အချောင်ကွက် ရင်းနှီးမြုပ်နှံမှုနှင့် ခြွတ်ခြုံကျမှု

 အချောင်ကွက် ရင်းနှီးမြုပ်နှံမှုနှင့် ခြွတ်ခြုံကျမှု


ရခိုင်ပြည်၏ စီးပြားရေး အခြေအနေ ခြွတ်ခြုံကျမှုသည် တာရှည်မည့်အလားအလာမျိုးရှိသည်။ စီးပွားရေးတိုးတက်မှုသည် ULA/AA ၏ စီမံခန့်ခွဲမှု အပေါ် နိုင်ငံရေးအရ အကဲဖြတ်နိုင်သည့် အချက္များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများ၏ စီးပွားရေးတိုးတက်မှုသည်  အိမ်နီးချင်းတိုင်းပြည်များကို မှီခိုနေရသည်။ လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ဧရိယာများ၌ ကုန်ပစ္စည်းကို ထုတ်လုပ်နိုင်သော စီးပွားရေးမျိုးကိုကား တည်ဆောက်ထားနိုင်သည်ကို သိပ်မတွေ့ရပေ။ ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ဝ ပြည်နှင့် မိုင်းလားက့ဲသို့ နယ်မြေများသည်ပင်လျှင် အိမ်နီးချင်းတိုင်းပြည်များအပေါ်တွင် စီးပွားရေးအရ  မှီခိုနေရပြီး အိမ်နီးချင်းတိုင်းပြည်များ၏ စီးပွားရေး ဩဇာအာဏာအောက်တွင် ရှိနေသည်။


ကုန်ထုတ်လုပ်နိုင်သော လူ့အဖွဲ့အစည်း


နယ်မြေဒေသတစ်ခုကို ထိမ်းချုပ်ထားသော အဖွဲ့အစည်းတရပ်သည် ထိုနယ်မြေအတွင်း လူထု၏ ကုန်ထုတ်လုပ်မှုအပေါ်တွင် မည်မျှ ထောက်ပံပေးထားပါသနည်း ဆိုသည့်မေးခွန်းဖြင့် ရှင်းရှင်းလင်းလင်း အကဲဖြတ်နိုင်ပါသည်။ ကုန်ထုတ်လုပ်မှုဆိုရာ၌ နည်းပညာဖြင့် ထုတ်လုပ်ရသော ပစ္စည်းများကိုထားအုံးတော့။ စားဝတ်နေရေး အတွက် လိုအပ်သော စားနပ်ရိက္ခာကို ပေးနိုင်သော မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် လူသုံးကုန်ပစ္စည်းများကို ၎င်းတို့ဖာသာ ၎င်းတို့ ထုတ်လုပ်နိုင်ရန် အဆိုပါနယ်မြေကို ထိမ်းချုပ်ထားသော အဖွဲ့အစည်းတစ်ရပ်သည် မည်မျှလောက်ထိ ပြည်သူကို အထောက်အပံ အရင်းအနှီးများ ပေးနေပါသနည်း။ 


မြေပေါ် မြေအောက်သယံဇာတကို ထုတ်ယူ၍ အစိမ်းသက်သက်ရောင်းစားခြင်းသည် လူအဖွဲ့အစည်းတရပ်ကို ထည်ထောင်ရာမရောက်သေးပါ။ ထိုနည်းအတူ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် အကျင့်စာရိတ္တကို ထိခိုက်သော ပတ်ဝန်းကျင်အဖြစ် စီးပွားရှာခြင်းသည်လည်း လူအဖွဲ့အစည်းတရပ်ကို တည်ထောင်ရာ မရောက်သေးပါ။ လူအဖွဲ့အစည်းတရပ်သည် စားသုံးရန် ရိက္ခာလိုသည်။ ဝတ်ရန် အဝတ်အထည်လိုသည်။ နေရန် အိုးအိမ်လိုသည်။ စားရန် ရိက္ခာအတွက် စိုက်ပျိုးသော သီးနှံ့များအတွက် လိုအပ်သော သွင်းအားစုများကို မိမိတို့ဖာသာ မိမိတို့ မည်မျှ ထုတ်လုပ်နိုင်ပါသနည်း။ အခြားသော အခြေခံ စားဝတ်နေရေး ဖြစ်စဉ်များ၏ လိုအပ်ချက် သွင်းအားစုများကိုလည်း မိမိတို့ဖာသာ မိမိတို့ မည်မျှလောက် ထုတ်လုပ်နိုင်ပါသနည်း။ 


