ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင်လူ့အဖွဲ့အစည်း -6


လက်ဝါးကြီးအုပ်စနစ် ဖြစ်ပေါ်သနည်းဆိုသည်ကို ဆက်လက်ဖေါ်ပြပါမည်။


ဥပမာ ရပ်ရွာ ဒေသတစ်ခု၌ အမဲအတွက် လေလံဆွဲသည် ဆိုပါစို့။ အမှန်တကယ် လေလံ ဝင်ဆွဲမည့်သူတွင် ထိုအမဲကို ၎၏ ကိုယ်ပိုင်သွင်းအားစုဖြင့် ထုတ်လုပ်နိုင်သော အခြေအနေရှိ/မရှိကို ဆန်းစစ်ရမည်ဖြစ်သည်။ လူပိန်းနားလည်အောင် ပြောရပါလျှင် အမဲလေလံဆွဲမည့်သူတွင် ကိုယ်ပိုင် အမဲ၊ ဝက် မွေးမြူရေး ရှိသလားဟူသော အခ်က္ကို အရင်ဆန်းစစ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အျခားသူ၏ သွင်းအားစုဖြင့် မွေးထားသော အမဲ၊ ဝက်များကို ဝယ္ကာ ရောင်းမည်ဆိုပါက လေလံ၏ တရားနည်းလမ်း မကျတော့ချေ။ အဘယ်ကြောင့်ဆိုသော် လေလံမဆွဲသော သူတစ်ဦးက သူ့၏ သွင်းအားစုဖြင့် မွေးမြူထားသော အမဲ၊ ဝက္ကို သူဖာသာသူ ရောင်းချခွင့်ရှိသည်။ ထိုရောင်းချခွင့်အား လေလံအောင်သူက မောင်ပိုင်စီးသလို ဖြစ်သွား၍ ဖြစ်သည်။ အမဲ၊ဝက် ကို အမှန်တကယ်မြေပြင် အခြေအနေတွင် ရပ်ရွာအနေအထားအရ ဆီလျော်သော ဈေးနှုန်းတစ်ခုကို သတ်မှတ်၍ ထိုဈေးနှုန်းအတိုင်း မည်သူမဆို ရောင်းချခွင့် ပေးသင့်သည်။ တစ်ခုသာရှိသည်။ ရပ်ရွာအနေအထားအရ ဈေးနှုန်းသတ်မှတ်သည့် အာဏာပိုင်သည် အမှန်တကယ် အမဲ၊ ဝက် ဝယ္လိုအား ဈေးနှုန်း၊ သွင်းအားစု ကုန်ကျစရိတ်၊ မည်သို့ဆိုပါက အမြတ်ဘယ်လောက်ကျန်သည် ဆိုသည့် အသေးစိတ်လုပ်ငန်းစဉ်နှင့် ဒေသ ဈေးကွက်ကို နားလည်ရန်သာ အရေးကြီးပါသည်။ ထိုသို့ဆိုပါက မည်သူမှ ဂျင်းထည့်၍ မရ တော့ပေ။ ထိုသို့မဟုတ်ဘဲ ပိုက္ဆံ ပိုပေးနိုင်သူကို လေလံ ပေးသည်ဆိုပါက..ရပ်ရွာလူထု၏ ကုန်ပစ္စည်း၏ မူလတန်ဖိုးအတိုင်း ဝယ်ယူသုံးစွဲခွင့်အား လေလံအောင်သူလက်ထဲကို ထိုးအပ်သလိုဖြစ်နေတော့သည်။ လေလံအောင်သူလက်ထဲတွင် ဈေးနှုန်းရှိနေတော့သည်။


ဈေးကွက် လက်ဝါးကြီးအုပ်မှုနှင့် အာဏာမျက်နှာလိုက်မှု


ဈေးကွက်လက်ဝါးကြီးအုပ်မှုနှင့် အာဏာမျက်နှာလိုက်မှုသည် ဒွန်တွဲနေပါသည်။ ကုန်ပစ္စည်းအား ရခိုင်ပြည်ထဲသို့ တင်သွင်းလာနိုင်တိုင်း ULA/AA ကို ကုန်သည်က အခွန်ဆောင်သည်မဟုတ်ပေ။ အဆိုပါကုန်အား အမှန်တကယ်ဝယ်ယူသုံးစွဲသူမှာ လူထုသာဖြစ်သည်။ အဆိုပါ ကုန်အတွက် ULA/AA ကို ပေးသည့် အခွန်ငွေနှင့် ကုန်သည်ရရှိသည့် အမြတ်ငွေကို အမှန်တကယ်ပေးသူမှာ လူထုသာဖြစ်သည်။ 


ကုန်သယ်ယူပို့ဆောင်ရေးနှင့် ကုန်သည်များ ကုန်သွယ်ခြင်းသည် မတူသေးပေ။ ကုန်သယ်ယူပို့ဆောင်ရေး ယန္တယားသည် လူထုကို ဝန်ဆောင်မှုပေးရသော လုပ်ငန်းစဉ်ဖြစ်သည်။ ကုန်သည်များ ကုန်သွယ်ခြင်းသည် လူတစ်ဦးချင်း၊ အစုအဖွဲ့တစ်ခုချင်း၏ စီးပွားရေးနယ်ပါယ်ဖြစ်သည်။ 

