ဟင်းလင်းပြင်နံရံမ့ဲအကျဉ်းထောင် (Open Air Prison)
ဟင်းလင်းပြင်နံရံမ့ဲအကျဉ်းထောင် (Open Air Prison)
ထွက်ခွာခွင့်နှင့် ပြန်လာခွင့်
လူသားတိုင်းသည် မိမိ၏နိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံများမှ "ထွက်ခွာခွင့်"ရှိသည်။ မိမိနိုင်ငံသို့ ပြန်လာခွင့်လည်းရှိသည်။- (လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (13))-
နိုင်ငံတစ်ခုအတွင်း ဥပဒေနှင့်အညီရှိနေသော လူတိုင်းတွင် ထိုနိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာနေထိုင် အခြေချခွင့်ရှိသည်။ လူသားတိုင်းသည် မိမိ၏နိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံများမှ "ထွက်ခွာခွင့်"ရှိသည်။ -(ICCPR အပိုဒ် (12))
"ထွက်ခွာခွင့်နှင့် ပြန်လာခွင့်"မွာ လူ့အခွင့်အရေးဖြစ်သည်။ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (13) နှင့် ICCPR အပိုဒ် (12) စသည့် နိုင်ငံတကာစံနှုန်းတို့တွင် ထိုအခွင့်အရေးများကို အခိုင်အမာပြဌာန်းထားသည်။
နိုင်ငံတကာစံနှုန်းအရ အကန့်အသတ်များ
အဆိုပါ "ထွက်ခွာခွင့်" အခွင့်အရေးသည် အမြဲတန်းအမှန်တရားမဟုတ်ပေ။ဤနေရာ၌ အမြဲတန်းအမှန်မဟုတ်ဟု ဆိုခြင်းသည် နိုင်ငံတကာစံနှုန်းများအမြဲတန်းမမှန်ဟုဆိုလိုနေခြင်းမျိုးတော့မဟုတ်ပေ။ "ထွက်ခွာခွင့် အခွင့်အရေး" အဓိပ္ပါယ်ဖွင့်ဆိုရာတွင် နိုင်ငံတကာစံနှုန်းများအရပင် အကန်အသတ်များ ထားရှိကာ အဓိပ္ပါယ်ဖွင့်ဆိုမှုကိုပြုထားခြင်းဖြစ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ အခွင့်အရေးဟူသည် "တရားမျှတမှု၊ အကျိုးအကြောင်းညီညွတ်မှု၊ ညဏ္ပညာ" တို့အား တရားလက်လွတ်ဖြစ်စွာ ဘောင်ကျော်ခွင့်ရခြင်းလည်း မဟုတ်ပေ။ ထို "ထွက်ခွာခွင့်၊ ပြန်လာခွင့်" အခွင့်အရေး နှင့်ပတ်သက်၍ အကန့်အသတ်များထားရှိခြင်းမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
ထွက်ခွာခွင့်၊ ပြန်လာခွင့် အပေါ် နိုင်ငံတကာစံနှုန်းအရ အကန့်အသတ်များ
"ထွက်ခွာခွင့်၊ ပြန်လာခွင့်"အား ကန့်သတ်မည်ဆိုပါက ထိုအကန့်အသတ်မှာ တရားနည်းလမ်းကျသော ကန့်သတ်မှု ဖြစ်ရန်လိုအပ်သည်။ ပိတ်ပင်ကန့်သတ်မှုသည် "နိုင်ငံ၏ ကာကွယ်ရေးလိုအပ်ချက်အရလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးအရလည်းကောင်း၊ ထွက်ခွာခွင့် သို့မဟုတ် ပြန်လာခွင့် ပေးလိုက်ပါက အခြားတစ်ယောက်၏ (လွတ်လပ်ခွင့်၊ လုံခြုံခွင့် ၊ လူမှုစီးပွားဘဝ ) အားထိခိုက်သောကြောင့်လည်းကောင်း၊ ထွက်ခွာခွင့်၊ ပြန်လာခွင့် ကြောင့် ထြက္ခြာသူ သို့မဟုတ် ပြန်လာသူ အပေါ်ထိခိုက်နာကြင်စေမှုရှိနိုင်၍လည်းကောင်း " စသဖြင့် ကန့်သတ်မှုအပေါ် ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သား၍ အကျိုးအကြောင်းညီညွှတ်ရန်လိုပါသည်။ တနည်းအားဖြင့် ဥပဒေကြောင်းအရ တရားဝင်မှုရှိရန်လိုပါသည်။ ဥပဒေကြောင်းအရ တရားဝင်မှုဆိုသည်မှာလည်း ရှင်းလင်းပြတ်သားမှု၊ တရားမ်ွတမွု၊ အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု စသည့်အချက်များ ပါနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။
အကာအကွယ်ပေးသော ဥပေဒလား၊ ဖိနှိပ်မှုယန္တယားလား
ဥပဒေတစ်ရပ်၊ အမိန့်တစ်ရပ်တွင် "တရားမျှတမှု၊ အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု" တို့ရှိရန်လိုအပ်သည်။ ဥပဒေတစ်ရပ်၊ အမိန့်တစ်ရပ်၏ အင်္ဂါရပ်များတွင် "အခွင့်အရေး၊ အကာအကွယ်၊ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများ၊ တာဝန္မ်ား၊ အကောင်အထည်ဖော်မှုများ၊ လိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများအားချိုးဖောက်ပါက ပြစ်ဒဏ်များ၊ ဥပေဒ အမိန့်သက်ရောက်မှုနယ်ပါယ်နှင့် မသက်ရောက်သောနယ်ပါယ်များ၊ ခြွင်းချက်များ" စသဖြင့် ကျယ်ပြန့်စွာရှိရမည်ဖြစ်သည်။ ဥပဒေတစ်ရပ်၊ အမိန့်တစ်ရပ်၏ အင်္ဂါရပ်တစ်ခုချင်းစီသည်ပင်လျှင် "တရားမျှတမှု၊ အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု" တို့ရှိရမည်ဖြစ်သည်။ ဥပဒေတရပ်၊ အမိန့်တစ်ရပ်ကို ဖော်ဆောင်ခြင်းသည် အင်္ဂါရပ်အစိတ်အပိုင်းတစ်ခုခုကိုသာ အကောင်အထည်ဖော်ရသည်မဟုတ်ပဲ အင်္ဂါရပ်အစိတ်အပိုင်းအားလုံးကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်။
(တာဝန်နှင့် စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်စည်းမျဉ်းများမပါသော အခွင့်အရေးသည်) အဓိပ္ပါယ်မရှိသက့ဲသို့ (အခွင့်အရေးမပါသော တာဝန်နှင့် အခွင့်အရေးမပါသော စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်းသည်) လည်းအဓိပ္ပါယ်မရှိပေ။
ဥပမာ- မိမိတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မိမိတို့၏ နယ်မြေထဲမှ ပြည်သူလူထုအား ထွက်ခွာခွင့်ကို ကန့်သတ်ခြင်း အား ဥပဒေတစ်ရပ်၊ အမိန့်တစ်ရပ်၏ "တရားမျှတမှု၊ အကျိုးအကြောင်းညီညွှတ်မှု၊ တရားနည်းလမ်းကျမှု" တို့ဖြင့်ကြည့်ပါက အချုပ်အခြာအာဏာ သည် အဓိက အကြောင်းပြချက်ဖြစ်နေသည်။ အချုပ်အခြာအာဏာသည် အဓိကအချက်ဖြစ်နေ၍ အချုပ်အခြာအာဏာအား အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အချုပ်အခြာအာဏာ၏ အဓိပ္ပါယ်မှာ ပြည်သူ့လူထုအချင်းချင်းကြားတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကေရစီ၊ လွတ်လပ်မှုတို့ရှိနေစေရန် အပြန်အလှန်ကတိကဝတ်ပြုထားသော ပဋိညာဉ်ဖြစ်သည်။ ထိုပဋိညာဉ်အပေါ် အသေးစိတ်အာမခံချက်မပါဘဲ၊ ပဋိညာဉ်အခွင့်အရေးလည်းမရှိဘဲဖြစ်နေသော အခြေအနေသည် ပြည်သူလူထုအတွက် အချုပ်အခြာအာဏာမဟုတ်၊ ပြည်သူလူထုအတွက် ထိန်းချုပ်ခံရသော အခြေအနေသာဖြစ်သည်။ မိမိအား ထိန်းချုပ်ဖိနှိပ်ထားသော အခြေအနေကို မည်သည့်ပြည်သူမှ နှစ်လိုမည်လည်းမဟုတ်ပေ။ ထိန်းချုပ်ဖိနှိပ်ထားသောအာဏာသည် အချုပ်အခြာအာဏာမဟုတ်ပေ။ ထိန်းချုပ်ဖိနှိပ်ထားသောအာဏာသည် အချုပ်အခြာအာဏာဖြစ်လာရန်လည်း အကျိုးအကြောင်းညီညွှတ်မှုမရှိပေ။
နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေဖြစ်သော ဂျီနီဗာကွန်ဗင့်ရှင်း-4 သို့မဟုတ် 1949 ခုနှစ်တွင်ချမှတ်ခ့ဲသော စစ်ပွဲကာလအတွင်း အရပ်သားများအားကာကွယ်ပေးမှုဆိုင်ရာ ဂျီနီဗာကွန်ဗင့်ရှင်း၏ အပိုဒ် -35 တွင်
" ပဋိပက္ခကာလများအတွင်း အကာအကွယ်လိုအပ်သောအရပ်သားပြည်သူလူထုတိုင်းတွင် ထိုပဋိပက္ခနယ်မြေထဲမှ ထွက်ခွာရန်ဆုံးဖြတ်ပါက နိုင်ငံ၏ အကျိုးစီးပွားကို မထိခိုက်လျှင် ထွက်ခွာခွင့်ရှိသည်" ဟု ပြဌာန်းထားသည်။
ဤပြဌာန်းချက်၌ "နိုင်ငံ၏ အကျိုးစီးပွားကြောင့်" ဟူသောအချက်အပေါ်တွင် အကန့်အသတ်ရှိပါသည်။ ပြည်သူလူထု၏ ထွက်ခွာမှုအပေါ် ထိုနယ်မြေအား ထိန်းချုပ်ထားသောသူတိုင်း (အစိုးရဖြစ်စေ၊ အစိုးရမဟုတ်သည်ဖြစ်စေ ထိန်းချုပ်ထားသောသူတိုင်း)သည် "နိုင်ငံ၏ အကျိုးစီးပွားကြောင့်" ဟူသော စကားလုံးသက်သက်ကိုအသုံးချကာငြင်းပယ်ခြင်း (Blanket Denial) မျိုးကိုမလုပ်ရချေ။ တိကျသေချာသော အကြောင်းပြချက်ကိုပေးရမည်ဖြစ်ပြီး ထိုအကြောင်းပြချက်အား မကြေနပ်ပါက ဥပဒေကြောင်းအရ အရေးဆိုခွင့် အဆင့်ဆင့်ကိုလည်း ပေးထားရမည်ဖြစ်သည်။
အကျိုးအကြောင်းဆီလျော်မှုအရ "ပြည်သူလူထု၏ ထွက်ခွာခွင့်အား" ကန့်သတ်ပါက ကန့်သတ်ရသော အကြောင်းတရားသည် "အချုပ်အခြာအာဏာအတွက်ဟုဆိုလျှင် ကန့်သတ်ခံရသော ပြည်သူလူထုတွင် ထိုအချုပ်အခြာအာဏာသည် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကေရစီ၊ လွတ်လပ်ခွင့်တို့ကို မည်သို့မည်ပုံအသေးစိတ်ပုံဖော်ပေးသော အချုပ်အခြာအာဏာ ဟုတ်/မဟုတ္ကို မေးခွန်းထုတ်ခွင့်ရှိသည်။ "ပြည်သူလူထု၏ ထွက်ခွာခွင့်အား" ကန့်သတ်ရသော အကြောင်းတရားသည် လွတ်လပ်ခွင့်အတွက် ဆိုပါက "အဆိုပါ လွတ်လပ်ခွင့်တွင် မိမိတို့အတွက် အာမခံချက်ရှိ၊ မရှိ" ကို ပြည်သူလူထုတွင် မေးခွန်းထုတ်ခွင့်ရှိသည်။ "ပညာတတ်များ၏ ထွက်ခွာခွင့်အား" ပြန်လည်တည်ဆောက်ရေးတွင် ပညာတတ်များ၏ အင်အားကိုလိုအပ်သည့်အတွက်ဟု အကြောင်းပြပါက "တည်ဆောက်ရမည့် မူဝါဒနှင့် ပတ်သက်၍ ပညာတတ်များတွင် မေးခွန်းထုတ်ခွင့်ရှိသည်။
