ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း
ထုတ်ကုန်မ့ဲ သို့မဟုတ် ထုတ်ကုန်နည်းသော ရခိုင်လူ့အဖွဲ့အစည်း-5
- ဘဏ်အဆင့်မဟုတ်လျှင်တောင် ငွေသားကုန်ခမ်းပြတ်မှုကို ဖြေရှင်းရန် ULA/AA၊ APRG တွင် ငွေသားသိုလှောင်ထားနိုင်မှုနှင့် ထိုသိုလှောင်ထားသော ငွေကြေးအား လူထုထံ အပံအပိုးပေးနိုင်သော ဒေသန္တရ ယန္တယားများ တည်ဆောက်နိုင်ပါမည်လား။
- အိန္ဒိယ၊ ဘင်္ဂလားတို့နှင့် ကုန်စည်ဖလှယ်နိုင်သော ဈေးကွက် ဖြစ်လာနိုင်မည်လား။
- ရခိုင်ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်း ဝယ်လိုအားမြင့်မားမှုကို ဆောင်ရွက်နိုင်မည်လား
စသည့် တို့အား လက်ရှိအကဲဖြတ်လျှင် ဖြစ်နိုင်ရန်ခက်သည်ဟု ဝမ်းနည်းစွာ ကောက်ချက်ချရပါလိမ့်မည်။ လက်ရှိတွင် ULA/AA သည် ရခိုင်ပြည်၏ လက်ရှိ စီးပွားရေးဆိုင်ရာ လုပ်ရပ်များတွင် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော
- အရင်းအနှီးငွေကြေးအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု
- လုပ်အားအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု
- နည်းပညာအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု
- ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု
- ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု
- သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု
- ဈေးကွက်အပေါ်တွင် အရင်းအနှီး ပံပိုးနိုင်မှု မည်မျှရှိသနည်း ဆိုလျှင် မည်သည့် အရင်းအနှီးအပံအပိုးမှ မပေးနိုင်သေးပေပါဟုသာ ဖြေရပါလိမ့်မည်။
ULA/AA အနေဖြင့် စစ်ရေးအရအောင်မြင်နေသော်လည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ကုန်သွယ်ရေးတို့ကို ထိန်းချုပ်လည်ပတ်နိုင်ရန် အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ရခိုင့်အရေးလေ့လာသုံးသပ်သူများက ဆိုကြောင်း၊ ရခိုင်လူထုများတွင် ဆန်ပြုပ်သောက်နေရသူများရှိကြောင်း၊ အချို့မှာ ဆန်ပြုပ်မသောက်နိုင်၍ ထမင်းတနပ်သာစားကာ အသက်ရှင်ယုံတမယ်သာ နေရကြောင်း၊ အဟာရျပတ္ကာ သေဆုံးသူများလည်းရှိကြောင်း၊ ကေလးငယ္မ်ားမွာ အဟာရပြတ်သည့်ဒဏ်၊ ဆေးဝါးမလုံလောက်သော ဒဏ်များကိုခံနေရကြောင်း VOA သတင်းဌာနမှ (31-1-2025) ရက်နေ့တွင် ဖော်ပြထားသည်။
