အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1

 အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1


8- နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားအခွင့်အရေး (Citizenship and Citizen Rights)


နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ (7-2-2024) ရက်နေ့ BBC ၏ အင်တာဗျူးတွင် " ရိုဟင်ဂျာပဲ ခေါ်ခေါ်၊ ဘင်္ဂလီပဲ ခေါ်ခေါ် ရခိုင်ပြည်သားတစ်ယောက်ဆိုရင် နိုင်ငံသားအခွင့်အရေးက ရရ မွာပဲ" ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါသည်။ 


ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် 15 တွင် "လူတိုင်းသည် နိုင်ငံသား ဖြစ်ရန် အခွင်အရေးရှိပြီး ၎င်းတို့်၏ နိုင်ငံသားဖြစ်မှုအပေါ်မည်သူကမျှ ပိတ်ပင်တားဆီးခွင့်မရှိကြောင်း ပြဌာန်းထားပါသည်။

- နိုင်ငံသားတိုင်းသည် ဥေပဒ၏ ရှေ့တွင်တူညီသော အခွင့်အရေးရှိသည်။

- နိုင်ငံသားတိုင်းသည် မိမိ၏အတွေးအမြင်၊သတင်းအချက်အလက်များကို လြတ္လပ္စြာ လူအများနှင့် ဆက်သွယ်ဆောင်ရွက်ချပြနိုင်သည်။

- အစိုးရများ၊နိုင်ငံများသည် လူ့အခွင့်အရေးအပေါ်တွင် ကန့်သတ်ပိတ်ပင်ခွင့်မရှိပါ။

- ဒီမိုကေရစီ၏ အနှစ်သာရအချက်များဖြစ်သော ရွေးကောက်ပွဲအခင်းအကျင်းများ၊ လူ့အခွင့်အရေးကို လေးစားမှုများ၊ လွတ်လပ်ခွင့်တန်ဖိုးများကို ရရှိခွင့်ရှိသည်။

နိုင်ငံသားအခွင့်အရေးများတွင် အောက်ပါလူ့အခွင့်အရေး အခြေခံအချက်များလည်းပါဝင်ပါသည်။

- အသက်ရှင်သန်ခွင့်

- နှိပ်စက်ညှင်းပန်းနာကျင်စေမှုမှ ကင်းဝေးခွင့်

- လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်

- လြတ္လပ္စြာ တွေးခေါ် ဝေဖန်ပိုင်းခြားခွင့် ကိုးကွယ်ယုံကြည်ခွင့်

- ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့်

- တသီးပုဂ္ဂလဆိုင်ရာ လုံခြုံခွင့်

- အုပ်ချုပ်ရေး၊ အစိုးရတည်ဆောက်မှုတွင် ပါဝင်ခွင့်

- လြတ္လပ္စြာ သွားလာလုပ်ရှားခွင့်


hint

https://www.bbc.com/burmese/articles/cd1wj7vqw50o


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?