ယခုနှစ်အတွင်း တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာသန်းလေးထောင်ကျော် ဘင်္ဂလားဒေရ့ှ်ယူရန် မသေချာနိုင်သေး

 ယခုနှစ်အတွင်း တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာသန်းလေးထောင်ကျော် ဘင်္ဂလားဒေရ့ှ်ယူရန် မသေချာနိုင်သေး


ဆောင်းပါးရှင် - Saiffudin Saif


တရုတ်နိုင်ငံမှ ဘင်္ဂလားဒေရ့ှ်အား ကမ်းလှမ်းထားသော ချေးငွေ အမေရိကန်ဒေါ်လာ 4.06 ဘီလီယံ အပေါ် ကာလသတ်မှတ်ချက်၊ ငွေကြေးရွေးချယ်မှုနှင့် အတိုးနှုန်းများအပေါ် နှစ်ဦးနှစ်ဘက်ကြား သဘောတူညီချက်မရနိုင်ဘဲ ကြန့်ကြာမှုများရှိနေကြောင်း ဘင်္ဂလားဒေရှ် စီးပွားရေးဆက်ဆံမှုဌာန (Economic Relations Division- ERD) တာဝန်ရှိသူများက ဆိုသည်။


တရုတ်၏ ကြွေးမြီပုံသေသတ်မှတ်ချက်အား ပြောင်းလဲရန်ကြိုးစားမှု


ကုန်ခ့ဲသည့်(2) နှစ်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ ကြွေးမြီပုံသေအတိုးနှုန်းသတ်မှတ်ချက်အား ဒေါ်လာကိုအခြေခံကာ ပုံသေသတ်မှတ်မှုပုံစံမှ အခြားပုံစံသတ်မှတ်မှုပုံစံသို့ပြောင်းလဲရန် ပြောဆိုခ့ဲရာ ဘင်္ဂလားဒေရ့ှ်နှင့် ကြွေးမြီကိစ္စရပ်အပေါ် ဆွေးနွေးချက်မှာ ရှေ့ဆက်မတိုးနိုင်ဖြစ်နေခ့ဲသည်။ တရုတ်ဘက်မှ " ကြွေးမြီ အတိုးနှုန်းအား အမေရိကန်ဒေါ်လာကို အခြေခံကာ ပုံသေနှုန်းထားသတ်မှတ်ထားရာ" မွ " (1). ဒေါ်လာ၏ ဈေးကွက်ပေါက်ဈေးကို အခြေခံကာ ပုံသေနှုန်းထားသတ်မှတ်ရန်"၊ (2)." ထိုသို့မဟုတ်ပါက ဘင်္ဂလားဒေရ့ှ်အနေဖြင့် တရုတ်ရန်မင်ဘီငွေကြေး (ယွန်/Yuan) ဖြင့် ယူရန်" ကမ်းလှမ်းခ့ဲခြင်းဖြစ်သည်။ ဘင်္ဂလားဒေရ့ှ်အာဏာပိုင်များဘက်မှ အဓိကချေးငွေများထဲမှ ချေးငွေအမျိုးအစားတစ်ခုခု လက်ရှိဘဏ္႑ာနှစ်အဆုံးသတ် ဇြန္လ (30) ရက်မကုန်မှီရတန်ကောင်းမည်ဟု မျှော်လင့်ခ့ဲသော်လည်း ဇြန္လ (1) ရက်နေ့ထိ ဖြစ်မလာခ့ဲပေ။ ဘင်္ဂလားဒေရှ်နှင့် တရုတ် ပူးတြဲ စီးပွားရေးကော်မရှင် (Jiont Economic Commission) အစည်းအဝေးတွင် ဘင်္ဂလားဒေရ့ှ်ဘက်က ကြွေးမြီ၏ ကာလသတ်မှတ်ချက်ကို သဘောမတူခ့ဲချေ။ ထိုက့ဲသို့ရှေ့ဆက်မတိုးနိုင်ကိစ္စများထဲမှ အသိသာဆုံးအချက်မှာ " တရုတ်ရင်းနှီးမြုပ်နှံသူများကိုယ်တိုင် စီမံကိန်းရေးဆွဲထားခွင့်ရထားသော  စစ်တကောင်းရှိ တရုတ်စီးပွားရေးနှင့် စက်မှုဇုန်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ထောက်ပံခြင်း စီမံကိန်း" ရပ်တန့်နေခြင်းပင်ဖြစ်သည်။ လက်ရှိ ယူနွတ်ဦးဆောင်သောဘင်္ဂလားဒေရ့ှ်ကြားဖြတ်အစိုးရဘက်မှ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အလေးထားခ့ဲပြီး ဧပြီလအတွင်း ဒါကာငွေ (4,065) ကုဋေတန်ကြေးရှိ အစီအစဉ်တစ်ခုအပေါ် ပြန်လည်ပြင်ဆင်ခ့ဲသည်။


