ပင်လယ်ပြင်နှင့် ရခိုင်ရိုးမ-1

 ရခိုင်ပြည်အနေဖြင့် ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထူထောင်နိုင်သော သမိုင်းခေတ်ကာလများတွင် ပင်လယ်ပြင်နှင့် ရခိုင်ရိုးမကို စိုးမိုးထားနိုင်သည်ကို တွေ့ရသည်။ ထိုခေတ်ကာလတလျောက် ရခိုင်ဘုရင်များသည် ပုံစံအမျိုးမျိုးဖြင့် ပင်လယ်ပြင်နှင့် ရခိုင်ရိုးမကို စိုးမိုးနိုင်ရန် အားထုတ်ခ့ဲကြသည်။ ထိုသို့အားထုတ်ရာတွင် ဒေသန္တရအာဏာခွဲဝေမှုကိုပါ ပေါင်းစပ်ကျင့်သုံးသွားကြသည်။ 


ရခိုင်ပြည်၏ အချုပ်အခြာအာဏာကို ထူထောင်ခ့ဲပြီးသည်နှင့် ထိုအချုပ်အခြာကို ကာကွယ်ရန်မှာ ပင်လယ်ပြင်နှင့် ရခိုင်ရိုးမကို တည်ငြိမ်အောင်ထိမ်းချုပ်ထားနိုင်မှု မည်မျှလောက်ရှိ၏၊ မရှိ၏ ဆိုသည့်အချက်က တိုင်းတာနိုင်သည်။ ရခိုင်အချုပ်အခြာအာဏာအပေါ် စစ်မက် ပြုလိုသောသူများသည် ရိုးမတောင်ကိုဖြတ်၍လာသည်။ ပင်လယ်ပြင်ကို ဖြတ်၍လာသည်။ 


ကာကွယ်ရေးဆိုင်ရာရှူဒေါင့်အရ ရိုးမတောင်နှင့်ပတ်သက်၍ ရခိုင်ပြည်ကို ထိုးစစ်ပြုရန်ဝင်လာသောသူကို ရခိုင်ဘက် ရင်ဆိုင်ဟန့်တားနိုင်ရန် အားသာချက်များရှိပါသည်။ 


ပင်လယ်ပြင်ဆိုင်ရာ ရင်ဆိုင်မှုတွင်တော့ ရခိုင်ပြည်အတွက် စိန်ခေါ်ချက်များစွာရှိနေနိုင်သည်။ ကမ်းပေါ်မှသာစောင့်ကာ ပင်လယ်ပြင်ကို စောင့်ကြည့်၍ ရင်ဆိုင်နေရသော အခြေအနေမျိုးတွင်သာရှိသည်။ လတ်တလောအခြေအနေအရ စကစ အနေဖြင့် ပင်လယ်ပြင်က နေ၍ ကမ်းတက်တိုက်ပွဲမျိုးကို ဖန်တီးရန် ဖြစ်တန်ရာနည်းလွန်းနေပါသေးသည်။ သို့သော်လည်း ပေါ့ဆနေ၍ကားမဖြစ်။


စကစ၏ နေဗီများသည် လက်ရှိအခြေအနေထိ ရခိုင့်ပင်လယ်ပြင်တွင် လှုပ်ရှားနေကြဆဲဖြစ်ကြောင်း ရခိုင့်ဒေသအခြေပြု မီဒီယာမ်ား၏ ဖော်ပြထားသည်။ စကစ နေဗီများသည် ရခိုင်ကမ်းရိုးတန်းပင်လယ်၏ တောင်၊မြောက်၊အလယ် တစ်လျှောက်လုံးတွင် ရှိနေသည်။ 


