ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

 ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း၊ ထုတ်ကုန်နည်းပါးလွန်းသော လူ့အဖွဲ့အစည်း -1


ကုန်ထုတ်လုပ်မှုများသော လူ့အဖွဲ့အစည်းတစ်ခုသည် ချမ်းသာသည်။ လူသားသမိုင်းကို ပြန်ကြည့်လျှင် ကျောက်ခေတ်ကာလသည် ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်းဖြစ်သည်။ ကျောက်ခေတ် လူတွင် မည်သည့် ကုန်ထုတ်လုပ်မှုမှ မရှိ။ အစာအတွက်လည်း ထုတ်ကုန်မရှိ၊ အဝတ်အထည်အတွက်လည်း ထုတ်ကုန်မရှိ၊ နေရန်အတွက်လည်း ထုတ်ကုန်မရှိ။ အစာအတွက် ထုတ်ကုန်မရှိ၍ အမဲထွက်လိုက်ရသည်။ ဝတ်ရန်အဝတ်အထည်မရှိ၍ ရာသီဥတုဒဏ်ခံရသည်။ နေစရာမရှိ၍ ကျောက်ဂူများတွင်နေရသည်။ ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်းသည် စားဝတ်နေရေးခက်ခဲ ပင်ပန်းသော လူအဖွဲ့အစည်းဖြစ်သည်။ မြေရှင်ပဒေသရာဇ်ခေတ်ကို ရောက်လာသောအခါ အစာအတွက် လူသည် စိုက်ပျိုးရေးကို လုပ်တတ်လာသည်။ မွေးမြူရေးလုပ်တတ်လာသည်။ စိုက်ပျိုးရေးမှ သီးနှံ့ ထုတ်ကုန်ကိုပေးသည်။ မွေးမြူရေးမှ အသား၊ သားရည်၊ အေမွး စသည့်ထုတ်ကုန်ကိုပေးသည်။ ထုတ်ကုန်ရှိလာသောအခါ ကျောက်ခေတ်ကလောက် စားဝတ်နေရေး မပင်ပန်းတော့ချေ။ 

ရခိုင်လူ့အဖွဲ့အစည်းသည် ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော လူအဖွဲ့အစည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းသည် ဆယ်စုနှစ်များစွာ ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်နည်းပါးသော လူ့အဖွဲ့အစည်း ဖြစ်နေခ့ဲ၍ ဖြစ်သည်။


အဘယ်ကြောင့် ထုတ်ကုန်မ့ဲ သို့မဟုတ် ထုတ်ကုန်နည်းပါးသော လူ့အဖွဲ့အစည်းဖြစ်နေခ့ဲရပါသနည်း။


1962 ခုနှစ်အလွန်ကာလများတွင် တံခါးပိတ် ဆိုရှယ်လစ်စီးပွားရေးကို ကျင့်သုံးခ့ဲရာ မြန်မာလူ့အဖွဲ့အစည်းသည် တဖြေးဖြေးနှင့် ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း သို့မဟုတ် ထုတ်ကုန်နည်းပါးသော လူ့အဖွဲ့အစည်းဘက်သို့ ရောက်လာခ့ဲသည်။ ဆိုရှယ်လစ်စနစ်၏ လက်ဝဲအယူအဆဖြစ်သော နိုင်ငံတော်မှ လူမှုဖြစ်စဉ်အားလုံးအပေါ် တာဝန်ရှိသည်ဟူသော အယူအဆဖြင့် ဆိုရှယ်လစ်လူ့ဘောင်ကို ဖေါ်ဆောင်သည်။ ထိုသို့ဖေါ်ဆောင်ရာတွင် " တသီးပုဂ္ဂလ ပိုင်ဆိုင်မှုကို လူတန်းစားကွာဟချက်၏ တရားခံအဖြစ်ရှူမြင်'' လာသည်။  ရှိရှိသမျှသော စီးပွားရေးလုပ်ငန်းနှင့် အရင်းအမြစ်များကို နိုင်ငံတော်ကသာ အပိုင်သိမ်းတော့သည်။ နိုင်ငံတော်မှ မောင်းနှင်သော စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံသားတိုင်းသည် အလုပ်လုပ်ရမည်။ လုပ်၍ ရလာသော အကျိုးအမြတ်ကို နိုင်ငံသားများအား တန်းတူညီမျှစွာ မျှဝေခံစားစေမည် စသဖြင့် တန်းတူညီမျှသော ဆိုရှယ်လစ် လူ့ဘောင်ကို တည်ဆောက်တော့သည်။ သို့သော် ရလဒ္က ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ဖျက်သိမ်းသဖြင့် နိုင်ငံသားတို့၏ လက်ထဲတွင် အရင်းအနှီးမ့ဲသွားသည်။ လုပ်ချင်သလောက်လုပ် ရသည့် အကျိုးအမြတ်က တန်းတူဆိုသည့်အတွက် အားမစိုက်ချင်တော့ပေ။ အားမစိုက်တော့ ကုန်ထုတ်လုပ်မှုနည်းလာသည်။ ကုန်ထုတ်လုပ်မှုနည်းလာတော့ ထုတ်ကုန်လည်းနည်းတော့သည်။ နည်းလာတော့ ကုန်ပစ္စည်းများကို ဦးရာလူစနစ် ရောင်းချတော့သည်။ ဦးရာလူစနစ္ကို စီမံခန့်ခွဲရသော အာဏာရှိသူများကို လာဘ်ထိုးတော့သည်။ လာဘ်ထိုးတော့ အဂတိ တရားပါလာတော့သည်။ အဂတိတရားက အစိုးရ အင်စတီကျူရှင်းကို ယိုင်နှဲ့စေသည်။ ဤသို့ဖြင့် ဆိုရှယ်လစ်လူ့ဘောင်သည် တန်းတူညီမျှ လူ့ဘောင်မဟုတ်တော့ဘဲ ဦးရာလူစနစ်၊ လက်သင့်ရာ စားတော်ခေါ် လူ့အဖွဲ့အစည်းဘက်ကို  ပြောင်းပြန်ရောက်သွားတော့သည်။ 


