ထောက်ပြ ပြောဆို တောင်းဆိုရန် တာဝန်ရှိသည်။
ထောက်ပြ ပြောဆို တောင်းဆိုရန် တာဝန်ရှိသည်။
နိုင်ငံရေးသည် ကိုယ့်နှင့် မဆိုင်ဟူသောအမြင်အားကောင်းသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်အတွက် " ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်လိုအပ်ချက်"ကိုလည်း ကိုယ်နှင့်မဆိုင်ဟုသာ မြင်ကြမည်ဖြစ်သည်။ နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စအား ကိုယ်နှင့်မဆိုင်ဟု ထင်မြင်နေမှုသည် မိမိတို့၏ စားဝတ်နေ ရေး ဘဝ ဖြစ်စဉ် ကောင်းမွန်မှုအား ကိုယ်နှင့် မဆိုင်ဟု ထင်မြင်နေ သော သဘောမျိုးသက်ရောက်သည်။ မိမိ၏ နေ့စဉ်ဘဝ စားဝတ်နေ ရေးသည် နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် သက်ဆိုင်သည်ကို လီဗီးယားသန်ဆောင်းပါးနှင့် နိုင်ငံတော် ဆောင်းပါးတွင် ဖေါ်ပြခ့ဲပြီးပြီ ဖြစ်သည်။
Popular Sovereignty မွ ကင်းကွာခြင်း
မိမိတို့လူ့ဘောင်တရပ်သည် အဘယ်ကြောင့် နိုင်ငံရေးအား မိမိတို့၏ စားဝတ်နေ ရေးဘဝ ဖြစ်စဉ်နှင့် မသက်ဆိုင်ဟု ထင်မှတ်စေ သောအမြင်အောက်တွင် ပိတ်မိေနခ့ဲပါသနည်း။
ထိုသို့ ပိတ်မိနေ သော အ ကြောင်းတရားများထဲ တွင် "မိမိတို့၏ အခွင့်အရေးနှင့် တာဝန်" ကို နားမလည်မှုသည်လည်း ပါဝင်သည်။ အခွင့်အရေးနှင့် တာဝန္ကို နားမလည်မှုသည် အချုပ်အခြာ အာဏာ သဘောကိုနားမလည်မှုလည်းဖြစ်သည်။ အချုပ်အခြာ အာဏာ သဘောကိုနားမလည်သော ပြည်သူလူထုသည် ကိုယ့်ဖာသာကိုယ် အချုပ်အခြာအာဏာ၏ အရှင်သခင် ဖြစ်မှန်းမသိသောပြည်သူ လူထုသာ ပြန်ဖြစ်လာသည်။
သ ဘောတရား ဖော်ပြချက် နှင့် အ ကောင်အထည် ဖော်မှု
က မၻာပေါ်ရှိ နိုင်ငံများ၏ ဖွဲ့စည်းပုံအ ခြေခံဥပ ဒေများတွင် " ပြည်သူလူထုအား တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ ဒီမိုကေရစီ အခွင့်အရေး" တို့ကို အာမခံချက္များ ပေးထားကြသည်။ ထိုအာမခံချက်များကို အ ခြေခံ သ ဘောတရား စံနှုန်း၊တန်ဖိုးအဖြစ် ဖော်ပြကြသည်။ သို့သော် သ ဘောတရား စံနှုန်း၊ တန်ဖိုးအဖြစ် မည်မျှ ဖော်ပြ စေကာမူ နိုင်ငံတိုင်း အဆိုပါ သ ဘောတရားများကို လက်တွေ့ အ ကောင်အထည်ဖော်ကျင့် သုံးနိုင်ကြသည်တော့ မဟုတ်ပေ။ လက် တွေ့အ ကောင်အထည်ဖော်ကျင့်သုံးနိုင်သော နိုင်ငံများက ၎င်းတို့ကျင့်သုံးနိုင်သ လောက် တိုးတက်ဖွံ့ဖြိုးပြီး မကျင့်သုံးနိုင်သော နိုင်ငံများတွင်တော့ ဆင်းရဲ ဒုက္ခဖြစ်နေကြသည်။
စံနှုန်း၊ တန္ဖိုးမ်ားကို အ ကောင်အထည်ဖော်ပြမှု