လူ့အဖွဲ့အစည်းတရပ်အတွက်  စားဝတ်နေရေးအတွက် အခြေခံ လိုအပ်ချက်လောက်ကို ထုတ်လုပ်နိုင်ပါမှ ထိုလူ့အဖွဲ့အစည်းအတွက် လူမှုတည်ငြိမ်မှုသည် ရနိုင်သည်။ မိမိဖာသာ ထုတ်လုပ်နိုင်မှ အခြေခံ စားကုန်သောက်ကုန်ဈေးကို ထိန်းညှိ၍ ရမည်။


စီးပွားရေးအချောင်ကွက္များနှင့် အီသီယိုပီးယား ဥပမာ

ထုတ်ကုန်မ့ဲသော အခြေအနေကို ရင်ဆိုင်နေရသည့် လူ့အဖွဲ့အစည်းတရပ်အတွက် အနာဂတ်တွင် ပညာကိုအခြေခံသည့် လူ့အဖွဲ့အစည်းမျိုးထိ တက်လှမ်းရန် ပိတ်ဆို့ခံလိုက်ရသည့် စီးပွားရေး အချောင်ကွက္များ ခေါင်းထောင်လာတတ်သည်။ ဥပမာ- 2000 ပြည့်လွန်ကာလများ၌ အီသီယိုပီးယားတွင် စိုက်ပျိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဝင်လာရန် ဖိတ်ခေါ်မှုမျိုးဖြစ်သည်။ 1970 ပြည့်လွန်ကာလများ၌ ဆိုရှယ်လစ်စနစ်၊ ဗဟိုချုပ်ကိုင်မှုစနစ်များဖြင့် နိုင်ငံတော်မှ စိုက်ပျိုးမြေများကို ပြည်သူပိုင်သိမ်းသည့် ဒဏ္ကို အီသီယိုပီးယားလယ်သမားများခံထားရသည်။ ယင်းနောက် ကျေးရွာများပြန်လည်တည်ထောင်ရေး (Villagization) ဒဏ်ကိုလည်း ထပ်ခံရပြန်သည်။ ဤသို့ဖြင့် ပြန်လည်၍ ဖြေလျော့ ပြုပြင်ပြောင်းလဲမှုများစတင်လာချိန် 2000 ပြည့်လွန်ကာလများကို ရောက်တော့ ရာသီကပ္ဆိုး  မိုးခေါင်သဖြင့် လယ်မြေများ အလုပ်မဖြစ်တော့။ အုပ်ချုပ်သူကလည်း ရေအရင်းအမြစ်အပါအဝင် လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုကို မထောက်ပံနိုင်။ ပြည်သူများမှာလည်း နှုန်းချိခွေယိုင်လာချိန် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံမှုများကို ဝင်လာရန် အုပ်ချုပ်သူများက မျက်နှာငယ်လေးဖြင့် ပြောဆိုရတော့သည်။ စိုက်ပျိုးရေး မွေးမြူရေးတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုသည်က အေတာ့ကို ခက်သည့် ကိစ္စဖြစ်သည်။ မည်သည့်နိုင်ငံကမှ အခြားနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၌ ငွေအကုန်မခံလိုကြ။ အခြားနိုင်ငံတွင် လုပ်မည့်အစား ထိုငွေကို မိမိနိုင်ငံ၏ စိုက်ပျိုးရေးသမား၊ မွေးမြူရေးသမားများကိုသာ ထောက်ပံ သုံးစွဲမည်ဖြစ်သည်။ သို့သော် စိုက်ပျိုးမြေလိုအပ်ချက်ရှိနေသော နိုင်ငံများကတော့ ပြည်ပတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၌ ရင်းနှီးမြုပ်နှံမှုရှိကြသည်။ အထူးသဖြင့် ဆော်ဒီအာရေဘီးယားက့ဲသို့ ရေနံဖြင့် ကြွယ်ဝသော သဲကန္တရ အာရတ် နိုင်ငံများ၊ စိုက်ပျိုးမြေအကန့်အသတ်ရှိပြီး စားနပ်ရိက္ခာကို ပြည်ပမှ တင်သွင်းနေရသော တောင်ကိုးရီးယားက့ဲသို့ စက်မှုနိုင်ငံများ စသည့် နိုင်ငံများကတော့ ပြည်ပနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးတွင် ရင်းနှီးမြုပ်နှံကြသည်။ 