အကယ်၍ ချေးငွေအစီအစဉ်အထမြောက်လာပါက 

အမေရိကန်ဒေါ်လာ သန်း (250) တန် ကုန်စည်ကူးသန်းရောင်းဝယ်ရန် ဖောက်လုပ်မည့် တူးမြောင်းသစ် (6) ခု စီမံကိန်း မွာ ဖြစ်လာနိုင်စရာရှိသည်။ ထိုစီမံကိန်းမှာ လက်ရှိ ဘဏ္႑ာနှစ်အတွင်းအကောင်အထည်ဖော်နိုင်ရန်ရှိသော အစီအစဉ်များတွင်လည်းပါဝင်နေသည်။ သို့ရာတွင် ချေးငွေအခြေအနှေင့်ပတ်သက်၍ ရှေ့ဆက်မတိုးနိုင်ခ့ဲမှုကြောင့် တူးမြောင်းသစ် (6) ခုစီမံကိန်းမှာလည်း ရပ်တန့်နေတော့သည်။ တရုတ်ဘက်မှ ဘင်္ဂလားဒေရ့ှ်အား ဒေါ်လာ၏ လက်ရှိပေါက်ဈေးဖြင့် အတိုးနှုန်းပုံသေသတ်မှတ်ချက်ကို လက်မခံလိုလျှင် ယွန်ငွေဖြင့် ချေးငွေရယူပြီး အတိုးနှုန်းသတ်မှတ်ချက်ကို 2% နှုန်းမှ 3% သို့မဟုတ် 3.5 % အဖြစ်သတ်မှတ်ထားရန် ကမ်းလှမ်းအဆိုပြုထားသည်။ ထိုကမ်းလှမ်းချက်က ဘင်္ဂလားဒေရ့ှ်အတွက် အတိုးဝန်ထုတ်ပိမှုကိုဖြစ်စေသည်ဟု (RED) တာဝန်ရှိသူများကဆိုသည်။ အကယ်၍ ဒေါ်လာ၏ လက်ရှိပေါက်ဈေးအရသာ သတ်မှတ်မည်ဆိုပါက ကြွေးမြီအတိုးနှုန်းမှာ 6% နှုန်းအထိ တက်သွားမည်ဖြစ်သည်။


