လူမျိုးစုများ ရပ်ရွာကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် မူဝါဒ လေဟာနယ်

 


လူမျိုးစုများ ရပ်ရွာကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် မူဝါဒ လေဟာနယ်


အုပ်ချုပ်ရေးအား အ ကောင်အထည်ဖော်ရာတွင် လူမျိုးစုငယ်များနှင့် မတူကွဲပြားသော ဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။ 

-------------------------------------------


ULA/AA ၏ ပြည်တွင်းပြည်ပ မီဒီယာမ်ားကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့် အာရက္ခပြည်အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားသည်။ ULA/AA အနေဖြင့် မြေပြင်တွင် လူမျိုးစုရေးရာ ကော်မတီနှင့် မူဆလင်ရေးရာ ကော်မတီများကို ဖွဲ့ထားသည်ဟု ဆိုသည်။ ထိုက့ဲသို့ လူမျိုးစုနှင့် မူဆလင်ရေးရာ ကော်မတီများကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မိမိလူမျိုးစုအလိုက် မိမိရပ်ရွာဒေသကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် အတွက် ဖြစ်သည်ဟု ULA/AA ဘက်မှ ဆိုထားသည်။ 


ULA/AA ဘက္ က လူနည်းစုငယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်မှုတွင် လမ်းဖွင့်ပေးမှုများရှိနေ သော်လည်း လူနည်းစုများအနေဖြင့် မှန်းဆရခက် ချဉ်းကပ်ရခက်နေ သော အနေအထားမျိုးတွင်သာရှိနေ သေးသည်။ 


ဤ တွင် ULA/AA ၏ လက်ရှိအ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လူနည်းစုများ၏ အမြင်ကို ဆန်းစစ်နှိုင်းယှဉ်စရာရှိလာသည်။


ဆန်းစစ်နှိုင်းယှဉ်မှု

---------------------------------


ULA/AA ဘက်မှ ရခိုင်ပြည်အား "ဆိုရှယ်ဒီမိုကရက်စနစ်" နှင့် တပြည်ထောင်စနစ်ကို ကျင့်သုံးမည်ဟု ဆိုထားသည်။ ကနဦးပိုင်းတွင် ဗဟိုချုပ်ကိုင်မှုများသောပုံစံကိုကျင့်သုံးမည်ဖြစ်ပြီး စစ္တပ္ကိုပါတီ၏ ဦးဆောင်မှုအောက်တွင်ထားမည်။ နောက်ပိုင်း အရည်အချင်းကိုမူတည်၍ ဒေသန္တရအုပ်ချုပ်ရေးများကို အာဏာခွဲဝေ ပေးသွားမည်ဟု ဆိုသည်။ 


လက်နက်ကိုင်စစ်တပ်အား ပါတီအောက်တွင်ထားမည်လား၊ အစိုးရ အောက်တွင်ထားမည်လား ဆိုသည်ကိုတော့ မသဲကြဲ သေးချေ။ ဒီပလိုမတ် သတင်းစာကို ULA/AA ခေါင်းဆောင်ပိုင်းမှ ဖြေကြားချက်အရ လက်နက်ကိုင် စစ်တပ်အား ပါတီအောက်တွင် ထားမည်ဟုဆိုထားသည်။ "အဆိုပါ အင်တာဗျူး၏ စကားအသြားအလာ အ နေအထားအရ ကနဦးပိုင်းတွင် စစ်တပ်အား ပါတီအောက်တွင် ထားပြီး အစိုးရ အောက်သို့ ထပ္မံ ပြောင်းလဲနိုင်သည့်  မူဝါဒမျိုး"က ULA/AA တွင် ရှိနေနိုင်သည်ဟု ယူဆရသည်။


