လိပ်ပြာတောင်ပံခတ်ခြင်း သီအိုရီ (Butterfly Theory)
လိပ်ပြာတောင်ပံခတ်ခြင်း သီအိုရီ (Butterfly Theory)
ရခိုင်ပြည်၏ စီးပွားရေးပြိုလဲမှုကို ကြည့်ပါက စကစ၏ စီးပွားရေးပိတ်ဆို့မှုသည်လည်း အဓိကအချက်များထဲတွင်ပါဝင်သည်။ သို့ရာတွင် စကစမွ စီးပွားရေးပိတ်ဆို့ခြင်းတစ်ခုတည်းကိုတော့ လက်ညိုးထိုးနေ၍မရပေ။ ဤသို့ပိတ်ဆို့မှုကို မည်သို့ကျော်ဖြတ်မည်ဆိုသည့် အစီအစဉ်မျိုးကို ရှာရပေလိမ့်မည်။ ULA/AA အနေဖြင့် စကစ၏ စီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နိုင်သော်လည်း သာမန်အောက်ခြေလူထုမှာကား ခံနိုင်ရည်မရှိနိုင်ချေ။
ဤအချက်သည် ရခိုင်ပြည်ဘက်မှ ပြည်မဘက်ကို စီးပွားရေးနှင့် အခြားအခြေခံအဆောက်အအုံများကို မှီခိုမှုအများအပြားရှိနေသောကြောင့်ဖြစ်သည်။ ထိုသို့မှီခိုနေရမှုများနေစေရန်လည်း နိုင်ငံရေးစနစ်အရ သွပ်သွင်းခြင်းခံထားရသည်။ ဤသည်များက လက်ရှိပေးထားချက်များပင်ဖြစ်သည်။
ရခိုင်ပြည်၏ စီးပွားရေးဂဏ္႑အတွက် ရခိုင်ပြည်သူတစ်ဦးချင်းတွင် တာဝန်ရှိသည်။ ပြည်သူတစ်ဦး၏ တာဝန္ကို ကိုယ်စားပြု၍ စီမံခန့်ခွဲခွင့်အာဏာကို တက်လှမ်းလာသော ULA/AA တွင် တာဝန်နှစ်ဆ ပိုရှိသည်။
လက်ရှိစစ်ရေးအခြေအနေတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ULA/AA သည် လူထုကို ဝန်ဆောင်မှုမပေးနိုင်သေးပေ။ ဝန်ဆောင်မှုမပေးနိုင်သည့်အပြင် လူထုကို ဝန်ပိစေသော ကုန်ပစ္စည်းများအပေါ်တွင် အခွန်အကောက်များကိုသာ ဆောင်ရွက်နေသည်။ စက်သုံး လောင်စာဆီဆိုင်ရာ မူဝါဒလည်း ခိုင်ခိုင်မာမာမရှိသလို ငွေသားဖလှယ်နိုင်သော ယန္တယားစနစ်များကိုလည်း မတည်ဆောက်နိုင်သေးပေ။
အုပ်ချုပ်ရေးဘက်မှ အခြန္မ်ားမ်ားရ၍ ငွေရှာနိုင်သည်ဟု တဖက်တည်းအမြင်အောက်တွင် ရှူမြင်နေ၍မရသေးပေ။ လူထုအပေါ် သက်ရောက်နိုင်သော အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ဈေးလေလံ၊ အမဲကြက်ဝက် လေလံ၊ ကူတို့လေလံ၊ ချောင်းကူးမြောင်းကူး တံတားလေလံ များတွင် လူထုကို ဝန်ပိစေသော အချက်များရှိပြီး လက်ဝါးကြီးအုပ်ဝါဒများလည်း ပေါ်လာနိုင်ချေကို သတိထားရန်လိုအပ်သည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးခါမှ ဆေးကြောင့်လေးတတ်သော အကျိုးဆက်များကို ဆန်းစစ်ရန်လိုအပ်သည်။