ဘင်္ဂလားဒေရ့ှ်က တရုတ် ယွန်ငွေဖြင့်သာ ချေးငှါးရပါက အတိုးနှုန်းအား 1% နှုန်းအတွင်းသာ သတ်မှတ်ထားစေလိုသည်။ ထိုပြင် ပြန်ဆပ်ချိန်ကာလကိုလည်း လက်ရှိတရုတ်ဘက်မှ သတ်မှတ်ချက်ဖြစ်သော (15) နှစ်ကို သေဘာမတူဘဲ  နှစ်(30) အထိ ထားလိုသည်။ အကြံပေးအရာရှိ ယူနွတ် တရုတ်ပြည်သို့ မတ္လ ခရီးစဉ်တွင် လည်းကောင်း၊ တရုတ်ကုန်သွယ်စီးပွားဝန်ကြီး ဝန်ဝမ်တောင်း၏ ဇြန္လ (1) ရက် ဘင်္ဂလားဒေရ့ှ်ခရီးစဉ်တွင်လည်းကောင်း ကြွေးမြီပြန်ဆပ်ကာလ ကျဉ်းမြောင်းမှုကို ဖြေရှင်းနိူင်ရန် မျှော်လင့်ကြသေးသည်။ အနည်းဆုံးအားဖြင့် စီမံကိန်းများထဲမှ တစ်ခုလောက်တော့ ပြေလည်နိုင်မည်ဟု ထင်ခ့ဲကြသည်။ သို့သော် အဆိုပါခရီးစဉ်များက ပြဿနာများကို မဖြေရှင်းနိုင်ခ့ဲကြောင်း RED အရာရှိများက ဆိုသည်။ 2016 ခုနှစ်မှ 2023 ခုနှစ်အတွင်း ဘင်္ဂလားဒေရ့ှ်နှင့် တရုတ်ကြားတွင် စီမံကိန်း (8) ခုအတွက် အမေရိကန် (7.92) ဘီလီယံတန်ကြေးရှိ ချေးငွေများကို ယူရန် လက်မှတ်ထိုးထားကြသည်။ 2024 ခုနှစ် ဇြန္လ (30) အထိ တရုတ်ယွန်ငွေ17.5 ဘီလီယံနှင့် အမေရိကန်ဒေါ်လာ 7.25 ဘီလီယံ ကို တရုတ်ဘက်မှ ပေးချေထားကြောင်း RED အရာရှိများ ကဆိုသည်။ 


ဘင်္ဂလားဒေရ့ှ်နှင့် တရုတ်ကြား နောက်ဆုံး ချေးငွေ သဘောတူညီချက်မှာ (2023) ခုနှစိ မေလ အတွင်းက ရာဂျ်ရှဟိ ဝါဆဒေသ ရေသန့်စင်သိုလှောင် ပေးဝေမှုစီမံကိန်း (the Rajshahi Wasa Surface Water Treatment Plant)အတွက် ဖြစ်သည်။ ထိုစီမံကိန်းက အမေရိကန်ဒေါ်လာ 276.25 သန်းကုန်ကျသည်။ ယင်းနောက် ဘင်္ဂလားဒေရ့ှ်နှင့်တရုတ်ကြား ချေးငွေ သဘောတူညီချက်များ မရှိတော့ပေ။ 


တာဝန်ရှိသူများက တရုတ်ကြွေးမြီများအပေါ် ရှေ့မဆက်နိုင်မှုကို လက်ရှိမဖြေရှင်းပါက  တရုတ်၏ အျခား ရံပုံငွေအထောက်အပံများ ဆက်ရရန်အတွက် အခက်အခဲဖြစ်စေနိုင်မည်ဟုဆိုသည်။ ထိုအခက်အခဲက လာမည့်ဘဏ္႑ာနှစ်ကို သက်ရောက်မှုရှိမည်ဖြစ်သည်။


လက်တလောအတွင်း ဆွေးနွေးမှုများဖြစ်လာရန် ဘင်္ဂလားဒေရ့ှ်ဘက်မှအားထုတ်မှုများရှိနေသည်။ RED အတွင်းရေးမှှူးဖြစ်သူ ရှရာရ် ကာဒါ ဆီဒစ္ကီ (Shahriar Kader Siddiky)က တရုတ်ချေးငွေနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးဘက်မှ အောက်ခြေ လုပ်ငန်းအဖွဲ့များကြားတွင် ဆွေးနွေးမှုများပြုလုပ်နေကြောင်းဆိုသည်။ သူက တရုတ်၏ ဝယ်သူဦးစားပေးချေးငွေသတ်မှတ်ချက် (Currency of the Chinese Preferential Buyer's Credit) နှင့် အတိုးနှုန်းသတ်မှတ်ချက် ပြဿနာ  က အောက်ခြေလုပ်ငန်းအဖွဲ့များကြားတွင် မြန်မြန်အဖြေရှာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။ 

