ဟစ်တိုင်အတွက် ဘေးကင်းလုံခြုံမှု (Safty for Public Shouting)
ဟစ်တိုင်အတွက် ဘေးကင်းလုံခြုံမှု (Safty for Public Shouting)
"မိမိတို့ကို ပြောခွင့်ဆိုခွင့်မပေးဘဲ နားပိတ်၊ ပါးစပ်ပိတ် လုပ်ထားခြင်းသည် မိမိတို့ကို သားသတ်သမားရှေ့ လည်ကိုစဉ်းပေးရသည့် သိုးတစ်ကောင်၏ အဖြစ်သို့တွန်းပို့နေခြင်းဖြစ်သည်"
ဂျော့ဝါရှင်တန်
"အမွန္တရားကို ရဲဝံစွာနှင့် ပွင့်လင်းစွာ ပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းဖြင့် အခြေအနေမှန်များကို တည့်မတ်နိုင်မည့်အပြင် မိမိတို့အချင်းချင်းကြားတွင်ရှိကြသော ယုံကြည်မှု၊နားလည်မှုများလည်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း။"
(24-5-2024) ရက်စွဲဖြင့် ULA ထုတ်ပြန်ချက် စာမျက်နှာ (2) ၏ ပထမအပိုဒ် တွင် ဖော်ပြချက်
"အာဏာပိုင်တစ်ရပ်သည် ပြည်သူများကို အကာအကွယ်ပေးရမည် ဖြစ်ကြောင်း၊ ULA အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း အကာအကြယ္ကို လူမျိုးဘာသာမရွေး လူ့အသိုက်အဝန်းအားလုံးကို ပေးနေကြောင်း၊ အကယ်၍ ULA ဘက် မတရားဖိနှိပ်မှုတွေလုပ်နေလျှင် အထောက်အထားတွေနဲ့ မိမိတို့ကို ပေးဖို့လိုကြောင်း၊ အကယ်၍ ULA ဘက္က မတရားပြုနေပါက ကျေးဇူးပြု၍ အချိန်မဆိုင်းဘဲ မိမိတို့ကို အကြောင်းကြားစေလိုကြောင်း"
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အင်တာဗျူး၊ 29-5-2024 ရက်နေ့ The New Humanitarian တွင်ဖေါ်ပြချက်
အထက်တွင်ဖော်ပြခ့ဲသော မှတ်တမ်းများမှာ လူထု၏ ပြောရေးဆိုခွင့်ကို ဖော်ပြနေပါသည်။ လူထု၏ ပြောရေးဆိုခွင့်အား " အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်၏ လုပ်ရပ်ကြောင့် မိမိ၏ ထိခိုက်နစ်နာမှုအား " ဖော်ပြ၊ ဖော်ထုတ်ခွင့်" ဟူ၍ ဖွင့်ဆို၍လည်းရနိုင်ပါသည်။
ဟန်ဆောင်ရုပ်ပြစကားလုံးလား ၊ အနှစ်သာရရှိသော တသီးပုဂ္ဂလဆိုင်ရာ ယုံကြည်မှုလား
လြတ္လပ္စြာ ထုတ်ဖော်ပြောကြားမှုသည် ရခိုင်မြေ၌ လက်ရှိတွင် မည်၍မည်မျှ စိတ္ခ်လက္ခ် ရှိနိုင်ပါမည်နည်း။ ဤမေးခွန်းအား ရခိုင်၏ လက်ရှိမြေပြင်အရှိတရားတွင် ရေရေရာရာ အဖြေပေးနိုင်မည်မဟုတ်ပေ။ လူထု၏ ထုတ်ဖော်ပြောကြားခွင့် နှင့်ပတ်သက်၍ ကြေငြာချက်အချို့နှင့် အင်တာဗျူးအချို့တွင် ပါနေခ့ဲခြင်းက ရခိုင်လူထုအတွက် ကံအကြောင်းတစ်စုံတစ်ရာ ဖေးမခ့ဲခြင်းဟုသာ ကောက်ချက်ချရမည်ဖြစ်သည်။
