ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း

 ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင်လူ့အဖွဲ့အစည်း-4


ဤသုံးချက်တွင် လက်တွေ့ဆန်သည့် ရခိုင်ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းဝယ်လိုအား မြင့်မားမှုကို ဆောင်ရွက်နိုင်မည်လား ဆိုသည့်အချက်ကို ပထမ ဆန်းစစ်ကြည့်မည်ဆိုလျှင်


- ရခိုင်ပြည်တွင်း မည်သည့် ကုန်ထုတ်လုပ်မှုများရှိပါသနည်း ဆိုသည့်ဘက်ကို ပြန်ကြည့်ရန်လိုအပ်သည်။ ယေဘူယျအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း တို့ရှိကြသည်။ စိုက်ပျိုးရေးကိုကြည့်ပါက ဆန်စပါးစိုက်ပျိုးရေးသည် အဓိက ဖြစ်သည်။ ဆန္စပါး စိုက်ပျိုးရေး၏ သွင်းအားစုနှင့် ဈေးကွက် တို့၏ စီးပွားရေးဆိုင်ရာ လုပ်ရပ်များကို ကြည့်လျှင် လက်ရှိအာဏာပိုင်များသည် 

- ငွေကြေးအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။

- လုပ်အားအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။

- နည်းပညာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။

- ကုန်ကြမ်းပစ္စည်းများဖြစ်သော မျိုးစပါး၊ ရေ ရရှိမှု၊ မြေသြဇာ၊ စိုက်ပျိုးမြေ၊ ကျွဲနွား စသည့် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။

- ကုန်ထုတ်ပစ္စည်းကိရိယာများဖြစ်သော လယ်ထွန်စက်၊ ရိတ်သိမ်းစက်၊ လောင်စာဆီ၊ လုပ်ငန်းသုံး ပစ္စည်းများ စသည့် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။

- သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီးအပံအပိုး မည်မျှရှိပါသနည်း။

- ဆန္စပါး အရောင်းအဝယ် ဈေးကွက်အပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း ဆိုသည့်မေးခွန်းများဖြင့် ဆန်းစစ်နိုင်ပါသည်။ 


သွင်းအားစုများနှင့် ဈေးကွက်ကို တစ်ခုခုသက်ရောက်ပါက ထုတ်ကုန်နှင့် ဈေးကွက်ကိုပါ သက်ရောက်တတ်သည်။ ဥပမာ- မြေဩဇာသည် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းတွင် သွင်းအားစုထဲတွင်ပါသည်။ မြေသြဇာ တစ်အိတ်၏ မူလတန်ဖိုးသည် (1) သိန်း ဖြစ်သည်ဆိုပါစို့။ ထိုမြေသြဇာအား လယ်ထဲသို့ရောက်ရန် သယ်ရသော စရိတ်သည် (2) သိန်းရှိပြီး ထိုက့ဲသို့ သယ်ယူရာတွင် လမ်း၌ ဖြတ်ရသော ULA/AA ဂိတ်အား အခွန် 5000 ပေးရသည်ဆိုပါလျှင် လယ်သမားအတွက် မူလတန္ဖိုး (1) သိန်းရှိသော မြေသြဇာ တစ်အိပ်အား သုံးသိန်းငါးထောင် ပေး၍ အသုံးပြုနေရပြီဖြစ်သည်။ မူလတန်ဖိုးအရဆိုသော် 3 သိန်း ဆိုပါက မြေသြဇာ သုံးအိပ် ရမည်ဖြစ်သော်လည်း တစ်အိပ်သာ ရတော့သည်။ မြေသြဇာ (3) အိတ်သုံးသည့်နေရာတွင် (1) အိတ္သာ သုံးနိုင်သဖြင့် ထွက်နှုန်းကျလာသည်။ ထွက်နှုန်းကျပါက ထုတ်ကုန်လည်းကျလာသည်။ ထိုသို့ ဖြစ်ရပ်မျိုးတွင် ULA/AA၊ APRG သည် သယ်ယူပို့ဆောင်ရေး ချောမွေ့စေရန် တာဝန်ရှိပြီး အခွန်ကင်းလွတ်ခွင့် ပေးခြင်းသည် လယ္သမားအား အထောက်အပံပေးရာ ရောက်သည်။