မိမိတို့၏ လူ့ဘောင်တွင် စံနှုန်း၊ တန္ဖိုးမ်ားကို အ ကောင်အထည်ဖော်ပြမှုနှင့် ပတ်သက်၍ ပြောကြ၊ ဆိုကြလျှင် အင်မတန်မှ အန္တရာယ်များလှ သော ငြင်းချက် တစ္ခုက ရှိပါ၏။ ထို" ငြင်းချက်" မွာ 'မိမိတို့ အ ခြေအ နေနှင့် ကိုက်ညီသော လျော်ညီသော ပုံစံ' ဟူသော စကားလုံးဖြစ်သည်။ဤ" ငြင်းချက်" စကားလုံး၏ အန္တရာယ်မှာ စံနှုန်းများ၏ ပကတိတန်ဖိုးကိုမျက်ကွယ်ပြု သွားနိုင်ခြင်းပင်ဖြစ်သည်။ ဥပမာ- လူတစ်ဦးသည် သူ၏ သိန်းရာတန် ပတ္တမြားတစ်လုံးအား လက်ဝတ်ရတနာတစ်ခု လုပ်ရန် ပန်းထိမ်ဆိုင်ကို သွားသည်ဆိုပါစို့။ သရဖူ၊ လည်ဆွဲ၊ ခါးပတ်၊ ခြေချင်း စသဖြင့် သူ့အတွက် အဆင်ပြေရာ၊ ကိုက္ညီရာ တစ္ခုခုကို သူလုပ်ပါလိမ့်မည်။ "သရဖူ ကိုလုပ်သည်ဖြစ်စေ၊ ခြေချင်းကို လုပ်သည်ဖြစ်စေ" ထိုလက်ဝတ်တန်ဆာတွင် တပ်ထားသော ပတ္တမြား၏ မူလ တန္ဖိုး အရည်အ သွေး မွာ နဂိုထက် နှိမ့်ကျသွားမည်မဟုတ်ပေ။ ဆိုလိုချက္မှာ သရဖူ၊ လည်ဆွဲ စသည်တို့သည် အသွင်ပုံစံများဖြစ်သည်။ အသွင်ပုံစံများက တစ်ခုနှင့်တစ်ခု ပြောင်းလဲသော်လည်း " ပတ္တမြား၏ မူလတန္ဖိုး အရည်အ သွေး" မွာ ပြောင်းလဲမှုမရှိဘဲ စံနှုန်း၊ တန္ဖိုးတစ္ခုသာ ရှိသည်။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကေရစီ ဆိုသည့် တန္ဖိုးမ်ားကို ပြင်သစ်ကလည်း ပြင်သစ်ပုံစံ ဖြင့်ကျင့်သုံးသည်။ ဂျပန်ကလည်း ဂျပန် ပုံစံဖြင့် ကျင့်သုံးသည်။ ပြင်သစ်သည်လည်းကောင်း၊ ဂျပန်သည်လည်းကောင်း ၎င်းတို့နှင့် ကိုက်ညီသည့် အသွင်ပုံစံဖြင့် ကျင့်သုံးသော်လည်း " တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကေရစီ" စသည့် စံနှုန်းများ၏ မူလတန္ဖိုး အရည်အ သွေးသည် နှိမ့်ကျမသွား၊ အ ပြောင်းအလဲ မရှိပေ။
စံနှုန်း၊ တန္ဖိုးမ်ားကို အ ကောင်အထည်ဖော်ပြရန်အတွက် လိုအပ်ချက္မှာ " နိုင်ငံရေး စိတ်စေတနာ" ရှိရန်ပင်ဖြစ်သည်။
နိုင်ငံရေးအဖွဲ့အစည်းတရပ်သည် (Popular Sovereignty၊ ပြည်သူသာလျှင် အချုပ်အခြာအာဏာ၏ အရှင်သခင် ဖြစ်သည်)ဟူသော စံနှုန်းတန်ဖိုးမှ မည်မျှ ကင်းကွာလာသနည်း ဆိုသည်ကို အောက်ပါ အချက္များဖြင့် တိုင်းတာနိုင်ပါသည်။
1- အထက်အဆင့် အမိန့်ပေး ညွှန်ကြားသူက တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုက ရေစီ စသည့် စံနှုန်းတန်ဖိုးများကို ဖော်ပြရန် ပျက်ကွက်နေခြင်း။
2- ထိုစံနှုန်း၊ တန်ဖိုးများနှင့် ပတ်သက်၍ပြည်သူကို ကတိပြုရန် ပျက်ကွက်ခြင်း။ မူဝါဒ အရ တမင် ချန်လှပ်ထားခြင်း။
3- ထိုစံနှုန်း၊ တန္ဖိုးမ်ားကို အောက်ခြေအဆင့်မှ လိုက်နာရန် အားထုတ်မှု ကင်းမ့ဲခြင်း။
4- အောက်ခြေအဆင့်မှ လိုက်နာရန်ကင်းမ့ဲနေမှုကို ဖုံးဖိထားခြင်း။ ကာကွယ်ခြင်း။
5- စံနှုန်း၊ တန္ဖိုးကို အ ခြေခံသည့် အမိန့် ညွှန်ကြားမှုထက် အထက္ဖား/ အောက်ဖိ အမူအကျင့်များ အားကောင်းလာခြင်း။
6- စံနှုန်း၊ တန်ဖိုးများနှင့် ပတ်သက်၍ ပြည်သူ၊ လူမှုအဖွဲ့အစည်း၊ မီဒီယာများဘက္မှ ပြန်လည်ထိန်းကျောင်းမှုကို ပိတ်ပင်ထားလိုခြင်း။
