အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1
အနာဂါတ် ရခိုင်နှင့် မျက်နှာချင်းလာရမည့် စကားလုံး ဝေါဟာရများ-1
7-အားလုံးပါဝင်ပတ်သက်မှု/ အားလုံးအကျုံးဝင်မှု
ရက္ခိတလမ်းစဉ် အပေါ် ဒုတိယပိုင်းကာလ ဖွင့်ဆိုမှုဖြစ်သော (7-2-2024) ရက်နေ့ BBC နှင့်အင်တာဗျူးတွင် ရက္ခိတအိပ်မက်၊ ရက္ခိလမ်းစဉ် ကို အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပိုမို၍ အဝိုင်းအဝန်းကျယ်ပြန့်လာသည့်သ ဘောကို အေ အေ ခေါင်းဆောင်ပိုင်းမှ ပြောကြားခ့ဲသည်။ အဆိုပါအင်တာဗျူးတွင် ပါရှိသော ပြောကြားချက်အရ ရက္ခိတလမ်းစဉ်သည် ရခိုင်ဒေသရှိ ရခိုင်လူမျိုးတစ်ခုတည်း ဗုဒ္ဓဘာသာတစ်ခုတည်းကို ကိုယ်စားပြုသော အသုံးအနှုန်းမဟုတ်ကြောင်း၊ ရခိုင်ဒေသမှာနေထိုင်သော လူမျိုးမခွဲ ဘာသာမခြဲ လူမျိုးပေါင်းစုံအတွက် လွတ်လပ်သော၊ တရားမ်ွတ သော၊ ကြီးသည်ငယ်သည် မခွဲခြားဘဲငြိမ်းချမ်းတဲ့ အနာဂတ္ကို အတူတကြ ဖန်တီးသော လူမျိုးရေးအမြင်ထက်ကျယ်ပြန့်တဲ့အတွေးအခေါ်လမ်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုပါသည်။
အဆိုပါ အင်တာဗျူးအရ အားလုံးပါဝင် ပတ်သက်မှု/ အားလုံးအကျုံးဝင်မှု ကို ရက္ခိတအိပ်မက်၊ ရက္ခိတလမ်းစဉ် ဘက်မှ လက်ခံထားသည်ကိုတွေ့ရသည်။
အားလုံးပါဝင်ပတ်သက်မှု/ အားလုံးအကျုံးဝင်မှု သည် နိုင်ငံတကာစံနှုန်းတစ်ခုလည်းဖြစ်သည်။ ကုလသမဂ္ဂ၏ (ICCPR) စာချုပ် ပုဒ္မ(27) သည် လူနည်းစုများ၏
- ကိုယ်ပိုင်ယဉ်ကျေးမှု
- ကိုယ်ပိုင်ကိုးကွယ်မှု
- ကိုယ်ပိုင်ဘာသာစကားကို သုံးစွဲမှု
- ပြည်သူလူထုအဖြစ်ရှင်သန်မှု၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ဖြစ်စဉ်များတွင် ပါဝင်ခွင့်
- အဆိုပါ လူနည်းစု လူသားအုပ်စုတစ်စုအပေါ်တွင်လည်းကောင်း၊ ၎င်းတို့၏ နေရာဒေသကိုလည်းကောင်း ရိုက်ခတ်သက်ရောက်လာမည့် ကိစ္စများအတွက် ပါဝင်ဆုံးဖြတ်ခွင့်
- အဖွဲ့အစည်းများ ထူထောင်လုပ်ရှားခွင့်
- အခြားသော အုပ်စုများအတွင်းရှိနေသည့် ၎င်းတို့၏ တူညီမျိုးနွယ်များနှင့် အခြားလူမျိုးစုကို ငြိမ်းချမ်းစွာ၊ လြတ္လပ္စြာ ဆက်သွယ်ခွင့်
စသည့်အချက်များကိုထည့်သွင်းထားပါသည်။
ကုလသမဂ္ဂ၏ လူနည်းစုအခွင့်အရေးဆိုင်ရာကြေငြာချက်အဖြစ် လူသိများသော "The United Nations Declaration on the Rights of Persons Belonging to National or Ethnic, Religious and Linguistic Minorities" ၏ ပုဒ္မ (2)၊ အပိုဒ်ခွဲငယ် (3) တွင် လူနည်းစု လူသားအုပ္စု၏ အခွင့်အရေးသည် လူ့အဖွဲ့အစည်း၏ အရေးပါဆက်စပ်သော အစိတ်အပိုင်းဖြစ်ပြီး ၎င်းတို့နေထိုင်ရာ နိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့နှင့် သက်ဆိုင်ကြောင်း ပြဌာန်းထားပါသည်။
4-11-2024 ရက်နေ့ ဧရာဝတီ၏ သတင်းဖေါ်ပြချက်တွင်
"လွတ်မြောက်ဒေသများ အုပ်ချုပ်ရေးတွင် လူမှုအသိုက်အဝန်းများ အားလုံးနှင့် ထိတွေ့ဆက်ဆံသော အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေး မျိုးစေ့များကို ယခုအခါ အာရက္ခပြည်သူ့အစိုးရဟု ခေါ်သည့် အာရက္ခပြည်သူ့ အာဏာပိုင်အဖွဲ့ (APA) ကို ထူထောင်သည့် ၂၀၁၉ ခုနှစ်က ပျိုးထောင်ခဲ့သည်။
ထိုအစီအစဉ်၏ ဦးတည်ချက်မှာ လူမှုဖူလုံရေးကို ဦးတည်သော ဗဟိုချုပ်ကိုင်သည့် တခုတည်းသော အစိုးရ ထူထောင်ပြီး နောက်ပိုင်းအဆင့်တွင် အစိုးရအဆင့်အသီးသီးသို့ အာဏာများခွဲဝေပေးရန် ဖြစ်သည်ဟု The Diplomat စာစောင်နှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် AA နှင့် ULA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်" ဟုဆိုထားပါသည်။
31-12-2019 ရက်နေ့ ဧရာဝတီသတင်းဌာန၏ ဖေါ်ပြချက်၌
တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ချင်းလူမျိုး ၂၀၀ ကျော်လည်း AA ဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးနေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောဆိုထားသည်။ AA ဘက်မှ တော်လှန်ရေးအောင်မြင်ပါက ရခိုင်ပြည်နယ်နေ ချင်းလူမျိုးများကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည် ဟူသည့် အချက်ဖြင့် စည်းရုံးခြင်းကြောင့် တပ်ထဲ ဝင်လာကြခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုသည်ဟု ဖေါ်ပြထားပါသည်။
hints
https://www.bbc.com/burmese/articles/cd1wj7vqw50o
https://burma.irrawaddy.com/article/2024/11/04/392747.html
https://burma.irrawaddy.com/opinion/interview/2019/12/31/211866.html
Comments
Post a Comment