အီသီယိုပီးယားတွင်တော့ ဆော်ဒီအာရေဘီးယားက့ဲသို့ နိုင်ငံတကာ ကိုပိုရေးရှင်းများမှ  ဝင်လာသည်။ ထိုသို့ ရင်းနှီးမြုပ်နှံမှုများ ဝင်လာသည်ဆိုလျှင်တောင် မည်သည့်နိုင်ငံကမှ အရှုံးခံပြီးမဝင်လာ။ ၎င်းတို့အတွက် အမြတ်ထွက်အောင်သာ အစီအစဉ်ဖြင့် ဝင်လာသည်။ ဤသို့ဖြင့် စိုက်ပျိုးမြေများကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများထံ ထိုးအပ်ရတော့သည်။ အချို့သော အီသီယိုပီးယား လယ္သမားမ်ားမွာ မိမိလယ္ကို ထိုးအပ်ပြီး မိမိလယ်တွင် အငှါးပြန်၍ အလုပ်သမား လုပ်ရသည်။ အလုပ်နေရ၍ ပုံမှန်ဝင်ငွေရသောသူများအတွက် ငတ်နေတာထက်စာရင်တော့ အဆင်ပြေပါသည်။ မိမိလုပ်ငန်းအပေါ် ကိုင်တွယ်စီမံခွင့် ကိုတော့ စတေးခံလိုက်ရသည်။ စတေးခံရသည့်အတွက် အီသီယိုပီးယားရပ်ရွာလူမှုအသိုင်းအဝန်းများအားလုံး အလုပ်အကိုင်ရကြသည်လားဆိုလျှင်လည်း ထိုသို့မဟုတ်ပြန်။ခိုင်မာသော ဥပဒေအကာအကွယ်ကလည်း မရှိ၊ အင်စတီကျူးရှင်းများကလည်း မခိုင်မာသောအခါ မြေသိမ်းမှုများက ထပ်ဖြစ်လာသည်။ အချို့သော ရပ်ရွာများအတွက် မြေဆုံးရံှုးမှုက ထပ်မံပေါ်ပေါက်လာပြန်သည်။


အီသီယိုပီးယားသည် ထိုရင်းနှင်းမြုပ်နှံမှုများအတွက် များစွာသော ထိခိုက်ပွန်းရှမှုများကို ခံခ့ဲရသည်။ ဆော်ဒီက့ဲသို့ နိုင်ငံမျိုးက အီသီယိုပီးယား စိုက်ပျိုးမြေများက ထွက်လာသော သီးနှံ့များကို သူ့နိုင်ငံထဲသို့သာ ပြန်ယူသွားသည်။ အီသီယိုပီးယား လယ္သမားမ်ား၏ လုပ်အား၊ မြေယာ ကိုအသုံးပြု၍ ဆော်ဒီမှ ရိတ်သိမ်းသွားသည်။ အီသီယိုပီးယားအဖို့ စားနပ်ရိက္ခာ ဖူလုံမှုက မရှိသည့် သံသရာတွင် လည်နေခ့ဲသည်။ (ဤအခြေအနေကိုခံစားနိုင်သည့် နမူနာတစ္ခုက တရုတ်၏ ကျောက်ဖြူ ပိုက်လိုင်းစီမံကိန်းကိုကြည့်ပါ။ အာရတ်နိုင်ငံများမှ ရေနံများကို တရုတ်က သငေ်္ဘာဖြင့် သယ်၍ ကျောက်ဖြူ မဒေကျွန်းတွင် သိုလှောင်သည်။ ယင်းနောက် ပိုက်လိုင်းဖြင့် တရုတ်ပြည်ကိုယူဆောင်သည်။ မလက္ကာရေလက်ကြားကို ဖြတ်ရသည် ငွေအင်အား၊ အချိန်အင်အားများစွာ တရုတ်ပြည်အတွက် သက်သာသွားသည်။ တရုတ်ပြည်၏ စွမ်းအင်လိုအပ်ချက် ရာခိုင်းနှုန်းတချို့တဝက်ကို မဒေးကျွန်းရေနံသိုလှောင်ရုံများနှင့် ပိုက်လိုင်းမှ အထောက်အပံပေးသည်။ သို့သော် ရခိုင်ပြည်၏ စွမ်းအင်လိုအပ်ချက်အပေါ်တွင်တော့ ဘာမှခံစားခွင့်မရှိချေ။) နောက်ပိုင်းတွင်တော့ အီသီယိုပီးယား အနေဖြင့် ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့လာကာ မြေယာပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လာနိုင်ခါမှ အတော်အသင့် အသက်ရှူဖြောင့်သွားခ့ဲသည်။ 