"ULA က ဖေါ်ဆောင်နေသော အုပ်ချုပ်ရေးကဏ္႑များ၌ လူမျိုးစုအားလုံးကိုကိုယ်စားပြုထားသော အဖွဲ့ဝင်များဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ အဓိက ရည်မှန်းချက် (Mission) သည် အုပ်ချုပ်ရေးအဖွဲ့များတွင် လူနည်းစုအားလုံးပါဝင်ရန် အရေးကြီးသည်ဟု ခံယူထားပြီး တရားသူကြီး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပါတီကေဒါတွေကအစ အားလုံးပါဝင်လာရမည်ဖြစ်ကြောင်း" ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာသို့ (2024) ခုနှစ် စက်တင်ဘာလ အင်တာဗျုးတွင် ပြောထားကြောင်းကို သတင်းထောက် Rajeev Bhattacharyya ၏ Arakan Army Commander-in-Chief Twan Mrat Naing on the Future of Rakhine State ဆောင်းပါးတွင်ဖေါ်ပြထားသည်။


အဆိုပါ အင်တာဗျုးများကို ထောက်ရှူ၍ ULA/AA အနေဖြင့် လူမျိုစုငယ်များအား အုပ်ချုပ်းရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး ဖြစ်စဉ်များတွင်ပါ ပါဝင်ရန် ဦးတည်ချက် ရှိနေနိုင်သည်။ ထိုအတူ လူမျိုးစုများနှင့် မတူညီသော ဘာသာရေးအသိုက်အဝန်းများ ဘက်ကလည်း ပူးပေါင်းပါဝင်လိုသော စိတ်ဆန္ဒ ရှိသည်။ သို့်သော် လူမျိုးစုငယ်များနှင့် မတူညီသော ဘာသာရေးအသိုက်အဝန်းများကြားတွင် ပူးပေါင်းပါဝင်လိုသော စိတ်ဆန္ဒရှိနေသည့်တိုင်အောင် တွေးဆရ ခက်နေ သောအနေအထားမျိုးတွင်လည်း ရှိနေ သေးသည်။


ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှု 


 "ULA ၏ ဦးတည်ချက်မှာ ငြိမ်းချမ်းရေးကို ထူထောင်ရန်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ကျောက်တော်နိုင်ငံရေးမှုး ဦးကျော်ဇောခိုင်က The Diplomat သတင်းဌာနကို ပြောကြောင်း၊ ULA သည် အုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်နေသည့် မွတ်ဆလင် ရိုဟင်ဂျာများအပါအဝင် လူမှုအသိုက်အဝန်းအားလုံးကို ထည့်သွင်းရန် ကြိုးစားနေသည်ဟု ဦးကျော်ဇောခိုင်က ပြောပြီး ခူမီး၊ မြို၊ ဒိုင်းနက် နှင့် ဟိန္ဒူစသည့် လူနည်းစုများပါဝင်စေရန် တိုင်းရင်းသားရေးရာကော်မတီအပြင် မွတ်ဆလင်ရေးရာ ကော်မတီကိုလည်း ထူထောင်ထားပြီးဖြစ်ကြောင်း" The Diplomat သတင်းဌာန၏ သတင်းထောက် Rajeev Bhattacharyya ၏ Rohingya Community Is Divided Over Arakan Armys Plan for Inclusive Administration ဆောင်းပါးတွင်ဖေါ်ပြထားသည်။


"ပူးပေါင်း ဆောင်ရွက်ရန် စိတ်အားထက်သန်မှု" အပေါ် ULA/AA နှင့် လူမျိုးစုများနှင့် မတူကွဲပြားသော ဘာသာရေးအုပ်စုများဘက်မှ မည်သို့ ချဉ်းကပ် အဓိပ္ပါယ် ဖွင့်ဆိုကြသနည်း။