ပြည်သူလူထု၏ ဆန္ဒအမှန်ဖြစ်မှုနှင့် မေတ္တာစေတနာအား အမိန့်အာဏာဖြင့် ဖန္တီး၍မရေပ။ အမိန့်အာဏာဖြင့် ဖန္တီးပါက ပြည်သူလူထု၏ ဆန္ဒနှင့် မေတ္တာစေတနာအားရမည်တော့မဟုတ်၊ အခွင့်အရေးသမားများနှင့် သာပေါင်းညာစားအုပ်စုအနည်းငယ်၏ ဟန်ပြမေတ္တာ စေတနာကိုသာရမည်ဖြစ်သည်။ ပွင့်လင်းလွတ်လပ်သောပုံစံ အခင်းအကျင်းအောက်မျိုးမဟုတ်သော ထိန်းကွပ်ခံ အကြောက်တရားရှိနေသော အခြေအနေအောက်တွင် လူထု၏ အသံဆိုသည်မှာလည်း ကွက်ကျော်ရိုက်ဝါဒဖြန့်မှုသာ ဖြစ်နေပေလိမ့်မည်။
ပြည်သူလူထု၏ ထွက်ခွာခွင့်အား " ဘေးအန္တရာယ် ကင်းစေရန်အတွက်" ပိတ်ပင်ရသည်ဟု အကြောင်းပြလျှင် ထွက်ခွာခွင့်မရသော နယ်မြေ၏ ဘေးကင်းလုံခြုံမှုကိုလည်း ပြည်သူလူထုတွင် ဆန်းစစ်ခွင့်ရှိသည်။ ပြည်သူလူထု၏ ထွက်ခွာခွင့်အပေါ် နယ်မြေအား ထိန်းချုပ်ထားသူတိုင်းသည် " အချုပ်အခြာအာဏာအတွက်၊ တည်ဆောက်ရေးအတွက်၊ လွတ်လပ်မှုအတွက်" စသဖြင့် အကြောင်းပြချက်များကို အကျိုးအကြောင်းညီညွှတ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ တရားနည်းလမ်းကျမှု တို့မပါဘဲ စိတ်ထင်တိုင်း ပိတ်ပင်ထားခြင်း (Arbitrary Detention)မျိုးနှင့် အကြောင်းပြချက်မ့ဲ ငြင်းပါယ်ခြင်း (Blanket Denial) မျိုးကိုပြုနေ၍မရပေ။
နိုင်ငံတကာစံနှုန်းများအရ တရားမျှတမှုရှိသော ဥပဒေအမိန့်များကို အချုပ်အခြာအာဏာကိုကာကွယ်ရန်၊ နိုင်ငံကိုတည်ဆောက်ရန်အတွက် ချမှတ်ကျင့်သုံးခွင့်ရှိပါသည်။ တရားမျှတမှုရှိသော ဥပေဒ၊ အမိန့်များဖြင့် စစ်မှုထမ်းခြင်းမျိုး၊ အမှုထမ်းခြင်းမျိုးကို ကျင့်သုံးခွင့်ရှိပါသည်။ သို့ရာတွင် မည်မျှပင် တရားမျှတမှုရှိသော ဥပေဒ၊ အမိန့်များကို ထုတ်ထားစေအုံးတော့။ လက်ရှိမြေပြင်အနေအထားတွင်
1- ပြည်သူလူထုအား ခွဲခြားဖိနှိပ်မှုကိုပြုလုပ်ခြင်းဖြစ်သော (ဘာသာစကား၊လေယူလေသိမ်း၊ နယ်မြေဒေသ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအမြင် အပေါ်တွင် အခြေခံ၍လည်းကောင်း၊ လုပ်ပိုင်ခွင့်အားအသုံးချ၍လည်းကောင်း အောက်ခြေအာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှုများရှိနေခြင်း၊ ထိုသို့ခွဲခြားဆက်ဆံမှုအား ဆက်လက်ဖြစ်ပွားနေသည်ကို တမင်တကာလျစ်လျူပြုထားခြင်း)