ဤနမူနာသည်ကား ကုန်ကြမ်းသွင်းအားစုအုပ်စုထဲတွင်ပါသော မြေသြဇာ နှှင်သယ်ယူပို့ဆောင်ရေး အခြေအနေကို နမူနာ ရှင်းပြခြင်းဖြစ်သည်။ ငွေကြေး၊ လုပ်အား၊ နည်းပညာ၊ ကုန်ထုတ်ပစ္စည်းကိရိယာများနှင့် ဈေးကွက်ဆိုင်ရာ ကိစ္စများမပါသေးချေ။ အဆိုပါ ငွေကြေး လုပ်အား၊နည်းပညာ၊ ကုန်ထုတ်ပစ္စည်းကိရိယာများ နှင့် ဈေးကွက် ဆိုင်ရာများတွင်ကော မည်သို့အခြေအနေဖြစ်နေပါသနည်း။ အောက်တွင် ဖေါ်ပြထားသော သတင်းအချက်အလက်များက စာဖတ္သူအား အဖြေတစ်ခုခုပေးနေပါလိမ့်မည်။


ရခိုင်တွင် စပါးဝယ္လိုအား မရှိသလောက်ကျဆင်းသွား၍ လယ္သမားမ်ား အခက်တွေ့နေ ကြောင်း Western News သတင်းဌာနမှ (13-12-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။


ULA/AA ထံ 684000 ကျပ် အခွန်ပြေစာဖြင့် ဘင်္ဂလားဒေရ့ှ်သို့ တင်ပို့သော လုံးကြီးဆန်အိတ် (380) အား ဘင်္ဂလားဒေရ့ှ်အာဏာပိုင်များက ဆီလျော်မှုမရှိသော စာရွက်စာတမ်းနဲ့ တင်ပို့လာမှုကို ခွင့်မပြုကြောင်း၊ အထက်ကိုတင်ပြထားကြောင်း၊ မှန်ကန်သော စာရွက်စာတမ်းကို မတင်ပြနိုင်ပါက ဆန်နှင့်ဘုတ်ကို သိမ်းဆည်းခံရနိုင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေရ့ှ်နှင့် အေအေမှာ ကြိုတင်ညိ့ှနှိုင်းထားခြင်းမရှိ၍ ကုန်သည်များမှာ အကြပ်တွေ့နေကြောင်း Narinjara သတင်းဌာနမှ (19-12-2024) ရက်နေ့တွင် ဖော်ပြထားသည်။


ကျောက်တော်၊မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊မြေပုံမှ လယ္သမားမ်ား စပါးဝယ်သူမရှိ၍ အခက်ကြုံ နေကြောင်း၊ စက်သုံးဆီ ဈေးတက်၍ ရိတ်သိမ်းခြွေလွင့် စက် အသုံးပြုခများ ဈေးတက်နေကြောင်း၊ စပါးမရိတ်မှီ တစ္လအလိုက ဒီဇယ်ဈေး (1) ဂါလံ (35000) မွ (45000) ထက္ပို တက်သွားကြောင်း၊ လယ္သမားအမ်ားစုမွာ မတပ်နိုင်၍ ကိုယ်ဖာသာကိုယ် လူအားဖြင့် ရိတ်ရကြောင်း၊ ရခိုင်ဒေသအတွင်း စားသုံးရန် ပေါ်ဆန်းမွှေး (1) တင်းလျှင် (13) သိန်း၊ ငါးရာဘို၊ ရွှေဝါထွန်း၊ မေနာသုခ စသည့် ရိုးရိုးစပါး (1) တင်းလျှင် (8) သိန်း ခန့် ဈေးပေါက်သော်လည်း ဝယ်ယူသူ အလုံးအရင်းမရှိကြောင်း၊ ယခင်က ရခိုင်စပါးများကို ပြည်မဘက်ကို တင်ပို့ရောင်းချခ့ဲသော်လည်း ယခုအခါ စကစမွ ပိတ်ပင်ထားကြောင်း၊ နယ်စပ်ကုန်သွယ်ရေးမှာလည်း အားကိုးမရကြောင်း၊ ရခိုင်ပြည်နယ်တွင် လယ်စိုက်ဧက (8) သိန်းကျော်ရှိပြီး စိုက်ပျိုးရာသီ၌ စရိတ်မြင့်တက်ပြီး တိုက်ပွဲများကြောင့် စိုက်ဧက လျော့နည်းနိုင်ကြောင်း၊ ဆက်သွယ်ရေး၊အင်တာနက်ပြတ်တောက်မှုကြောင့် ငွေသွင်းငွေထုတ်များလည်း ခက်ခဲနေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခတင်းမာမှုမြင့်တက်နေကာ ဘဝများနှင့် အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေကြောင်း၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည်ဖြန့်ချီရေးကွင်းဆက်ကိုထိခိုက်ကာ စီးပွားရေးမရေရာမှူကို ဖြစ်စေသည်ဟု ကမ်ဘာဘဏ်မှ ဒီဇင်ဘာလတွင် ထုတ်ပြန်ထားကြောင်း စသဖြင့် ဧရာဝတီသတင်းဌာနမှ (22-12-2024) ရက်စွဲဖြင့် ဖေါ်ပြထားသည်။