ရခိုင်ပြည်၌ ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို ULA/AA သည်ပြန်လည် ထိန်းကွပ်လည်ပတ်နိုင်ရန် အခက်အခဲများကို ရင်ဆိုင်နေရပုံပေါ်သည်။ အခြားသော ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးများကို ပြန်လည်တည်ဆောက်ရန်လည်း အခက်အခဲများရှိနေပုံရသည်။ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန် ULA/AA ယန္တယားထဲတွင်ပင် ပွင့်လင်းမြင်သာသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန်လိုသည်။
"ကုန်ဈေးနှုန်းကြီးမြင့်မှု ULA/AA မွ ကြပ်မတ်ရန်လိုကြောင်း၊.....ကုန်သည်များထဲတွင် ULA/AA ၏ တာဝန်ရှိသူများ၏ ဇနီးများပတ်သက်နေကော ကုန်နှင့် ကုန်ဈေးနှုန်းများကို ချုပ်ကိုင်ထားကြောင်း၊ ကုန်ချသည့်အထဲတွင် အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲများ၏ ဇနီးမ်ား၊ ရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နိုင်ငံရေးမှုးများ၏ ဇနီးမယားများပါကြကြောင်း၊ ချင်းပြည်၊ ဘင်္ဂလား၊ အိန္ဒိယ ဘက်မှ ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်ရရှိရေးအတွက် ULA/AA နယ်မြေတာဝန်ရှိသူများကို အောက်ဈေးဖြင့် သိန်းချီပေးရကြောင်း၊ အကောက်ခွန် ကောက်ခြင်းကို လက်ခံကြောင်း၊ အကောက်ခွန်ကောက်ခြင်းကို အခွွင့်ကောင်းယူကာ အောက်ခြေအဆင့်မှ ကုန်သွယ်ခွင့်မပြုဘဲ ငွေသိန်းချီ တောင်းနေကြောင်း၊ ကုန်သွယ်ခွင့်ရသူူများမှာ ULA/AA နယ်မြေ တာဝန်ရှိသူများနှင့် ရင်းနှီး နီးစပ်သူများသာ ရနေကြောင်း၊ တပြေးညီအခြားသူများကို လည်း ကုန်သွယ်ခွင့်ပေးရန်လိုကြောင်း" စသဖြင့် Western News သတင်းဌာနတွင် (14-1-2025) ရက်စွဲဖြင့် ဖေါ်ပြထားပါသည်။
ULA/AA၏ အခွန်ကောက်ခံမှုအား ဝေဖန်မှုရှိနေကြောင်း၊ စားသောက်ဆိုင် တစ်ဆိုင်လျှင် တနှစ် (80000) မွ (10000) ထိပေးနေရကြောင်း၊ သိန်းတရာတင်ထားသော ဆိုင်ဆိုလျှင်လည်းထိုအတိုင်း၊ ဆယ်သိန်းတင်လျှင်လည်း ထိုအတိုင်းဖြစ်နေ၍ ဆိုင်များကို အဆင့်လိုက်ခွဲရန် လိုအပ်ကြောင်း၊ အရက်ဆိုင်များကိုလည်း တလ 30000 မြ ယခု 50000 ထိ ပေးနေရကြောင်း၊ အမြတ်လည်းမကျန်ကြောင်း သံလွင်ခက် သတင်းဌာနမှ ( 30-11-2024) ရက်နေ့တွင် ဖော်ပြထားသည်။
ULA/AA အနေဖြင့် အခွန်ကုန်စည်ကို ဖြေလျော့သင့်ကြောင်း၊ ကုန်ဈေးနှုန်းကြီးလာသဖြင့် ဆေးဝါး၊ အခြေခံစားသောက်ကုန်၊ စာရေးကိရိယာ၊ အခြေခံလူသုံးကုန်များကို ပဋိပက္ခကာလအတွင် အခွန်ကင်းလွတ်ရန်ခွင့်ပြုသင့်ကြောင်း၊ စစ္တပ္ဂိတ္ကို တခါ၊ အေအေဂိတ်ကိုတစ်ခါ ဖြတ်လျှင် တစ်ခါပေးနေရကြောင်း၊ စားသုံးသူထံ တိုက်ရိုက်ထိကြောင်း၊ ULA/AA ဂိတ်တွင် 3 ရာခိုင်နှုန်းမှ 5 ရာခိုင်နှုန်းအထိ ပေးနေရပြီး အချို့ဂိတ်များတွင် (2) ခါပေးနေရကြောင်း၊ မြေပြင်အနေအထားကို သေချာ စီစစ်ရန်နှင့် အခြန္မူဝါဒကို ပြည်သူကိုချပြရန် လိုကြောင်း Mizzima သတင်းဌာနမှ (24-9-2024) ရက်နေ့တွင်ဖော်ပြထားသည်။