ထိုနည်းအတူ ပြည်သူလူထုသည် (Popular Sovereignty၊ ပြည်သူသာလျှင် အချုပ်အခြာအာဏာ၏ အရှင်သခင် ဖြစ်သည်)ဟူသော စံနှုန်းတန်ဖိုးမှ မည်မျှ ကင်းကွာလာသနည်း ဆိုသည်ကို အောက်ပါ အချက္များဖြင့် တိုင်းတာနိုင်ပါသည်။
1- တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုက ရေစီ စသည့် စံနှုန်းတန်ဖိုးများကို နားမလည်ခြင်း။ မသိခြင်း။
2- တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုက ရေစီ စသည့် စံနှုန်းတန်ဖိုးများကို တည်ဆောက်ရန် ပျက်ကွက်ခြင်း။ မကျင့်သုံးခြင်း။
3- ထိုစံနှုန်းတန်ဖိုးများ ချိုးဖောက်သော အာဏာပိုင်များကို ထောက်ပြ ဝေဖန် ကန့်ကွက်ရန် ပျက်ကွက်ခြင်း။
4- ထိုစံနှုန်းတန်ဖိုးများ ချိုးဖောက်ခံရ သော အုပ္စုမ်ားကို မျက်ကွယ်ပြုနေခြင်း။
5- ထိုစံနှုန်း တန္ဖိုးမ်ားကို ကာကွယ်ရန်၊ တောင်းဆိုရန် ပျက်ကွက်နေခြင်း။
ရခိုင့် လူ့ဘောင်အား သုံးသပ်ခြင်း
ရခိုင်လူ့ဘောင်၏ အားသာချက်တွင် ပင်ကို သေဘာအရ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ဒီမိုကေရစီ စံနှုန်းတန်ဖိုးများကို လိုလားသော လူထုဆန္ဒရှိပါသည်။ သို့သော် အားနည်းချက္မှာ ရခိုင့်လူ့ဘောင်သည် အဆိုပါစံနှုန်းတန်ဖိုးများနှင့် ပတ်သက်၍ အုပ်ချုပ်သူများဘက္မှ ကတိကဝတ်ပြုမှုကို မခံစားရသည်မှာ ဆယ်စုနှစ်များစွာ ရှိေနခ့ဲပြီဖြစ်သည်။ သို့ဖြစ်၍ (Popular Sovereignty) တန္ဖိုးကို မြည်းစမ်းခွင့် မရခ့ဲသည့် လူ့ဘောင်ဖြစ်နေသည်။ တဖက်တွင် ULA/AA ဘက္မှ အားသာချက္မှာ အဆိုပါ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ဒီမိုက ရေစီ အခွင့်အရေးများအား တည်ဆောက်ရန် အခြေခံ စိတ်နေစိတ်ထားရှိကြောင်းကို ဖော်ထုတ်ကြေ ျငာထားမှုများရှိသည်။ သို့သော် အ ကောင်အထည်ဖော်မှုအပိုင်းတွင် အထူးသဖြင့် အောက်ခြေအဆင့်မှ ကျင့်သုံးရန်အပိုင်းတွင် အားနည်းချက္များရှိနေသည်။ Popular Sovereignty တန္ဖိုးကို ဆယ်စုနှစ်များကြာအောင် မြည်းစမ်းခွင့် ပျောက်ဆုံးနေသည့် ရခိုင်လူ့ဘောင်၏ လူမျိုးမရွေး၊ ဘာသာမ ရွေး လူမျိုးတိုင်းကို အဆိုပါ တန္ဖိုးအား ပြန်လည်မိတ်ဆက်ပေးရမည်မှာ ULA/AA တွင် တာဝန်ရှိသည်။ အဆိုပါ တန္ဖိုး၊ စံနှုန်းများနှင့် ပတ်သက်၍ လူထု၏ အသံကို လမ်းဖွင့်ပေးရန် လိုအပ်သည်။ ULA/AA အောက်ခြေအဆင့်မှ အဆိုပါ စံနှုန်း၊ တန္ဖိုးမ်ားကို လိုက်နာရန် ပျက်ကွက်ပါက ရခိုင်လူ့ဘောင်သည်လည်း Popular Sovereignty တန်ဖိုးများနှင့် ကင်းကွာနေမည်ဖြစ်သည်။ ရခိုင့်လူ့ဘောင်တရပ်အနေဖြင့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဒီမိုက ရေစီ စံနှုန်း၊ တန်ဖိုးများနှင့် ကင်းကွာမှုသည် ULA/AA ၏ State Building လုပ်ငန်းစဉ်အတွက် ကြီးစွာသော အ တားအဆီးဖြစ်သည်။