ဘင်္ဂလားဒေရ့ှ်ရှိ ကမ်ဘာဘဏ်ရုံးခွဲအရာရှိဟောင်း ဇာဟဒ်ဟူစိန် (Zahid Hussain) က ချေးငွေကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်စလုံးတွင် အကန့်အသတ်များရှိနေကြောင်း၊ သို့ရာတွင် စီမံကိန်းအကောင်အထည်ဖော်မှုအတွက်သက်သက်တွင်သာ အခြေခံသုံးသပ်ပါက တရုတ်၏ ရောင်းသူ/ဝယ္သူ ဦးစားပေးချေးငွေ ပုံစံက အကျိုးဖြစ်လာနိုင်စရာရှိကြောင်း၊ အချို့သောစီမံကိန်းများဖြစ်သော မီးရထားလမ်း စီမံကိန်း၊ လမ်းစီမံကိန်းနှင့် စွမ်းအင်စီမံကိန်းများတွင် လိုအပ်သောပစ္စည်းများကို တရုတ်ထံမှ မှာယူတင်သွင်းနေရကြောင်း၊ အဆိုပါ ချေးငွေအမျိုးအစားမှာလည်း စီးပွားရေးဆိုင်ရာ အကြောင်းအကျိုးအရ တရုတ်ဘက်မှ 3% သို့မဟုတ် 3.5% နှုန်းပြန်သတ်မှတ်ချက်ဖြင့် ချေးငှါးလိုသော ရန်မင်ဘီ ယွန်ငွေနှင့် အတူတူပင်ဖြစ်ကြောင်း" ပြောသည်။ 
ထိုအတိုင်းသာဆောင်ရွက်မည်ဆိုပါက ဘင်္ဂလားဒေရ့ှ်ဘက်က ကြိုတင်ပြင်ဆင်ထားရမည့်အချက်များကိုလည်း ဇာဟဒ်ဟူစိန် (Zahid Hussain)ကပင် ဆက်လက်၍ သုံးသပ်ပြသည်။ 
"ကိုယ့်ရဲ့ စီမံကိန်းမှာ လိုအပ်တ့ဲပစ္စည်းတွေက ဘယ်နိုင်ငံက ဝယ်ရမှာလဲ၊ ပြီးရင် ချေးငွေရဲ့ သက်တမ်းက ဘယ်လောက်လဲ ဆိုတာတွေကို ဆန်းစစ်ထားရမှာပါ၊ တကယ်လို့ ကိုယ့်စီမံကိန်းအတွက် လိုအပ်တ့ဲ ပစ္စည်းတွေကို တရုတ်က မှာယူရမယ်ဆိုရင် " တရုတ်၏ ရောင်းသူဆိုင်ရာ ချေးငွေ စနစ် (Chinese supplier's credit)က" အကောင်းဆုံးရွေးချယ်မှုပါပဲ၊ ဒါက တရုတ်ကြွေးမြီတွေက နိုင်ငံရေးအရ သို့မဟုတ် ကြိုတင်ချည်နှောင်ထားချက်တွေနဲ့ အကြပ်တွေ့လာမယ်လို့တော့ မမြင်သင့်ပါဘူး၊ ကိုယ့်ဆောင်ရွက်မယ့် စီမံကိန်းအတွက် စီးပွားရေးအကျိုးအမြတ်အချိုးအစားနဲ့ စီမံကိန်းပြီးစီးဖို့ လိုအပ္ခ်က္ကိုပဲ အခြေခံစဉ်းစားသင့်တယ်၊ ကိုယ့်စီမံကိန်းကို ဘယ်လိုငွေ အမျိုးအစားနဲ့မှ လုပ်မယ်လို့စဉ်းစားတာထက်စာရင် စီမံကိန်းအတွက် လိုအပ်တ့ဲ ပစ္စည်းတွေ၊ အခြားလိုအပ်ချက်တွေ ပြည်စုံ့နေရင်လည်း လုပ်လို့ရတာပဲလေ"

