ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း
ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင် လူ့အဖွဲ့အစည်း-2
အခြေခံသဘောတရား (1)
ထုတ်ကုန်မြင့်သော လူ့အဖွဲ့အစည်းသည် ချမ်းသာသည်။ ထုတ်ကုန်မ့ဲသော လူ့အဖွဲ့အစည်းသည် ဆင်းရဲသည်။
အခြေခံသဘောတရား (2)
သကြားမထုတ်လုပ်နိုင်သောသူသည် အခြားလူထုတ်လုပ်ထားသော သကြားကို ဝယ်ရသည်။
အခြေခံသဘောတရား (3)
သွင်းအားစုနှင့် ဈေးကွက်သည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်သည်။ အစိုးရများသည် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာ လုပ်ရပ်တစ်ခုချင်းစီကို အကာအကွွယ်နှင့် အရင်းအနှီး အပံံအပိုးမ်ား ပေးရန်တာဝန်ရှိသည်။
နိုင်ငံတကာ အဖွဲ့အစည်းများက လက်ရှိ ရခိုင်ပြည်၏ စီးပွားရေးကို မည်သို့ ခန့်မှန်းထားကြပါသနည်း။
ကမ်ဘာဘဏ်၊ ကုလသမဂ္ဂ မြ ပြောပြ နေသော လက်ရှိရခိုင်ပြည်၏ စီးပွားရေး အခြေအနေ
လက်နက်ကိုင်ပဋိပက္ခတင်းမာမှုမြင့်တက်နေကာ ဘဝများနှင့် အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေကြောင်း၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက်ကိုထိခိုက်ကာ စီးပွားရေးမရေရာမှူကို ဖြစ်စေသည်ဟု ကမ်ဘာဘဏ်မှ ဒီဇင်ဘာလတွင် ထုတ်ပြန်ထားကြောင်း ဧရာဝတီသတင်းဌာနမှ (22-12-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများက ရခိုင်ပြည်နယ်ရဲ့စီးပွားရေးသည် လုံးဝလည်ပတ်မှုမရှိတော့ဘဲ ကြာလျှင် ဒေသခံ 2 သန်းလောက်သည် အငတ်ဘေးကိုဆိုက်နိုင်သည်ဟု ပြီးခ့ဲသည့် နှစ်ကုန်ပိုင်းတွင်ထုတ်ပြန်ထားကြောင်း VOA သတင်းဌာနမှ (23-1-2025) ရက်နေ့တွင် ဖေါ်ပြထားသည်။
ရခိုင်ပြည်၏ ကုန်ဈေးနှုန်းအခြေအနေ
ကုန်ဈေးနှုန်းအခြေအနေနှင့်ပတ်သက်၍ မြေပြင်တွင် ကွင်းဆင်းနိုင်ခြင်းမရှိခ့ဲပါ။ သို့ရာတွင် ယုံကြည်နိုင်လောက်သော သတင်းအရင်းအမြစ်များကို ကိုးကား၍ ရခိုင်ဒေသ၏ ကုန်ဈေးနှုန်း အခြေအနေများကို ဆန်းစစ်ရလျှင် ဤသို့ တွေ့ရပါသည်။
Mizzima သတင်းဌာန၏ (24-9-2024) ရက်စွဲဖြင့် ဖေါ်ပြချက်အရ
ငရုတ်သီးအစိမ်း တစ္ပိသာ 65000 ကျပ်
ကွမ်း တစ္ပိသာ 100000 ကျပ်
ကြက်ဥတစ်လုံး 900 ကျပ်
အန်နာဗွန်စီဆေးလုံး တစ်လုံး 3000 ကျပ်
ဗိုက်တာဟုန်း တစ်ကဒ် 8000 ကျပ်
ဂလူးဂိုစ် တစ်ပုလင်း 50000 ကျပ်
ခဲတံတစ်ချောင်း 1500 ကျပ်
ဘောပင်တစ်ချောင်း 2500 ကျပ်
ဗလာစာအုပ်တစ်အုပ် 3000 ကျပ်