လက်ရှိ ရခိုင်ဒေသခံများအတွက် လြတ္လပ္စြာ ထုတ်ဖော်ပြောကြားမှုမှာ ကြပ်တည်းကျဉ်းမြောင်းလာနေသည်။ မြေပြင်အနေအထားတွင် ရခိုင်လူထုအတွက် လုပ်ပိုင်ခွင့်ရှိသူအချို့၏ အာဏာပြမှုအချို့ရှိကြောင်း ULA/AA ထိပ်ပိုင်းမှလည်း ဝန်ခံထားမှုရှိသလို အရေးယူဆောင်ရွက်မှုမှာလည်း ရှိပါသည်။ သို့သော် အာဏာရှိသူများ၏ ဆောင်ရွက်ချက်အချို့ကြောင့် လူထုအနေဖြင့်မိမိတွင်ထိခိုက်မှုရှိလာပါက ထိုထိခိုက်နာကြင်ခံစားရမှုအား အချိန်မရွေး အကြောင်းကြားပေးနိုင်သည်ဟု ULA/AA ဘက်ကမည်မျှပင်လမ်းဖွင့်ထားစေကာမူ လက်ရှိအင်တာနက် ဖြတ်တောက်ခံထားရသော အခြေအနေတွင် လူထုအတွက်တော့ အသံထွက်ရဲသည့် အနေအထားတွင် မရှိတော့ပါ။ ဤသို့ လူထုအသံမထွက်ရဲသောအနေအထားအပေါ် "အခွင့်အရေးပေးထားသော်လည်း လူထုမွာ သူဖာသာသူ အသံမထုတ်သော ကိစ္စ"ဟူ၍ မထီမ့ဲမြင် ချဉ်းကပ်သင့်သော အရာတော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် " အာဏာစက္တစ္ခုအား တည်ဆောက်ရာတွင် ထိုအာဏာအားလက်ခံရန်အတွက် အမာစည်း (Hard line)ဖြစ်သော ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှု စသည့် စွမ်းအား (Hard Power) မ်ားကို အာဏာ၏ သဘောသဘာဝနှင့် လူ့ဗီဇအရ ပြသကြတတ်သောကြောင့်ဖြစ်သည်။" ထိုအာဏာအမာစွမ်းအား (Hard Power) ကို အကောင်အထည်ဖော်ရန် အတွက် လက်နက်အင်အားနှင့် လူစုဖွဲ့မှုအင်အားရှိနေပါက ထိုအာဏာအမာစွမ်းအားကိုလည် တည်ဆောက်နိုင်လာတော့သည်။
ထိုကြောင့် မော်စီတုန်းက "အာဏာသည် သေနတ်ပြောင်းဝက ထွက်သည်"ဟု ဆိုခ့ဲခြင်းဖြစ်သည်။ သို့ရာတွင် ထိုအာဏာကိုပင် အကန့်အသတ် ဘောင်ကွပ်မှု အောက်တွင်ထားရမည့်ဆိုသော အတွေးအမြင်များကို မော်စီတုန်းထက် လူဖြစ်စောကာ အသက် 161 နှစ်ကျော်ကြီးသော အမေရိကန်ကိုတည်ထောင်သူ ဖခင်များက ခံယူကျင့်သုံးပြသွားခ့ဲပြီဖြစ်သည်။ မော်စီတုန်း၏ အတွေးအခေါ်နှင့် အမေရိကန်ကိုတည်ထောင်သူ ဖခင်များ၏ အတွေးအခေါ်က မည်မျှကွာဟသည်ကို လက်ရှိ တရုတ်လူ့ဘောင်၏ အခြေအနေနှင့် လက်ရှိ အမေရိကန်လူ့ဘောင်၏ အခြေအနေက သက်သေပင်ဖြစ်သည်။ လက်ရှိ ဒီမိုကရက်လူ့ဘောင်တစ်ခုအတွင်း ပြည်သူလူထု၏အချုပ်အခြာအာဏာ (Popular Soveringty) အယူအဆတွင် သေနတ်ပြောင်းဝက ထွက်လာသော အာဏာ၏ မူလပိုင်ရှင်မှာလည်း ပြည်သူလူထုသာဖြစ်သည် ဆိုခြင်းကို မမေ့ရန်လိုသည်။
ဒီမိုကရက်လူ့ဘောင်တစ်ခု၏ ပဋိညာဉ်မှာ "ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှု စသည့် စွမ်းအား (Hard Power)" မ်ား၏ တာဝန်မှာ လူအချင်းချင်းကြား တရားမျှတမှုကိုကာကွယ်ရန်၊ တန်းတူညီမျှမှုကိုကာကွယ်ရန်၊ လွတ်လပ်မှုကိုကာကွယ်ရန်၊ ဒီမိုကရေစီတန်ဖိုးကိုကာကွယ်ရန်အတွက် သာဖြစ်သည်။ ထိုသို့ ကာကွယ်ရန်အတွက်သာ (Hard Power) အာဏာအမာမ်ားကို လုပ်ပိုင်ခွင့် ပေးထားခြင်းဖြစ်သည်။ ဆိုလိုချင်သည်က အာဏာအမာကို တည်ဆောက်ရသော ရည်ရွယ်ချက်မှာ "တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။" ULA/AA အား ရခိုင်လူထု၏ အချုပ်အခြာအာဏာကိုပြန်လည်ရရှိရန်အတွက် ဖွဲ့စည်းသည်ဟုဆိုလျှင် အချုပ်အခြာအာဏာမှာ " ရခိုင်လူထု၏ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီ" သာဖြစ်ပြီး ULA/AAမွာ "တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီ"ကို တည်ဆောက်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းအတွက် အာဏာအမာ (Hard Power) ကိုသုံးစွဲရသော အဖွဲ့အစည်းသာဖြစ်သည်။ သို့ဖြစ်၍ အချုပ်အခြာအာဏာဟု ပြောလာပါက ULA/AA ၏ (Hard Power) မွာ ရခိုင်လူထု၏ "တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီ"ကို အသားလွတ် ပိတ်ပင်ကန့်သတ်ရန်မဟုတ်ဘဲ၊ ထိုအခွင့်အရေးများကို ကာကွယ်ရန်အတွက်သာ သုံးစွဲခွင့်ရှိသည်။ အကယ်၍ လူ့ဘောင်တစ်ခုတွင် အာဏာအမာ (Hard Power) မ်ားက လူထု၏ "တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီ"ကို ထိခိုက်လာစေပါက ထို အာဏာအမာမွာ တရားဝင်မှုမရှိတော့ပေ။ ဤအခ်က္က နိုင်ငံအသီးသီးတွင် စစ်တပ်သည် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကို ပြုလုပ်ကာ ရွေးကောက်ခံအစိုးရထံ အာဏာပြန်လွဲအပ်ရသော ကမ်ဘာ့စံနှုန်း၏ သဘောသဘာဝအတွက် အနည်းငယ်သော အဖြေကို ပေးနေပါလိမ့်မည်။
မျက်မှောက်ကာလ၏ အတွေးအမြင်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ပိုင်ခွင့်အာဏာ၏ မူလပိုင်ရှင်မှာလည်း ပြည်သူလူထုသာဖြစ်သက့ဲသို့ ထိုလက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ပိုင်ခွင့်အာဏာသည်လည်း "တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီ" တို့ကို ကျော်လွန်ခွင့်မရှိဘဲ အကန့်အသတ်ဘောင်အောက်တွင်သာ ရှိသည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် ထိုအကန့်အသတ်အောက်တွင်ပင် ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှု စသည့် စွမ်းအား (Hard Power)ကို ဆောင်ရွက်ကြရခြင်းဖြစ်သည်။ ဤသည်က နိုင်ငံရေးအဆင့်အတန်း ဂုဏ်သိက္ခာရှိသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ထုံးစံလည်းဖြစ်သည်။ ထိုသို့ နိုင်ငံရေးအဆင့်အတန်း ဂုဏ်သိက္ခာမရှိပါက ထိုလက်နက်ကိုင်တပ်ဖွဲ့သည် မာဖီးယားအုပ်စုနှင့် မကွာခြားတော့ပေ။