ပေါက်တော၊မောင်တော၊ ရမ်းဗြဲ၊သံတွဲ မြို့နယ်များ၏ ပင်လယ်ပြင်နှင့် မြစ်ဝများတွင် စကစ နေဗီများ (10) စီးထက်မနည်းရှိနေကြောင်း၊ မောင်တောမြို့နယ် အင်းဒင်ရွာအောက်ဘက်တွင် အတက်အဆင်းလုပ်နေသော နေဗီနှစ်စီးရှိကြောင်း၊ စစ်တွေဘက်ကို အင်းဒင်ဘက်မှ အသွားအပြန်လုပ်နေသော နေဗီ တစ်စီးရှိကြောင်း၊ အဆိုပါနေဗီများသည် မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာမှ ရေမိုင် (9) မိုင်အကွာနှင့် ဘင်္ဂလားဒေရ့ှ်အပိုင် စိန့်မာတင်ကျွန်းအနီး ပင်လယ်ပြင်တွင် ရပ်နားနေကြောင်း၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းအနီးတွင် နေဗီ သုံးစင်းရှိကြောင်း၊ အဆိုပါသုံးစီးမှာ ကျောက်ဖြူဘက်မှ လာကြောင်း၊ အနောက်ဖရုံကာကျွန်းမှ မောင်တောဘက်ကို အသွားအလာလုပ်နေကြောင်း၊ ရမ်းဗြဲမြို့နယ်စကုကျွန်းအနီးနှင့်  တောင်ကုတ်မြို့နယ် ကလိန်တောင်မြစ်ဝ တကြောတွင်လည်း နေဗီတစ်စီးရှိကြောင်း၊ စကစ ထိန်းချုပ်ထားသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့်မြို့နယ်များ၏ ပင်လယ်ပြင်များတွင် ရေတပ်ကိုတိုးမြင့်ချထားကြောင်း၊ သံတွဲမြို့နယ် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှာလည်း စကစ နေဗီကိုကြောက်၍ နေရပ်သို့မပြန်နိုင်ကြောင်း၊ ငါးဖမ်းလုပ်ငန်းကိုလည်း မလုပ်နိုင်ကြောင်း DMG သတင်းဌာနက (27-1-2025) ရက်နေ့တွင်ဖေါ်ပြထားသည်။


ရခိုင်ဒေသခံများ ပင်လယ်ထဲဆင်း၍ ငါးဖမ်းခြင်းမပြုနိုင်မှုကြောင့် ဘင်္ဂလားဘက်မှ ငါးခိုးဖမ်းမှုများရှိနေကြောင်း ဒေသခံများဆိုကြသည်။ မောင်တောဘက်ရှိ ရခိုင်ဒေသခံ မူဆလင်များ၏ ငါးဖမ်းလုပ်ငန်းများမှာ 2017 ခုနှစ် အကြမ်းဖက်ခံရသည့်နောက်ပိုင်းတွင် လုံးဝပျက်စီးရပ်တန့်သွားကြောင်း၊ ရခိုင်အပါအဝင် အခြားသော လူမျိုးစုများနှင့် ဟိန္ဒုဘာသာဝင်များမှာ ပင်လယ်ပြင်နှင့် မြစ်ကိုထွက်၍ ငါးဖမ်းနိုင်မှုမရှိသလောက်ရှားပါးနေကြောင်း၊ ရခိုင်လူမျိုးကျေးရွာအများစုမှာလည်း ချောင်းအဆင့်လောက်တွင်သာ ပိုက်တန်း၊ ကွန်ပစ်၊ ငါးမ်ွား၊ ငါးပစ် တို့ကိုသာ လုပ်ကိုင်နေကြောင်း၊ အလယ်သံကျော်ကမ်းခြေ၊ ကျောက်ပန်းတူကမ်းခြေ၊ ကိုးတန်ကောက်ပင်လယ်ကမ်းခြေ၊ နတ်မြစ်ဝ ဘင်္ဂလားပင်လယ်နှင့် နတ်မြစ်ဝ တလျောက်သည် ငါး၊ပုဇွန်တို့ ကျက်စားရာနေရာဖြစ်ကြောင်း Narinjara သတင်းဌာနမှ (22-1-2025) ရက်နေ့တွင် ဖေါ်ပြထားသည်။


ဘင်္ဂလားဒေရ့ှ်ပိုင် စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း) အနီးတွင် စကစ နေဗီ ရှိကြောင်း၊ ထိုနေဗီမှာ မောင်တောမြို့နယ် ကျောက်ပန်းတူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေများနှင့် (8) မိုင်၊ (9) မိုင်အကွာတွင်ရှိကြောင်း၊ မောင်တောမြို့နယ် အင်းဒင်ကမ်းခြေဘက်ကို အတက်အဆင်းပြုလုပ်နေကြောင်း၊ စကစမွ တခါတရံ လက်နက်များ၊ ရေဒါများ တပ်ဆင်ထားသော ဇက်ရေယဉ်များကို အသုံးပြုသွားလာကြောင်း၊ ဘင်္ဂလားဒေရ့ှ်ဖက်မှ ငါးခိုးဖမ်းယဉ်များသည် ရခိုင်ပင်လယ်ပြင်ထဲ ဝင်ရောက်ရန် စကစ နေဗီများကို ဖြတ်သန်းရကြောင်း၊ ရခိုင်ပင်လယ်ပြင်ထဲတွင် ဘင်္ဂလားဒေရ့ှ်မှ ငါးခိုးဖမ်းခြင်းမှာ စကစ နေဗီများ၏ ပါဝင်ပတ်သက်မှုကြောင့် ဖြစ်ကြောင်း၊ တနေ့လျှင် ဘင်္ဂလားဒေရ့ှ်ဖက်မှ ငါးခိုးဖမ်းယဉ် အစီး (60) နီးပါးခန့်ရှိကြောင်း၊ ဘင်္ဂလားငါးခိုးဖမ်းယဉ်များတွင် ARSA၊ RSO၊ ARA စသည့် အကြမ်းဖက်များပါဝင်နိုင်ကြောင်း၊ မောင်တောမြို့နယ်သည် အဆိုပါ အဖွဲ့အစည်းများ အလှုပ်ရှားဆုံးနေရာထဲတွင်ပါဝင်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသည် တောတောင်ထူထပ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ခိုအောင်းနိုင်သော နေရာလည်းဖြစ်ကြောင်း ABN သတင်းဌာနက (20-1-2025) ရက်နေ့တွင် ဖေါ်ပြထားသည်။