ဤသို့ဆိုလျှင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို ငြင်းပယ်ရမည်လားဟု မေးခွန်းထုတ်စရာရှိပါသည်။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို ငြင်းပယ်စရာမလိုပါ။ သို့သော် အဆိုပါရင်းနှီးမြုပ်နှံမှုသည် လူထုကို အကျိုးပြုစေရန်လိုသည်။ ရခိုင်ပြည်အနေဖြင့် အီသီယိုပီးယား လမ်းစဉ်ကို လိုက်လျှင်တောင် ရခိုင်လယ်သမားများက ၎င်းတို့၏ လယ္ကို ရင်းနှီးမြုပ်နှံသူထံ လိုလိုချင်ချင်ထိုးအပ်မည်လား။ ထိုးအပ်သည်ဖြစ်စေ မထိုးအပ်သည်ဖြစ်စေ အုပ်ချုပ်သူက မြေကိုသိမ်း၍ ထိုးအပ်လိုက်သည် ဆိုအုံးစို့။ မည်သည့်နိုင်ငံက ရခိုင်ပြည်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၌ ရင်းနှီးမြုပ်နှံမည်နည်း။ ဘင်္ဂလားဒေရ့ှ်လို နိုင်ငံမျိုးက လာရောက်လုပ်ကိုင်မည်ဆိုသည်မှာလည်း မဖြစ်နိုင်။ အဘယ်ကြောင့် ဆိုသော ဘင်္ဂလားဒေရ့ှ်၏ လယ်မြေများသည် နွေမိုးဆောင်း အခါမလပ်စိုက်နေပြီဖြစ်သည်။ ဘင်္ဂလားဒေရ့ှ်၏ လယ်တစ်ဧကအထွက်နှုန်းသည် ရခိုင်ပြည်၏ လယ်တစ်ဧက အထွက်နှုန်းထက်မြင့်သည်။ လုပ်သားလည်း ပေါသည်။ အကယ်၍ ဘင်္ဂလားဘက်မှ ထိုသို့ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားသည်ဆိုပါစို့။ ရခိုင်လယ်မြေများကို ဘင်္ဂလားဒေရ့ှ်ဘက်က လာလုပ်သည့် အခြေအနေမျိုးက အင်္ဂလိပ်ခေတ်တွင်တော့ ရှိခ့ဲဖူးသည်။ ရခိုင်မြောက်ပိုင်း၏ မြေပြန့်လွင်ပြင်များတွင် စပါးစိုက်ရန် စစ်တကောင်း ဘင်္ဂလီများကို အင်္ဂလိပ်က ခေါ်သွင်းလာခ့ဲသည်။ အင်္ဂလိပ်က ထိုသို့ခေါ်သွင်းလာပြီးနောက် ရခိုင်၏ လူမှုပထဝီဝင်အပေါ် အပြောင်းအလဲက ကြီးမားစွာသက်ရောက်ခ့ဲသည်။ ထိုသမိုင်းမျိုးကိုတော့ ရခိုင်ပြည်သူများ ထပ်ကြုံချင်မည်တော့မဟုတ်။ အိန္ဒိယ ဘက္မှရော ၎င္း၏ အရှေ့မြောက်ခုနှစ်ပြည်နယ်၏ စားနပ်ရိက္ခာ ဖူလုံမှုအတွက် စိတ်ဝင်စားမည်လား။ ဤသည်မှာလည်း ဖြစ်တန်ရာရှိသော်လည်း သိပ္မေရရာ။ အိန္ဒိယအနေဖြင့် သူ၏ အရှေ့မြောက်ပြည်နယ်များတွင် တောင်ယာလှေကားထစ်စိုက်ပျိုးရေးအတွက်သာ ငွေအကုန်အကျခံမည်။ ရခိုင်ပြည်ထဲတွင်တော့ စိုက်ပျိုးရေး မွေးမြူရေးက လာလုပ်မည်မဟုတ်သေး။