လက်ရှိ ရခိုင်တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏ အကြောင်းပြချက်ထဲတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု အခက်အခဲ ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ 


ကုန်ပစ္စည်းသယ်ယူရာ လမ်းကြောင်းတစ်လျှောက်တွင် မည်မျှကုန်ကျသည် ဆိုသော မြေပြင်ပကတိ အခြေအနေကို သိနိုင်ရန်လိုအပ်သည်။ ကုန်သည်များ၏ အခက်အခဲသည် ဘာဖြစ်သည်ကို သိနိုင်ရန်လိုအပ်သည်။ ထိုက့ဲသို့ အေသးစိတ်သိပါမှ ကုန်ဈေးနှုန်းကိုပြန်လည်ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ လက်ရှိ ထိုအချက်များအပေါ်တွင် ULA/AA အနေဖြင့် ဒေသန္တရအလိုက် မည်မျှ အဂတိတရားကင်းကင်းဖြင့် သုတေသနပြုထားသည် ကိုတော့ မသိရေပ။ အဘယ်ကြောင့်ဆိုသော် အဂတိတရားသည် မြေပြင်တွင် အမှန်တကယ်ရှိသောကြောင့်ဖြစ်သည်။ 


"ကုန်ဈေးနှုန်းကြီးမြင့်မှု ULA/AA မွ ကြပ်မတ်ရန်လိုကြောင်း၊ ဆီ၊ကြက်သွန်ဖြူ/နီ၊ ဟင်းချိုမှုန့် အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်၊ ဆေးဝါးများမြင့်တက်နေကြောင်း၊ ကုန်ဈေးနှုန်းကြီးတာကြာနေပြီဖြစ်ကြောင်း၊ ယခုအချိန်ထိ တည်ငြိမ်အောင်မလုပ်နိုင်သေးကြောင်း၊ လွတ်မြောက်နယ်မြေ ကုန်သည်များမှာ အိန္ဒိယ၊ စစ်ကိုင်း၊ ရန်ကုန် (ရေကြောင်း)၊ ချင်းပြည်ကတဆင့် ကုန်သွယ်မှုလုပ်နေကြပြီး ကုန်သည်များထဲတွင် ULA/AA ၏ တာဝန်ရှိသူများ၏  ဇနီးများပတ်သက်နေကော ကုန်နှင့် ကုန်ဈေးနှုန်းများကို ချုပ်ကိုင်ထားကြောင်း၊ ကုန်ချသည့်အထဲတွင် အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲများ၏ ဇနီးမ်ား၊၊ ရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နိုင်ငံရေးမှုးများ၏ ဇနီးမယားများပါကြကြောင်း၊ ချင်းပြည်၊ ဘင်္ဂလား၊ အိန္ဒိယ ဘက်မှ ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်ရရှိရေးအတွက် ULA/AA နယ်မြေတာဝန်ရှိသူများကို အောက်ဈေးဖြင့် သိန်းချီပေးရကြောင်း၊ အကောက်ခွန် ကောက်ခြင်းကို လက်ခံကြောင်း၊ အကောက်ခွန်ကောက်ခြင်းကို အခွွင့်ကောင်းယူကာ အောက်ခြေအဆင့်မှ ကုန်သွယ်ခွင့်မပြုဘဲ ငွေသိန်းချီ တောင်းနေကြောင်း၊ ကုန်သွယ်ခွင့်ရသူူများမှာ ULA/AA နယ်မြေ တာဝန်ရှိသူများနှင့် ရင်းနှီး နီးစပ်သူများသာ ရနေကြောင်း၊ တပြေးညီအခြားသူများကို လည်း ကုန်သွယ်ခွင့်ပေးရန်လိုကြောင်း" စသဖြင့် Western News သတင်းဌာနတွင် (14-1-2025) ရက်စွဲဖြင့် ဖေါ်ပြထားပါသည်။