ဤသေဘာတရားမ်ားကို သဘောပေါက်နားလည်မှုအားနည်းသော အဝိုင်းအဝန်းတွင် လက်နက်နှင့် လုပ်ပိုင်ခွင့်ရှိသောသူရှေ့၌ "လူထု၏ လြတ္လပ္စြာ ဖော်ထုတ်ပြောကြားမှု" ဟူသည်က မရှိနိုင်တော့ပေ။ ထိုသို့မရှိနိုင်သောအခါ ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှု စသည့် စွမ်းအားလုပ်ပိုင်ခွင့်များအား လက်နက်ကိုင်အုပ်စုများကို ပေးထားရသော မူလအနှစ်သာရပျောက်ဆုံးလာတော့သည်။ ထိုသို့ပျောက်ဆုံးလာလေ လူထုအတွက်တော့ အကြပ်အတည်းနှင့် အကြောက်တရားကို ရင်ဆိုင်လာရလေပင်ဖြစ်သည်။ ဤအချက်များက ULA/AA ထဲတွင်ပါဝင်နေသူများနှင့် ထောက်ခံသူများကြားတွင် "လူထု၏ လြတ္လပ္စြာ ထုတ်ဖော်ပြောကြားခွင့်နှင့် Popular Soveringty အပေါ်မည်မျှအထိ တသီးပုဂ္ဂလဆိုင်ရာ အရသက်ဝင်ယုံကြည်၊ သဘောပေါက်နားလည်ကြသနည်း" ဆိုသည့်အချက်အပေါ် မီးမှောင်းထိုးပြနေပေလိမ့်မည်။
လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာရှူ ဒေါင့်
စစ်ရေးနှင့် လုံခြုံရေးဘက်ကိုအကဲပိုနေသောအမြင်ကြောင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာစုရုံးထုတ်ဖော်ပြောကြားခွင့်နယ်ပါယ် ကျဉ်းမြောင်းလာနေကြောင်း (Data for Myanmar) အဖွဲ့က (22-1-2025) ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ထားသည်။
လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ တော်လှန်ရေး အားကောင်းသော နယ်မြေများ၌ တော်လှန်ရေးအဖွဲ့များအား ပြည်သူများမှ မေးခွန်းထုတ်ခွင့်မှာ ဆုံးရှုံးနေဆဲဖြစ်ကြောင်း ကလေးမြို့ လူထုသပိတ္တိုက္ပြဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အား (22-1-2025) ရက်နေ့တွင် RFA မြန်မာပိုင်းမှ ဖော်ပြခ့ဲသည်။
စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အမြင်က ရုပ်လုံးကြွနေချိန်တွင် လူထု၏ လြတ္လပ္စြာ စုရုံးထုတ်ဖော်ပြောကြားခွင့် နယ်ပါယ်က ကျဉ်းမြောင်းသွားတတ်ခြင်းမှာ နိုင်ငံရေးဖြစ်စဉ်အရ ထုံးစံပင်ဖြစ်သည်။ ထိုသို့ ကျဉ်းမြောင်းသွားသည့်အတွက်ပင် လူထုအတွက် ဘက်ရှူဒေါင့်အသီးသီးမှ အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေမှာပို၍ ဖြစ်တတ်သည်မှာလည်း ထုံးစံဖြစ်သည်။ ဤတွင် မူလ လာရာလမ်းကိုပြန်ကြည့်ပါက ထိုသို့ စစ်ရေးနှင့် လုံခြုံရေးအမြင်အား ပို၍ အကဲသာစေရန် လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းသည်ပင်လျှင် Popular Soveringty အရ လူထု"တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် ဒီမိုကေရစီ" အား စောင့်ရှောက်ကာကွယ်ရန်အတွက် ပေးထားခြင်းသာ ဖြစ်သည်။ "ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှု စသည့် စွမ်းအား (Hard Power)" မ်ား၏ တာဝန်မှာ လူအချင်းချင်းကြား တရားမျှတမှုကိုကာကွယ်ရန်၊ တန်းတူညီမျှမှုကိုကာကွယ်ရန်၊ လွတ်လပ်မှုကိုကာကွယ်ရန်၊ ဒီမိုကရေစီတန်ဖိုးကိုကာကွယ်ရန်အတွက် သာဖြစ်ပြီး ထိုသို့ ကာကွယ်ရန်အတွက်သာ (Hard Power) အာဏာအမာမ်ားကို လုပ်ပိုင်ခွင့် ပေးထားခြင်းဖြစ်သည်" ဆိုသော သေဘာတရားကို ယုံကြည်လက်ခံသော စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များလက်ထဲတွင်တော့ လူထုမွာ ခုသာခံသာရှိမည်ဖြစ်သည်။ ထိုသေဘာတရားကို မျက်ကွယ်ပြုသော စစ်ဘက်ဆိုင်ရာခေါင်းဆောင်များလက်ထဲတွင်တော့ လူထုမွာ အကြပ်ဆိုက်မှုနှင့် အကြောက်တရားကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤတွင် ပြည်သူလူထုအတွက် မိမိတို့အား အကြောက်တရားကို ကင်းဝေးအောင်လုပ်ပေးမည်သူများကို တဖန်ကြောက်လန့်နေရသော ဘဝ ထဲတွင် နစ်နေယုံသာရှိတော့သည်။
"လက်ရှိ ရခိုင်ဒေသခံများအတွက် လြတ္လပ္စြာ ထုတ်ဖော်ပြောကြားမှုသည် ကြပ်တည်းကျဉ်းမြောင်းလာနေသည်" ဟူသော အရှိတရားအပေါ်တွင်တော့ အစွဲကင်းကင်းဖြင့် ဆန်းစစ်ရန်လည်းလိုအပ်ပါသည်။ ဤအရှိတရားကိုပြောခြင်းသည် ULA/AAကို ထောက်ခံသူများဘက်မှ မိမိတို့၏ အဝိုင်းအဝန်းအပေါ် တိုက်ခိုက်ဝေဖန်အပုတ်ချမှုဟူ၍ တဖက်သတ်ကောက်ချက်အောက်မှ ခံစစ် အနေအထားမျိုးဖြင့် ချဉ်းကပ်သင့်သောအရာမဟုတ်ပေ။ ရခိုင်ဒေသခံများအတွက် လြတ္လပ္စြာ ထုတ်ဖော်ပြောကြားမှုသည် ကြပ်တည်းကျဉ်းမြောင်းလာနေသည်" ဟူသော အချက်မှာ ULA/AA အား လြတ္လပ္စြာ ထုတ်ဖော်မှုအား မလေးစားသော အဖွဲ့အစည်းဟူ၍ ဆိုနေခြင်းမဟုတ်ပေ။ ULA/AA သည် လြတ္လပ္စြာ ထုတ်ဖော်ပြောကြားမှုအား စံနှုန်းအရ တန်ဖိုးထားသောအဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ကြေငြာချက်များ၊ အင်တာဗျူးများတွင် ဖော်ပြထားပြီးဖြစ်သည်။ စံနှုန်းအရ တန်ဖိုးထားသောကြောင့် ULA/AA ထဲတွင် ပါဝင်နေသော အဖွဲ့ဝင်တိုင်းမှာ အပြစ်လုံးဝကင်းသည်ဟုလည်း ဆိုလိုနေခြင်းလည်းမဟုတ်ပေ။ ULA/AA ထဲတွင်လည်း အနစ်နာခံပေးဆပ်သူများရှိသက့ဲသို့ အခွင့်အရေးသမားများ၊ ပေါ်ပြူလစ်များလည်းရှိနေမည်ဖြစ်သည်။ သို့ဖြစ်၍
"ကမ်ဘာကြီးရှိ အျခား ပရိုဖက်ရှင်နယ်လက်နက်ကိုင် တပ်ဖွဲ့များတွင်ပင်လျှင် အေသးစား ကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက်မှုများ ရှိကြောင်း၊ AA တွင်လည်း ထိုက့ဲသို့ အသေးစားကျင့်ဝတ် ချိုးဖောက်မှုများရှိကြောင်း၊ ရှိလာပါက ပြင်းပြင်းထန်ထန် အရေးယူကြောင်း၊ မိမိတို့အဖွဲ့ဝင်များ၏ ချိုးဖောက်မှုများကို အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပေးပို့မှုကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ထိုက့ဲသို့ဖြစ်စဉ်များကို မိမိတို့ အဖွဲ့အစည်း၏ စည်းမျဉ်း ဥပဒေများနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း" ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အင်တာဗျူး၊ 6-9-2024 ရက်နေ့ The Diplomat တွင်ဖေါ်ပြချက်https://thediplomat.com/2024/09/arakan-army-commander-in-chief-twan-mrat-naing-on-the-future-of-rakhine-state/ တွင် ပြောဆိုထားခြင်းဖြစ်သည်။