ရခိုင်ဒေသ ကုန်စည်စီးဆင်းရာ ကြပ်တည်းဆဲဖြစ်ကြောင်း၊ လမ်းကြောင်းများအလွန်ကြပ်တည်းလာခြင်းကြောင့် ကုန်ပစ္စည်းတန်ဖိုးများကိုလည်း ယခင်က 10 ရာခိုင်နှုန်းပေးနေရာမှ 15 ရာနှုန်းအထိ ပေးနေရကြောင်း၊ အိန္ဒိယ ရခိုင်လမ်းကြောင်းမှာလည်း လမ်းခရီးခက်ခဲ၍ ကုန်ဈေးနှုန်းမှာ အက်ဖက္ကို မရောက်နိုင်ကြောင်း၊ ULA/AA အနေဖြင့် ဘင်္ဂလားဒေရ့ှ်ဘက်ကို ကုန်သွယ်ခွင့်ပေးသော်လည်း ဘင်္ဂလားဒေရ့ှ်အစိုးရနှင့် ညိ့ှနှိုင်းမှုမရှိ၍ ကုန်သွယ်ရာတွင် အဆင်မပြေကြောင်း၊ ULA/AA ထံပြေစာဆောင်၍ သွားသော ဆန် မော်တော်မှာလည်း အစစ်ဆေးခံနေရပြီး ကုန်သွယ်ခွင့်ရမရကို လက်ရှိအချိန်ထိ မသိရသေးကြောင်း၊ စားသောက်ကုန်ဈေးနှုန်းမှာလည်း (3) ဆ မြ (10) ဆအထိ တက်နေကြောင်း Western News သတင်းဌာနမှ (23-12-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။


ရခိုင်ပြည်၏ စိုက်ပျိုးရေး၏ အားနည်းချက်မှာ မိုးရာသီနှင့် ဆောင်းရာသီတွင်သာ စိုက်ပျိုးရန် ရေအရင်းအမြစ်နှင့် အစိုဓာတ်ရှိပြီး နွေရာသီ စိုက်ပျိုးရေးမရှိပေ။ "ဆောင်းသီးနှံ ကို ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးဘက်တွင် စိုက်ပျိုးပြီး မြေပဲ၊ ငရုတ်၊ ပြောင်း၊ ပဲ၊ ခရမ်း၊ ဖရုံ၊ မုံညှင်း၊ မုလာဥဖြူ၊ ဂေါ်ဖီပွင့်၊ ဂေါ်ဖီထုတ် တို့ကို ဆောင်းရာသီတစ်ခုတွင်သာ စိုက်ပျိုး ကြောင်း" Western News သတင်းဌာနမှ ( 1-1-2025) ရက်စွဲဖြင့် လည်းကောင်း DVB သတင်းဌာနမှ (4-1-2025) ရက်စွဲဖြင့် လည်းကောင်း ဖော်ပြထားသည်။ 