------------------------------------------


" ပူးပေါင်း ဆောင်ရွက်ရန် စိတ်အားထက်သန်မှု" အ ပေါ် " လူမျိုးစုများနှင့် မတူညီသော ဘာသာရေးအသိုက်အဝန်းများ ဘက္ က ချဉ်းကပ်ပုံမှာ ပါဝင်သင့် ပါဝင်ထိုက်သော အုပ္စုမ်ားကို ပါဝင်စေခြင်း မျိုးဖြင့်သာ အဓိပ္ပါယ်ကို သ ဘောပေါက်ထားသည်။ ထိုအချက်သည် နိုင်ငံရေးအရ တန်းတူရည်တူ ရှိမှုနှင့် ဆွေးနွေးညိ့ှနှိုင်း အ ဖြေရှာခြင်း သ ဘောမျိုးမရှိဘဲ ၎င်းတို့အပေါ် နိုင်ငံရေးအရ အသုံးချမှု သ ဘော၊ ရုပ်ပြ ကောင်းယုံ သ ဘော ဖြစ်မည်ကို လူမျိုးစုများနှင့် မတူကွဲပြားသော ဘာသာရေးအုပ်စုများဘက်မှ စိုးရိမ်ပုံရသည်။"


လူနည်းစုများနှင့် မတူညီသော ဘာသာရေးအသိုင်းအဝန်းများ၏ အဆိုပါစိုးရိမ်မှုကိုလည်း ရခိုင်လူမျိုးစုဘက်က ကြည့်လျှင်  နားလည်ပေး၍ရ သောခံစားချက်သာဖြစ်သည်။ မြန်မာအစိုးရ အဆက်ဆက် တိုင်းရင်းသားများအ ပေါ်တွင်လည်း အခမ်းအနားတွင် ပြဲတက္ရင္းတိုင်းရင်းသားဝတ်စုံ မ်ားဝတ္ကာ အသုံးချယုံသက်သက် ပြုခ့ဲသည်ကို ရခိုင်လူမျိုးစုများလည်း ရင်ဆိုင်ခ့ဲရ ဖူးပြီဖြစ်သည်။ 


ULA/AA အနေဖြင့် လက်ရှိ အနေအထားတွင် စစ်ရေးနှင့် တည်ဆောက်ရေးအား မျဉ်းပြိုင် လျှောက်လမ်းနေရချိန်ဖြစ်သည်။ ထို အ ခြေအ နေမျိုးအောက်တွင် " သိမ့်မွေ့ရှုပ်ထွေးလှ သော မူဝါဒ ဖြစ်စဉ်များကိုလည်း" ပွင့်လင်းမြင်သာစွာ ချပြရန်မှာ ချင့်ချိန်နေရပုံ ပေါ်သည်။ မူဝါဒပိုင်းဆိုင်ရာ အချက်များသည် အပြန်အလှန် ဆွေးနွေး ငြင်းခုံမှုကို တံခါးဖွင့်ပေးထားရသည်။ စစ်ရေးအရ အဆုံးအဖြတ်ကာလ အတွင်းတွင် မူဝါဒပိုင်းဆိုင်ရာ ငြင်းခုံမှုများအ ပေါ် ပ ယောဂများဝင်လာနိုင်သည်ကိုလည်း ULA/AA ဘက္ က တြက္ဆ ပုံရသည်။ နောက်ဖြစ်နိုင်ချေတစ်ခုမှာ "တည်ငြိမ်မှု အခြေအနေ တရပ္ကို ဖန်တီးနိုင်ခါမှ မူဝါဒ ဖြစ်စဉ်များကို ချမှတ်ရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် ပုံစံမျိုးဖြင့် ရေးဆွဲလိုရင်းကြောင့် လက်ရှိတွင် လက်မ ကျွံလို၍၊ နေရာမဦးလို၍၊ အသာစီးမယူလို၍ကြောင့်"လည်း ဖြစ်နိုင်သည်။ သို့မဟုတ် အခြားသော အချက်များကြောင့်လည်း ဖြစ်နိုင်သည်။  (ဤအချက်များသည် စာရေးသူ၏ မှန်းဆမှုသာ ဖြစ်ပါသည်။) အဆိုပါ အချက်များကြောင့် ULA/AA ဘက်မှ မူဝါဒပိုင်းကိုချပြမှုထက် "ပူးပေါင်း ဆောင်ရွက်ရန် စိတ်အားထက်သန်မှု" အ ပေါ်တွင် သာပို၍ အားပြုနေပုံရသည်။