စီမံကိန်း (9) ခုအတွက်  ချေးငွေ အမေရိကန် ဒေါ်လာ 4 ဘီလီယံက အတည်ပြုချက်ရရန် စောင့်ဆိုင်းနေသည်။

ချေးငွေစနစ်ပုံစံများ

RED အဆိုအရ တရုတ်ထံမှ ချေးငွေများကို ခေါင်းစဉ် စာရင်းဇယားနှစ်ခုအောက်သို့ ထည့်ထားကြောင်းသိရသည်။ ပထမတစ္ခုက အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်မည်ဆိုပါက (PBC) ဟုခေါ်သော ဝယ်သူဦးစားပေးချေးငွေ ( Preferential Buyer's Credit) စနစ်ဖြင့်ချေးယူမည်ဖြစ်ပြီး  ယွန် ငွေဖြင့် သတ်မှတ်မည်ဆိုပါက (GCL) ဟုခေါ်သော အစိုးရအတိုးနှုန်း သက်သာချေးငွေ( Government Concessional Loan) စနစ်ဖြင့် ချေးယူရန် စီစဉ်ထားကြောင်းဆိုသည်။ 

2023 ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ ဘဏ္က ဝယ်သူဦးစားပေးချေးငွေ ( PBC)၏  ပုံသေအတိုးနှုန်းထားအား  ဒေါ်လာဈေးကွက်ပေါက်ဈေးအတိုင်း သတ်မှတ်ရန် အဆိုပြုထားသည်။ လက်ရှိ စတော့ဈေးကွက်၏ SOFR ( Secured Overnight Financing Rate ) အရ 4.2% နှုန်းထားတွင်ရှိနေပြီး စုစုပေါင်း ချေးငှါးခ တန်ဖိုးကိုထည့်ပေါင်းပါက PBC အတွက် အတိုးနှုန်းတန်ဖိုးမှာ 6% နှုန်းရှိနေမည်ဖြစ်သည်။ အဆိုပါ 6% နှုန်းအား ဘင်္ဂလားဒေရ့ှ်က လက်မခံနိုင်ချေ။ 

လက်ရှိတွင်တော့ ဖွံ့ဖြိုးရေးစီမံကိန်း 9 ခုအတွက် တရုတ်ထံမှ အမေရိကန်ဒေါ်လာ 4.06 ဘီလီယံအား ချေးယူရန်မှာ ERD ၏ ချေးငွေအစီအစဉ်ထဲတွင်ရှိနေဆဲဖြစ်သည်။ တရုတ်ထံမှ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများတွင် စစ်တကောင်းရှိ တရုတ်စီးပွားရေးနှင့် စက်မှုဇုန် ဆိုင်ရာ အခြေခံအဆောက်အအုံများပံပိုးခြင်း စီမံကိန်းက ထင်သာမြင်သာအရှိဆုံးဖြစ်သည်။ ၎င်းစီမံကိန်းအပြင် မောင်းလ (Mongla) ဆိပ်ကမ်းအဆင့်မြင့်တင်ရေးစီမံကိန်း၊ ဒီဂျစ်တယ်စနစ်အဆင့်မြင့်တင်ရေးစီမံကိန်း၊ ဆက်သွယ်ရေးကွန်ရက် Teletalk's 4G နိုင်ငံလွမ်းခြုံစီမံကိန်းနှင့် ဒါကာ၏ ရေဝပ်ဧရိယာ အတွက် ရေနုတ်မြောင်းစနစ်တည်ဆောက်ခြင်းစီမံကိန်းတို့လည်းပါဝင်နေသည်။

The Bussiness Standard သတင်းစာပါ $4b Chinese loan deals face delay as Dhaka, Beijing struggle to agree terms အား ပြန်ဆိုပါသည်။
https://www.tbsnews.net/economy/4b-chinese-loan-deals-face-delay-dhaka-beijing-struggle-agree-terms-1174271

Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)