ရခိုင်ဒေသခံများ၏ ငါးဖမ်းဘုတ်လှေများကို စကစ နေဗီဘက်မှ ပစ်ခတ်မှုများမှာ 2024 ခုနှစ် ဒီဇင်ဘာလ (23) ရက်နေ့တွင် ရှိကြောင်း၊ မြေပုံမြို့နယ် ကုက္ကိုလ်ရွာ၊ ကျွန်းသာယာ၊ ငပသုန် စသည့်ကျေးရွာများမှ လှေများနစ်မြုပ်ကြောင်း၊ ထိုသို့နစ်မြုပ်မှုကို အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်ကြောင်း၊ မြေပုံမြို့နယ် ကျွန်းသာယာတွင် စကစ ရေတပ် ရှိနေသေးကြောင်း၊ ထိုနေဗီများသည် စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံမြို့နယ်များ၏ ပင်လယ်ပြင်တွင် အဝင်အထွက်ရှိနေကြောင်း၊ ယခင်ကာလများက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ်များမှ ဒေသခံများကို စကစ နေဗီမှ ငါးဖမ်းခွင့်တားမြစ်ခြင်း၊ ပစ်ခတ်ခြင်းများကို ပြုလုပ်ခ့ဲကြောင်း၊ ယခုတွင် မြေပုံမြို့နယ်ဖက်မှ ငါးဖမ်းလှေများကိုပါ ပစ်ခတ်မှုများရှိလာကြောင်း Narinjara သတင်းဌာနမှ (27-12-2024) ရက်နေ့တွင် ဖော်ပြထားသည်။


မြန်မာဘက်မှ နယ်စပ်ကိုကျော်၍ ဘင်္ဂလားဒေရ့ှ်ပိုင် စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း) ဘက္ကို ပစ်ခတ်မှုများရှိသည်ဟု ဘင်္ဂလားဒေရ့ှ်ဘက်က စွပ်စွဲပြောလိုက်ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် စိန့်မာတင်ကျွန်းတွင် ရိက္ခာများပြတ်လတ်နေကြောင်း Narinjara သတင်းဌာနမှ (11-6-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။


ရခိုင်ဘက်မှ ငါးဖမ်းဘုတ်ငယ်တစ်စီးအား ဘင်္ဂလားဒေရ့ှ်ငါးဖမ်းဘုတ်များက ဝင်တိုက်သွား၍ စက်ပျက်စီးသွားကြောင်း ABN သတင်းဌာနမှ  (5-2-2025) ရက်နေ့တွင် ဖော်ပြထားသည်။


အိန္ဒိယသမုဒ္ဒရာအတွင်း နိုင်ငံတကာပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နတ်ဆင်းက ပြောသည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းတွင် ရေတပ်အင်အားခိုင်မာရေးသည် အိန္ဒိယ၏ အရေးကြီးဆုံးဦးစားပေးဖြစ်ကြောင်း၊ 2035 ခုနှစ်တွင် သငေ်္ဘာအစီးပေါင်း 175 စီးထိပိုင်ဆိုင်ရန်ကြိုးစားမျှော်မှန်းထားကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် သ​​ေင္ဘာအစီးပေါင်း 370 ကျော်ရှိပြီး ကမ်ဘာ့အကြီးဆုံးရေတပ်ဖြစ်ကြောင်း၊ အိန္ဒိယ၏ ဘေးပတ်ဝန်းကျင်နိုင်ငံများ ဘင်္ဂလားဒေရှ်၊ မြန်မာ၊ သိရီလင်္ကာနှင့် ပါကစ္စတန်တို့တွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုများတိုးလာပြီး သြဇာချဲ့ထွင်မှုကို အိန္ဒိယဘက်က တန်ပြန်နေရကြောင်း DMG သတင်းဌာနမှ (16-1-2025) ရက်နေ့တွင်ဖော်ပြထားသည်။





Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?