မူဝါဒ ပိုင်းဆိုင်ရာ လေဟာနယ်


မည်သို့ပင် ဆိုစေ..လက်ရှိ အနေအထားတွင်တော့ မူဝါဒ ပိုင်းဆိုင်ရာ ကိစ္စများသည် " လေဟာနယ်" သ ဘောမျိုး ဖြစ်ပေါ်နေသည်။ မူဝါဒ ပိုင်းဆိုင်ရာ လေဟာနယ် ဖြစ်ထွန်းနေမှုသည် ပြည်သူလူထုအတွက်တော့ အန္တရာယ်များသည်။ ပြည်သူလူထုတွင် မိမိတို့၏ အခက်အခဲ နစ်နာချက်များအတွက် ပြန်လည် ဖော်ထုတ်တောင်းဆိုနိုင်ရန် အ ခြေခံ အခွင့်အရေးရှိသည်။ ထိုအခွင့်အရေးအ ပေါ်တွင် ULA/AA အနေဖြင့် လေးစားတန်ဖိုးထားကြောင်းကိုလည်း ကမ်ဘာသိ ထုတ်ဖော်ထားပြီးဖြစ်သည်။ မူဝါဒ အား မသိရှိပါက ပြည်သူလူထုတွင် လက်ရှိ အာဏာရှိသူများ၏ ဆောင်ရွက်ချက်အား တိုင်းတာ ထိန်းကျောင်းနိုင်သော စံ ပျောက်နေ တော့သည်။ မူဝါဒ မရှိ၍ လုပ်ပိုင်ခွင့်အာဏာရှိသူ၏ ပြောစကားနှင့် လုပ်ရပ်သည် ဥပ ဒေ သ ဘောမျိုး ဖြစ်နေ တော့သည်။  ဤသို့ဖြင့် ပြည်သူလူထု၏ မိမိတို့၏ အခက်အခဲ နစ်နာချက်များအတွက် ပြန်လည်ဖော်ထုတ် တောင်းဆိုရန် အ ခြေခံ အခွင့်အရေးမှာ ပျောက်ဆုံးသွားတော့သည်။ ဤတွင်တဖန် လူမှုရပ်ဝန်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာပြန်တော့သည်။


မူဝါဒ ဖြစ်စဉ်များတွင် "မူဝါဒ ၏ သားကောင် သို့မဟုတ် အဆိုပါ မူဝါဒများအတွက် အနစ္နာခံရသူ " ဟူ၍ ရှိသည်။ မူဝါဒ တရပ်အား အ ကောင်အထည် ဖော်ရာတွင် အဆိုပါ မူဝါဒ ကြောင့် ထိခိုက်နစ်နာသူများအတွက် ပြန်လည်ကုစားပေးရသည့် အစီအမံမ်ားကိုပါ ရေးဆွဲရသည်။ ဆိုလိုချင်သည်က မူဝါဒ ရှိလျှင်၊ မူဝါဒ ရေးဆွဲလျှင် " မူဝါဒ၏ သားကောင်များ" ရှိနေသက့ဲသို့ မူဝါဒ ထုတ်ပြန်မှုမရှိဘဲ မူဝါဒ လေဟာနယ် ဖြစ်နေလျှင်လည်း " မူဝါဒ လေဟာနယ် ဖြစ်မှုကြောင့်ပင် သားကောင်" မ်ား ရှိနေတတ်သည်ကို သတိပြုမိစေလိုရင်းဖြစ်သည်။ 