လက်ရှိ ရခိုင်ပြည်၏ စီးပွားရေးနှင့် ဈေးကွက်သည် ထုတ်ကုန်မ့ဲသော ဒဏ်နှင့် ကုန်ေစ်းႏႈန္းမြင့်မားသော ဒဏ္ကို ခါးစည်းခံနေရသည်။ ရခိုင်ပြည်၏ လိုအပ္ခ်က္ ကို ရခိုင်ပြည်မှ မထုတ်လုပ်နိုင်ပေ။ သို့ဖြစ်၍ အပြင်မှ ဝယ်ယူနေရသည်။
ကုန်သယ်ယူပို့ဆောင်ရေးနှင့် ကုန်သည်များ ကုန်သွယ်ခြင်းသည် မတူသေးပေ။ ကုန်သယ်ယူပို့ဆောင်ရေး ယန္တယားသည် လူထုကို ဝန်ဆောင်မှုပေးရသော လုပ်ငန်းစဉ်ဖြစ်သည်။ ကုန်သည်များ ကုန်သွယ်ခြင်းသည် လူတစ်ဦးချင်း၊ အစုအဖွဲ့တစ်ခုချင်း၏ စီးပွားရေးနယ်ပါယ်ဖြစ်သည်။
လက်ရှိ ရခိုင်တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏ အကြောင်းပြချက်ထဲတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု အခက်အခဲ ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။
ကုန်ပစ္စည်းသယ်ယူရာ လမ်းကြောင်းတစ်လျှောက်တွင် မည်မျှကုန်ကျသည် ဆိုသော မြေပြင်ပကတိ အခြေအနေကို သိနိုင်ရန်လိုအပ်သည်။ ကုန်သည်များ၏ အခက်အခဲသည် ဘာဖြစ်သည်ကို သိနိုင်ရန်လိုအပ်သည်။ ထိုက့ဲသို့ အေသးစိတ်သိပါမှ ကုန်ဈေးနှုန်း ကိုပြန်လည်ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ လက်ရှိ ထိုအချက်များအပေါ်တွင် ULA/AA အနေဖြင့် ဒေသန္တရအလိုက် မည်မျှ အဂတိတရားကင်းကင်းဖြင့် သုတေသနပြုထားသည် ကိုတော့ မသိရေပ။
ထိုသို့မဟုတ်ဘဲ ကုန်ပစ္စည်းသယ်ယူရေးကိစ္စသည် ငါနှင့်မဆိုင်၊ ကုန်သည်များ၏ အခက်အခဲသည် ငါနှင့်မဆိုင်၊ ငါက အာဏာရှိသူဖြစ်သည်။ ငါက အုပ်ချုပ်သူဖြစ်သည်။ငါနှင့်ဆိုင်သည်က အခွန်ရရန်သာဖြစ်သည်။ ငါထိမ်းချုပ်ထားသော လမ်းကြောင်း၊နယ်မြေကို ဖြတ်လျှင် ငါကို အခွန်ပေး၊ ငါနယ်မြေ၏ ခွင့်ပြုချက် ထောက်ခံစာပါရမည် စသည့်လောက်သာ လုပ်နေပါက ကုန်ဈေးနှုန်း ကျဆင်းတည်ငြိမ်နိုင်မည့် အရေးကိုလည်း မမြင်မိပေ။ ဘယ်ကုန်ပစ္စည်းသည် မိမိနယ်မြေ လူထုအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်နေသဖြင့် အဆိုပါ ကုန်ပစ္စည်းမျိုးဆိုလျှင် အခွန်ကင်းလွတ်ပေးသည်ဟူသော စီမံခန့်ခွဲမှုမျိုးကာ မည်သည့်ခါမှ မြင်ရမည်မသိ။