လက်ရှိအခြေအနေ၌ ပြည်သူလူထု၏ လြတ္လပ္စြာ ထုတ်ဖော်ပြောဆိုခွင့် နယ်ပါယ်ကျဉ်းမြောင်းလာသော ပြဿနာမှာ ရခိုင်တစ်ခုတည်းတွင် ရှိနေသည်မဟုတ်ဘဲ ကျန်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများလည်း ရင်ဆိုင်နေရသည့်အခြေအနေဖြစ်သည်ကို သတိပြုရန်လည်းလိုသည်။ ထိုပြဿနာအား လက်ရှိတွင် အဖြေရှာနေကြသော နမူနာများမှာလည်း ရှိနေသည်ကို ဂရုပြုရန်လည်းလိုပါသည်။ သတင်းလွတ်လပ်ခွင့် သတင်းရယူခွင့်တို့နှင့် ပတ်သက်၍ စစ်ကောင်စီသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ထိန်းချုပ်မှုများရှိနေကြောင်းကို ဧရာဝတီသတင်းဌာန၏ အယ္ဒီတာ့ အာဘော်အဖြစ် (3-5-2025) ရက်နေ့တွင် ဖော်ပြထားသည်။ သတင်းမီဒီယာများနှင့်တိုင်းရင်းသားဒေသတော်လှန်ရေးအင်အားစုများကြား ပွတ်တိုက်မှုများ 2024 ခုနှစ်အတွင်းရှိခ့ဲကြောင်း၊ ထိုသို့ပွတ်တိုက်မှုများကို အပြန်အလှန်တွေ့ဆုံဆွေးနွေးနိုင်ခ့ဲကြောင်း Myanmar Internet Project (MIP) ၏ (7-1-2025) ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ အပိုင်း(2) တွင်ဖော်ပြထားသည်။
MIP ၏ အစီရင်ခံစာ အပိုင်း(2) တွင်
"ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ်ဝိရောဓိဖြစ်စေသည့် အချက်အလက်များပါဝင်သည့် မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်ကို ဧပြီလ(၁၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့အတူကရင်အမျိုး သားအစည်းအရုံး(KNU)ကလည်း သတင်းဌာနများလိုက်နာရမည့်စည်းကမ်းချက်များဟုဆိုကာ ဧပြီလ(၂၁)ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း။
ထိုကဲ့သို့ ထုတ်ပြန်ချက်များကြောင့် တိုင်းရင်းသားဒေသများ၏ သတင်းလွတ်လပ်ခွင့်အခြေအနေနှင့်ပတ်သက်ပြီး စိတ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြရကြောင်း၊ ဧပြီလ(၁၆)ရက်နေ့စွဲဖြင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မြ ထုတ်ပြန်သော မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်နှင့် ဧပြီလ(၂၁)ရက်နေ့စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မြ ထုတ်ပြန်သော သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ၊ ကျင့်ဝတ်စည်းကမ်းများတွင်ပါဝင်သော အချက်အ လက်တချို့သည် သတင်းသမားများ၏လုံခြုံရေးနှင့်သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေကြောင်း မြန်မာသတင်းမီဒီယာနှင့်သတင်းထောက်များအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ပြန်လည်ထုတ်ပြန်ခဲ့ကြောင်း။