မူဝါဒပိုင်းဆိုင်ရာ လေဟာနယ် ဖြစ်မှုအား ကုစားခြင်း

------------------------------------------------------


မူဝါဒပိုင်းဆိုင်ရာ လေဟာနယ် ဖြစ်မှုအား ကုစားရန်အတွက် ULA/AA သည် " ကျင့် ဝတ်သိက္ခာ" ပိုင်းကို ထိသာမြင်သာ ဇောင်းပေး ပြောဆိုလာသည်ကို တော့ တွေ့ရသည်။  "မူဝါဒပိုင်းဆိုင်ရာ လေဟာနယ်ဖြစ်မှု" အ ပေါ် ခုသာခံသာ ဖြစ်စေရန် အတွက် ULA/AA သည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ပိုင်းများတွင် " ကျင့်ဝတ် သိက္ခာပိုင်း" ကို  ကြေငြာချက်များ၊ အင်တာဗျူးများတွင် ပိုမို ထုတ်ဖော်ပြောဆိုလာသည်ကို တွေ့လာရသည်။ မူဝါဒ ပိုင်းဆိုင်ရာ စံတန္ဖိုးမ်ား မထုတ်ပြန်နိုင်သေးချိန်တွင်  ဤသို့ " ကျင့်ဝတ် သိက္ခာပိုင်း" ဆိုင်ရာ စံနှုန်းများအား တာဝန်ခံမှုရှိစွာ ထုတ်ဖော်ပေးမှုမှာ ပြည်သူလူထုအတွက် တော့ အကျိူးရှိနေသည်။ "ကျင့်ဝတ် သိက္ခာပိုင်း" အား ဂရုမစိုက်ဘဲ "ပူးပေါင်း ဆောင်ရွက်ရန် စိတ်အားထက်သန်မှု" တစ္ခုသာ အားကောင်းနေခ့ဲသည့် ULA/AA အဖွဲ့ဝင်များအတွက်လည်း အထိန်းအကွပ်ကို ဖြစ်စေသည်။ "ကျင့်ဝတ် သိက္ခာ" ပိုင်းကို  ချိုးဖောက်ကာ လုပ်ပိုင်ခွင့် အာဏာအား အလွန်အကျွံ သုံးနေသည့် အဖွဲ့ဝင်များအတွက်တော့ "ကျင့်ဝတ် သိက္ခာ" နှင့် ဆိုင်သော စကားများသည်  နားထောင်စရာ ကောင်းမည် တော့မဟုတ်ပေ။ 


တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ဒီမိုက ရေစီ ဆိုသည့် "ကျင့်ဝတ် သိက္ခာ" စံနှုန်းများသည် လူမျိုးစုများ၊ မတူကွဲပြားသည့် ဘာသာရေးအုပ်စုများ ဆိုင်ရာ မူဝါဒတွင်သာမဟုတ် မည်သည့်နယ်ပယ်တွင်မဆို၊ မည်သည့်မူဝါဒ တွင်မဆို ထည့်သွင်းရမည့် စံနှုန်းများလည်း ဖြစ်သည်။ 


ULA/AA ၏ (15) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (5)၊ အပိုဒ် (1) တွင်လည်း " မိမိတို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမှန်တရားကိုလိုလားသူများဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ရဲရင့်မှု၊ သဘောထားကြီးမှု၊ အခြေခံတန်ဖိုးများနှင့် အာရက္ခပြည်သူလူထုနှင့် သမိုင်း၏ တောင်းဆိုချက်အရ ဆက်လက်ပြီးတိုက်ပွဲဝင် တည်ဆောက်သွားမည်ဖြစ်ကြောင်း'' ကို ဖော်ပြထားသည်။


အဆိုပါ " ကျင့်ဝတ်သိက္ခာ" စံနှုန်းများကို ပြည်သူ လူထုအလွှာအသီးသီးထံ  ULA/AA အဖွဲ့ဝင်များအနေဖြင့် သတင်းစကားပါးမှု ရှိသင့်သည်။ ပြီးလျှင် ပြည်သူလူထုထံမှ "မှတ်ချက်" ကိုပြန်လည်နားထောင်သင့်သည်။ "ကျင့်ဝတ် စံနှုန်း" နှင့် ပတ်သက်၍ ရပ်ရွာ အောက်ခြေ ပြည်သူလူထုထံ သတင်းစကားပါးမှုနှင့် အောက်ခြေ ပြည်သူလူထုထံမှ "မှတ်ချက်" ကိုပြန်လည်နားထောင်မှုတွင် မည်မျှအားစိုက်ထားသနည်း ဆိုသည့်အချက်က အချို့ပြည်သူများ၏ ဒွိဟ ခံစားချက်နှင့် အ ကြောက်တရားကို ဖြေ လျော့ နိုင်မည်ဖြစ်ပြီး လူမျိုးစုများနှင့် မတူကွဲပြားသော ဘာသာရေးအုပ်စုများထဲမှ အချို့သော စိုးရိမ်မှုကိုလည်း ဖြေ ဖျောက်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိအနေအထားတွင် လုံခြုံရေးအခြေအနေအရ လူသူစုဝေးကာ သတင်းစကားပါးမှုကို  မပြုလုပ်နိုင်သော်လည်း ထိုသတင်းစကားများ ပေးရန်အတွက် လူအနည်းအကျင်းဖြင့် စကားဝိုင်းငယ်များကို တော့ ရပ်ရွာအဆင့်တွင် အချိန်ခွဲ နေရာခွဲ၍ ဆောင်ရွက်နိုင်သော အေဂျင့်များသည် ULA/AA ထဲတွင် ရှိနေပြီ ဖြစ်သည်။ ဤသို့ဖြင့် မူဝါဒ ပိုင်းဆိုင်ရာ လေဟာနယ်ဖြစ်မှုအား ကုစားထားနိုင်သည်။