လောလောဆယ် အခြေအနေတွင် ULA/AA တာဝန်ရှိသူများသည် မည်သည့် အရင်းအနှီး အပံအပိုးကိုမွ ပြည်သူအား မ ပေးနိုင်လျှင်တောင် ကုန်ပစ္စည်းသယ်ယူရာ လမ်းကြောင်းတစ်လျှောက်တွင် မည်မျှကုန်ကျသည် ဆိုသော မြေပြင်ပကတိ အခြေအနေနှင့် ကုန်သည်များ၏ အခက်အခဲသည် ဘာဖြစ်သည်ကို တော့ အချက်အလက်အမှန်အကန်စူးစမ်းနိုင်ပါသည်။ မည်သည့် ကုန်ပစ္စည်းကို မိမိနယ်မြေ ဒေသန္တရအတွက်လိုအပ်သည် ကိုလည်း ဆန်းစစ်မှုပြုနိုင်ပါသည်။ ထို ကုန်ပစ္စည်းများကိုလည်း အခွန်ကင်းလွတ်ခွင့်ပြု ပေးနိုင်ပါသည်။ ထိုက့ဲသို့အချက်များမပါဘဲ ဈေးနှုန်းကိုတည်ငြိမ်အောင် ထိန်းသိမ်းသည်ဟု ဆိုကာ ဘယ်ပစ္စည်းကို ဘယ်လောက်သာ ရောင်းဈေးသတ်မှတ်ရမည်ဟု သွားလုပ်နေ၍ မေရပ။
ခေတ်ပျက်၊ ခေတ်ပြောင်းကာလတွင် သူဌေးဖြစ်ရန် လွယ်ပါသည်။ လုပ်ပိုင်ခွင့်အာဏာရှိသူ အနားသို့ ငွေဖြင့် ချဉ်းကပ်ရန်လည်းလွယ်ပါသည်။ မည်သည့် ကုန်သည်မဆို ရံှုးမည့်၊ မိမိအတွက် အမြတ်မရှိလျှင် ကုန်မသွယ်ပေ။ ကုန်သည်၏ ကုန်သွယ် ရင်းနှီးတန်ဖိုးအရ အမြတ်ယူသည်ကိုတော့ အပြစ်ပြောစရာမရှိပါ။ သို့သော် - ဥပမာ တစ်ခုပြပါမည်။ ကုန်သည်တစ်ဦးသည် စားသုံးဆီပုံး 200 ကျော်အား ရခိုင်ပြည်သို့ တင်လာသည်ဆိုပါစို့။ လက်ရှိရခိုင်ပြည်အတွက် အခြေခံစားသောက်ကုန်နှင့် အခြေခံလူသုံးကုန်များ၊ ဆေးဝါးများသည် ကုန်ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အမှန်တကယ်လိုအပ်သည်။ စားသုံးဆီသည် အမှန်တကယ်လိုအပ်သော ကုန်ဖြစ်၍ ထိုကုန်အပေါ်တွင် အခွန်ကောက်ပါက လူထုသည် စားသုံးဆီ၏ မူလတန္ဖိုး+ သယ်ယူပို့ဆောင်ခ+ အခြန္ခ+ အမြတ် ကို ပေးရတော့သည်။ ပို၍ ဆိုးဝါးသည်မှာ - ထိုသို့ အခွန်ဆောင်လာသော စားသုံးဆီပုံး 200 ထဲမြ 100 အား နောက်ကုန်သည်တစ်ဦးရ လက်ဆင့်ကမ်းဝယ်ယူ၍ နယ်ကိုဖြန့်သည့်အခါ နယ်ကိုသွားသော လမ်းပေါ်ရှိ ULA/ AA ဂိတ္ကို ထပ်၍ အခွန်သို့မဟုတ် ဖြတ်သန်းခ ဂိတ်ကြေးပေးရခြင်း မျိုးဖြစ်သည်။ အခွန်ဆောင်ထားသော ကုန္ကို ထပ်၍ အခြန္ဆက္သ ခိုင်းခြင်းသဘောမျိုးသည် လူထုကို ကုန်ပစ္စည်းမူလတန်ဖိုးထက် ပို၍ ပေးခိုင်းနေခြင်းနှင့်တူတော့သည်။ ဤသို့ပုံစံဖြင့် ဘယ်ခါ ကုန်ဈေးနှုန်းကျဆင်းပါမည်နည်း။
နောက်တချက္မှာ ကုန်နှင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်စနစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘယ်ပုံ ဘယ်နည်းဖြင့် လက်ဝါးကြီးအုပ်စနစ် ဖြစ်ပေါ်သနည်းဆိုသည်ကို ဆက်လက်ဖေါ်ပြပါမည်။
Comments
Post a Comment