ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက်

 4-ဆိုရှယ်ဒီမိုကရေစီ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခွင့်အရေးနှင့် ထောက်ပံအတည်ပြုခံရ သော အခွင့်အရေး (Constitutional Rights and Affirmative Rights)


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လုံးဝ အထိအခိုက်မခံနိုင်သော အခွင့်အရေးဖြစ်သည်။ ထောက်ပံအတည်ပြုခံရသော အခွင့်အရေး ဆိုသည်မှာ အစိုးရမွ နစ်နာသည်ဟုထင်မြင်လာသော အချိန်အခါမျိုးတွင်မှ ထိခိုက်နစ်နာသော အုပ်စုအပေါ် ပြန်လည်ကုစားရန်အတွက် အသိအမှတ်ပြု ထောက်ပံအတည်ပြု ပေးသည့် သဘောဖြစ်သည်။ အထက်တွင် ဖေါ်ပြခ့ဲသော စံနှုန်းများကို ဆိုရှယ်ဒီမိုကရေစီတွင် ကျင့်သုံးရာတွင် ဒီမိုကရေစီအနှစ်သာရ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ လူဂုဏ်သိက္ခာ၊လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး စသည့်အချက်များကို ထိခိုက်စေ၍ မေရပ။

 ဥပမာ- တရုတ်ပြည်သည် အစိုးရမွ ဝင်ရောက်စွက်ဖက်မှု ကြီးမားသော (walfare state) ပုံစံကို ကျင့်သုံးသည်။ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်နှင့် အစိုးရမွ လူမှုစီးပွားရေးနယ်ပါယ်ထိ ဝင်ရောက်စွက်ဖက်သော တပါတီစနစ္ကို ကျင့်သုံးသည်။ စီးပွားရေးတွင် တိုးတက်သော်လည်း လူသားဖြစ်တည်မှု အနှစ်သာရ လွတ်လပ်ခွင့်တွင် တရုတ်သည် အဆင့်မရှိပေ။ အထက်တွင် ဖေါ်ပြထားသော ပါဝင်ပတ်သက်ခွင့်ရ ဒီမိုကရေစီလိုမျိုး စံနှုန်းမျိုး တရုတ်တွင်မရှိချေ။ ဤသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများအား (Affirmative Rights) အျဖစ္သာ ရှူမြင်နေ၍ ဖြစ်သည်။ (Affirmative Rights) အဖြစ်ရှုမြင်နေ၍ တရုတ်ပြည်တွင် ဒီမိုကရေစီသည် တပါတီ ကွန်မြူနစ်ပါတီက ပေးမှသာရမည့် သဘောဖြစ်သည်။ 


စကင်ဒီနေဗီယန်း နိုင်များတွင် တရုတ်လိုမျိုး လူမှုစီးပွားရေးနယ်ပါယ်တွင် အစိုးရက ဝင်ရောက်စွက်ဖက်သော်လည်း ဒီမိုကရေစီအနှစ်သာရ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ လူဂုဏ်သိက္ခာ၊လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး မ်ားကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအခွင့်အရေး အဖြစ်သတ်မှတ်ထားသည်။ အစိုးရမွ ပေးမှသာရမည့် အခွင့်အရေးများမဟုတ်ဘဲ မူလဘူတ အခွင့်အရေးအဖြစ် အသိအမှတ်ပြုထားပါသည်။


ဆိုရှယ်ဒီမိုကရေစီ၏ အနှစ်သာရတွင် လက်ဝဲ၊ လက်ယာ တဖက်စွန်းမှ ကင်းလွတ်မှု၊ လက်ဝဲဝါဒနှင့် လက်ယာဝါဒကြားတွင်ရှိမှု စသည့်အချက်ပါလည်းပါဝင်ပါသည်။ ဆိုရှယ်ဒီမိုကရေစီအား သူ့နေရာ သူ့စရိုက် သူ့အလေ့အထနှင့်သူ လူ့အခွင့်အရေး၊ ဒီမိုကေရစီ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေး၊ လူသားဂုဏ်သိက္ခာ စသည့်အချက်များကို ပိုမို၍ အာမခံပေးသည့် ပုံစံမျိုးတည်ဆောက်နိုင်ပါက ကောင်းမွန်သည်။ လူမှုစီးပွားဘဝ အပေါ် အစိုးရမွ ထောက်ပံကူညီဖြည့်တင်းမှုပေးသော (welfare state) သို့မဟုတ် (welfare oriented state) ဖြစ်လာရန်အတွက် အဆိုပါ လူ့အခွင့်အရေး၊ ဒီမိုကေရစီ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေး၊ လူသားဂုဏ်သိက္ခာ မ်ားကို မျက်ကွယ်ပြု ထိခိုက်စေပါက ဆိုရှယ်ဒီမိုကရေစီသည်လည်း အန္တရာယ်များပါသည်။


ဆိုရှယ်ဒီမိုကရေစီသည် အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒ စနစ်တစ်ခုသာဖြစ်သည်။ စနစ္တစ္ခု မူဝါဒ တစ်ခုဖြစ်၍ လူထုတွင် ကြိုက်၏/မကြိုက်၏ ကိုရွေးချယ်ခွင့်ရှိသည်။ လူ့အခွင့်အရေး၊ ဒီမိုကေရစီ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေး၊ လူသားဂုဏ်သိက္ခာ စသည့်အချက်များသည် ကြိုက်သည်ဖြစ်စေ/မကြိုက်သည်ဖြစ်စေ လူသားတိုင်းအတွက် အထိအခိုက်ခံ၍မရသော မူလဘူတအခွင့်အရေးများဖြစ်သည်။ ထိုမူလဘူတအခွင့်အရေးများ ပိုမိုပီပြင်လာစေရန်အတွက် အချို့နိုင်ငံများက လက်ဘရယ် ဒီမိုကရေစီပုံစံဖြင့်သွားကြသည်။ အချို့နိုင်ငံများက ဆိုရှယ်ဒီမိုကရေစီ၊ အချို့နိုင်ငံများက တပါတီစနစ်၊ အချို့နိုင်ငံများက ကွန်မြူနစ်၊ အချို့က ဆိုရှယ်လစ် စသဖြင့် ပုံစံအမျိုးမျိုးဖြင့် သွားကြသည်။ ဆိုလိုချင်သည်မှာ စနစ်၊မူဝါဒနှင့် မူလဘူတအခွင့်အရေး ကိုကွဲကွဲပြားပြား နားလည်စေရန်ဖြစ်သည်။ 


မူလဘူတ အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ဖြင့် အာမခံချက်ပေးထားရသည်။သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်သည် လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ စံနှုန်းထဲမှ ဆိုရှယ်ဒီမိုကရေစီကို အကောင်အထည်ဖေါ်နိင်မှသာ အဆင်ပြေမည်ဖြစ်သည်။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း