2- ပြည်သူလူထုအား အကြပ်အတည်းများအောက်တွင် နေခိုင်းခြင်းသဘောမျိုးဖြစ်သော (ဗုံးကြဲခံရနိုင်မှု၊ စားဝတ်နေရေး အကြပ်အတည်းဆိုက်မှု၊ လူလုပ်ကပ်ဘေးသင့်မှု၊ ရာသီကပ်ဘေးသင့်မှု၊ ကျမ်းမာရေးဆိုင်ရာ ကူးစက်ရောဂါဖြစ်မှု၊ လူမှုစီးပွားဘဝ ပျက်သုန်းမှု စသည့်နယ်မြေများတွင် စစ်ရေး၊ နိုင်ငံရေးအရ အသုံးချရန် အာဂျင်တာအတွက် နေခိုင်းခြင်း)
စသည့်အချက်များ ရှိနေပြီး ထိုက့ဲသို့ ကပ်သင့်နယ်မြေထဲမှ လူထု၏ ထွက်ခွာခွင့်အား "ဥပေဒအရ၊ အမိန့်အရ၊ တာဝန်အရ" ဟုဆိုကာ တားမြစ်ပိတ်ပင်မှုမှာလည်း နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ ပြည်သူလူထုအား ဟင်းလင်းပြင်နံရံမ့ဲအကျဉ်းထောင် (Open Air Prison) ထဲတွင် ထည့်ထားခြင်းပင်ဖြစ်သည်။ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းသည် မှုခင်း၏မူရင်းနေရာတွင် တရားမစွဲဆိုနိုင်ပါက အခြားသောနေရာတွင် တရားစြဲဆို၍ရေသာ နိုင်ငံတကာ နယ်လွန်တရားစီရင်မှု (Universal Jurisdiction) အောက်တွင် ရှိနေသည့် အမှုမျိုးဖြစ်သည်။
ထွက်ခွာခွင့် ပြန်လာခွင့်နှင့်ပတ်သက်၍ ILO တွင်လည်း ပဋိညာဉ်များရှိပါသေးသည်။ ILO ပဋိညာဉ်လွမ်းခြုံထားသော နယ်မြေပေါ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထိုပဋိညာဉ်အပေါ်တွင် လေးစားလိုက်နာရန်တာဝန်ရှိသည်။
ခြေထောက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း
ပြည်သူလူထုသည် နိုင်ငံရေးအခြေအနေတစ်ခုအား မနှစ်သက်သောအခါ၊ ထိုအခြေအနေကိုလည်း အပြောင်းအလဲဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေကလည်းမရှိသောအခါ ထိုနိုင်ငံရေးအခြေအနေကို မနှစ်သက်ကြောင်း ဆန္ဒအပေါ် အကောင်းဆုံးထုတ်ပြမှုသည် ထိုအခြေအနေအောက်မှ ထွက်ခွာခြင်းပင်ဖြစ်သည်။ ထိုစကားလုံးအား Voting with Their Feet သို့မဟုတ် ခြေထောက်ဖြင့်မဲပေးခြင်းဟု ခေါ်သည်။ လူထု၏ ဆန္ဒအပေါ် အသိအမှတ်ပြုမှုမပါသော မည်သည့်နိုင်ငံရေးအာဂျင်တာမှ မအောင်မြင်တတ်ချေ။ လူထုအား ဟင်းလင်းပြင်နံရံမ့ဲအကျဉ်းထောင် တွင်ထည့်ထား၍ လောကကိုအလှဆင်၍လည်းမရချေ။
လက်ရှိအရှိတရားအရတော့ နိုင်ငံတကာလူသားချင်းစာနာမှု ယန္တယားများသည် ဖြစ်နေသည့်အချိန်တွင် အကာအကွယ်ပေးနိုင်ခြင်းက အားနည်းပါသည်။ သို့ရာတွင် နိုင်ငံတကာအဆင့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရပါကလည်း နိုင်ငံရေး အနာဂတ်သာယာသော ခေါင်းဆောင်မျိုးကလည်း မရှိသေးချေ။
Comments
Post a Comment