ထိုကဲ့သို့ ပွတ်တိုက်မှုများစတင်ပြီးနောက် (၄)လဝန်းကျင်အကြာ ဩဂုတ်လတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပြီး KNU နယ်မြေ၌ သတင်းမီဒီယာမူဝါဒဆိုင် ရာပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း။
အောက်တိုဘာလတွင်လည်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နှင့်လွတ်လပ်သောမြန်မာသတင်းမီဒီ ယာကောင်စီ(IPCM)တို့ သတင်းမီဒီယာမူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်စွာသတင်းရယူရေးဆိုင်ရာကိစ္စရပ် များအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ သတင်းရယူပိုင်ခွင့်မှာ ပိုကောင်းလာဖို့ရှိသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ဖော်ပြောကြားခဲ့ကြောင်း။
ဖားကန့်မြို့နယ် အခြေစိုက်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင်နှင့်အလွတ်သတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖမ်းဆီးခံသတင်းထောက်နှစ်ဦးအား ပြန်လွှတ်ပေးရန် မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)က အောက်တိုဘာလ(၂၃)ရက်တွင် အိတ်ဖွင့်ပေး စာပေးပို့ပြီး ရက်ပိုင်းအကြားတွင် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ သတင်းသမား(၂)ဦးလွတ်မြောက် ရေးအတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကလည်း ကြားဝင်ညှိနှိုင်းပေးမှုများရှိခဲ့ကြောင်း စသဖြင့် တော်လှန်ရေးအင်အားစုများနှင့် မီဒီယာများကြားတွင် ပွတ်တိုက်မှုများနှင့် ဖြေရှင်းသည့်ဖြစ်စဉ်များကို ဖော်ပြထားခ့ဲသည်။
ရခိုင်ပြည်၏ အနေအထားတွင် ULA/AA မွာ မီဒီယာများနှင့် ဆက်ဆံရေးအားကောင်းသည့် အနေအထားတွင်ရှိသည်။ ထိုအတူပင် ULA/AA ထဲတွင်ပါဝင်နေသူများနှင့် ထောက်ခံသူများကြားတွင် "လူထု၏ လြတ္လပ္စြာ ထုတ်ဖော်ပြောကြားခွင့်နှင့် Popular Soveringty အပေါ်မည်မျှအထိ တသီးပုဂ္ဂလဆိုင်ရာ အရသက်ဝင်ယုံကြည်၊ သဘောပေါက်နားလည်ကြသနည်း" ဆိုသည့်အချက်အပေါ် ဆန်းစစ်စရာမှာလည်း လိုအပ်သော အနေအထားတွင် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် 2025 ခုနှစ် ဇွန်လအတွင်း အချို့သော ULA/AA ထိပ်ပိုင်းဘက်မှ တာဝန်ရှိသူများ၏ " လြတ္လပ္စြာ ထုတ်ဖော်ပြောကြားခွင့်နှင့် သတင်းမီဒီယာအပေါ် တုန့်ပြန်မှုတွင် မူဝါဒ အခြေပြုမှု၊ သဘောထားကြီးမှုနှင့် အားနည်းသော