အဆိုပါအတားအဆီးမ်ားကို ကျော်ဖြတ်ရန်အတွက် အားလုံးတွင် တာဝန်ရှိသည်။ ရခိုင်လူထုအနေဖြင့် Popular Sovereignty တန်ဖိုးများအတွက် ထောက်ပြ ပြောဆို တောင်းဆိုရန်တာဝန်ရှိသည်။ ဤ ဆောင်းပါးအား အောက်တွင် ဖေါ်ပြထားသော (11) ကြိမ်မြောက်နှင့် (12) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်မိန့်ခွန်း အချို့တဝက်ကို ဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
(အခုနောက်ပိုင်း တပ်ဖွဲ့ဝင်တချို့ စည်းကမ်းပေါ့လျော့စွာနေထိုင်ခြင်း၊ "ULA အဖွဲ့အစည်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော အခွင့်အရေးသမားများက" တော်လှန်ရေးကို ခုတုံးလုပ် အသုံးချရန်ကြိုးစားခြင်း များရှိနေကြောင်း၊ မလိုအပ်ပဲ ဩဇာအာဏာသုံး၍ ပြောဆိုမှုများ၊ မဆိုင်သော ကိစ္စများတွင် ဝင်ပါဆရာခံမှုများကို ကြားသိလာရကြောင်း၊ ထိုအပြုအမှုှုများကို တာဝန်ရှိသော ခေါင်းဆောင်များ၊ တပ်မှုးအဆင့်ဆင့်က ထိန်းသိမ်းအရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နောက်ထိုသို့ ထပ်မဖြစ်စေရန် ဆင်ခြင်ထိန်းသိမ်းရန်လိုကြောင်း၊ မိမိတို့ရက္ခိုင့်တပ်တော်သည် အမျိုးသားရေးတာဝန်၊ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့်အစဉ်အလာများနှင့် ရက္ခိုင်ပြည်သူများ၏ အနာဂတ္ကို ပုံဖော်သွားမည်ဖြစ်ကြောင်း၊ " ပြည်သူများအပေါ် အာဏာပြဖိနှိပ်ဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်း၊ လူနည်းစု တိုင်းရင်းသားမ်ား အပေါ် ဘာသာရေး၊ ခွဲခြားဆက်ဆံခြင်းများကို လုံးဝ ခွင့်မလွတ်ကြောင်း၊ ")
(11) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (2)၊
(ရဲဘော်များ၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံ ပေးဆပ်ရမှုများအား မိမိအနေနဲ့ အထူးလေးစား ဂုဏ်ပြုပါကြောင်း၊ ထိုနည်းအတိုင်းပင် ရက္ခိုင်ပြည်သူတစ်ရပ်လုံးကလည်း လေးစားဂုဏ်ယူသည်ကို ရဲဘော်များ မျက္မြင်ဖြစ်ကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ အထူးသတိပေးလိုသည်မှာ "မိမိတို့ကသာ အဓိက၊ အခြားသူများထက် မြင့်မြတ်သာလွန်သည်ဟုဆိုကာ အောက်ခြေလွတ်မာနများနှင့် အတွေးချော် ဖောက်ပြန်လမ်းမမှားသွားရန် သတိပေးလိုကြောင်း"၊ " ထိုက့ဲဖြစ်လာပါက လုံးဝသည်းခံ ခွင့်လွတ်မည်မဟုတ်ကြောင်း၊ " မိမိတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အားလုံးကို စွန့်လွတ်အနစ်နာခံကာ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ထမ်းရွက်ရန် သစ္စာအဓိဌာန်နှင့် တာဝန်ထမ်းဆောင်နေကြသော မျိုးချစ်စစ်သားများ ဆိုသည်ကို မမေ့ကြစေလိုကြောင်း။ )
(12) ကြိမ်မြောက် တပ်တော်နေ့ တပ်မှုးချုပ်သဝဏ်လွှာ စာမျှက်နှာ (3)၊
Comments
Post a Comment