နဝတ၊ နအဖ ခေတ်ကိုရောက်လာတော့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ပြန်သွားသည်။ သို့သော် အဂတိတရားက နှင့် လက်သင့်ရာ စားတော်ခေါ် အကျင့်က အရိုးစွဲနေပြီဖြစ်သည်။ ဤသို့ဖြင့် ကျယ်ပြန့်သော လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ်ဘက်ကို မရောက်ခ့ဲ။ လက်သင့်ရာ စားတော်ခေါ် အကျင့်က ခရိုနီ လူတန်းစားကိုပေါ်လာသည်။ ခရိုနီများကလည်း ကုန်ထုတ်လုပ်မှုဘက်ကို မသြား။ ရှိရှိသမျှ သယံဇာတကို တူးဆြကာ ကုန်ကြမ်းအဖြစ်သာ နိုင်ငံခြားတင်ပို့တော့သည်။ ကုန်းကြမ်းကို ကုန်ချောထုတ်၍ ဈေးကွက်တွင် ယှဉ်ပြိုင်ရသော အလုပ်ကိုမလုပ်။ ဤသို့ဖြင့် မြန်မာ့လူ့ဘောင်သည် ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း အနေဖြင့်သာ ဆက်ရှိနေခ့ဲသည်။


ထုတ်ကုန်ဆိုသည်မှာ အဘယ်နည်း။

သစ် (1) တန္ကို ငွေ 5000 ထောင်ဖြင့် သစ်သားရောင်းသူထံမှ ပရိဘောဂ လုပ်သူသည် သစ်ဝယ်သည် ဆိုပါစို့။ ပရိဘောဂ လုပ်သူသည် သစ်(1) တန်မှ ခုံ အလုံးရေ (20) ထုတ်နိုင်သည် ။ ခုံတစ်လုံးကို 500 ဖြင့် ပြန်ရောင်းသည်။ ဤသို့ဖြင့် သစ်ရောင်းသူထံမှ 5000 တန်သစ်သည် ပရိဘောဂ လုပ်သူလက်ထဲတွင် ငွေ (10000) ထိ တန်ဖိုးတက်သွားသည်။ ထုတ်ကုန် ဆိုသည်မှာ ယင်းသို့ဖြစ်သည်။ ဤတွင် အသေးစိတ် ခွဲခြမ်းပါက ပရိဘောဂ လုပ်သူ၏ လုပ်အားနှင့် နည်းပညာ တန်ဖိုးပါနေသည်။ ထုတ်ကုန်အား ကုန်ချော လုပ်နိုင်ပါမှ ထုတ်ကုန်၏တန်ဖိုးသည် မြင့်လာသည်။ 


သွင်းအားစု အရင်းအနှီး

ပရိဘောဂ သမား၏ သစ်ဝယ်ယူ ငွေကြေး၊ လုပ်အား၊ နည်းပညာ၊ သစ္သား၊ လက်သမားပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ ဝယ်သူများများရရှိရေး စသည့်အချက်များသည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်သည်။ စီးပွားရေးဆိုင်ရာ လုပ်ရပ်တစ်ခုပြတ်တောက်ပါက ပရိဘောဂ သမားသည် ဆက်လည်ပတ်ရန် ခက်ခဲသွားသည်။ သစ်ဝယ်ယူ ငွေကြေး၊ လုပ်အား၊ နည်းပညာ၊ သစ္သား၊ လက်သမားပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး တို့သည် ပရိဘောဂသမား၏ သွင်းအားစုဖြစ်သည်။ ဝယ်ယူသူများများရရှိရေးသည် ဈေးကွက် ဖြစ်သည်။ သွင်းအားစုနှင့် ဈေးကွက်သည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်သည်။ အစိုးရများသည် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာ လုပ်ရပ်တစ်ခုချင်းစီကို အကာအကွွယ်နှင့် အရင်းအနှီး အပံံအပိုးများပေးရန်တာဝန်ရှိသည်။


ဤကား ဘောဂဗေဒ သေဘာကို ရွက်ကြမ်းရည်ကျို အဆင့် သဘောပေါက်ရန် ရှင်းပြခြင်းဖြစ်သည်။ လက်ရှိ ရခိုင်ပြည်၏ စီးပွားရေး နှင့်ပတ်သက်၍ ဆန်းစစ်ချက် အချို့ကို ဆက်လက်ဖေါ်ပြပါမည်။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?