နီပေါရွေးကောက်ပွဲ ရာစထရိယ ဆွာတန်တရ ပါတီ ( Rastriya Swatantra Party) ဦးဆောင်နေ
နီပေါရွေးကောက်ပွဲ ရာစထရိယ ဆွာတန်တရ ပါတီ ( Rastriya Swatantra Party) ဦးဆောင်နေ
နီပေါရဲ့ စက်တင်ဘာ ဂျင်ဇီ တော်လှန်ရေးက နိုင်ငံရေးမှာ စွမ်းရည်မ့ဲနေ တ့ဲသူတွေ အပေါ် လူထုရဲ့ဒေါ်သထွက္မှုကို ထင်သာမြင်သာ ဖြစ်စေ ခ့ဲပါတယ္။ ဒီဒေါသ ကြောင့်ပဲ နီပေါရဲ့ တော်လှန်ရေးသမားဟောင်းကြီးလည်းဖြစ် ဝန်ကြီးချုပ်ရာထူး သုံးကြိမ် ထမ်းဆောင်ခ့ဲသူလည်း ဖြစ်တ့ဲ ကေပီ ရှာမာ အိုလီ ( K. P. Sharma Oli) ဟာ လူငယ်နိုင်ငံရေးသမား ဘာလင် ရှား (Balen Shah) ကို ရှုံးနှိမ့်ခ့ဲတာလည္း ဖြစ်ပါတယ်။
တကယ်တော့ ဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီ ဝင္ပြိုင္ခ့ဲတ့ဲ ဂျာပါ (Jhapa) အမှတ် ၅ မဲဆန္ဒနယ်မြေမှာဟာ သူရဲ့ နိုင်ငံရေးဘူမိနက်သန်မြေလို့လည်း ပြောလို့ရပါတယ်။ ဂျာပါ အမှတ် (၅) မဲဆန္ဒနယ်ဟာ နီပေါကွန်မြူနစ်ပါတီ အားကောင္းတ့ဲ ကိုရှီနယ်မြေ ( Koshi Province)ထဲမှာ ရှိတာပါ။ ကိုရှီနယ်မြေထဲမှာ နီပေါကွန်မြူနစ်ပါတီနဲ့ အိုလီ ကို ယှဉ္နိုင္သူမရှိခ့ဲပါဘူး။ ဝန်ကြီးချုပ်ဟောင်း အိုလီကလည်း သူရဲ့နိုင်ငံရေးဖြတ်သန်းမှု ၅၅ နှစ်ထဲမှာ ကိုရှီနယ်မြေကို ခြေကုတ္ယူပြီး ရွေးကောက်ပွဲပေါင်း များစွာကို ဖြတ်သန်းအနိုင်ရလာသူလည်းဖြစ်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင် ဆန္ခ့ဲပါပြီ။
Rap အဆိုတော်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ
ဝန်ကြီးချုပ်ဟောင်းအိုလီကို သူ့အိမ်ကွင်းမှာပဲ ရှုံးနှိမ့်စေ ခ့ဲတ့ဲပြိုင္ဘက်က အသက် (၃၅) နှစ်အရွယ် ဘာလင်ရှား ပါ။ သူ့အမည်အပြည့်အစုံက ဘာလင်ဒရာ ရှား (Balendra Shah) ပါ။ သူဟာ Rap အဆိုတော်လည်းဖြစ်သလို အင်ဂျင်နီယာ တစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူဟာ ခတ္တမန္ဒူရဲ့ မြို့တော္ဝန္ ဖြစ်လာခ့ဲပါတယ္။
ဘာလင် လှိုင်း (Balen Wave) လွမ်းခ့ဲပြီ
ဘာလင်ရှားရဲ့ ဝန်ကြီးချုပ်ဟောင်း အိုလီကို အနိူင်ရမှုက နီပေါဂျင်ဇီ တွေကို လမ်းပေါ်ထွက်ပြီး အောင်ပွဲခံစေ ခ့ဲပါတယ္။ ရာစထရိယ ဆွာတန်တရ ပါတီ ( Rastriya Swatantra Party) ရဲ့ အပြာရောင်အလံ တွေက လွင့်ပျံစေ ခ့ဲပါတယ္။
ဘာလင် ဘာဘူ တ့ဲလား
စက်တင်ဘာဂျင်ဇီ တော်လှန်ရေးနောက္မှာ လူထုကို တောင်းပန်မှုတစ်ခုနဲ့ နိုင်ငံရေးမှ အနားယူမှုတစ်ခုတို့ကို ဝန်ကြီးချုပ်ဟောင်း အိုလီ ကပြုခ့ဲပါတယ္။ ဒါက သူကို ဂုဏ်သိက္ခာရှိစေ ခ့ဲပါသေးတယ္။ ဒီအချက္ကြောင့်ပဲ ညီညွတ်သော မက်စ် လီနင် အုပ်စု (UML) ကို ပြန်လည်မှတ်ပုံတင်ခွင့် ရခ့ဲပါတယ္။ အိုလီတို့ အုပ်စုမှာ မျှော်လင်ချက်အနည်းငယ်နဲ့ အနိုင်ရမှုအချို့က ရွေးကောက်ပွဲအတွက္ ရှိခ့ဲပုံရပါတယ္။ ဒါပေမယ့် အခုတော့ ဝန်ကြီးချုပ်ဟောင်း အိုလီဟာ အရှုံးကို သဘောပေါက်သွားပြီ။ စနေ့နေ့က အိုလီက "ဘာလင် ဘာဘူ" (Balen Babhu) ဆိုပြီး ဘာလင်ရှားရဲ့ အောင်မြင်မှုကို ဂုဏ္ပြုပေးခ့ဲပြီး လာမယ့်ငါးနှစ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်း ပေးခ့ဲပါတယ္။
လက်ရှိမှာတော့ နီပေါဟာ ကတိကဝတ်အသစ်တွေနဲ့ မျှော်လင့်ချက်တွေ နိုးထနေပါတယ်။
ကိုးကား
https://nepalitimes.com/news/balen-takes-jhapa-and-nepal
https://nepalitimes.com/here-now/political-rap
Comments
Post a Comment