ထုတ်ကုန်မ့ဲ လူ့အဖွဲ့အစည်း
ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော ရခိုင် လူ့အဖွဲ့အစည်း-3
ရခိုင်ပြည်၏ လက်ရှိ စီးပွားရေးဆိုင်ရာ လုပ်ရပ်များတွင် အာဏာရှိသူများသည် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သွင်းအားစုများဖြစ်သော
- ငွေကြေးအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- လုပ်အားအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- နည်းပညာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- ကုန်ကြမ်းပစ္စည်းအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- ကုန်ထုတ်ပစ္စည်းကိရိယာအပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း။
- သယ်ယူပို့ဆောင်ရေး အပေါ်တွင် အရင်းအနှီးအပံအပိုး မည်မျှရှိပါသနည်း။
- ဈေးကွက်အပေါ်တွင် အရင်းအနှီး အပံအပိုးမည်မျှရှိပါသနည်း ဆိုသော အချက်များက လက်ရှိ ရခိုင်ပြည်၏ စားဝတ်နေရေးကို အဖြေပေးပါလိမ့်မည်။
ရခိုင်ပြည်၏ လက်ရှိငွေကြေးအခြေအနေ
ရခိုင်တွင် ဘဏ်လုပ်ငန်းများ မလည်ပတ်၍ ငွေသားပြတ်လတ်လာကြောင်း၊ kpay၊ waypay စသည့် online အေဂျင်စီများမှ ယခင်ထက် 3 ဆ မြင့်တက်နေကြောင်း Development Media Group မြ (7-4-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။ ငွေသားပြတ်လတ်လာခြင်းအား ကုန်ထုတ်လုပ်မှုနှင့် တိုင်းတာနိုင်သည်။ သကြားမထုတ်လုပ်နိုင်သောသူသည် သကြားထုတ်လုပ်သူထံမှ သကြားကိုဝယ်ရသည် ဆိုသည့် သဘောတရားဖြင့် တိုင်းတာ၍ရသည်။ ရခိုင်ဘက်မှ ငွေသားဖြင့် အိန္ဒိယ၊ ဘင်္ဂလား၊ ပြည်မဘက်မှ ထုတ်ကုန်များကိုဝယ်ယူရသည်။ မဝယ်၍မရ၊ မဝယ်လျှင် ငတ်မည်ဖြစ်သည်။ ထုတ္ကုန္မ်ားကို မိမိငွေသားဖြင့် ဝယ်လေ မိမိဆီက ငွေသား ထွက်သွားလေ ဖြစ်သည်။ အဆိုပါ ငွေသားအား ရခိုင်ပြည်ထံ ပြန်စီးဝင်စေရန် ရခိုင်မှ ထုတ္ကုန္မ်ားကို အဆိုပါ အိန္ဒိယ၊ ဘင်္ဂလား၊ ပြည်မ တို့ဘက်မှ ပြန်ဝယ်ရမည်ဖြစ်သည်။ ရခိုင်မှ ထုတ္ကုန္မ်ားကို များများဝယ်လျှင် ရခိုင်ပြည်သို့ ငွေသားများများစီးဆင်းသည်။ သို့ရာတွင် လက်ရှိအခြေအနေ၌ ရခိုင်လူ့အဖွဲ့အစည်းသည် ထုတ်ကုန်မ့ဲ၊ ထုတ်ကုန်နည်းပါးသော လူ့ဘောင်ဖြစ်နေသည်။ ဤသို့ဖြင့် ငွေသား သည်ပင်လျှင် ရခိုင်ပြည်ထဲ၌ ကုန်ဖလှယ်ရာတွင် ကြားခံ ကိရိယာအဖြစ်မှ ကုန်ပစ္စည်းသဘောမျိုးဘက်ကို စိုးရိမ်စရာကောင်းစွာ ရောက်ရှိလာသည်ကို တွေ့ရသည်။
