုင်ငံတစ်ဝန်း 2025 ခုနှစ် မေလ တစ်လအတွင်း စကစဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း 200 ကျော်ပြုလုပ်ခ့ဲပြီး ကေလးငယ္မ်ား၏ သေဆုံးမှုအရေအတွက်တိုးလာနေသည်ဟု DVB သတင်းဌာန၏ (30-5-2025) ရက်နေ့ကြေငြာချက်
- မန္တလေး-စစ်ကိုင်း ငလျင်ကြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း စကစ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် (740) ထက်မနည်းရှိခ့ဲကြောင်း၊ အဆိုပါ အကြိမ် ပမာဏ၏ (90)% ကျော်မှာ (2-4-2025) ရက်နေ့ စကစအပစ်ရပ်ကြေငြာပြီးနောက်ပိုင်းတွင် ဖြစ်ပွားခ့ဲခြင်းဖြစ်ကြောင်း၊ (28-3-2025) ရက်မှ (13-5-2025) ရက်နေ့အတွင်း စကစ၏ ဒရုန်း၊ လေယဉ် တို့ဖြင့် တိုက်ခိုက်မှုများ ရခိုင်ဒေသထဲတွင်ရှိနေကြောင်း၊ (1-1-2021) ရက်နေ့မှ (13-5-2025) ရက်နေ့အထိ ရခိုင်တွင် စကစ၏ လက်ချက်ဖြင့် လူဆယ်ဦးထက်မနည်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ် (11) ခုရှိခ့ဲကြောင်း၊ (13-5-2025) ရက်နေ့တွင် ရသေ့တောင်၊ ထွန်းရဝေကျေးရွာအား စကစမွ လေယဉ်ဖြင့် ဗုံးကြဲခ့ဲသည့်အတွက် လူ (13) ဦးထက်မနည်း သေဆုံးခ့ဲရကြောင်း ISP Myanmar မွ ဖော်ပြချက်
- လေကြောင်း ဗုံးကြဲမှုနှင့်အတူ ရခိုင်တွင် 2025 ခုနှစ်၏ မေလအတွင်း အရပ်သား 70 နီးပါး ထိခိုက်သေဆုံးဟု DMG မီဒီယာ၏ (11-6-2025) ရက်နေ့ သတင်းထုတ်ပြန်ချက်
စသည့်အချက်များက အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်ထားသော်လည်း ပြည်သူလူထုအနေဖြင့် မြေပြင်တွင် ဘေးကင်းလုံခြုံမှုမရှိနိုင်ကြောင်းကို ဆန်းစစ်ကောက်ချက်ချနိုင်ပါသည်။
နိုင်ငံတကာအမြင်
- (3-5-2025) ရက်နေ့တွင်ကျရောက်သော ကမ်ဘာ့စာနယ်ဇင်းနေ့ တွင်ထုတ်ပြန်သော နိုင်ငံတကာနယ်စည်းမခြား သတင်းထောက်များ (RSF) ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်မရှိဆုံး စာရင်းထဲတွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။
- 2024 ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသ (11) နိုင်ငံတွင် အင်တာနက်ဖြတ်တောက်မှု အဆိုးဝါဆုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင်နေကြောင်း နယူးယောက်ခ် အခြေစိုက် ဒီဂျစ်တယ်လွတ်လွတ်ခွင့်စောင့်ကြည့်ရေးအဖွဲ့ Access Now အဖြဲ့ြဲ့မွ ဆိုကြောင်း BBC မြန်မာပိုင်းမှ (25-2-2025) ရက်နေ့တွင် ဖော်ပြထားသည်။
- (10-6-2025) ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ UNSGကိုယ်စားလှယ် ဂျူလီဘိရှောခ့်၏ အစီရင်ခံစာအပေါ် UNGA ၏ informal ကြားနာမှုတွင် ကုလ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကောင်စီဆိုင်ရာအမေရိကန်သံအမတ် ဂျိုးနသန် ရှရီယာ က " ရခိုင်ပြည်နယ်အတွင်း အတင်းအားဓမ္မနေရာ ရွေ့ပြောင်းခိုင်းမှုများ၊ လေကြောင်းတိုက်ခိုက်မှုများရှိနေကြောင်း။ AA နှင့် မြန်မာစစ်တပ်အပါအဝင် ပဋိပက္ခတွင်ပါဝင်ပတ်သက်သူများအား