လူထုအတွက် ဒဏ်ပိလာသော အခွန်အကောက်


" 2020 မွ စ၍ စီးပွားရေးလုပ်ငန်းများကို အခွန်ကောက်တော့မည်ဟု AA  စစ်ဦးချုပ်ကဆိုကြောင်း၊ စီမံကိန်းများ၊ အခြားလုပ်ငန်းများကို အဓိကထားကြောင်း၊ ရခိုင်တွင် ရေလုပ်ငန်းနှင့် လက်လုပ်လက်စားမဟုတ်သော အဆင့်များရှိကြောင်း၊ အခွန်ကောက်ရာတွင် အများအစားမဟုတ်ကြောင်း၊ ULA/AA၏ အာဏာကိုအသိအမှတ်ပြုရန် ဦးစားပေးထားကြောင်း၊  ပလက်ဝ ဘက္က စီမံကိန်း စီးပွားရေးများကို စိစစ်နေပြီး မည်သည့်လုပ်ငန်းကို မည်မျှ ကောက်မည်ကို စီစစ်နေကြောင်း၊ ULA/AA ၏ ဩဇာကို အသိအမှတ်ပြုရန်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း" စသဖြင့် ဧရာဝတီသတင်းဌာနမှ (9-12-2019) ရက်စွဲဖြင့် ဖေါ်ပြထားသည်။ သို့သော် လက်ရှိအခြေအနေတွင် AA စစ်ဦးစီးချုပ်ပြောခ့ဲသလိုမဟုတ်ဘဲ လက္လုပ္လက္စားမ်ားကိုသာ အခွန်ဒဏ် ပိနေပါတော့သည်။ လက်လုပ်လက်စားများသည် အခွန်တော့အကောက်မခံရ၊ သို့သော် အခြန္ဒဏ္ကို ပိနေပါသည်။ AA စစ်ဦးချုပ်က စီမံကိန်းလုပ်ငန်းများ၊ ရေလုပ်ငန်းများကို အဓိကထားသော်လည်း လက်ရှိတွင်တော့ စီမံကိန်းလုပ်ငန်းများနှင့် ရေလုပ်ငန်းများလည်း ရခိုင်ပြည်တွင် သိပ်မရှိကြတော့ပြီ။ ကျန်ခ့ဲသော လုပ်ငန်းများမှာ ရခိုင်ပြည်တွင်း တနိုင်တပိုင် အေသးစား ရောင်းဝယ်ရေးလုပ်ငန်းများသာ ရှိနေတော့သည်။ ထိုအေသးစား လုပ်ငန်းငယ်လေးများကို အခွန်ကောက်ပုံနှင့် ပတ်သက်၍ အောက်ပါအတိုင်း တွေ့ရပါသည်။


ULA/AA၏ အခွန်ကောက်ခံမှုအား ဝေဖန်မှုရှိနေကြောင်း၊ စားသောက်ဆိုင် တစ်ဆိုင်လျှင် တနှစ် (80000) မွ (10000) ထိပေးနေရကြောင်း၊ သိန်းတရာတင်ထားသော ဆိုင်ဆိုလျှင်လည်းထိုအတိုင်း၊ ဆယ်သိန်းတင်လျှင်လည်း ထိုအတိုင်းဖြစ်နေ၍ ဆိုင်များကို အဆင့်လိုက်ခွဲရန် လိုအပ်ကြောင်း၊ အရက်ဆိုင်များကိုလည်း တလ 30000 မွ ယခု 50000 ထိ ပေးနေရကြောင်း၊ အမြတ်လည်းမကျန်ကြောင်း သံလွင်ခက် သတင်းဌာနမှ ( 30-11-2024) ရက်နေ့တွင် ဖော်ပြထားသည်။


ULA/AA အနေဖြင့် အခွန်ကုန်စည်ကို ဖြေလျော့သင့်ကြောင်း၊ ကုန်ဈေးနှုန်းကြီးလာသဖြင့် ဆေးဝါး၊ အခြေခံစားသောက်ကုန်၊ စာရေးကိရိယာ၊ အခြေခံလူသုံးကုန်များကို ပဋိပက္ခကာလအတွင် အခွန်ကင်းလွတ်ရန်ခွင့်ပြုသင့်ကြောင်း၊ စစ္တပ္ဂိတ္ကို တခါ၊ အေအေဂိတ်ကိုတစ်ခါ ဖြတ်လျှင် တစ်ခါပေးနေရကြောင်း၊ စားသုံးသူထံ တိုက်ရိုက်ထိကြောင်း၊ ULA/AA ဂိတ်တွင် 3 ရာခိုင်နှုန်းမှ 5 ရာခိုင်နှုန်းအထိ ပေးနေရပြီး အချို့ဂိတ်များတွင် (2) ခါပေးနေရကြောင်း၊ မြေပြင်အနေအထားကို သေချာ စီစစ်ရန်နှင့် အခြန္မူဝါဒအား ပြည်သူကိုချပြရန် လိုကြောင်း Mizzima သတင်းဌာနမှ  (24-9-2024) ရက်နေ့တွင်ဖော်ပြထားသည်။


ရခိုင်ပြည်၏ စီးပွားရေးကြပ်တည်းမှု၊ ထုတ်ကုန်မ့ဲမှုနှင့် ခြွတ်ခြုံကျမှုတို့ကို ဖြေရှင်းရန်မှာ ရေတို၊ ရေရှည် အစီအစဉ်များရှိရန်လိုအပ်သည်။  ULA/AA၊ APRG တွင် တရားမျှတ၊လွတ်လပ်သော၊ လူထုအတွက် အဆင်ပြေသော စီးပွားရေးမူဝါဒ၊ အခြန္မူဝါဒ များရှိကောင်းရှိပါလိမ့်မည်။ ထိုမူဝါဒမမ်ားအား ပြည်သူကို မည်သည့်အချိန်တွင် ချပြပြီး မုူဝါဒလုပ်ငန်းစဉ်များတွင် လူထုအားတိုက်ရိုက်ပါဝင်ခွင့်ရှိရန် မည်သို့ဆောင်ရွက်လာမည်ကိုတော့ မသိရှိနိုင်သေးပါ။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?