ရခိုင်တွင် ဟောင်းနွမ်းငွေစက္ကူအသုံးပြုကြရန် ULA/ AAကညွှန်ကြားထားကြောင်း၊ ငွေသားစီးဆင်းမှုက အရင်လိုမလည်ပတ်တော့ကြောင်း၊ ငွေစက္ကူဟောင်းလာလျှင် မယူချင်ကြတော့ကြောင်း Narinjara သတင်းဌာနမှ ( 9-7-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။ ရခိုင်တွင် ငွေသားပြတ်လတ်လာပြီး ငွေတသိိန်းအား တစ်သောင်းသုံးထောင်ကျပ်ပေးကာ ထုတ်ယူနေရ ကြောင်း၊ ယခင်က ငွေလွဲခမှာ တစ်သိန်း 500 သာရှိကြောင်း၊ ငွေလွဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ငွေသားခက်ခဲနေ၍ ငွေလာလွဲသောသူကိုပြန်၍ ခုနှစ်ရာနှုန်းပေးရကြောင်း DMG သတင်းဌာနမှ (11-7-2024) ရက်နေ့တွင်ဖေါ်ပြထားသည်။ ရန်ကုန်မှ ရခိုင်သို့ သယ်လာသော ငွေသားကျပ်သိန်းပေါင်း (6) သောင်းနှင့်အတူ လူ (20) ဦးခန့် ဧရာဝတီ ချောင်းသာကမ်းခြေတွင် အဖမ်းခံရကြောင်း၊ kpay မွ ငွေထုတ်ရာတွင် (17) ရာနှုန်းအထိပေးနေရကြောင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေသား ခက်ခဲလာကြောင်း Narinjara သတင်းဌာနမှ (17-7-2024) ရက်နေ့တွင် ဖေါ်ပြထားသည်။ ဟောင်းနွမ်းငွေစက္ကူများကို လျော့ဈေးပေးကာ လိုက်ဝယ်သည့်ဈေးကွက်တစ်ခုပေါ်လာကြောင်း၊ တစ်သောင်းတန်် အဟောင်းအား 7500 ဖြင့်ဝယ်နေကြောင်း DMG သတင်းဌာနက (24-10-2024) ရက်နေ့တွင် ဖော်ပြထားသည်။
ဟောင်းနွမ်းငွေစက္ကူများမသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှုအားနည်းကြောင်း၊ ဘဏ်စနစ်မလည်ပတ်၊ ငွေစက္ကူရှားပါးမှု ရှိနေပြီး (1) ထောင်တန်မှာ အကြွေသဘောမျိုးဖြစ်နေကြောင်း၊ ဟောင်းလာလျှင်ရေတွက်ရခက်ပြီး အစွန်းအထင်းပါလျှင်မယူချင်တော့ကြောင်း၊ AA အနေဖြင့် အာမခံချက်ရှိရှိငွေလှဲလှယ်ပေး၍ရသော နေရာမျိုးကို ဖန်တီးပေးရန်လိုအပ်ကြောင်း DMG သတင်းဌာနက ( 2-1-2025) ရက်နေ့တွင်ဖေါ်ပြထားသည်။ ဟောင်းနွမ်းငွေစက္ကူများကို လက်မခံ၍ သာမန်ပြည်သူများ အခက်အခဲဖြစ်နေကြောင်း Narinjara သတင်းဌာနမှ (15-1-2025) ရက်နေ့တွင် ဖေါ်ပြထားသည်။
အထက်ပါသတင်းအချက်အလက်များကို ကြည့်၍ မေးခွန်းများထပ်ရှိလာပါသည်။
- ဘဏ်အဆင့်မဟုတ်လျှင်တောင် ငွေသားကုန်ခမ်းပြတ်မှုကို ဖြေရှင်းရန် ULA/AA၊ APRG တွင် ငွေသားသိုလှောင်ထားနိုင်မှုနှင့် ထိုသိုလှောင်ထားသော ငွေကြေးအား လူထုထံ အပံအပိုးပေးနိုင်သော ဒေသန္တရ ယန္တယားများ တည်ဆောက်နိုင်ပါမည်လား။
- အိန္ဒိယ၊ ဘင်္ဂလားတို့နှင့် ကုန်စည်ဖလှယ်နိုင်သော ဈေးကွက် ဖြစ်လာနိုင်မည်လား။
- ရခိုင်ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်း ဝယ်လိုအားမြင့်မားမှုကို ဆောင်ရွက်နိုင်မည်လား ဟူသောမေးခွန်းများဖြစ်သည်။
ဤသုံးချက်တွင် လက်တွေ့ဆန်သည့် ရခိုင်ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းဝယ်လိုအား မြင့်မားမှုကို ဆောင်ရွက်နိုင်မည်လား ဆိုသည့်အချက်ကို ပထမ ဆန်းစစ်ကြည့်ပါမည်။
Comments
Post a Comment