Grade (11) ပြဌာန်း စာအုပ် 100000 ကျပ်
Khumi Media Group ၏ (19-12-2024) ရက်နေ့ဖော်ပြချက်အရ
ကြက်ဥ (1) လုံး 1000 ကျပ်
ဟင်းချက်ဆီ (1) ဘူး 10000 မွ 15000 ကျပ်
ဆန်ကြမ်းတစ်အိပ် အနှိမ့်ဆုံး 85000 ကျပ်
ငါးပိ (1) kgကို 15000ကျပ်
ဆားဈေး 1 kg ကို 5000 မွ 9000 ကျပ်
အချိုမှုန့် (1) ပိဿာ ကို (40000) ကျပ်
ဝက္သား အမဲသားဈေး (1) ပိဿယကို (40000) ကျပ်
ဓာတ်ဆီဈေး (1) လီတာကို (12000 မွ 15000 )ကျပ်
Western News သတင်းဌာနမှ (1-1-2025) ရက်နေ့ ဖော်ပြချက်အရ
ငရုတ်သီး 1 ပိသာ (2500) ကျပ်မှ ယခု (10000) ကျပ်
ကျောက်စိမ်းငရုတ်သီး (10000)ကျပ်မှ ယခု (60000) ကျပ်
မြေပဲ (1) တောင်း (18000)ကျပ် မွ ယခု (22000) ကျပ်
ပြောင်းဖူး အဖူး 100ကို (40000)ကျပ် မွ ယခု (80000) ကျပ်
ကော်ဖီ တစ်ပွင့် (500)ကျပ် ယခု '1500 ကျပ်
မျိုးစေ့ ဈေးနှုန်း (2)ဆ မွ (5) ဆ အထိ မြင့်၊
ပိုးသတ်ဆေးက တစ္ဗူး ကို တစ်သိန်းကျပ်၊
မြေဩဇာ 50 kg တစ်အိပ်ကို (6) သိန်းမှ (8) သိန်း ၊
Western News သတင်းဌာနမှ (3-1-2025) ရက်နေ့ဖေါ်ပြချက်
ကွမ်းသီး (25) ပိသာကို 50000 ကျပ် မွ (250000)ထက္ပို ဈေးတက်
ဓနိရည် (1) လီတာ 1500 မွ (3500ကျပ် နှင့် 6000 ကျပ် ထိ)
DVB သတင်းဌာန၏ (4-1-2025) ရက်နေ့ ဖော်ပြချက်
ငရုတ်သီး (1) ပိသာ 2500ကျပ် မွ ယခု10000 ကျပ်
ဂေါ်ဖီတစ်ပွင့် 500ကျပ် မွ ယခု 1500 ကျပ်
ဘူးသီးတစ်လုံး 2000ကျပ် မွ ယခု 5000 ကျပ်
ပြောင်းဖူး တစ္ဖူး 200 ကျပ် မွ ယခု 1000 ကျပ်
သခွားသီးတစ်လုံး 500 ကျပ် မွ 2000 ကျော်၊
ပြောင်းမျိုးစေ့ ယခင်ထက် (3) တက်နေ
Western News သတင်းဌာန၏ (14-1-2025) ရက်နေ့ဖေါ်ပြချက်
ကြက်သွန်နီ (2) လုံး 500 ကျပ်
စားသုံးဆီ (1) ပိသာ 25000 ကျော်
ကြက်သွန်နီ (1) ပိသာ 18000 ကျပ်မှ 20000 ကျပ် အတွင်း
ကြက်သွန်ဖြူ (1) ပိသာ 30000 ကျပ် နီးပါး
ငရုတ်သီးခြောက် (1) ပိသာ 42000 ကျပ်
ဂျင်း (1) ပိသာ 18000 ကျပ်
အိန္ဒိယ ဆီ တစ္လီတာ (12000) ကျပ်
အာလူး (1) ပိသာ 8000 ကျပ် မွ 10000 ကျပ်
ကြက်သား (1) ပိသာ 72000 ကျပ်
အဆိုပါ ဈေးနှုန်းများကို ဆန်းစစ်ကြည့်ပါက ကုန်ပစ္စည်းတစ်ခုချင်း၏ ဈေးနှုန်းကို အောက်ပါအတိုင်းတွေ့ရပါသည်။