အာရက္ခပြည်၏ လူမျိုးစုများ၊ မတူကွဲပြားခြားနားသော ဘာသာရေးအုပ်စုများအနေဖြင့် ULA/AA ၏ အုပ်ချုပ်ရေး ဆိုင်ရာ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်လိုသော မူလဘူတ အ ခြေခံ နိုင်ငံရေးဆန္ဒက ရှိကြသည်။ သို့သော် လူနည်းစုရပ်ဝန်းဖြစ်စေ၊ လူများစုရပ်ဝန်းဖြစ်စေ ULA/AA၏ အခင်းအကျင်းတရပ်အပေါ်တွင် " သ ဘောကျ သူလည်းရှိမည်။ သ ဘောမကျ သူလည်းရှိမည်။ စဉ်းစားချင့်ချိန် လိုသူလည်းရှိမည် " ဖြစ်သည်။ လူသားသဘာဝ အရ "မိမိအား သေဘာက်သူ ကို နှစ်လိုကြမည်ဖြစ်သည်။ မိမိအား သ ဘောမကျသူကို တော့ စိတ်ပျက်မည်ဖြစ်သည်။ စဉ်းစားချင့်ချိန်လိုသူအ ပေါ်တွင်တော့ အားမလိုအားမရ ဖြစ်ကြမည်" ဖြစ်သည်။  ULA/AA အနေဖြင့် နိုင်ငံရေးဦးဆောင်မှု အခင်းအကျင်းတွင် "ကျင့်ဝတ် သိက္ခာ"အရ  သ ဘောကျသူကိုရော၊ သ ဘောမကျသူကိုရော၊ စဉ်းစားချင့်ချိန် လိုသူကိုရော အားလုံးအ ပေါ်တွင် ဦးဆောင်မှုနှင့် သ ဘောထားကြီးမှု ပေးနေရမည်ဖြစ်သည်။  သ ဘောမကျသူ၊ စဉ်းစားချင့်ချိန်လိုသူ များထဲတွင် "မူဝါဒ အား ဆာလောင်သူ"၊ "မူဝါဒအား သိလိုသူ"၊ "ကျင့်ဝတ်သိက္ခာပိုင်းကို တောင်းဆိုသူ" များလည်း ရှိနေမည်ဖြစ်သည်။ သို့ဖြစ်၍ ULA/AA အဖွဲ့ဝင်အချို့အ နေဖြင့် လူမျိုစုများထဲတွင်လည်းကောင်း၊ မတူကွဲပြားသော ဘာသာရေးအုပ်စုများထဲတွင် လည်းကောင်း၊ ရပ်ရွာ အောက်ခြေပြည်သူများထဲတွင်လည်းကောင်း မိမိအား သ ဘောမကျသူများနှင့် စဉ်းစားချင့်ချိန် လိုသူမ်ားကို  " ဆန့်ကျင်သူများ" အဖြစ် တဖက်စည်းထဲသို့ အလျင်စလို မတွန်းထုတ်မိရန်လည်း လိုပါသည်။ 




Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)