ရခိုင်မြေပဲဈေးကွက်မရကြောင်း၊ မြေပဲ စိုက်ဧက 1 ထောင်လောက်ရှိကြောင်း၊ မြေပဲတစ်တောင်း (15000) မွ (17000) ထိ ယခင်ကာလတွင် ဈေးပေါက်ခ့ဲကြောင်း၊ ယခု (10000) မြ (12000) ထိ သာ ဈေးပေါက်ကြောင်း၊ ယခင်က ဘင်္ဂလားကိုပို့်သော်လည်း ယခု ပို့၍မရတော့ကြောင်း၊ရခိုင်တွင် စိုက်ပျိုးမြေ 12 ခြဲ သိန်း ဧက၊ ဆောင်းစိုက်ဧက 5 သိန်းကျော်ရှိကြောင်း ယခုအခါ စိုက်ဧက နည်းလာ ကြောင်း DMG သတင်းဌာနမှ ( 17-1-2025) ရက်စွဲဖြင့် ဖေါ်ပြထားသည်။


ဘူးသီးတောင် မြို့နယ် စိုင်းဒင်ရေတံခွန် ဝါးလုပ်ငန်း ဝါးဝယ်လိုအားလျော့မှု၊ ဝါးဈေးမရမှုကြောင့် အခက်အခဲဖြစ်နေ ကြောင်း ABN သတင်းဌာနမှ (7-1-2025)ရက်စွဲဖြင့် ဖေါ်ပြထားသည်။


ဂဏန်းအဝယ်ဒိုင်မရှိ၍ ဂဏန်းဈေးမရ ကြောင်း DMG သတင်းဌာနမှ (8-1-2025) ရက်စွဲဖြင့် ဖော်ပြထားသည်။  ရခိုင်ဂဏန်းများဈေးကွက်ရှာရန်လိုအပ်ကြောင်း၊ ဂဏန်းတစ်ကီလိုကို (3000-4000) လောက်နဲ့ ဖြစ်သလိုရောင်းနေရကြောင်း၊ အဝယ်နည်းပါးခြင်း၊ အချိန်ကြန့်ကြာသေပျောက်ခြင်း၊ တင်ပို့စရိတ်မြင့်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ ယခင်တရုတ်သို့ပို့သော်လည်း ယခုမရတော့ခြင်း၊ ရခိုင်သည် စိုက်ပျိုးရေးပြီးလျှင် ရေလုပ်ငန်းကို အားထားရေသာ ပြည်နယ်တစ်ခုဖြစ်ပြီး ရေထွက်ကုန်များတင်ပို့ရန် ဈေးကွက်မရှိခြင်း၊ ရရှိလာသော သားငါးပုဇြန္မ်ားကို ဈေးနှိမ်ကာ ရောင်းနေရခြင်း စသည့်အချက်များကို ရင်ဆိုင်နေရကြောင်း Narinjara သတင်းဌာနမှ   (15-1-2025) ရက်စွဲဖြင့် ဖေါ်ပြထားသည်။


သံတွဲငါးလုပ်ငန်း လည်ပတ်ရန်ခက်ခဲနေကြောင်း ၊ စစ်ကောင်စီနေဗီများ ပင်လယ်တွင်ရှိနေဆဲဖြစ်ကြောင်း၊ လေကြောင်းကြောင့် နေရပ်မပြန်နိုင်ကြောင်း၊ စိုက်ပျိုးရေး၊ ငပိ၊ငါးခြောက်၊ ခရီးသွားလုပ်ငန်းများ မလည်ပတ်နိုင်ကြောင်း DMG သတင်းဌာနမှ (27-1-2025) ရက်စွဲဖြင့်ဖေါ်ပြထားသည်။ 


ရခိုင်ရိုးရာ ကျောက်ဆစ်လုပ်ငန်း ခက်ခဲလာကြောင်း Narinjara သတင်းဌာနမှ (28-1-2025) ရက်စွဲဖြင့် ဖေါ်ပြထားသည်။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?