ရခိုင်ပြည်၏ စားနပ်ရိက္ခာ ဖူလုံမှုသည် မတည်ငြိမ်သော အခြေအနေတွင် ရှိသည်။ စီးပွားရေး အချောင်ကွက်များ၏ ဆွဲဆောင်မှုကြောင့် ရခိုင်၏ သယံဇာတ၊ ပင်လယ်ပြင်၊ မြေယာ၊ သဘာဝပတ်ဝန်းကျင် နှင့် လူမှုစီးပွားဘဝ ဆိုင်ရာတွင် ထပ်မံထိခိုက်နာကြင်စရာ ဖြစ်ရပ်များလည်း ပေါ်ပေါက်ရန် တာစူနေပါသေးသည်။ " ရခိုင်ပြည်နယ်တွင် စီးပွါးရေး လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါးဖြစ်နေ၍ ဒေသခံ နှစ်သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ်ရှိကိုရင်ဆိုင်နေရသည်ဟု ၂၀၂၃- ၂၄ စစ်တမ်း အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂအဖွဲ့အစည်းများကသတိပေးထားကြောင်း" VOA မြန်မာပိုင်းမှ (31-1-2025) ရက်နေ့တွင် ဖော်ပြထားသည်။ (ကိုးကား- https://burmese.voanews.com/a/rakhine-people-face-food-insecurity-and-living-/7958052.html)


ရခိုင်ပြည်၏ စားနပ်ရိက္ခာအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းများလုံလောက်မှုအတွက်သည်ပင်လျှင်  နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကိုလိုအပ်နေသည်။ အကယ်၍ နိုင်ငံတကာဘက်မှ စီးပွားရေးအချောင်ကွက်များဖြင့် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာလျှင်လည်း ဘေးထွက် ဆိုးကျိုးများကို ခုသာခံသာရှိရန်  ရခိုင်ပြည်သူများတွင် ဒီမိုကရက်စံနှုန်းများရှိသော နိုင်ငံရေးအခင်းအကျင်းတရပ်ကိုလိုသည်။ ဒီမိုကရက်စံနှုန်းများကို မဖော်ဆောင်ဘဲ ဗဟိုချုပ်ကိုင်မှုများသည့် အခင်းအကျင်းမျိုးသက်သက်တွင်တော့  ပြည်သူများအတွက် အနာဂတ်၌ ဒဏ်ပိုပိမည်ဖြစ်သည်။


ကိုးကား

အီသီယိုပီးယား၌ ဆော်ဒီအာရေဗီးယားဘက်မှ စိုက်ပျိုးရေးတွင် ရင်းနှီးမြုပ်နှံမှုကို လေ့လာဆန်းစစ်သည့် ဆောင်းပါးလင့်

https://web.archive.org/web/20090923112001/http://en.afrik.com/article14301.html


တောင်ကိုးရီးယား၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ကာဇတ်ကစ္စတန်တွင် စိုက်ပျိုးရေး၌ ရင်းနှီးမြုပ်နှံမှု သတင်းလင့်များ

https://invest.gov.kz/media-center/press-releases/kazakh-invest-prinyal-uchastie-v-krupneyshey-selskokhozyaystvennoy-vystavke-kfarm-v-yuzhnoy-korei/


https://world-nan.kz/en/news/yuzhnaya-koreya-gotova-predostavit-umnye-fermy-kazakhstanu










Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)