ယခင်တိုက်ပွဲမဖြစ်မှီ (300) ကျပ်ဝန်းကျင်သာရှိသော ကြက်ဥတစ်လုံးသည် ယခုအခါ (900) ကျပ် သို့မဟုတ် (1000) ကျပ်ရှိနေသည်။ တန်ဖိုးအားဖြင့် 3 ဆခန့်မြင့်တက်နေသည်။ ကြက်ဥသည် ရခိုင်ပြည်တွင်း ထုတ်ကုန်ဖြစ်သည်။ အချိုမှုန့်သည် ရခိုင်ပြည်၏ ထုတ်ကုန်မဟုတ်၊ သွင်းကုန်ဖြစ်သည်။ အခြေခံလက်လုပ်လက်စားတစ်ယောက်သည် တရက်လျှင် လုပ်အားခ (10000) ကျပ်ရသည်ဆိုပါစို့။ ထိုသူသည် တစ်ရက်စာ ဈေးဝယ်ထွက်လျှင်
ကြက်ဥ တစ်လုံး - 900 ကျပ် သို့် 1000 ကျပ်
ကြက်သွန်နီ (2) လုံး- 500 ကျပ်
စားသုံးဆီ 20 ကျပ်သား- 5000 ကျပ်
ငရုတ်သီးခြောက် 10 ကျပ်သား- 4200 ကျပ်
ဂေါ်ဖီ (1) ပွင့်- 1500 ကျပ်
ဘူးသီးတစ်လုံး- 5000 ကျပ်
စသဖြင့် ရှိနေသည်။ အဆိုပါ ကုန်ပစ္စည်း (6) ခုကို တန်ဖိုးတွက်လျှင် 17200 ကျပ်ရှိနေသည်။ အဆိုပါ ကုန် (6) မျိုးနှင့် ဘာမွ ဝမ်းဝမည်မဟုတ်သေး။ ဝင်ငွေ (10000) ကျပ်ရှိနေလျှင်တောင် မည်သို့မှ အဆင်မပြေသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ရက်လျှင် ဝင်ငွေ (10000) ကျပ်တောင်မှ မရှိသော သူများအတွက်ဆိုလျှင် အခက်အခဲကပိုရှိမည် ဖြစ်သည်။
သွင်းအားစုနှင့် ဈေးကွက်သည် စီးပွားရေးဆိုင်ရာ လုပ်ရပ်များဖြစ်သည်။ အာဏာရှိသူအစိုးရများသည် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာ လုပ်ရပ်တစ်ခုချင်းစီကို အကာအကွွယ်နှင့် အရင်းအနှီး အပံံအပိုးမ်ား ပေးရန်တာဝန်ရှိသည်။ လုပ်ငန်းတစ်ခု၏ သွင်းအားစုသည် ငွေကြေး၊ လုပ်အား၊ နည်းပညာ၊ ကုန်ကြမ်းပစ္စည်း၊ ကုန်ထုတ်ပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး တို့ဖြစ်သည်။ ဝယ်သူများများရရှိရေးသည် ဈေးကွက်ဖြစ်သည်။ အာဏာရှိသူ အစိုးရများသည် စီးပွားရေးဆိုင်ရာ လုပ်ရပ်တစ်ခုချင်းစီကို အကာအကွယ်နှင့် အရင်းအနှှီး အပံအပိုးပေးပါက လူထုအတွက် ကုန်ဈေးနှုန်း တည်ငြိမ်သည်။ မေပးပါက မတည်ငြိမ်ပေ။
သို့ဖြစ်၍ ရခိုင်ပြည်၏ လက်ရှိ စီးပွားရေးဆိုင်ရာ လုပ်ရပ်များတွင် အာဏာရှိသူများသည် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော
- အရင်းအနှီးငွေကြေးအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- လုပ်အားအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- နည်းပညာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီးအပံအပိုး မည်မျှရှိပါသနည်း။
- ဈေးကွက်အပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။ ဆိုသော အချက်များက လက်ရှိ ရခိုင်ပြည်၏ စားဝတ်နေရေးကို အဖြေပေးပါလိမ့်မည်။
Comments
Post a Comment