အရပ်သားများကိုကာကွယ်ပေးရန်နှင့် လူ့အသက်ကို လေးစားရန် တောင်းဆိုတိုက်တွန်းကြောင်း။ ..... အင်တာနက်နှင့် အခြားသောတယ်လီကွန်မြူနီကေးရှင်းများကိုလည်း ရခိုင်အပါအဝင် တနိုင်ငံလုံးတွင် ဖြတ်တောက်ထားကြောင်း၊ လေကြောင်းတိုက်ခိုက်ခံရမှုမှကင်းဝေးရန်အတွက်ဆိုသော်လည်း ဒေသခံလူထုမှာ ဆင်းရဲဒုက္ခကိုပိုခံစားရစေကြောင်း၊ သို့ဖြစ်၍ နယ်မြေဒေသကို ထိမ်းချုပ်ထားသူများအား အင်တာနက်နှင့် အခြားတယ်လီကွန်မြူနီကေးရှင်းများ ကိုပြန်ဖွင့်ပေးရန် မိမိတို့မှ တောင်းဆိုကြောင်း" စသဖြင့် မှတ်ချက်ပြု ပြောကြားခ့ဲသည်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းရှိခြင်းကြောင်း ရခိုင်လူထုအတွက် အကျိုးရလဒ်မှာ အကောင်းနဲ့ အဆိုးဒြန္တြဲ၍ ရင်ဆိုင်ရမည်ဖြစ်သည်။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းမရှိပါက ရခိုင်လူထုအတွက် အဆိုးရလဒ်ကိုသာရမည်ဖြစ်သည်။ လက်ရှိအနေအထားတွင် ရခိုင်လူထုအတွက် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း တို့အား ယခင်ကာလများက့ဲသို့ သုံးစွဲခွင့်မှာ အိပ်မက်ဆန်နေပြီဖြစ်သည်။ လက်တွေ့၌ကား ဖြစ်လာရန်မလွယ်တော့ပေ။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း သုံးစွဲမှုနှင့်ပတ်သက်၍လည်း လက်ဝါးကြီးအုပ်လိုသော စီးပွားရေးဆန်မှုများကိုလည်း ရခိုင်ပြည်သူလူထုမှာ ခါးသီးဖွယ်ကြုံလာရအုံးမည်ဖြစ်သည်။ အင်တာနက်သုံးစွဲမှုမှာ လူသားအားလုံးအတွက် အခွင့်အရေးဖြစ်သော်လည်း လက်ရှိရခိုင်တွင်တော့ အခွင့်ထူးခံများ၏ အခွင့်အရေး ဖြစ်နေပါသည်။
အင်တာနက်ဖြတ်တောက်ထားယုံဖြင့် လေကြောင်းတိုက်ခိုက်မှုကို လုံးဝကာကွယ်မည်ဟု ရခိုင်လူထုအတွက် အာမခံခ်က္ကို မည်သူကမှ မပေးနိုင်ပါ။ ရခိုင်လူထုဘက်မှ အင်တာနက်ဆက်သွယ်ရေး ပြတ်တေါက်မှု အခက်အခဲအပေါ် ညင်းညူသံထွက်လာတိုင်း "ပေါ်ပြူလစ် လူပြိန်းကြိုက်အုပ်စုများက" လေကြောင်းတိုက်ခိုက်မှု၊ ဒလန်တံဆိပ် တို့ဖြင့် လူထုအသံမထွက်နိုင်အောင် ပါးစပ်ပေါက်များကို ဖိဆို့ထားကြသည်။
သို့ရာတွင် "အင်တာနက် ဖြတ်တောက်ထားယုံဖြင့် လေကြောင်းတိုက်ခိုက်မှုကို လုံးဝကာကွယ်မည်ဟု အာမခံချက်မရှိကြောင်းကို" ကမ်ဘာကြီးကသိမြင်ပါသည်။ ထိုပြင်အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုက ပြည်သူလူထုအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများ၊ ရာဇဝတ်မှုများကို ဖုံးဖိရန်အခြေအနေမျိုးကို ဖြစ်စေသည်ကိုလည်း ကမ်ဘာကြီးက သိမြင်နေပါသည်။ သို့ဖြစ်၍ ကုလ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကောင်စီဆိုင်ရာအမေရိကန်သံအမတ် ဂျိုးနသန် ရှရီယာ က "နယ်မြေဒေသကို ထိမ်းချုပ်ထားသူများအား အင်တာနက်နှင့် အခြားတယ်လီကွန်မြူနီကေးရှင်းများ ကိုပြန်ဖွင့်ပေးရန် မိမိတို့မှ တောင်းဆိုကြောင်း" နိုင်ငံတကာစင်မြင့်ထက်တွင် ပြောကြားခ့ဲခြင်းဖြစ်သည်။
Comments
Post a Comment