ပြည်သူလူထုအပေါ်တွင် ဖေးမမှုအပိုင်းတို့တွင် အားနည်းချက်များ" ရှိနေခ့ဲသည်ကို တွေ့လာရသည်။ စစ်မှုထမ်းကိစ္စရပ်နှင့်ပတ်သက်၍လည်း တောင်ကုတ်မြို့နယ်ဘက်တွင် လူထု၏ ဆန္ဒထုတ်ဖော်မှု၊ လူထု၏ လြတ္လပ္စြာ ပြောကြားခွင့်နှင့် ပတ်သက်၍ စိုးရိမ္စရာ အခြေအနေများ ဖြစ်ပေါ်ခ့ဲသည်ကို တွေ့နေရသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ခေါ်ဆောင်သွားခြင်းခံရသော ပြည်သူများ၏ တရားမျှတမှု၊ ဘေးကင်းလုံခြုံမှု၊ လွတ်မြောက်မှုကို အခြေအနေဘာမှ မသိရသေးချေ။
2025 ခုနှစ် မေလ 28 ရက်နေ့က UNHCR ဘက်မှ "မြန်မာလူ့အခွင့်အရေးအကြပ်အတည်းမှာ ပိုတိုးလာသော ရက်စက်လှ သော ပဋိပက္ခအတွင်းတွင် ပိုမိုဆိုးဝါလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖိုလ်ခါတောခ့်က
"မြန်မာလူထုဟာ ခေါင်းပေါ်မှာ သေနတ်တွေစီးမိုးပြီး အုပ်ချုပ်ခံရတာထက် ငြိမ်းချမ်းလွမ်းခြုံသော ဒီမိုကရေစီနည်းကျ လူ့ဘောင်အသိုင်းအဝန်းကို ပိုမိုတမ်းတကြပါတယ် ဟု အဆိုပါ အစီီရင်ခံစာထုတ်ပြန်သည့်အချိျိန်တွင် ပြောကြားခ့ဲပါသည်။
ULA/AA အား လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို စံနှုန်းအရ လေးစားတန်ဖိုးထားသော အဖွဲ့အစည်းတရပ်အဖြစ် ရခိုင်လူထုမှ ဆက်၍ မြင်ချင်ကြမည်ဖြစ်သည်။ ရခိုင်လူထုအနေဖြင့် ၎င်းတို့၏ အသံကို လွတ်လပ်စွာဖော်ထုတ်နိုင်သော ဟစ်တိုင်တစ်ခုအား သေနတ်များ ခေါင်းပေါ်မိုးထားခံရသည့်ကြားမှ နာကြင်မှုများဖြင့် ငတ်မွတ်တောင့်တစွာ မျှော်လင့်နေကြအုံးမည်ဖြစ်ပါသည်။
ကိုးကား
Article 19 ၏ အစီရင်ခံစာ
https://www.article19.org/my/resources/myanmar-earthquake-shows-why-freedom-of-expression-must-be-protected/
RFA (လြတ္လပ္စြာ ပြောဆိုခွင့် နယ်ပါယ်ကျဉ်းမြောင်းလာ)
https://www.rfa.org/burmese/program_2/freedom-assembly-and-freedom-expression-01222025053908.html
https://www.rfa.org/burmese/program_2/myanmar-military-digital-dictatorship-01092025063015.html
MIP အစီရင်ခံစာ
https://www.myanmarinternet.info/my/post/yearly_report_2024_part_1
https://www.myanmarinternet.info/my/post/yearly_report_2024_part_2
တောင်ကုတ် စစ်မှုထမ်းကိစ္စ
https://www.facebook.com/share/p/1BtNn1uJpF/?mibextid=oFDknk
https://www.dvb.no/post/706701
ဧရာဝတီသတင်းဌာန၏ အယ်ဒီတာ့အာဘော်
https://www.facebook.com/share/p/1HEJkezHvx/
UNHCR ၏ အစီရင်ခံစာ
https://www.facebook.com/share/p/1BF42wifjC/
Comments
Post a Comment