ဖြစ်စဉ်ဖြစ်ရပ်ငယ်လေးတစ်ခုသည် သက်ရောက်မှုအကျိုးဆက် တသီတတန်းကြီးကိုဖြစ်စေသည်။ လေပြာငယ်တစ်ကောင်၏ တောင်ပံခတ်ချက်သည် ထိုဆင့်ကဲ တသီတတန်းဖြစ်စဉ်အရ ကမ်ဘာကြီး၏အခြားတစ်ဘက်တွင် လေပွေမုန်းတိုင်းဖြစ်သွားနိုင်သည်။အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် ရခိုင်ဒေသအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေးကြပ်တည်းမှုများကြောင့် ဖြစ်လာသော အကျိုးဆက်များဖြစ်သည်။
- စားဝတ်နေရေးကြပ်တည်းသဖြင့် ရခိုင်ပြည်ပြင်ပ သို့ထွက်ခွာခြင်း။
- ရခိုင်ပြည်ပြင်ပတွင် အခက်အခဲများကို ရင်ဆိုင်ရခြင်း။
- လူကုန်ကူးမှု၏ သားကောင်များဖြစ်လာခြင်း။
- ရခိုင်ပြည်ပြင်ပ၏ နိုင်ငံရေးသက်ရောက်မှုကို ခံရခြင်း။
- ကေလးငယ်များ အဟာရချို့တ့ဲမှု၊ ဆေးဝါးပြတ်လပ်မှု၊ ပညာရေးပြတ်လပ်မှုများကို ခံရခြင်း။
- လိင်လုပ်ငန်း၊ မူးယစ်ဆေးဝါး၊လောင်းကစားနှင့် လိမ်လည်မှုလုပ်ငန်းများအတွက် အသုံးချရန် အမျိုးသမီးများကို ပစ်မှတ်ထားခံလာရခြင်း။
- လူသားအရင်းအမြစ်များ၊ တတ်သိပညာရှင်များ ထွက်ခွာသွားခြင်း။
- နိုင်ငံရေးအစီအစဉ်ကို ထိခိုက်လာခြင်း။
စသည့် အကျိုးဆက်များကို တသီတတန်းကြီးရင်ဆိုင်လာရမည်ဖြစ်သည်။
အဆိုပါ အချက်များကို ဖြေရှင်းရန်အတွက် ULA/AA သည် ဗဟိုချုပ်ကိုင်မှုကို တင်းကြပ်စွာ ကျင့်သုံးလိုက ကျင့်သုံးနိုင်ပါသည်။ သို့သော် ရပ်ရွာအဆင့် အုပ်ချုပ်ရေးများတွင် လူထုပါဝင်မှုကို ပိုမိုလမ်းဖွင့်ပေးရန်လိုအပ်သည်။ အထူးသဖြင့် ရပ်ရွာအဆင့်တာဝန်ရှိသူများမှ ရပ်ရွာဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် ရပ်ရွာလူထုပါဝင်၍ သဘောထားမှတ်ချက်ပေးနိုင်သော အခင်းအကျင်းများကို ဖော်ဆောင်ရန်လိုအပ်ပါသည်။ လူထု၏ သဘောထားမှတ်ချက်များတွင် နားခါးစရာမ်ား ပါကောင်းပါမည်။ သို့သော် သဘောထားကြီးကြီးဖြင့် နားထောင်ပေးသင့်သည်။ လူထု၏ သဘောထားမှတ်ချက်များကို မခြွင်းမချန် တာဝန်ရှိသူများထံ တင်ပြသင့်သည်။ ထိုပြင် ဆက်သွယ်ရေးများကို ပိတ်ထားချိန်တွင် လူထုမွ မြေပြင်ပကတိအခြေအနေအား အသံထုတ်နိုင်ရန်ခက်နေချိန်လည်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် လူထုအတွက် ဟစ်တိုင်သဘောမျိုးများကိုလည်း ဖန်တီးပေးသင့်သည်။
Comments
Post a Comment